နေ့စဉ်တရား ဓမ္မနှင့် ပတ်သက်သော အကြောင်းအရာဗဟုသုတများ ကိုတင်ဆက်ပေးနေသော Channel လေး ဖြစ်ပါတယ်၊
ကျွန်တော်တို့ Channel လေးကိုရောက်လာသူတိုင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာရေးနှင့် ပြည့်စုံကြပါစေ ခင်ဗျာ၊၊
"ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလျက် သိဉာဏ်ထက်၏ "
Dhamma Voices
မိုးကုန်မှ ထွန်ချ
---------------------
သီလသည်ကား တစ်အောင့်တစ်ခဏ
လူ့ဘဝသို့ ရောက်ရှိလာသော်မှ
#ကလေးအရွယ် မသိနိုးနားမို့ဆိုကာ
မစောင့်ထိန်းဖြစ်သေး
#ကာလသားအရွယ် ရူးတုန်း မိုက်တုန်းမို့ ဆိုကာ
မစောင့်ထိန်းဖြစ်သေး
#အိမ်ထောင်သည်အရွယ် ရွာမှုကိစ္စများတုန်းမို့ဆိုကာ
မစောင့်ထိန်းဖြစ်သေး
မယားမသုံး သားမသုံးနှင့် အများ မုန်းလောက်ပြီ
ဆိုရသော အရွယ် ကုန်ဆုံးကာမှ
စောင့်ထိန်းရသည်သာဖြစ်၍
မွေးကင်းစ ကြောင်သူငယ်လေးနှင့် တူလှစွာ၏
ကြောင်သည် ကြွက်ကို နိုင်ရိုးထုံးစံ ရှိသော်လည်း
ထိုမွေးကင်းစ ကြောင်သူငယ်သည် စင်စစ်
တောကြွက်ကြီးကို မနိုင်နိုင်ချေပြီ
သည့်အတူ ကိုယ် , ရုပ် , စိတ် တံခါးသုံးပေါက်တို့မှ စောင့်ဆိုင်းကာ
#ကြိုက်သည့်အလျောက်
#မုန်းသည့်အလျောက်
#မသိသည့်အလျောက်
ဖြစ်ပွားလေ့ ရှိတတ်သော ဒုစရိုက်သားကောင်ကို
သတ်ဖြတ်တတ်သော `သီလအကျင့်´ သည်လည်း
အင်အားကြီးမား အကောင်ထွားကျိုင်းလှသော
ထိုကိလေသာတို့ကို စင်ကြယ်စေခြင်းငှာ မတတ်နိုင်ပြီ။
မိုးကုန်မှ ထွန်ချသော လယ်သမားသည်
ဘာသီးနှံမှ မရနိုင်သကဲ့သို့ ပင်တည်း...။
ကျေးဇူးရှင်
မဟာဗောဓိမြိုင်ဆရာတော်ဘုရား
🙏🙏🙏
7 months ago | [YT] | 16
View 0 replies
Dhamma Voices
စရိုက်ဇ....အမူရာ စသည်များက ပြနေသည်
တစ်ဖန် အစားအသောက်များ လေ့လာကြည့်-
သောအခါ.....
ရာဂသမားကား ..
သွေးသားအားပေး ချိုမွေးဆိမ့်အီများ အထူးရွေးစားတတ်သည်။
ဒေါသသမားကား..
အခိုးအားပေး ပူစပ်ချဉ်များ အထူးရွေးစား
တတ်သည်။
မောဟသမားကား..
လေအားပေး ဖန်ခါးများကို ပို၍ရွေးစားလေ့
ရှိတတ်သည်။
ယင်းတို့၏ စားသုံးသော ဟန်ပန်များကလည်း....
ရာဂသမားက သန့်သန့်ပြန့်ပြန့် ပြင်ဆင်စားသုံး
တတ်၏။
အကောင်းစားကို ရွေးချယ်တတ်၏။
စားရာ၌ ချေးများတတ်၏။
သို့သော် စားရာ၌ကား ကြောင်စားပမာ
နည်းပါးနေတတ်သည်။
ဒေါသသမားက ရှူ းရှူ းရှဲရှဲမြည်အောင်
စားတတ်၏။
နေရာမရွေးတတ်။ အစားလည်း ကြီး၏။
အကြိုက်မတွေ့ ဆိုမြည်ငေါက်ငမ်းလေ့
ရှိတတ်သေး၏။
မောဟသမားက အစားအသောက် နှေးကွေး၏
လေးဖင့်၏၊ စားရင်းလည်း မှိုင်ငေးနေတတ်
သေး၏။
ရရာဆုံ ကြုံ ရာနှင့် ပြီးပြေတတ်၏။
ဓမ္မေသက.....
ယင်းတို့၏ အဆိုး..
နောက်တစ်မျိုးတိုး သိစေချင်သေးသည်မှာ....
ရာဂသမားသည်...
အသင့်အတင့်လှပသော အာရုံများ၌ပင်
မခွဲချင် မခွာချင် ဖြစ်တတ်သည်။
အလှည့်အပတ်များခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း
မာနရမ္မက်ကြီးချင်းလည်း ရှိသေးသည်။
ဒေါသသမားသည်.....
အနည်းငယ်ချွတ်ယွင်းသော အာရုံများ၌ပင်
ယမ်းပုံမီးကျ ပမာ ဖြစ်လာတတ်သည်။
ရန်ငြိုးဖွဲ့ခြင်း၊အာဃာတ ဣသာမစ္ဆရိယပွားခြင်း
သူ့ဂုဏ် ဖျက်လိုဖျက်ဆီးလုပ်ခြင်း၊
တုဖက်ယှဉ်ပြိုင်ခြင်း၊ဆုံးမရန် ခက်ခဲခြင်းများလည်း
ရှိသေးသည်။
မောဟသမားသည်.....
မည်သည့်အာရုံမဆို ကိုယ်ပိုင်မဆုံးဖြတ်တတ်၊
သူပြောလူပြောများဖြင့်သာ အပြီးသတ်ရတတ်
သည်။
သတိပညာကင်းခြင်း၊ထှိုင်းမှိုင်းပျင်းရိခြင်း၊
စိတ်ပျံ့လွင့်ခြင်းများဖြင့်သာ အချိန်ကုန်ရတတ်
သည်။
ဓမ္မေသက.....
ကမ္မဋ္ဌာန်းအလုပ်သည် ..
အနုသယဘူမိမှ ပညာဘူမိသို့ ပြောင်းပေးသော-
အလုပ် ဖြစ်၏။
သို့ကြောင့် ...
ဤအကျင့်ဆိုးများကို အကျင့်ကောင်းဖြစ်လာရန်
ဇောင်းပေးရမည်ဖြစ်ရာ
ယင်းသုံးမျိုးတို့ကို အထူးလေ့လာပါလေ။
ယင်းတို့မှတက် အကောင်းဘက် ထွက်ပြီးသော
ကျန်စရိုက်သုံးမျိုးတို့ကား
နှိုင်းယှဉ်ကြည့်သာရန် အနည်းငယ်မျှ သာ
ဖော်ပြပါတော့မည်။
ဓမ္မေသက...ရာဂတော်လှန်...............
( မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ဝနဝါသီဉေယျ ဓမ္မသာမိထေရ် ):
Credit - Original Uploader
7 months ago | [YT] | 9
View 0 replies
Dhamma Voices
ပစ္စည်းမွှေ တစ္ဆေဖြစ်။
ဘုရားရှင်သည်
နောက်နှောင်း
သာသနာ့ဝန်ထမ်းများအတွက်
အမွေနှစ်မျိုးထားရစ်ခဲ့၏။
တစခွုကအာမိသဒါယာဒ။
တစ်ခုက ဓမ္မဒါယာဒ
ဆိုလိုသည်မှာ ...
ဤပစ္စည်းရိက္ခာ စား၍
ဤလမ်းအတိုင်းသွားပါလေဟူ၏။
သို့ဘုရားရှင်ထားခဲ့သော
အမွေနှစ်စားတွင်
ဓာတ်သားများက
အာမိသကိုအားကိုးသည်။
ဇာတ်သားများကျ
ဓမ္မကိုလျှင်အားကိုးသည်။
ဓမမြအားကိုးရာ၌-
ဓမ္မသည်သမထ၊ ဝိပဿနာ ဟူ၍
နှစ်မျိုးကွဲနေရာ။
ကောက်ရိတ်သမားသည်
ဘယ်လက်ဖြင့်ကောက်ပင်ကို
သိမ်းကျုံးဆုတ်ကိုင် ပေး၍
ညာလက်တံစဉ်ဖြင့်ကောက်ပင်ကို
လှီးဖြတ်ပေးရ၏ပမာ ..
သမထသမာဓိဖြင့်
ပျံ့ကြဲနေသောစိတ်ကိုစုစည်းပေးရ၏။
ဝိပဿနာပညာဖြင့်
စိတ်၌တွဲနေသောအစွဲဖျက်ခွဲပေးရ၏။
သို့ကြောင့်
ဓမ္မဟေ့ဆိုလျှင်
သမထ၊ ဝိပဿနာတို့ကိုသာယူပါလေ ...
ထိုသမထ၊ ဝိပဿနာတို့ကလည်း
တာဝန်အရသာကွဲနေ၏။
ဓမ္မအားဖြင့်ကား
ဓာတ်သုညတသို့ (အနုတ္တသို့)
ထိုးဆိုက်ရာ၏တစ်ခုတည်းသော
တပ်ဖွဲ့တည်း။
ဆိုခဲ့ပြီး
ရဟန်းတော် ၇- ပါးတို့ကလက်တွေ့
ပြသွားကြပြီ။
တစ်ဖန်ဓာတ်သားကို
ဇာတ်သားအဖြစ်မထုဆစ်ဝံ့သူတို့ကို
လည်းဆိုခဲ့ပြီးဟေမဝတဘီလူးအုပ်စုကြီးကကိုယ်တွေ့ပြသွားခဲ့ကြပြီ။
ဓာတ်သားတို့ဘဝ
သည်မျှသာမကသေး
ကဿပဘုရားရှင်နှင့်
ဂေါတမဘုရားနှစ်ဆူတို့
အကြားဝယ် ... သဌိကုဋပြိတ္တာ၊
မြွေပြိတ္တာ၊ ဝက်ပြိတ္တာများလည်း
ရှိခဲ့ဖူးကြပြီ။
တစ်ဖန်ရဟန်းပြိတ္တာ၊
စပါးကြီးပြိတ္တာစသည်များလည်း
ရှိခဲ့ကြဖူးပြီ။
ဤဂေါတမဘုရားရှင်လက်ထက်၌ပင်
.. ရဟန်းမှသန်းဖြစ်သွားသောသူ၊
ဘုန်းကြီးသရဲဖြစ်သွားသောသူတို့
ရှိခဲ့ဖူးပြီ။
ညောင်လွန့်ခေတ်
တိုက်အုပ်ဘုန်းတော်ကြီးက
ပြိတ္တာဖြစ်သွားခဲ့ဖူးပြီ။
ပစ္စည်း၌ဓာတ်ဆိပ်ပါနေ၏။
ပါသဖြင့်အဆိပ်တက်ရ၏။
ပစ္စည်းသည်စိတ်ကိုဆွဲငင်၏။
ဆွဲငင်သဖြင့်အစွဲဝင်ပေးကြရ၏။
သို့ကြောင့် ပစ္စည်းမွှေတစ္ဆေဖြစ်
ဆိုရိုးစကားထားသင့်ကြပြီ။
သာမဏေဖြစ်လာလျှင်
ကိလေသာငြိမ်ရန်
သမထထူထောင်သင့်ကြ၏။
ရဟန်းဖြစ်သွားလျှင်
ကိလေသာချိုးဖျက်ရန်
ဝိပဿနာပွားများ သင့်ကြ၏။
ဘာကြောင့် ... ညာကြောင့် ...
ဆင်ခြေမပေးသင့်။
သတိရှိလျှင်
တစ်ခါတည်းနှစ်လုပ်ပြီးစီး၏။
ဘာကိစ္စ ...၊ ညာကိစ္စအကြောင်းမပြနှင့်။
အသိဝင်လျှင်
တစ်ချက်ခုတ်နှစ်ချက်ပြတ်၏။
လယ်လုပ်ရင်းစစ်တိုက်၊
စစ်တိုက်ရင်းလယ်လုပ်ဖြင့်
ယနေ့အောင်မြင်နေကြပြီ။
ကုန်ထုတ်ရင်းစစ်တိုက်၊
စစ်တိုက်ရင်းကုန်ထုတ်ဖြင့်
ယနေ့ထွန်းပေါက်နေကြပြီ။
သို့တစ်ချက်ထဲနှစ်ကွက်ဝင်စေရာ၌
သတိ၏ပွားပို့အား၊
အောက်မေ့အားအထားတတ်ဖို့လိုသည်။ သတိ၏စေ့စပ်အား၊
စူးစိုက်အားအထားအပါးဝဖို့လည်း
လိုသည်။
ထိုစဉ် ... ဆိုပါစို့
မိမိနှာသီးဝဖြစ်စေ
အခြားတစ်နေရာရာဖြစ်စေ
သတိကိုစင် တင်၍ ဆိုင်ရာအင်္ဂါခြေ၊
လက်တို့ဖြင့်တခြားအလုပ်လုပ်ရာတွင် ...
အလုပ်ထွန်ရေးပူက
သတိမလွတ်တော်ပြီဖြင့်
စေ့စပ်အားကိုအားကိုးရသည်။
အကယ်တိတိအလုပ်အေးဆေးလာက
ထိုးဖောက်ရေးအလေးပေးမည်ဖြင့်
ပွားပို့အားတွင်အောက်မေ့အားစိုက်၍
စေ့စပ်အားတွင်လည်းစူးစိုက်အား
ပါတွဲဖက်သုံးတတ်ဖို့လိုသည်။
ဘုရားရှင်လက်ထက်တော်က ...
ထမင်းချက်ကုလားမ
ထမင်းချက်ရင်းက
သောတာပန်ဖြစ်ခွင့်ရခဲ့ကြပြီ။
ငရုပ်သီးထောင်းကလေးမက
ငရုပ်သီးထောင်းရင်းကမဂ်ကျစေခဲ့ပြီ။
သည့်အတူ
ရေထမ်းရင်းကရသော
သောတာပန်ဝပန်များလည်း
မနည်းခဲ့ကြပြီ။
လယ်ထွန်ရင်းကရသော
သောတာပန်များလည်းမနည်းခဲ့ကြပြီ။
အခြားအလုပ်လုပ်ရင်းကရသော
သောတာပန်များလည်းမနည်းခဲ့ကြပြီ။
ထိုဘုရားခေတ် ၇- နှစ်သမီး၊
သားလေးများပင်ဇာတ်သား
ဖြစ်သွားခဲ့ဖူးပြီ။
ထိုစဉ်ဓာတ်သုဉ်းသည်အထိ
သွေးပြောင်းပေးနိုင်သူ
အရိယာဇာတ်သားအဖြစ်ခံယူပါ။
အစွဲကင်းသည်အထိစိတ်ပြောင်း
ပစ်နိုင်သူအရိယာဇာတ်သား
အဖြစ်ခံယူပါ။
သတိသည်သောဘဏစေတသိက်များ၏
ဦး စီးပဲ့ကိုင်မှူးဖြစ်သည်။
ထို့ပြင်သတိသည်
ဗောဓိပက္ခိယတရား ၃၇- ပါးတို့၏
ဦး စီးပဲ့ကိုင်မှူးလည်းဖြစ်သည်။
ထိုသတိကိုသာ
အသုံးကျွမ်းကျင်ပါလျှင် ...
ကားဆရာသည်ဂီယာဖြင့်ကား
ကိုလိုသလိုမောင်းနှင်၏ပမာ ...
သတိကိုသာကားဂီယာကဲ့သို့
သုံးတတ်သူကလည်း ... အတွေး (အတွေ့)
ရှုပ်နေကပွားပို့အားဖြင့်ကျော်၊
အတွေ့ငုပ်နေပါက
အောက်မေ့အားဖြင့်ဖော်၊
တစ်ဖန်စိတ်သို့အာရုံလှိုင်း
အရိုက်အပုတ်များနေက
စေ့စပ်အားဖြင့်ကျော်၊
စိတ် ရှင်းလင်း၍ လမ်းထင်းထင်း
ပေါ်နေပါကစူးစိုက်အားဖြင့်လှော် ...။
ထိုစဉ်-စေ့စပ်အားက
သမထ (သမာဓိ) ကိုတာဝန်ခံသည်။
စူးစိုက်အားကဝိပဿနာဉာဏ်ပညာကို
တာဝန်ခံမည်။
တစ်ဖန်ပွားပို့ခြင်းက
ပညတ်ကိုမြုပ်ပေး ...၊
အောက်မေ့ခြင်းကပရမတ်
ဖော်ထုတ်ပေးယင်းတို့ကို
လေ့ကျင့်ယူရသည်။
လေ့ကျင့်ပေးနိုင်က
ဘာမဆိုရနိုင်သည်။
သို့သော်အရင်းတော့ပါရသည်။
တစ်ခါက
ဗောဓိရာဇကုမာရမင်းသားက
ဘုရားအားလျှောက်ထားဖူးခဲ့သည်။
အရှင်ဘုရားတရားက
နံနက်နည်းခံညနေရသည်။
ညနေနည်းခံနံနက်ကျရသည်။
ဆိုတော့
လွယ်လွန်းလှချည်လား။
သည်လိုဆိုဘယ်သူမဆိုရရောပေါ့
မေးဆစ်၏။
ထိုစဉ်ဘုရားက သည်စကား
သင့်ကိုပင်ငါပြန်မေးအံ့။
သင်သည်
စစ်ပညာတတ်ကျွမ်းပါ၏လော။
မေးရာ။ တတ်ကျွမ်းပါ၏။
မင်းသားကဖြေ၏။
သည်လိုဆိုသင့်ထံသို့
တပည့်ခံမည့်သူတစ်ယောက်
ရောက်လာနေ၏။
ထိုသူကသင့်ပညာကိုလည်းမယုံဘူး။
သူ့မှာကျန်းမာရေးကလည်းမကောင်းဘူး။
သူ့မှာမာယာသာဌေယျကလည်းပါနေသေး။
ဝီရိယအသွင်းကလည်းတွင်တွင်မရှိဘူး။
ဖြစ်ပျက်ကိုခွဲခြမ်းသိတတ်တဲ့
ဉာဏ်လည်းမပါဘူး။
သည်အချက် ၅- ချက်နဲ့
ငြိစွန်းနေလျှင်သင်က
သင်ပြပေးမလား
အာ ၅- ချက်မဟုတ်ဘူး
တစ်ချက်နဲ့ငြိစွန်းနေတောင်
တပည့်တော်သင်မပေးဘူးဘုရား။
မင်းသားကအဖြေပေးလိုက်ရာ ..
အေးငါဘုရား၏ကျင့်နည်းက
လည်းသင့်အတူပဲ။
သည်အချက်ငါးချက်နဲ့
မပြည့်စုံကမရပေဘူး။
ပြည့်စုံသူဖြစ်နေမှသာ
နံနက်နည်းခံညနေအောင်ပွဲ
ပြန်ဖြစ်ကြလိမ့်မည်။
ညနေနည်းခံနံနက်အောင်ပွဲ
ပြန်ဖြစ်ကြလိမ့်မည်။ မိန့်ဆို၏။
သို့ဖြစ်ရာ
သတိဖြင့်ဓာတ်ငွေ့ကိုခြောက်သွေ့စေ၍
စွဲစိတ်ကိုခြွေချရာ၌လေ့ကျင့်ပေးမှုက
အဓိကလိုအပ်လှပါသည်။
သတိ၏အစည်းအရုံးနောက်သို့လည်း
ယုံကြည်ခြင်း၊ ကျန်းမာခြင်း၊
စိတ်ဖြောင့်ထားခြင်း၊
အတွင်ကြိုးစားခြင်း၊
ဖြစ်ပျက်မြင်ခြင်းများလည်း
ကောက်ကောက်ပါလိုက်နေဖို့
အထူးလိုအပ်လှပါသည်။
မလုပ်ခင်ကဖြစ်မှဖြစ်ပါ့မလားဆို
တစ်ဝက်ရှုံးပြီမှတ်။
လုပ်ရင်းကတော်မှထင့်ဆို
အလုံးစုံရှုံးပြီမှတ်။
မဟာဗောဓိမြိုင်ဆရာတော်၏
ဓာတ်သား ဇာတ်သား
နှစ်ပါးနှင့်သက်ဆိုင်သော
စကားများ စာအုပ်
စာ ၂၂၀ /၂၂၄ မှ
ဓမ္မဒာနအဖြစ်တဆင့်ပြန်လည်မျှဝေပါသည်။
Credit- OPO
7 months ago | [YT] | 10
View 0 replies
Dhamma Voices
"မဟာဗောဓိမြိင်ဆရာတော်ဘုရားကြီး၏
မေတ္တာပို့ဆုတောင်း"
လူသားတိုင်းနေ့စဉ်အထူးမေတ္တာပို့သကြပါ..
ဆရာတော်ဘုရားကြီးပေတဲ့..
အလွန်ထူးခြားတဲ့...မေတ္တာပို့
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
နေ့စဉ်ပို့သတော်မူသော မေတ္တာဓာတ်တော်
(၁) ဤ ဋ္ဌာနေ အတွင်း၌ နေထိုင်ကြကုန်သော---
မမြင်အပ်ရာ မြင်အပ်ရာအပေါင်းတို့သည်
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာန် ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါစေ။
ဤ ဋ္ဌာနေ အတွင်း၌ နေထိုင်ကြကုန်သော
ကိုယ်နှင့်ဝေးရာ နီးစပ်ရာအပေါင်းတို့သည်
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာန် ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါစေ။
(၂) ငါတို့ပြည်ရွာ ဒို့ဂေဟာ၌ နေထိုင်ကြကုန်သော ---
မမြင်အပ်ရာ မြင်အပ်ရာတို့သည်
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာန် ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါစေ။
ငါတို့ပြည်ရွာ ဒို့ဂေဟာ၌နေထိုင်ကြကုန်သော
ကိုယ်နှင့်ဝေးရာ နီးစပ်ရာတို့သည်
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာန် ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါစေ။
(၃) တို့တိုင်းမြန်မာ တို့ကမ္ဘာအတွင်း၌ နေထိုင်ကြကုန်သော
မမြင်အပ်ရာ မြင်အပ်ရာတို့သည်
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
ရန်မာန် ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
လိုရာခရီး ပြီးစီးကြပါစေ။
တို့တိုင်းမြန်မာ တို့ကမ္ဘာအတွင်း၌နေထိုင်ကြကုန်သော
ကိုယ်နှင့်ဝေးရာ နီးစပ်ရာတို့သည်
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာန် ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါစေ။
(၄) ထက်အောက်ဝဲယာ ဆယ်မျက်နှာတို့၌
နေထိုင်ကြကုန်သော. . .
မမြင်အပ်ရာ မြင်အပ်ရာတို့သည်. . .
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာန် ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါစေ။
ထက်အောက်ဝဲယာ ဆယ်မျက်နှာတို့၌
နေထိုင်ကြကုန်သော. . .
ကိုယ်နှင့်ဝေးရာ နီးစပ်ရာတို့သည်. . .
- ဆင်းရဲ ခပင်း ကင်းကြပါစေ။
- ရန်မာ ခပင်း ကင်းကြပါစေ။
- စိုးရိမ် ခပင်း ကင်းကြပါစေ။
- လိုရာခရီး ပြီးစီးကြပါ။
( သာဓု သာဓု သာဓု )
#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
7 months ago | [YT] | 12
View 0 replies
Dhamma Voices
မုန့်လုံးရေပေါ်ကျွေးတယ်ဆိုတာ
***************************-**
{မှတ်မှတ်ရရ ဩဝါဒ}
ဆရာတော်ဘုရားကြီးသည် လာရောက်ဖူးမြှော်ကြသော
၇ ရက်သားသမီးများအား ကျွေးမွေးဧည့်ခံရေးနှင့် ပတ်သက်၍
တစ်ခါတလေ မိန့် လေ့ရှိသည်
" ဒီနေ့ ဘာကျွေးလဲဗျ "
မှန်ပါဘုရား ဒီနေ့ ကြာဇံဟင်းခါးနှင့် မုန့်လုံးရေပေါ်ကျွေးပါတယ်ဘုရား
" ထူးထူးခြားခြားပါလား နှစ်မျိုးတောင်ကျွေးတာ မုန့်လုံးရေပေါ်က ဘာဖြစ်လို့ ကျွေးတာလဲဗျ "
ရိုးရာကြောင့် ကျွေးတာထင်ပါတယ်ဘုရား တပည့်တော်တို့ တောရွာတွေမှာတော့ သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ အမြဲတန်း ကျွေးပါတယ်ဘုရား ကျန်တာတော့ တပည့်တော်မသိဘူးဘုရား
ရှေးတုန်းကတော့ မုန့်လုံးရေပေါ်ကျွေးတယ်ဆိုတာ မြုပ်နေတဲ့ ကုသိုလ်ကံဟောင်းတွေ ပေါ်အောင်မို့ ဆိုပြီး မုန့်လုံးရေပေါ်ကျွေးကြတာဗျ မုန်လုံးအစိမ်းကို ရေနွေးထဲ ထည့်လိုက်တာနဲ့ မြုပ်သွားတာ မုန့်လုံး ကျက်ပြီဆိုတာနဲ့ ပေါ်လာတာလေ အဲဒါကြောင့် မုန့်လုံးရေပေါ်လို့ခေါ်တာ ကုသိုလ်ကံတွေ နိမ့်နေရင် မြုပ်နေရင် ကုသိုလ်ကံတွေ ပေါ်အောင် မြင့်အောင် ဆက်အောင်ဆိုပြီး မုန့်လုံးရေပေါ်ကို ကျွေးတာဗျ"
မှန်ပါဘုရား တပည့်တော်တို့ မှတ်သားထားပါ့မယ် ဘုရား
#မဟာဗောဓိမြိုင်ဆရာတော်
၁၃၈၃ ခုနှစ် သင်္ကြန်အကျနေ့
#ပြန်လည်ရေးသားပူဇော်သူအား
#အစဥ်ဂါရဝပြုလျက်
#dhammavoices
7 months ago | [YT] | 19
View 0 replies
Dhamma Voices
( တဏှာ ဖမ်းတော့ ...*
ကမ်းကြတယ် ...
တဏှာ ပူးတော့ ရှုးကြတယ် ) ...
တဏှာက ...
ခိုင်းလို့ ရတုန်း ခိုင်းတယ် ...။
ခိုင်းလို့ ဝရင်...
အပါယ် တွန်းချလိုက်တယ်... ။
အလိမ် မိတာတောင်...
အလိမ်မိတဲ့ အကြောင်း ...
ကိုယ်ကို ကိုယ် မသိရှာလို့ ...
" အကန်းပျော် ...
အရှုးပျော် ပျော်နေတာ "...။
အကန်းဆိုတာ ...
ခန္ဓာ ဘာရှိတယ် ဆိုတာ မသိတာ ... ။
အရှုးဆိုတာ ...
ခန္ဓာကြီး ရှိလို့ သာယာတာ မှတ် ...။
အခုလက်ရှိ နေတာက ...
“ ဇရာ ”ရဲ့ လက်ထဲမှာနော် ...
ဆံဖြူသွားကျိုး ...
အရေတွေတွန့်လာတာ ဇရာရဲ့...
လက်ချက်လို့ မှတ် ...
ခင်ဗျားတို့ ...
“ ဇရာ ”ရဲ့လက်ထဲမှာတောင် ...
ပြုံးနိူင်သေးတယ်နော် ...
အဲဒါ ...
“ သစ္စာ ” မသိလို့ ပြုံးနိူင်တာ ...
အရူး အကန်းပြုံး ” လို့မှတ် ...
ဘုရား အဆူဆူနဲ့ ...
လွဲမယ့် အပြုံးတွေ ရိပ်မိပလား .... ။
( မိုးကုတ်ဆရာတော်ကြီး )
အစဉ်လေးစားလျှက် ...
( လမင်း )
#မူရင်းပူဇော်သူကိုအစဥ်ဂါရဝပြုအပ်ပါတယ်
#dhammavoices
7 months ago | [YT] | 14
View 0 replies
Dhamma Voices
ခြေမတချောင်းရင်း၍ သာသနာပြုခဲ့ရသော လားဟူဘုရား
🙏(သို့မဟုတ်)မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး🙏
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ
ဆင်းရဲဒုက္ခကြုံတွေ့နေရတဲ့
ခုနှစ်ရက်သားသမီးတွေကို ကယ်တင်ဖို့
ဝါဆိုလပြည့်ကျော်တရက်နေ့ကစပြီးဆွမ်းခံကြွချီး
မြှောက်နေတာ ဖြစ်ပါတယ်။
တရားတန်ခိုးကြောင့်သာ ဆရာတော်ဘုရားကြီးကို
ရွှင်ရွှင်လန်းလန်းဖူးတွေ့ခဲ့ကြရပေမယ့် ဆရာတော်ဘုရားကြီးရဲ့ ရုပ်ခန္ဓာဟာ ထိခိုက်ဒဏ်ရာတွေ
ဗလပွနဲ့ပါ။
ဆရာတော်ဘုရားကြီးဟာ မိမိခန္ဓာအရေးထက် ခုနှစ်
ရက်သားသမီးတွေရဲ့ ပူလောင်သောက၊ဆင်းရဲဒုက္ခ ငြိ
မ်းစေလိုတဲ့ ဂရုဏာကြောင့် နေပူမရှောင်မိုးရွာ မရှောင်
ဆွမ်းခံကြွချီးမြှောက်ခဲ့တာ ဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီးတရားကျင့်ခဲ့တဲ့
တလျောက်လုံး ကြုံခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေဟာ
များလှပါတယ်။ရေးလို့မကုန်နိုင်ပါဘူး။
ဆရာတော်ဘုရားကြီး ရဲ့ခြေရာတော်ကိုဖူးကြပြီး အမျိုး မျိုးရေးကြပေမယ့် ဆရာတော်ဘုရားကြီးမှာ ခြေမတစ်ချောင်းမရှိတာ သတိမထားမိကြပါဘူး။
ဆရာတော်ဘုရားကြီး ရှမ်းပြည်နယ်
မိုင်းပျဉ်းမြို့က သုဝဏ္ဏသျှံတောင်မှာ သီတင်းသုံးနေတုန်းက ဒေသခံ လားဟူ၊ လီရှော
လူမျိုးတွေဟာ ဆရာတော်ဘုရားကြီးကို
ဘုရားလို့ပဲ ခေါ်ဝေါ်ကြပါတယ်။
လားဟူဘုရားလို့ သုံးနှုန်းကြပါတယ်။
ချမ်းတုန်အောင်အေးတဲ့ ရာသီဥတု၊
ရေခဲတမျှအေးစက်နေတဲ့ တောင် တက်,တောင်ဆင်းကျောက်ခဲလမ်းတွေမှာ ဖိနပ်မပါပဲ
ကြွခဲ့ရတာကြောင့်
ဆရာတော်ဘုရားကြီးရဲညာဘက်
ခြေမဟာ အနာပေါက်လာခဲ့ပါတယ်။
ညာဘက်ခြေထောက်ဟာလည်း ထုံကျင်ကိုက်ခဲလျှောက်ရခက်လာပါတယ်။
နောက်ဆုံးလမ်းလျှောက်လို့မရတဲ့အထိအခြေအနေဆိုးလာပါတယ်။
ခြေမ မဖြတ်ပါကတပတ်သာအသက်ရှင်ဖို့အထိအခြေအနေဆိုးလာပါတော့တယ်။
ခြေမကို ဖြတ်ဖို့ ဆရာဝန်ကြီးတွေဟာ ပစ္စည်းကိရိယာတွေနဲ့ရောက်လာပေမယ့် ဆရာတော်ဘုရားကြီးကတရက်စောင့်ခိုင်းတာကြောင့်မဖြတ်ဖြစ်လိုက်ပါဘူး။
နောက်ရက်မှာ ခြေမဟာအနာစားတဲ့နေရာကနေ ပြတ်
ကျလို့ သွေးစိမ်းရှင်ရှင် ထွက်လာတဲ့အတွက် ခြေမ
တစ်ချောင်းလုံးမဆုံးခဲ့ပေမယ့်
ညာဘက် ခြေမရှေ့ပိုင်းတော့ ဆုံးခဲ့ရပါတယ်။
ဆရာတော်ဘုရားကြီးဟာ သုဝဏ္ဏသျှံမှာ ကျင်းပခဲ့တဲ့ နတ်ကိုးကွယ်တဲ့လားဟူ၊လီရှော တွေ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခဲ့တဲ့ပွဲကိုခြေမတချောင်းဆုံးပြီးပြုခဲ့ရတဲ့ သာသနာကွလို့တပည့်ဖြစ်သူကို မိန့်ကြားခဲ့ဖူးပါတယ်။
ဆရာတော်ဘုရားကြီး စစ်ကိုင်းပရက္ကမလှိုဏ်ဂူမှာ တရားကျင့်စဉ်ကလည်း ဆွမ်းခံရသမျှကို တခြားသောသံဃာတွေအတွက်ဇလုံအပြည့် ပြန်လည်လှူဒါန်းတဲ့ အဓိဌာန်ဆောက်တည်ခဲ့ပါတယ်။
ဆွမ်းကွမ်းအရနည်းတဲ့အခါ အဓိဌာန်အပျက်မခံပဲ ဇလုံပြည့်အောင် လှူတဲ့အခါ သပိတ်ထဲ ဘာမှ မကျန်တော့ပါဘူး။
သပိတ်ကပ်နေတဲ့ ထမင်းလုံးတွေကို ရေနဲ့ကျင်းပြီး ဝမ်းမီးငြိမ်းခဲ့ရပါတယ်။
သောက်ရတာလည်းထုံးရေ ဖြစ်တာကြောင့် အစာအိမ်က သွေးထွက်တဲ့အထိ ရောဂါခံစားလာရပါတယ်။
အဲ့ဒီအစာအိမ်ရောဂါကိုလည်း အချိန်တော်တော်ကြာကုသခဲ့ရပါတယိ။
အဲ့ကတည်းက အစာအိမ် ရောဂါ အရှင်းမပျောက်တော့ပါဘူး။
ဒီနေ့ခေတ်ရဲ့ ထူးခြားမှုတခုကတော့ ဗိဿနိုးခေတ်က လူတွေ က ခုခေတ်မှာ လူပြန်ဖြစ်ပြီး သာသနာပြုနေကြတာဖြစ်ပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဗိဿနိုးခေတ်က ပန်ထွာဘုရင်မ လေးစားချစ်ခင်ရတဲ့ စစ်သူကြီးဖြစ်ခဲ့ပါတယ်။
ပန်ထွာဘုရင်မရဲ့ ယောက်ျားဖြစ်တဲ့ ဒွတ္တဘောင်မင်းကြီးကလည်း လူပြန်ဖြစ်လို့မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအဆက်အစပ်နဲ့ တရားအားထုတ်လို့ ရဟန္တာဖြစ်သွားပါပြီ။
အားလုံးက ကျွတ်တမ်းဝင်ကြတော့မယ့် အရိယာလမ်းလျှောက်လှမ်းနေကြတာထူးခြားလှပါတယ်။
ဆရာတော်ကြီးတွေနဲ့ စပ်ဆက်ပတ်သတ်နေကြတဲ့သူဌေး၊သူကြွယ်တွေထဲမှာလည်း ဗိဿနိုးအဆက်တွေ အများကြီးရှိနေတာလည်း အံ့ဩစရာကောင်းလှပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ တခြားသောဆရာတော်ကြီးများနဲ့မတူတဲ့ထူးခြားချက်က လောကီ ဓာတ်ပိုင်းဆိုင်ရာ သိနားလည်မှုဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ အတိတ်ဘဝက လောကီပညာပိုင်းဆိုင်ရာမှာ ဆရာတဆူဖြစ်အောင်သင်ကြားခဲ့လို့ဖြစ်ပါတယ်။
ဆရာတော်ကြီးရဲ့ ဉပဇ္ဈာယ်ဆရာတော် ဦးဝိမလဟာ ဘိုးမင်းခေါင်ရဲ့တပည့်ဖြစ်ပါတယ်။
နောင်ပွင့်တော်မူမယ့် အရိမေတ္တယျဘုရားရှင်လက်ထပ်မှာ ကျွတ်တမ်းဝင်မယ့် ဆုထူးပန်ဖြစ်တယ်လို့ ဆရာတော်ဘုရားကြီးမိန့်ကြားဖူးပါတယ်။
ဆရာတော်ဘုရားကြီးကိုလည်း ဘိုးမင်းခေါင်အပါအဝင်ဝိဇ္ဇာတွေနဲ့ ပတ်သတ်မှုရှ်ိတာကိုလည်းတွေ့ရပါတယ်။
ဆရာတော်ကြီးကို ဘုရားတည်ဖို့လျှောက်ထားတော့ ဆရာတော်ကြီးက မတည်ချင်ဘူးလို့ မိန့်ကြားပါတယ်။
ဒါနဲ့ တာဝန်ကျေအောင် 3ဆူတော့ တည်ပါ့မယ်လို့ ကတိထားပြီး3ဆူတည်ခဲ့ပါတယ်။
ဘိုးမင်းခေါင်ကိုယ်တိုင် ဆရာတော်ကြီးကို ဆက်ကပ်ခဲ့တဲ့ စေလိုရာစေ ဂါထာကိုလည်း သိကြမယ်ထင်ပါတယ်။
လောကီအကျိုးပေးဂါထာမို့ ဆရာတော်ကြီးက မသုံးပါဘူး။
ဆရာတော်ဘုရားကြီးရဲ့ လောကီဓာတ်ပိုင်နိုင်မှုကို ဆရာတော်ဘုရားကြီးရေးတဲ့စာအုပ်တွေမှာ ကွက်ကွက်ကွင်းကွင်းတွေ့နိုင်ပါတယ်။
ဆရာတော်ဘုရားကြီး သီတင်းသုံးဖူးခဲ့တဲ့ကျောင်းဆောင်တစ်ခုဟာ
သက်ကယ်မိုး၊ဝါးကပ်ကာကျောင်းဆောင်ဖြစ်ပါတယ်။
ဘာထူးခြားပါသလဲ။
ဝါးကပ်ကာတာက လူ့အသက်အန္တရာယ်ကို ဝါးမြိုနေတဲ့ ကပ်ရောဂါကို ကာတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။
သက်ကယ်မိုးတာက အသက်တွေကို ကယ်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
လောကီပညာရပ်ကို နှံ့စပ်စွာလေ့လာဖူးသူတိုင်းဒီအစီအရင်ရဲ့အကျိုးကျေးဇူးအဓိပ္ပာယ်ကို ကောင်းကောင်းသိကြပါတယ်။
လောကုတ္တရာလမ်းလျှောက်နေပေမယ့် ခုနှစ်ရက်သားသမီးတွေအတွက် လောကီမှာပါ ပါဝင်ကယ်တင်ပေးနေတဲ့ ဆရာတော်ကြီးရဲ့ မေတ္တာတော်ကိုကြည်ညိုနိုင်အောင်ဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီးဖူးတွေ့ခွင့်ပြုတာနဲ့ လူတွေတရုန်းရုန်း၊တအုန်းအုန်းစည်ကားနေတာက
မိုးမိတ် မပဒါန်းလှိုဏ်ဂူမှာသီတင်းသုံးနေတုန်းကလည်း ဒီလိုပဲဖြစ်ပါတယ်။
အတိတ်ဘဝက ကိုယ်ရှုပ်ခဲ့တော့ ခုဘဝ ကိုယ့်လာရှုပ်ကြတာပဲလို့ ဆရာတော်ကြီးက မိနိ့ကြားခဲ့ဖူးပါတယ်။
လူတွေမှ မဟုတ်ပါဘူး၊နတ်တွေရော၊ပရလောကသားတွေကိုပါ ရည်ရွယ်မိန့်ကြားတာဖြစ်ပါတယ်။
ဆရာတော်ဘုရားကြီးကို ဖူးတွေ့ခွင့်ရကြခဲ့သူတွေ၊ဆရာတော်ကြီးကိုမဖူးရတော့ပေမယ့်တရားတော်များနာကြားခွင့်ရကြသူတွေဟာလည်း အတိတ်ဘဝက ဆရာတော်ကြီးနဲ့ ပဌာန်းဆက်ရှိခဲ့သူတွေလို့ ဆရာတော်ဘုရားကြီးရဲ့စကားအရ ကောက်ယူလို့ ရပါတယ်။
ဆရာတော်ဘုရားကြီးကို ကိုယ်တွေ့ဖူးခဲ့ရသည်ဖြစ်စေ၊မဖူးခဲ့ရသည်ဖြစ်စေ ဆရာတော်ကြီးဟောကြားခဲ့တဲ့တရားတော်များကို နာကြားလိုက်နာ အားထုတ်ကြရင်း တရားထူးရသောပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ ဆုတောင်းရင်း စာကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျား။။
8 months ago | [YT] | 8
View 0 replies
Dhamma Voices
ဝိပဿနာကုသိုလ် အားထုတ်တယ်ဆိုတာ
ဝိပဿနာသမားဆိုတာ . . .
ကိုယ့်အကြောင်း ကိုယ်သိ၊ကိုယ့်အပြစ် ကိုယ်မြင်၊
ကိုယ့်အလုပ် ကိုယ်လုပ်နေရတာ ဆိုတော့
သူများအကြောင်း ပြောဖို့အချိန်မရှိဘူး။
ဝိပဿနာ အမည်ခံထားပြီး သူများအကြောင်း
သူများအပြစ် လိုက်ပြောနေရင် ကိုယ့်ကိုယ်ထဲ
သူ့သွေးနှောနေသလိုသာမှတ်။
ကိုယ်ကပရမတ်လမ်း တန်းတန်းကြီးသွားနေတာ။
ပညတ်ထား စကားပြောနေသမျှ
ဝိပဿနာသမား မစစ်သေးဘူး။
ဝိပဿနာဆိုတာ အပြောမဖက်
သဘောသက်သက်ရှုသိနေတာ။
ရှေ့နောက်မဖက် ဖြစ်ခိုက်သက်သက်ကိုသာ
ရှုသိနေတာ။
အငှားမဘက် ကိုယ့်ဘက်ကို
ကိုယ့်မှတ်ချက်နဲ့ ကိုယ်ရှုသိနေတာ။
ဝိပဿနာသမားဆိုတာ
အပြောသမားမဟုတ် အလုပ်သမား။
ကျေးဇူးတော်ရှင်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏
#ဓမ္မဒါနမျှဝေပူဇော်ပါသည်🙏
#dhammavoices
11 months ago | [YT] | 18
View 0 replies
Dhamma Voices
တရားလဲ မထိုင်နဲ့
ရိပ်သာလဲ မသွားနဲ့
စျေးရောင်းတဲ့သူကလဲစျေးရောင်းရင်း မှတ်နေပါ
မှတ်ရင် အတွေးမဝင်ပါဘူး
အဲဒါ သတိ ပဲ..။
သတိ ရှိနေရင် အတွေးမဝင်တာမို့
ကိလေသာတွေ ငြိမ်းနေပါလိမ့်မယ်
အဲဒါကြောင့် သတိဟာ သမထ ပါပဲ
သတိ ကနေပဲ ဝိပဿနာဆီ ပို့ဆောင်ပေးပါလိမ့်မယ်။
ဖြစ် ပျက်တွေ နားမလည်ရင် မစဉ်းစားပါနဲ့
သူ့ အလိုလို သိလာလိမ့်မယ်
မသိချင်တောင် မရပါဘူး။
အဲဒီတော့ ဘုရားဟောတဲ့ ဒုက္ခ ဟုတ် မဟုတ်
မြင်ပါလိမ့်မယ်
ဒီတော့ ဖြစ် ပျက် မြင်
ဖြစ် ပျက် မုန်း ၊ ဖြစ် ပျက် ဆုံး လို့
နိဗ္ဗာန် မြင်ပါလိမ့်မယ်။
အဓိက က အတွင်းလမ်းက သွားဖို့ပဲ
သတိ က အမြဲကပ်ထားတော့
အတွေးကလေးက
သတိ မရှိရင် ခံစားလို့ မကောင်းတာမို့
သတိနား ကပ်လာပါလိမ့်မယ်
ကာမ အရသာ မခံစားတော့ပဲ
ဓမ္မ အရသာ ကိုပဲ သူ က ဖော်စားတော့မှာပါ။
"ဒုက္ခဆုံးရာ သုခရိပ်မြုံ"သို့ တရားတော်
(မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီး)
🙏🙏🙏🙏🙏🙏🙏🙏🙏
#dhammavoices
1 year ago | [YT] | 28
View 2 replies
Dhamma Voices
"ကျင့်ယူမှ ရတာ"
အရက် သောက်တဲ့သူ...
တစ်ခါတည်း သောက်တတ်သွားတာ မဟုတ်ပါဘူး၊
တဖြည်းဖြည်းနဲ့ သောက်တတ်သွားတာ။
ကြာတော့...
မကောင်းတဲ့ အရက်တောင်၊
ကောင်းသွားတာ မဟုတ်လား။
တရား ထိုင်တာလဲ,
အဲဒီလို ကျင့်ယူရတာပဲ၊
တစ်ခါတည်း ရချင်လို့ မဖြစ်ဘူး ။
လုပ်ကြစမ်းပါဗျာ..။
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး
#crd
#dhammavoices
1 year ago | [YT] | 33
View 0 replies
Load more