Dhamma Voices

စရိုက်ဇ....အမူရာ စသည်များက ပြနေသည်

တစ်ဖန် အစားအသောက်များ လေ့လာကြည့်-
သောအခါ.....
ရာဂသမားကား ..
သွေးသားအားပေး ချိုမွေးဆိမ့်အီများ အထူးရွေးစားတတ်သည်။
ဒေါသသမားကား..
အခိုးအားပေး ပူစပ်ချဉ်များ အထူးရွေးစား
တတ်သည်။
မောဟသမားကား..
လေအားပေး ဖန်ခါးများကို ပို၍ရွေးစားလေ့
ရှိတတ်သည်။

ယင်းတို့၏ စားသုံးသော ဟန်ပန်များကလည်း....
ရာဂသမားက သန့်သန့်ပြန့်ပြန့် ပြင်ဆင်စားသုံး
တတ်၏။
အကောင်းစားကို ရွေးချယ်တတ်၏။
စားရာ၌ ချေးများတတ်၏။
သို့သော် စားရာ၌ကား ကြောင်စားပမာ
နည်းပါးနေတတ်သည်။

ဒေါသသမားက ရှူ းရှူ းရှဲရှဲမြည်အောင်
စားတတ်၏။
နေရာမရွေးတတ်။ အစားလည်း ကြီး၏။
အကြိုက်မတွေ့ ဆိုမြည်ငေါက်ငမ်းလေ့
ရှိတတ်သေး၏။
မောဟသမားက အစားအသောက် နှေးကွေး၏
လေးဖင့်၏၊ စားရင်းလည်း မှိုင်ငေးနေတတ်
သေး၏။
ရရာဆုံ ကြုံ ရာနှင့် ပြီးပြေတတ်၏။

ဓမ္မေသက.....
ယင်းတို့၏ အဆိုး..
နောက်တစ်မျိုးတိုး သိစေချင်သေးသည်မှာ....
ရာဂသမားသည်...
အသင့်အတင့်လှပသော အာရုံများ၌ပင်
မခွဲချင် မခွာချင် ဖြစ်တတ်သည်။
အလှည့်အပတ်များခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း
မာနရမ္မက်ကြီးချင်းလည်း ရှိသေးသည်။

ဒေါသသမားသည်.....
အနည်းငယ်ချွတ်ယွင်းသော အာရုံများ၌ပင်
ယမ်းပုံမီးကျ ပမာ ဖြစ်လာတတ်သည်။
ရန်ငြိုးဖွဲ့ခြင်း၊အာဃာတ ဣသာမစ္ဆရိယပွားခြင်း
သူ့ဂုဏ် ဖျက်လိုဖျက်ဆီးလုပ်ခြင်း၊
တုဖက်ယှဉ်ပြိုင်ခြင်း၊ဆုံးမရန် ခက်ခဲခြင်းများလည်း
ရှိသေးသည်။

မောဟသမားသည်.....
မည်သည့်အာရုံမဆို ကိုယ်ပိုင်မဆုံးဖြတ်တတ်၊
သူပြောလူပြောများဖြင့်သာ အပြီးသတ်ရတတ်
သည်။
သတိပညာကင်းခြင်း၊ထှိုင်းမှိုင်းပျင်းရိခြင်း၊
စိတ်ပျံ့လွင့်ခြင်းများဖြင့်သာ အချိန်ကုန်ရတတ်
သည်။

ဓမ္မေသက.....
ကမ္မဋ္ဌာန်းအလုပ်သည် ..
အနုသယဘူမိမှ ပညာဘူမိသို့ ပြောင်းပေးသော-
အလုပ် ဖြစ်၏။
သို့ကြောင့် ...
ဤအကျင့်ဆိုးများကို အကျင့်ကောင်းဖြစ်လာရန်
ဇောင်းပေးရမည်ဖြစ်ရာ
ယင်းသုံးမျိုးတို့ကို အထူးလေ့လာပါလေ။
ယင်းတို့မှတက် အကောင်းဘက် ထွက်ပြီးသော
ကျန်စရိုက်သုံးမျိုးတို့ကား
နှိုင်းယှဉ်ကြည့်သာရန် အနည်းငယ်မျှ သာ
ဖော်ပြပါတော့မည်။

ဓမ္မေသက...ရာဂတော်လှန်...............

( မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ဝနဝါသီဉေယျ ဓမ္မသာမိထေရ် ):

Credit - Original Uploader

7 months ago | [YT] | 9