Seng 🌱 ဆိုင်း

World Heritage Lover 🌿🕊 ကမ္ဘာ့အမွေအနှစ် ချစ်သူ

UNESCO World Heritage Site ဆိုတာ သက်တမ်းရင့် သဘာဝဖြစ်တည်မှုအရာတွေ၊ ​ရိုးရာယဥ်ကျေးမှု နှင့် အနုပညာ ဗိသုကာလက်ရာ သမိုင်းဝင်နေရာတွေကို တန်ဖိုးထားတဲ့သူတွေ အမြတ်တနိုးထိန်းသိမ်းကြတဲ့နေရာတွေဖြစ်ပါတယ်ရှင့် .....

ဒီ ကျွန်မရဲ့ youtube channel မှာတော့ ကျွန်မမြင်မိတွေ့မိတဲ့အရာတွေထဲက ခရီးသွားတဲ့ အတွေ့အကြုံနဲ့ ကွဲပြားခြားနားသော လူနေမှုဓလေ့စရိုက် နေထိုင်မှုအကြောင်းတွေကို လက်လှမ်းမှီသမျှ ဝေမျှပေးခြင်းဖြစ်ပါတယ်ရှင့်...

ကျွန်မရဲ့ youtube channel ကိုဝင်ရောက်ကြည့်ရှုပြီး subscribe ပေးထားသော မိတ်ဆွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိသလို... အားလုံးလည်း နှလုံးစိတ်ဝမ်းအေးချမ်းပြီး ဘဝမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ဘေးရန်အပေါင်းမှလည်း ကင်းဝေးကြပါစေရှင့် 😊



Seng 🌱 ဆိုင်း

ဘဝတစ်သက်သာမှာ 🌿🍛
ချိုမြိန်သော အနာဂါတ်တွေဘဲ
ပိုင်ဆိုင်ချင်သောကြောင့်
ချိုသောအရသာရှိတဲ့ အစားအစာတွေကိုဘဲ
ရံဖန်ရံခါ မြည်းကြည့်မိတယ်။ 😊

1 day ago | [YT] | 9

Seng 🌱 ဆိုင်း

#စပါးလင် ( #Lemongrass ) ကို အတော်လေးသုံးတတ်သော ဗီယက်နမ်တွေ ဗဟုသုတလည်းရမိပါတယ်။

စပါးလင်ကို ကျန်းမာရေးအတွက် ဆေးဘက်ဝင်သော အစားအစာဖြစ်တဲ့အပြင်၊ အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့ စကားအရ ကောင်းကောင်းလေးအသုံးချတတ်တာကို သတိပြုမိခဲ့ပါတယ်။

2 days ago | [YT] | 9

Seng 🌱 ဆိုင်း

တန်ဖိုးရှိသောအရာတွေဟာ စျေးမပေါကြပါဘူး၊၊

ဒါပေမဲ့ တန်ဖိုးရှိသော အရာတွေကို ကံအရမ်းကောင်းတဲ့သူတွေက တစ်ကြိမ်လောက်တော့ အခမဲ့ရနိုင်တယ်၊၊

အဲ့ဒီအရာက 🍀 '' #ယုံကြည်မှုဘဲ '' 😊

3 days ago | [YT] | 8

Seng 🌱 ဆိုင်း

ဗီယက်နမ်မှာ ဘီယာဟွေး 🌿🍺 '' Bia Hoi '' ဆိုတဲ့ သူတို့ဘီယာတွေရောင်းချတဲ့ဆိုင်တွေမှာ တို့ဖူးပြားကြော်ကို ခွေးသေးပန်းအရွက်စိမ်းလေးနဲ့ တွဲဖက်စားလို့ရအောင်ရောင်းချကြတဲ့ အထာရှိကြတယ်၊၊

အဓိက ပဲပြားကြော်နဲ့တို့စားဖို့ရန် ပဲငံပြာရည်အနှောက်ကို ငရုတ်သီး၊ ကြက်သွန်ဖြူလေးတွေတောက်တောက်စင်းခပ်ပြီး တို့စရာလေးစီစဥ်ပေးထားကြတာများတယ်။

ဒီနေရာမှာ တခုပြောပြချင်တာက ဗီယက်နမ် Beer အကြောင်းလေး နည်းနည်းလေးပြောပြပါမယ်။

Bia Hoi ရဲ့ Acohol level က 4 % လောက်ဘဲရှိတာမို့ မိန်းကလေးတွေလည်း သောက်ကြတာများပါတယ်၊ Bia Hoi ရဲ့အရသာက ပေါ့ပါးပြီးလတ်ဆတ်တဲ့အရသာမို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည်တိုင်း မြည်းသောက်ကြည့်ပြီးနှစ်သက်ကြတာလည်းများပါတယ်၊၊

အထူးသဖြင့် ပွဲတော်ကာလတွေနဲ့ မင်္ဂလာရက်မြတ်တွေကျင်းပတဲ့အချိန်မှာသာမက မိတ်ဆွေသူငယ်ချင်းတွေ တွေ့ဆုံကြတဲ့အချိန်မှာလည်း သောက်တတ်ကြသလို တချို့က အောင်ပွဲကျင်းပတဲ့အခါတွေမှာလည်းသောက်ကြပါတယ်။

#သတိပြုမိတာတခုက Bia Hoi ကို ဗီယက်နမ်မြောက်ဘက်ပိုင်းဒေသတွေမှာသာတွေ့နိုင်ပြီး ဗီယက်နမ်တောင်ဘက်ဖြစ်တဲ့ Sai Gon လို့ခေါ်ကြသလို Ho Chi Minh လို့လည်းခေါ်ကြတဲ့ တောင်ဘက်ပိုင်းမှာတော့ မရနိုင်တဲ့ သောက်စရာလေးဖြစ်ပါတယ်ရှင့်။
.
.
#Seng #ဆိုင်း
#Contentcreator
#tofu #biahoi

6 days ago | [YT] | 9

Seng 🌱 ဆိုင်း

ကော်ဖီတွေစျေးတက်ပေမဲ့
ကျွန်တော်တော့သောက်တယ်၊
ဘာလို့ဆို အခမဲ့တိုက်တဲ့ကော်ဖီတွေမို့ 😄🤭

နောက်တာနော် .....
ကော်ဖီစမ်းသောက်ကြည့်ခဲ့စဥ် အမှတ်တရလေး

🌿 ☕

1 week ago | [YT] | 8

Seng 🌱 ဆိုင်း

ဗီယက်နမ်မှာထုတ်တဲ့ 🌿 ဒူးရင်းသီးနဲ့ကော်ဖီအရသာကို Cappuccino ပုံစံလေးထုတ်လုပ်ထားတာတဲ့၊

ဒူးရင်းသီးကြိုက်တဲ့သူအတွက် ပျော်စရာအစီစဥ်လေးပါဘဲ 😊

အရသာ ၂ မျိုးကို တပြိုင်ထဲမြည်းလို့ရသွားတာပေါ့ ။

1 week ago | [YT] | 6

Seng 🌱 ဆိုင်း

ခေါက်ဆွဲကို 🍜 ကြက်ဥမွေကြော်နဲ့စားလည်း အရသာကွက်စတိဘဲရှင့် 😊
ကိုယ်ကြိုက် ကိုယ်ချက်၊ ကိုယ်ချက် ကိုယ်ကောင်း

2 weeks ago | [YT] | 9

Seng 🌱 ဆိုင်း

အသီးအရွက်ကြော်နဲ့ မုန်လာဥဖြူဟင်းရည်
-----------------------------------------------------------------

ကိုယ်ကြိုက်တာ ကိုယ်ချက်စား ၊
ကိုယ်ချက် ကိုယ်ကောင်းဘဲ 😊🤗

2 weeks ago | [YT] | 11

Seng 🌱 ဆိုင်း

အရင်က ဝက်သားဆို တစက်ကလေးမှ မစားသောကျွန်ုပ်၊ ယခု ဝက်သားအရမ်းကြိုက်သောသူနဲ့ညားတော့ မျိုးစုံကြိုးခုံ စမ်းချက်ကြည့်ရတဲ့အခြေနေဖြစ်နေပြီ 🤭

ဝက်သားစင်းကောကို ကြက်သွန်ဖြူ၊ ဂျင်း၊ လေးညှင်းပွင့်၊ star anise ၊ ငရုတ်သီးမှုန့်၊ ဆနွင်း၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ သံလွင်ဆီ၊ ဖက်ဖယ်ရွက်နဲ့ အိန္ဒိယနံနံတွေထည့်ပြီးကြော်ထားသည်။

ဗိုက်ဆာတဲ့အချိန် ထမင်းဖြူပူပူနွေးနွေးလေးနဲ့ ရောနယ်ပြီး အသင့်စားလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တခြားဟင်းတွေနဲ့လည်းပြန်ရောပြီးစားလို့ရအောင်စီစဥ်ထားဖြစ်တယ်။

2 weeks ago | [YT] | 11

Seng 🌱 ဆိုင်း

Com tam Sai Gon - Broken Rice with BBQ Pork 🌾 🐖

2 weeks ago | [YT] | 11