Seng 🌱 ဆိုင်း

ဗီယက်နမ်မှာ ဘီယာဟွေး 🌿🍺 '' Bia Hoi '' ဆိုတဲ့ သူတို့ဘီယာတွေရောင်းချတဲ့ဆိုင်တွေမှာ တို့ဖူးပြားကြော်ကို ခွေးသေးပန်းအရွက်စိမ်းလေးနဲ့ တွဲဖက်စားလို့ရအောင်ရောင်းချကြတဲ့ အထာရှိကြတယ်၊၊

အဓိက ပဲပြားကြော်နဲ့တို့စားဖို့ရန် ပဲငံပြာရည်အနှောက်ကို ငရုတ်သီး၊ ကြက်သွန်ဖြူလေးတွေတောက်တောက်စင်းခပ်ပြီး တို့စရာလေးစီစဥ်ပေးထားကြတာများတယ်။

ဒီနေရာမှာ တခုပြောပြချင်တာက ဗီယက်နမ် Beer အကြောင်းလေး နည်းနည်းလေးပြောပြပါမယ်။

Bia Hoi ရဲ့ Acohol level က 4 % လောက်ဘဲရှိတာမို့ မိန်းကလေးတွေလည်း သောက်ကြတာများပါတယ်၊ Bia Hoi ရဲ့အရသာက ပေါ့ပါးပြီးလတ်ဆတ်တဲ့အရသာမို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည်တိုင်း မြည်းသောက်ကြည့်ပြီးနှစ်သက်ကြတာလည်းများပါတယ်၊၊

အထူးသဖြင့် ပွဲတော်ကာလတွေနဲ့ မင်္ဂလာရက်မြတ်တွေကျင်းပတဲ့အချိန်မှာသာမက မိတ်ဆွေသူငယ်ချင်းတွေ တွေ့ဆုံကြတဲ့အချိန်မှာလည်း သောက်တတ်ကြသလို တချို့က အောင်ပွဲကျင်းပတဲ့အခါတွေမှာလည်းသောက်ကြပါတယ်။

#သတိပြုမိတာတခုက Bia Hoi ကို ဗီယက်နမ်မြောက်ဘက်ပိုင်းဒေသတွေမှာသာတွေ့နိုင်ပြီး ဗီယက်နမ်တောင်ဘက်ဖြစ်တဲ့ Sai Gon လို့ခေါ်ကြသလို Ho Chi Minh လို့လည်းခေါ်ကြတဲ့ တောင်ဘက်ပိုင်းမှာတော့ မရနိုင်တဲ့ သောက်စရာလေးဖြစ်ပါတယ်ရှင့်။
.
.
#Seng #ဆိုင်း
#Contentcreator
#tofu #biahoi

5 days ago | [YT] | 9