Khun Chu Aung Channel / ပအိုဝ်းတရာ. ပအိုဝ်းရိုးရာအက ပအိုဝ်းငေါဝ်သချင်. Self-taken videos, various football news videos and various entertainment videos.
Khun Chu Aung Official ခွန်ဆုꩻအောင်ႏ
ကျွန်တော်တို့ဘဝမှာ အမှားလုပ်ဖို့ အခွင့်အရေး သိပ်မများဘူး။ လူမှုရေးမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု လိုအပ်တယ်။ စီးပွားရေးမှာ ဆုံးဖြတ်ချက်တွေ ဂရုစိုက်ရမယ်။ အိမ်ထောင်ရေးမှာ ယုံကြည်မှုနဲ့ စိတ်ရှည်မှု အရေးကြီးတယ်။ အမှားတစ်ခုကမှာ ဆက်ဆံရေးလေးတစ်ခုက ဘဝကို ချွင်းထိုးမှောက်ခုံဖြစ်သွားနိုင်တယ်။ဒါကြောင့် အရာရာကို တွေးခေါ်သေချာပြီး လုပ်ဆောင်ရပါမယ်။ ဘဝမှာ အခွင့်အရေးတွေ တန်ဖိုးထားသင့်တယ်။ကျွန်တော်တို့မှားတာနဲ့ ကန်ချမဲ့ လူတွေများတယ်။#ခွင့်အားဖြစ် #ဗဟုသုတ #စာပေ #လွန်းငယ် #စာပေ #အသိပညာ #ပေါက် #စာပေဗဟုသုတ
3 months ago | [YT] | 1
View 0 replies
တစ်ထောင်ရှိရင် တစ်ထောင်ပဲသုံးပါရွဥ်မိဥ်းအောဝ်းတရေင်တဲ့သွုံ.စုဲင်းငါတရေင်ငါထူးလထူးငါးမွိုန်းဝင်.တဲ့ ရို.
6 months ago | [YT] | 12
ချယ်ရီပန်းပွင့်ရာတောင်ပေါ်သို့အလည်တစ်ခေါက် ดอกซากุระพญาเสือโคร่ง ကောင်ကေ့အိန်ခေ့ကောဝ်းဖျင်လဲဥ်းသွူ
10 months ago | [YT] | 2
🙏 နတ်ကောင်းနတ်မြတ်တွေက သာဓုခေါ်တဲ့ အချိန် ၃ ချိန်ရှိပါသတဲ့ 🙏===============၁။ လူတွေ တရားအားထုတ်ဖို့ စိတ်ကူးကြပြီး၊ ပြင်ဆင်ကြတဲ့ အချိန်ရယ်၂။ တရားအားထုတ်တော့ ကိလေသာနဲ့ တိုက်နေကြတဲ့ အချိန်ရယ်၃။ တရားရသွားလို့ အရိယာဖြစ်သွားတဲ့ အချိန်ရယ်ပါတဲ့အဲသလို နတ်ကောင်းနတ်မြတ်တွေက လူ့ပြည်ကို ကြည့်နေတာပါတဲ့နော်ဒါပေမယ့် တရား အားမထုတ်မှီမှာ လုပ်ရမယ့် ပုဗ္ဗကိစ္စ ၅ ပါး လုပ်ကြရပါမယ်(၁) မြတ်စွာဘုရားရှင်အား တရားအားထုတ်သူရဲ့ ခန္ဓာ ၅ ပါးကို အပ်နှင်း လှူဒါန်းခြင်း(၂) ခင်ပွန်းကြီး ၁၀ ပါးတို့အပေါ် ပြစ်မှားမိခဲ့သည်များကို ခင်ပွန်းကြီးတို့ရဲ့ အထွဋ်အထိပ်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်ထံ ဝန်ချတောင်းပန် ရှိခိုးကန်တော့ခြင်း(၃) အမျှဝေခြင်း၊ မေတ္တာပို့သခြင်း(၄) သံသရာတစ်လျှောက်လုံး ပြုခဲ့သမျှ ကုသိုလ်အပေါင်းတို့ကို မဂ်ဖိုလ်ရခြင်းအလို့ငှာသာ အဓိဌာန်ပြုခြင်း(၅) ငါသည် ဤဖောက်ပြန် ပျက်စီး စက်ဆုပ် ရွံ့ရှာဖွယ် ခန္ဓာကြီး ပျက်သုန်းပြီး သေခြင်းသို့ မရောက်မှီ ဤတရားကို ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးဖြင့် လေးနက် ယုံကြည်စွာ အားထုတ်ပါမည်ဟု စိတ်အားထက်သန်မှုကို ပြုခြင်းဒီနေရာမှာ တရားအားထုတ်မယ့် နိဗ္ဗာန်သို့ သက်ဝင်မယ့်သူရဲ့ ရှိရမယ့် အကျင့်၊ မေတ္တာသုတ်လာ ကမ္မဌာ-နုပစာရဆိုတဲ့ ကမ္မဌာန်းရှေ့ပြေးအကျင့် (၁၅) ပါးဟာ တရားအားထုတ်သူမှာ အမှန်တကယ် ရှိရမယ့် အရည်အချင်း (၁၅) ပါးပါတဲ့(၁) သက္ကော - ဒီတရားကို အဟုတ်အားထုတ်နိုင်သူ ဖြစ်ရပါမယ်(၂) ဥဇု - ကိုယ်ရော စိတ်ပါ တရားနဲ့ပတ်သက်ပြီး မလိမ်မညာဘဲ ဟန်မဆောင်ဘဲ အမှန်အတိုင်း အားထုတ်နိုင်သူ ဖြစ်ရပါမယ်(၃) စိတ်ထဲမှာကိုက ရိုးသားဖြောင့်မတ်သူ ဖြစ်ရပါမယ်(၄) သုဝစော - ပြောဆိုဆုံးမရင် နာခံလွယ်သူ၊ နားထောင်တတ်သူ ဖြစ်ရပါမယ်(၅) မုဒု - ကိုယ်နှုတ်နှလုံး ၃ ပါးလုံး နူးညံ့ ပျော့ပျောင်း သိမ်မွေ့ ယဉ်ကျေးသူ ဖြစ်ရပါမယ်(၆) အနတိမာနီ - မာနမကြီး မောက်မာ ထောင်လွှား မရှိဘဲ နှိမ့်ချသူ ဖြစ်ရပါမယ်(၇) သန္တုဿကော - ရသမျှ၊ ရှိသမျှနဲ့ ရောင့်ရဲ တင်းတိမ်လွယ်သူ ဖြစ်ရပါမယ်(၈) မွေးမြူရ လွယ်ကူသူ၊ စားဝတ်နေမှု ပြုစုစောင့်ရှောက်ရလွယ်သူ၊ ဇီဇာမကြောင်သူ ဖြစ်ရပါမယ်(၉) ကြောင့်ကြ ဗျာပါရ တက်တဲ့ အလုပ်ပိုမရှိတဲ့ အမှုကိစ္စနည်းသူ ဖြစ်ရပါမယ်(၁၀) သလ္လဟုကဝုတ္တိ - အသုံးအဆောင် အဝတ်အထည် အပိုမရှိတဲ့ ပေါ့ပါးလွယ်ကူ မွေးမြူ နေထိုင်သူ ဖြစ်ရပါမယ်(၁၁) သန္တိနြ္ဒိယော - ကောင်းဆိုးအာရုံတို့အပေါ် အေးဆေးတည်ငြိမ်တဲ့ ကိုယ်နှုတ်အမှုအရာရှိသူ ဖြစ်ရပါမယ်(၁၂) အရာရာ ချင့်ချိန် မြှော်မြင် ဆင်ခြင် လုပ်ကိုင်နိုင်တဲ့ အသိဥာဏ် ရင့်ကျက်သူ ဖြစ်ရပါမယ်(၁၃) အပ္ပဂဗ္ဘော - ကိုယ်နှုတ်စိတ် ရိုင်းပျခြင်းမရှိဘဲ ယဉ်ကျေးလိမ်မာသူ ဖြစ်ရပါမယ်(၁၄) ကုလေသု အနနုဂိဒ္ဓေါ - မိသားစု ဆွေမျိုး မိတ်ဆွေတို့အပေါ် အလွန်အမင်း မခင်တွယ်သူ၊ သံယောဇဉ် မကြီးသူ ဖြစ်ရပါမယ်(၁၅) န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ - ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့ ရှုတ်ချစရာဆိုက မည်သို့ပင် သေးငယ်သော မကောင်းမှုကိုမှ မကျူးလွန် မပြုလုပ်သောသူ ဖြစ်ရပါမယ်တဲ့နတ်တို့ရဲ့ ကြည့်ရှုစောင်မခြင်းကို ခံရပြီး ဘေးရန်ကင်းစွာ တရားအားထုတ်နိုင်ကြပြီး မဂ်ဖိုလ် ဆိုက်ကြပါစေReference - မောင်းထောင် မြေဇင်းတောရ ဆရာတော်ဘုရားကြီးမျှဝေပူဇော်ပါသည်
1 year ago | [YT] | 7
View 1 reply
🔴သီတင်းကျွတ်လပြည့်နေ့🔴 ⚜ သီတင်းကျွတ်လပြည့်နေ့ •••သည် ဗုဒ္ဓဝါဒီတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ ဖြစ်သည် ။ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ တို့ကဲ့သို့ပင် သီတင်းကျွတ် လပြည့်နေ့သည်လည်း မြတ်စွာဘုရားရှင်တာဝတိံသာ နတ်ပြည်မှ သင်္ကဿနဂိုရ် ပြည်သို့ ကြွမြန်း ဆင်းသက်တော်မူလာသည့် နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားသခင် ဆင်းသက်ကြွမြန်း လာသည်ကို ရည်၍ ဘုရားရှင်အား ပူဇော်သည့် အနေဖြင့် ထိုနေ့တွင် မီးများထွန်းကာ မြင်းမိုရ်ပွဲ ဆင်ယင် ကျင်းပ ခဲ့ကြသည်။➖ ➖ ➖ ➖#အဘိဓမ္မာပူဇော်ပွဲမြတ်စွာဘုရားရှင်သည် တာဝတိံသာ နတ်ပြည်၌ မယ်တော်ဖြစ်ဘူးသော သန္တုဿီတာ နတ်သား ကို အကြောင်းပြု၍ “ကုသလာဓမ်မာ၊ အကုသလာဓမ်မာ ၊ အဗျာကတာဓမ္မာ” အစရှိသည်ဖြင့် အဘိဓမ္မာ ခုနစ်ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် တာဝတိံသာ ၌ ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ ဟူ၍ သမုတ်ကာ အဘိဓမ္မာပူဇော်ပွဲ ကျင်းပကြလေသည်။ ➖ ➖ ➖ ➖ #ဘုရားဆုပန်နေ့တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့.ဟု ခေါ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်း ဖြင့် ဆင်း၍ လက်ျာဖက် ရွှေစောင်းတန်းဖြင့် နတ်တို့ ခြံရံလိုက်ပါကာ လက်ဝဲဖက် ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာလေသည်။ ထိုသို့ နတ် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူ လာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကို ဖူးမြင်ကြရသောအခါ ( ၃၆ ) ယူဇနာ အတွင်း၌ ရှိသော ပရိသတ် အားလုံးပင် ဘုရားဆုကို တောင်းကြသည် ။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍ မရှိချေ ။ ဤသည်ကို ရည်၍ ဘုရားဆုပန်နေ့ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည် ။➖ ➖ ➖ ➖ ➖ #ဥပုသ်သီတင်းဆောက်တည်ကြခြင်း မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမျှော်ရန် စောင့်နေကြသော လူ အပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမေဂ္ဂလာန်က ဘုရားရှင်အား မည်သည့်အခါ မည်သည့်အချိန်၍ လူ့ပြည်သို့ သက်ဆင်းမည်ကို လျှောက်ထားသောအခါ ဘုရားရှင်က ငါ ဘုရားကို ဖူးမျှော်လိုသူတို့သည့် ရွာဦးကျောင်းသို့ ဥပုပ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍ ထိုနေ့ ထိုရက်၌ ဥပုသ်သီတင်း ဆောက်တည်ကြခြင်း ဖြစ်သည် ။➖ ➖ ➖ ➖ ➖လူ နတ် ဗြဟ္မာ ငရဲသား အားလုံး တစ်ဦးကို တစ်ဦး မြင်တွေ့ခြင်း🔹 🔸 🔹 🔸 🔹 🔸မြတ်စွာဘုရားသခင်သည် လူ့ပြည်သို့ မဆင်းမီ တာဝတိံသာ နတ်ပြည်၌ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသည်။ မြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင် ဖြစ်သွား လေသည်။ ရှင်တော်ဘုရား၏ လောကဝိဝရဏ တန်ခိုးတော်အားဖြင့် လူ နတ် ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကို တစ်ဦး ထင်ရှားစွာ မြင်တွေ့ရလေသည်။➖ ➖ ➖ ➖ အချုပ်အချယ်တို့မှ လွတ်ကျွတ်စေသောနေ့🔹 🔸 🔹 🔸သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာတော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်းသုံး နိုင်သည့် အခွင့်အရေးကို ရရှိကြလေသည်။ ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြသည်။ လောကီတို့၏ ထုံးစံအရလည်း အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှ လွတ်ကျွတ်စေသောနေ့ ဟုဆိုရပေသည်။➖ ➖ ➖ ➖ ➖အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည်---🔹 ရဟန်းတော်များ ဝါဆိုမှထသောနေ့ ၊ 🔸 ပဝါရဏာပြုကြသောနေ့၊-မြတ်စွာဘုရားရှင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်မှာ အောင်မြင်စွာ ပြီးဆုံးသောနေ့ ( ဝါ ) အဘိဓမ္မာအခါတော်နေ့ ၊-နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည် သို့ ဆင်းသက်တော်မူသောနေ့၊-ဗြဟ္မာ နတ် လူ သုံးဘုံ သူတို့ မြတ်စွာဘုရားအား အတူတကွ ကြည်ဖြူကော်ရော် ပူဇော်ကြသောနေ့ ၊ -လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှန်းလုံး တိုးယိုပေါက်မြင်ကြသောနေ့စသောဂုဏ်ထူး ဝိသေသ အထူးထူး နှင့် ပြည့်စုံသောနေ့ ဖြစ်သည် ။ ➖ 🔹 ➖ ♦️ ➖ 🔸 ➖ (မြန်မာ့စွယ်စုံကျမ်းမှကူးယူဖော်ပြသည်။)#မူရင်းရေးသားသူအားလေးစားစွာcreditပေးပါတယ်ရှင့် 🙏🏻#စာပေချစ်မြတ်နိူးသူများအားလုံးကိုလေးစားလျှက် 🙆ဘုရားရှင်၏အဘိဓမ္မာတရားဟောကြားပုံ ဟောကြားနည်း ************************* ဘုရားရှင်၏အဘိဓမ္မာတရားဟောကြားပုံဟောကြားနည်းသုံးမျိုးရှိပါသည်။ထိုသုံးမျိုးမှာ(၁) သဗ္ဗညုတဘုရားရှင်သည်တာဝတိံ တာနတ်ပြည်ရှိနတ်ဗြဟ္မာပရိတ်သတ် အပေါင်းအားအကျယ်နည်းဖြင့်ဟော ကြားတော်မူခဲ့ခြင်း။(၂) စန္ဒကူးတော၌ လက်ရာတော်ရံ အဂ္ဂ သာဝကကြီးဖြစ်သည့်ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးအားအကျဉ်းနည်း ဖြင့်ဟောကြားတော်မူခြင်း။(၃) ဘုရားရှင်ဟောကြားတော်မူသော အဘိဓမ္မာတရားကို ရှင်သာရိပုတ္တရာ မထေရ်ကြီးက မဇ္ဈိမဒေသသို့ယူ ဆောင်ခဲ့ပြီးလင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရင်းရဟန်းငါးရာတို့အားမကျဉ်း မကျယ်၊အလယ်အလတ် ဟောကြား တော်မူခြင်း တို့ဖြစ်ပါသည်။ယနေ့မျက်မှောက်ကာလအထိရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင်များ အဘိဓမ္မာတရားတော်ကို သင်ကြား နာယူခွင့်ရှိနေခြင်းမှာရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ကျေးဇူးကြောင့်ဖြစ်ပါသည်။အဘိဓမ္မာတရားတော်သည်ပါဠိ၏နက်နဲခြင်း၊သဘောအဓိပ္ပါယ်၏နက်နဲခြင်း၊ဉာဏ်တော်၏နက်နဲခြင်း၊ဟောကြားပုံအစီအစဉ်၏နက်နဲခြင်း ဟူသည့်ဂမ္ဘီရလေးမျိုးနှင့်လည်းပြည့်စုံနေပါသည်။အဘိဓမ္မာတရားတော်ကိုရွတ်ဖတ်ပူဇော်ခြင်း၊သင်ကြားနာယူခြင်း တို့ကြောင့်ရဟန်းတော်များကို နာမရူပ ပရိစ္ဆေဒဉာဏ်ရင့်သန်ခြင်း၊မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရန်လမ်းကြောင်းအထောက်အပံ့ကောင်းများရနိုင်ခြင်း၊ဘေးဥပဒ်အန္တရယ် ကင်းဝေးခြင်း၊ ကျက်သရေ မင်္ဂလာ အဖြာဖြာနှင့်ပုည့်စုံခြင်း...... စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ဖတ်ရှု့ဖူးသောစာအုပ်များထဲမှမှတ်သားမိသလောက်ကိုရေးသားပူဇော်ပါသည်။မေတ္တာဖြင့်အိုဘယ့်ခရီးသည်၁၄.၁၀.၂၀၂၄
1 year ago | [YT] | 18
နမောတဿ"...ကို ဘာကြောင့် " သုံးခေါက် "ရွတ်ဆိုရသလဲ?🌷🌷🌷🌷🌷🌷🌷🙏"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"🙏👉 အမေးအမြန်း ထူထပ်တဲ့ လောကကြီးမှာ မေးစရာရှိတယ်။" ဘယ်လိုလဲ? " ဆိုတော့-“နေစမ်းပါဦးဗျာ.. ခင်ဗျားတို့ ဆရာ/ဒကာမှာ "သီလ"ပေးတဲ့ "ဆရာတော်"က "နေမာတဿ"တစ်ခေါက် သာ ဆိုပါလျှက်နဲ့ ခင်ဗျားတို့ ဒကာ/ဒကာမ တွေက ဘာပြုလို့ သုံးခေါက် ရွတ်ဆိုရတာလဲ" -လို့ မေးစရာရှိတယ်။ဒီလို မေးလာလို့ရှိရင်-“မသိပါဘူးဗျာ…ရှေးက လူကြီး တွေက သုံးခေါက် ဆိုခဲ့ကြလို့ ကျွန်တော်တို့လည်း သုံးခေါက်ဆိုကြရတာပါပဲ"-လို့အဲဒီလို လျော့ရဲရဲ ဖျော့နှဲနှဲ မဖြေလိုက်ပါနဲ့။ "ကျွန်ုပ်တို့၏ မိဘ,ဘိုးဘွား အထက်,အထက် လူကြီးများ က "သုံးခေါက်"- ဆိုရိုးပြုခဲ့ကြလို့ ကျွန်တော်/ကျမတို့လည်း "သုံးခေါက်"ဆိုကြတယ်"-လို့ ရဲရဲတောက်ဖြေကြားလိုက်ပါ။ဒီအခါ-"မေးတဲ့လူ"က-“ခင်ဗျားတို့ -အထက်, အထက်လူကြီး များ -ဆရာသမားများ က,ဘာကြောင့် "သုံးခေါက်"ဆိုရိုးပြုခဲ့ကြတာလဲ? လို့ ထပ်မေးပါရစေ"-လို့ ဆိုလာလျှင်-ဤကဲ့သို့ ရဲရဲတောက် ဖြေလိုက်ပါ။ “ဒီ-"နမောတဿ ဘုရားရှိခိုးစာပိုဒ်"ဟာ "ဗုဒ္ဓဘာသာတရားစာပေ"-နယ်ပယ်မှာ သူမပါလျှင် မပြီးနိုင်လောက်အောင် အရေးပါအရာရောက်တဲ့"ဘုရားရှိခိုးစာပိုဒ်"ဖြစ်ပါတယ်။"ဘာကိုထောက်၍ သိရသလဲ?"-ဆိုရင် "ဗုဒ္ဓဘာသာ"နဲ့ပတ်သက်သော တရားစာပေမှန်သမျှ စာအုပ်တိုင်းကြည့်ပါ။-"တစ်ဝါး လက်လေးသစ်လောက်ရှိတဲ့ စာအုပ်ကလေး"ဖြစ်ဖြစ်,-လက်နှစ်လုံး,သုံးလုံး,လေးလုံး,လောက်ထူတဲ့ "ဇိနတ္ထပကာသနီ"တို့လို စာအုပ်ကြီးပဲဖြစ်ဖြစ်,"ဗုဒ္ဓဘာသာ"စာပေမှန်သမျှ "ပထမဆုံးစာမျက်နှာ"ကိုလှန်လိုက်ရင်-ဒီ "နမောတဿဘုရားရှိခိုးစာပိုဒ်"ကို အရင်ဆုံးတွေ့ရပါတယ်။"နမောတဿ"-မပါတဲ့ "ဗုဒ္ဓဘာသာစာပေ"-ရယ်လို့ မရှိပါဘူး။ဤမျှလောက် "ဗုဒ္ဓဘာသာစာပေနယ်မှာ အရေးပါတယ်"-ဆိုတာ ဤအချက်ကိုထောက်၍သိရပါတယ်”။ “ဘာပြုလို့ ဒါလောက် အရေးပါ အရာရောက်ရသလဲ?"-လို့ တစ်ခါထပ်ပြီး စဉ်းစားကြည့်လိုက်ရင်-ဤ"နမောတဿဘုရားရှိခိုး"-စာပိုဒ်မှာ,"သဒ္ဒါ"သဘောနဲ့ကြည့်ရင်--"နမော"တစ်ပုဒ် -"တဿ"တစ်ပုဒ် -"ဘဂဝတော"တစ်ပုဒ် -"အရဟ"တောတစ်ပုဒ် -"သမ္မာသမ္ဗုဒ္ဓဿ"တစ်ပုဒ် ဒီလို"ငါးပုဒ်ရှိတဲ့စာပိုဒ်"မှာ-"ငုံထားလိုက်တဲ့ဂုဏ်တော်"က,-ဘဂဝါဂုဏ် -အရဟံဂုဏ် -သမ္မာသမ္ဗုဒ္ဓဂုဏ် ဆိုတဲ့ "မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကြီးသုံးပါး"-ကို ငုံပြီးတော့, ချီးမွမ်းပြီးတော့ "ဘုရားရှိခိုးတဲ့စာပိုဒ်"ဖြစ်တယ်။ထို"စာပိုဒ်"ကို-"ဆရာသမားများ"ထံ "အနက်"ပြန်ဆိုလျှင် ဟောဒီလို "အနက်"ပြန်ဆိုတာတွေ့ရလိမ့်မယ်။ -"ဘဂဝတော"= ဘဂဝါ ဂုဏ်ရှင်ဖြစ်တော်မူသော။ -"အရဟေတာ"= အရဟံ ဂုဏ်ရှင်ဖြစ်တော်မူသော။ -"သမ်မာသမ်ဗုဒ်ဓဿ"= သမ္မာသမ္ဗုဒ္ဓ ဂုဏ်ရှင် ဖြစ်တော်မူသော။ -"တဿ"= ထိုမြတ်စွာဘုရားအား။ -"နမော"=ရိုသေမြတ်နိုး အကျွန်ုပ်ရှိခိုးပါ၏။-စာပိုဒ်တိုတိုနဲ့"ဘယ်လောက်အဓိပ္ပာယ်လေးနက်သော ဘုရားရှိခိုး ဖြစ်တယ်"-ဆိုတာ ဒီလိုအနက်ပြန်ဆိုကြည့်လိုက်ရင် ပိုသိတယ်။ယခုလို-"ဘဂဝတော၊ဘဂဝါဂုဏ်ရှင်ဖြစ်မူသော"-လို့ "အနက်မြန်မာပြန်"ဆိုတာဟာ,-သိလွယ်အောင် "နာမသတ် အနက်ပြန်ဆိုတာ"-လို့ ခေါ်ပါတယ်။နောက်ကျမှ-"ဘဂဝါဂုဏ်"ဆိုတာ "ဘာခေါ်တယ်"စသဖြင့် သိရလိမ့်မယ်။အဲဒီလို-"နာမသတ်"အနက်ပေးကြည့်တော့-"ဩော်-ဒီစာပိုဒ်ဟာ "မြတ်စွာဘုရား"၏,-ဘဂဝါဂုဏ် -အရဟံဂုဏ် -သမ္မာသမ္ဗုဒ္ဓဂုဏ် ဆိုတဲ့ ဒီ"ဂုဏ်တော်ကြီးသုံးပါး"ဖြင့် ချီးကျူးပြီးတော့-"ဘုရား"ကို ရှိခိုးတဲ့စာပိုဒ်ပါလား"-လို့အဲဒီလို"သဒ္ဓါတရား"တွေ ပိုပြီးတော့ဖြစ်ပါလိမ့်မယ်။အဲဒီလို "စာပိုဒ်"က တိုပေမယ့်-"ဂုဏ်တော်ကြီးသုံးပါးနဲ့ ဘုရားကိုရှိခိုးတဲ့ စာပိုဒ်"ဖြစ်လို့-"ဘုရားရှင်"လက်ထက်တော်တုန်းက, -သိကြားနတ်မင်း,-သဟမ္ပတ်ိ ဗြဟ္မာမင်း, "လူ့ပြည်"က,-ဗိမ္ဗိသာရ မင်း၊-ပေဿနဒီကောသလ မင်း, "ပုဏ္ကားပညာရှိ"ဖြစ်ကြတဲ့,-ဗွဟ်မာယုပုဏ်ကား -ပေါက္ခရသာတိပုဏ္ကား -ဇာဏုသောဏိပုဏ္ကား တို့ဟာ "ဘုရားရှင်"ထံမှာ ဒီ"နမော တဿ"ဖြင့် "သုံးကြိမ်"တိုင်တိုင် မြတ်မြတ်နိုးနိုးဘုရား ရှိခိုးကြတယ်။ အားလုံး ကြားဖူးသိဖူးကြတဲ့အတိုင်း- "ဘုရား"လက်ထက်တော်တုန်းက "ဓနဉ္ဇာနီအရိယာပုဏ္ဏေးမကြီး"ဟာ ဘယ်အန္တရာယ်ကိုမှ မရေတွက်ဘဲ ဒီ "နမောတဿဘုရားရှိခိုး"နဲ့ "သုံးကြိမ်"တိုင်တိုင် "မြတ်စွာဘုရား" ကို ရှိခိုးခဲ့တယ်။ ဒါကြောင့် ဤကဲ့သို့ ဖြေလိုက်ပါ၊၊ “ဤနမောတဿဘုရားရှိခိုးသည် -လူ ပညာရှိ -နတ် ပညာရှိ -ဗြဟ္မာ ပညာရှိတို့က တမြတ်တနိုး-"ဘုရားရှိခိုးတဲ့ စာပိုဒ်"ဖြစ်လို့--ကျွန်ုပ်တို့ရဲ့ မိဘ,ဘိုးဘွား -အထက်,အထက်လူကြီးများ -ဆရာသမားများက " သုံးခေါက် "ဆိုရိုးပြုခဲ့ကြပါတယ်"-လို့ ရဲရဲကြီး ဖြေဆိုလိုက်ကြပါ။" ပိဋကကျမ်းစာ "အထောက်အထားအခိုင်အမာမရှိပါပဲ--" ပုထုဇဉ်လူသားတို့ရဲ့ အကြိုက်အလိုက် -" ဘာသာရေး" နဲ့အခိုက်ပေး " ဥဒါန်းတွင် "စကားလေးက-(၁) နေမာ (၂) တဿ (၃) ဘဂဝတော (၄) အရဟေတာ (၅) သမ္မာသမ္ဗုဒ္ဓဿ ဟူသော ငါးပုဒ်ကို -(၁) သာတာဂီရိနတ် (၂) အသူရိန်နတ် (၃) စတုမဟာရာဇ်နတ် (၄) သိကြားမင်း (၅)ဗြာဟ္မာမင်းတို့ တစ်ပုဒ်စီရွတ်၍ "စုပေါင်းရှိခိုးကြသည်" ဟူ၏။တကယ်တော့ မဟုတ်ပါ။ သို့သော်.... ယခုတိုင် ဥဒါန်းတွင်ဆဲသာ။ ဥဒါန်းတွင်အောင်-"ဗုဒ္ဓဝါဒီ မဟုတ်သူတို့"က"အယောင်သွင်း,ဂါထာသွင်း"လိုက်ပုံက,"သာတာဂိရိ နမော ယက္ခော၊ တဿ စ အသုရိန္ဒကော။ဘဂဝတော မဟာရာဇာ၊ သက္ကော အရဟတော တထာ။သမ္မာသမ္ဗုဒ္ဓဿ ဗြာဟ္မာ၊ ဧတေ ပဉ္စ ပတိဋ္ဌိတာ။"…တဲ့။━━━━━━━━━🙏 မှီခိုရာ ကျမ်းကိုး-🙏━━━━━━━━━("မင်းကွန်း တိပိဋက ဆရာတော်ဘုရားကြီး"ဟောကြားတော်မူသော-"ဩကာသ ရှင်းတမ်း တရားတော်"မှ ကောက်နှုတ်ချက်)Credit:အရှင်ခေမိန္ဒ(တိပိဋက နိကာယ)#crd_to_owner_with_respect #မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည် #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည် Khun Than Maung (khun Chu Aung)
1 year ago | [YT] | 4
တန်ရာတန်ရာပဲ ဆက်ဆံလိုက်ပါ ❞ တချို့လူတွေရှိတယ် ငြိမ်ခံနေတုန်းကမမြင်ဘူး။ထပြောမိမှ ကိုယ်ကစွာတယ်ဆိုတာမျိုး။ တချို့လူတွေရှိတယ်ခေါင်းပေါ်တက်နင်းခံရတာမသိဘူး။ဆတ်ဆတ်ထိမခံပြန်ပြောလိုက်မှကိုယ်က အာကြမ်းတယ်ဆိုတာမျိုး။ တချို့လူတွေရှိတယ်မသိချင်ယောင်ဆောင်နေတာကို အားမနာဘူး။ဒဲ့ပြောလိုက်မှ ကိုယ်ကလူကြမ်းတစ်ယောက်ဆိုတာမျိုး။ တချို့လူတွေရှိတယ်တသက်လုံးသည်းခံလာတာကို မစာနာကြဘူး။ထပေါက်ကွဲမိမှ ကိုယ်ဟာမကောင်းဘူးဆိုတာမျိုး။ တချို့လူတွေရှိတယ်အတွင်းစိတ်ကိုမြင်အောင်မကြည့်တတ်ကြဘူး။အပေါ်ယံကောင်းပြတာကိုမှ အဟုတ်ထင်တတ်ကြတာမျိုး။ တချို့လူတွေရှိတယ်စစ်မှန်တယ်ဆိုတာကို မတွေ့တတ်ကြဘူး။ဟန်ဆောင်တတ်တဲ့လူကိုမှ အမှန်အကန်ထင်တတ်ကြတာမျိုး။ တချို့လူတွေရှိတယ်ကိုယ်ချင်းစာ တရားဆိုတာမရှိကြဘူး။ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်နဲ့တစ်ဖက်သားစိတ်ကို အသေသတ်ပစ်ကြတာမျိုး။ တချို့လူတွေရှိတယ်ရင်းနှီးချင်ယောင်ဆောင်ပြီးမထိတထိစော်ကားတဲ့ စကားပြောတတ်ကြတာမျိုး။ တချို့လူတွေရှိတယ်ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို တစ်ပါးလူလုပ်လိုက်မှ ဝေဖန်ရေးလုပ်တတ်တာမျိုး။ တချို့လူတွေရှိတယ်အစွမ်းအစမရှိဘဲ အပြစ်ပြောဖို့သက်သက်လူဖြစ်လာတာမျိုး။ ဒါကြောင့် အကောင်းမြင်စိတ် အကောင်းမြင်ဝါဒကို မကျင့်သုံးတတ်ဘဲ အသက်ရှင်နေတဲ့ တချို့လူတွေအတွက် စိတ်ကသိကအောက်ဖြစ်ဖို့မလိုဘူး။တန်ရာတန်ရာပဲ ဆက်ဆံပေးလိုက်ပါ။Khun Than Maung (khun Chu Aung)
1 year ago | [YT] | 2
စေတနာ ရဲ့ တန်ဖိုးကို မသိလို့ပါ📚📚📚📚📚📚📚📚📚📚📚📚လောကမှာ လူတစ်ချို့က စေတနာနဲ့ မထိုက်တန်လို့မဟုတ်ဘူးစေတနာရဲ့ တန်ဖိုးကိုမသိလို့ပါ။တစ်ချို့က မေတ္တာ နဲ့ မထိုက်တန်လို့မဟုတ်ဘူးမေတ္တာရဲ့တန်ဖိုးကိုနားမလည်လို့ပါ။တစ်ချို့က သစ္စာနဲ့ မထိုက်တန်လို့မဟုတ်ဘူးသစ္စာရဲ့တန်ဖိုးကို မသိကြလို့ပါ။ကိုယ်က ဘယ်လောက်ပေးပေး သူ့ဘက်က ရယူလိုမှု မရှိရင်ကိုယ်ပေးသမျှအရာရာက အလကားတန်ဖိုးမဲ့နေမှာပါပဲ။ဘဝမှာ ကိုယ့်ဘက်ကကြည့်သရွေ့မှန်နေပေမယ့် တစ်ချို့တစ်ချို့ရဲ့အတွေး၊အမြင်၊အသိတရားတွေကကိုယ်နဲ့ထပ်တူတော့ကျမနေပါဘူး။ဒါကြောင့် ကိုယ်ဘယ်လောက်မှန်မှန်အဆိုးမြင်နဲ့ကြည့်သရွေ့ သူတို့အမြင်မှာတော့ကိုယ်က မှားနေတဲ့သူပဲဖြစ်နေမှာပါ။ဒီလိုပဲ နေရာတိုင်းမှာ လူတိုင်းအပေါ် အမြင်တစ်ခုထဲမကြည့်ပါနဲ့ လူလူချင်းတူခဲ့ရင်တောင်မှစိတ်ဓာတ်နဲ့ခံယူချက်ခြင်း ကွဲ ပြားကြပါ Khun Than Maung (khun Chu Aung) Khun Than Maung(Chu Aung) Khun ChuAung Khun Chu Aung ခြန္ဆု႔ေအာင္း คุณชุอ่อง 🍀 #စာပေချစ်သူများ
1 year ago | [YT] | 0
ယံလဲဥ်းဝင်ꩻ တရာꩻတောႏ
နာႏငီꩻဝင်ꩻမော်လꩻဒျာႏသြ
Load more
Khun Chu Aung Official ခွန်ဆုꩻအောင်ႏ
ကျွန်တော်တို့ဘဝမှာ အမှားလုပ်ဖို့ အခွင့်အရေး သိပ်မများဘူး။
လူမှုရေးမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု လိုအပ်တယ်။
စီးပွားရေးမှာ ဆုံးဖြတ်ချက်တွေ ဂရုစိုက်ရမယ်။
အိမ်ထောင်ရေးမှာ ယုံကြည်မှုနဲ့ စိတ်ရှည်မှု အရေးကြီးတယ်။
အမှားတစ်ခုကမှာ ဆက်ဆံရေးလေးတစ်ခုက ဘဝကို ချွင်းထိုးမှောက်ခုံဖြစ်သွားနိုင်တယ်။
ဒါကြောင့် အရာရာကို တွေးခေါ်သေချာပြီး လုပ်ဆောင်ရပါမယ်။
ဘဝမှာ အခွင့်အရေးတွေ တန်ဖိုးထားသင့်တယ်။
ကျွန်တော်တို့မှားတာနဲ့ ကန်ချမဲ့ လူတွေများတယ်။
#ခွင့်အားဖြစ် #ဗဟုသုတ #စာပေ #လွန်းငယ် #စာပေ #အသိပညာ #ပေါက် #စာပေဗဟုသုတ
3 months ago | [YT] | 1
View 0 replies
Khun Chu Aung Official ခွန်ဆုꩻအောင်ႏ
တစ်ထောင်ရှိရင် တစ်ထောင်ပဲသုံးပါ
ရွဥ်မိဥ်းအောဝ်းတရေင်တဲ့
သွုံ.စုဲင်းငါတရေင်ငါ
ထူးလထူးငါးမွိုန်းဝင်.
တဲ့ ရို.
6 months ago | [YT] | 12
View 0 replies
Khun Chu Aung Official ခွန်ဆုꩻအောင်ႏ
ချယ်ရီပန်းပွင့်ရာတောင်ပေါ်သို့အလည်တစ်ခေါက် ดอกซากุระพญาเสือโคร่ง ကောင်ကေ့အိန်ခေ့ကောဝ်းဖျင်လဲဥ်းသွူ
10 months ago | [YT] | 2
View 0 replies
Khun Chu Aung Official ခွန်ဆုꩻအောင်ႏ
🙏 နတ်ကောင်းနတ်မြတ်တွေက သာဓုခေါ်တဲ့ အချိန် ၃ ချိန်ရှိပါသတဲ့ 🙏
===============
၁။ လူတွေ တရားအားထုတ်ဖို့ စိတ်ကူးကြပြီး၊ ပြင်ဆင်ကြတဲ့ အချိန်ရယ်
၂။ တရားအားထုတ်တော့ ကိလေသာနဲ့ တိုက်နေကြတဲ့ အချိန်ရယ်
၃။ တရားရသွားလို့ အရိယာဖြစ်သွားတဲ့ အချိန်ရယ်ပါတဲ့
အဲသလို နတ်ကောင်းနတ်မြတ်တွေက လူ့ပြည်ကို ကြည့်နေတာပါတဲ့နော်
ဒါပေမယ့် တရား အားမထုတ်မှီမှာ လုပ်ရမယ့် ပုဗ္ဗကိစ္စ ၅ ပါး လုပ်ကြရပါမယ်
(၁) မြတ်စွာဘုရားရှင်အား တရားအားထုတ်သူရဲ့ ခန္ဓာ ၅ ပါးကို အပ်နှင်း လှူဒါန်းခြင်း
(၂) ခင်ပွန်းကြီး ၁၀ ပါးတို့အပေါ် ပြစ်မှားမိခဲ့သည်များကို ခင်ပွန်းကြီးတို့ရဲ့ အထွဋ်အထိပ်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်ထံ ဝန်ချတောင်းပန် ရှိခိုးကန်တော့ခြင်း
(၃) အမျှဝေခြင်း၊ မေတ္တာပို့သခြင်း
(၄) သံသရာတစ်လျှောက်လုံး ပြုခဲ့သမျှ ကုသိုလ်အပေါင်းတို့ကို မဂ်ဖိုလ်ရခြင်းအလို့ငှာသာ အဓိဌာန်ပြုခြင်း
(၅) ငါသည် ဤဖောက်ပြန် ပျက်စီး စက်ဆုပ် ရွံ့ရှာဖွယ် ခန္ဓာကြီး ပျက်သုန်းပြီး သေခြင်းသို့ မရောက်မှီ ဤတရားကို ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးဖြင့် လေးနက် ယုံကြည်စွာ အားထုတ်ပါမည်ဟု စိတ်အားထက်သန်မှုကို ပြုခြင်း
ဒီနေရာမှာ တရားအားထုတ်မယ့် နိဗ္ဗာန်သို့ သက်ဝင်မယ့်သူရဲ့ ရှိရမယ့် အကျင့်၊ မေတ္တာသုတ်လာ ကမ္မဌာ-နုပစာရဆိုတဲ့ ကမ္မဌာန်းရှေ့ပြေးအကျင့် (၁၅) ပါးဟာ တရားအားထုတ်သူမှာ အမှန်တကယ် ရှိရမယ့် အရည်အချင်း (၁၅) ပါးပါတဲ့
(၁) သက္ကော - ဒီတရားကို အဟုတ်အားထုတ်နိုင်သူ ဖြစ်ရပါမယ်
(၂) ဥဇု - ကိုယ်ရော စိတ်ပါ တရားနဲ့ပတ်သက်ပြီး မလိမ်မညာဘဲ ဟန်မဆောင်ဘဲ အမှန်အတိုင်း အားထုတ်နိုင်သူ ဖြစ်ရပါမယ်
(၃) စိတ်ထဲမှာကိုက ရိုးသားဖြောင့်မတ်သူ ဖြစ်ရပါမယ်
(၄) သုဝစော - ပြောဆိုဆုံးမရင် နာခံလွယ်သူ၊ နားထောင်တတ်သူ ဖြစ်ရပါမယ်
(၅) မုဒု - ကိုယ်နှုတ်နှလုံး ၃ ပါးလုံး နူးညံ့ ပျော့ပျောင်း သိမ်မွေ့ ယဉ်ကျေးသူ ဖြစ်ရပါမယ်
(၆) အနတိမာနီ - မာနမကြီး မောက်မာ ထောင်လွှား မရှိဘဲ နှိမ့်ချသူ ဖြစ်ရပါမယ်
(၇) သန္တုဿကော - ရသမျှ၊ ရှိသမျှနဲ့ ရောင့်ရဲ တင်းတိမ်လွယ်သူ ဖြစ်ရပါမယ်
(၈) မွေးမြူရ လွယ်ကူသူ၊ စားဝတ်နေမှု ပြုစုစောင့်ရှောက်ရလွယ်သူ၊ ဇီဇာမကြောင်သူ ဖြစ်ရပါမယ်
(၉) ကြောင့်ကြ ဗျာပါရ တက်တဲ့ အလုပ်ပိုမရှိတဲ့ အမှုကိစ္စနည်းသူ ဖြစ်ရပါမယ်
(၁၀) သလ္လဟုကဝုတ္တိ - အသုံးအဆောင် အဝတ်အထည် အပိုမရှိတဲ့ ပေါ့ပါးလွယ်ကူ မွေးမြူ နေထိုင်သူ ဖြစ်ရပါမယ်
(၁၁) သန္တိနြ္ဒိယော - ကောင်းဆိုးအာရုံတို့အပေါ် အေးဆေးတည်ငြိမ်တဲ့ ကိုယ်နှုတ်အမှုအရာရှိသူ ဖြစ်ရပါမယ်
(၁၂) အရာရာ ချင့်ချိန် မြှော်မြင် ဆင်ခြင် လုပ်ကိုင်နိုင်တဲ့ အသိဥာဏ် ရင့်ကျက်သူ ဖြစ်ရပါမယ်
(၁၃) အပ္ပဂဗ္ဘော - ကိုယ်နှုတ်စိတ် ရိုင်းပျခြင်းမရှိဘဲ ယဉ်ကျေးလိမ်မာသူ ဖြစ်ရပါမယ်
(၁၄) ကုလေသု အနနုဂိဒ္ဓေါ - မိသားစု ဆွေမျိုး မိတ်ဆွေတို့အပေါ် အလွန်အမင်း မခင်တွယ်သူ၊ သံယောဇဉ် မကြီးသူ ဖြစ်ရပါမယ်
(၁၅) န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ - ပညာရှိ သူတော်ကောင်းတို့ ကဲ့ရဲ့ ရှုတ်ချစရာဆိုက မည်သို့ပင် သေးငယ်သော မကောင်းမှုကိုမှ မကျူးလွန် မပြုလုပ်သောသူ ဖြစ်ရပါမယ်တဲ့
နတ်တို့ရဲ့ ကြည့်ရှုစောင်မခြင်းကို ခံရပြီး ဘေးရန်ကင်းစွာ တရားအားထုတ်နိုင်ကြပြီး မဂ်ဖိုလ် ဆိုက်ကြပါစေ
Reference - မောင်းထောင် မြေဇင်းတောရ ဆရာတော်ဘုရားကြီး
မျှဝေပူဇော်ပါသည်
1 year ago | [YT] | 7
View 1 reply
Khun Chu Aung Official ခွန်ဆုꩻအောင်ႏ
🔴သီတင်းကျွတ်လပြည့်နေ့🔴
⚜
သီတင်းကျွတ်လပြည့်နေ့ •••သည်
ဗုဒ္ဓဝါဒီတို့အတွက်
နေ့ထူးနေ့မြတ်ကြီး တစ်နေ့ ဖြစ်သည် ။
ကဆုန်လပြည့် ဗုဒ္ဓနေ့၊
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့
တို့ကဲ့သို့ပင်
သီတင်းကျွတ် လပြည့်နေ့သည်လည်း မြတ်စွာဘုရားရှင်
တာဝတိံသာ နတ်ပြည်မှ
သင်္ကဿနဂိုရ် ပြည်သို့ ကြွမြန်း ဆင်းသက်တော်မူလာသည့် နေ့ ဖြစ်သဖြင့်
ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။
မြတ်စွာဘုရားသခင် ဆင်းသက်ကြွမြန်း လာသည်ကို ရည်၍ ဘုရားရှင်အား ပူဇော်သည့် အနေဖြင့်
ထိုနေ့တွင် မီးများထွန်းကာ မြင်းမိုရ်ပွဲ ဆင်ယင် ကျင်းပ ခဲ့ကြသည်။
➖ ➖ ➖ ➖
#အဘိဓမ္မာပူဇော်ပွဲ
မြတ်စွာဘုရားရှင်သည်
တာဝတိံသာ နတ်ပြည်၌
မယ်တော်ဖြစ်ဘူးသော
သန္တုဿီတာ နတ်သား ကို အကြောင်းပြု၍
“ကုသလာဓမ်မာ၊ အကုသလာဓမ်မာ ၊
အဗျာကတာဓမ္မာ” အစရှိသည်ဖြင့် အဘိဓမ္မာ ခုနစ်ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ်
လပြည့်နေ့တွင် တာဝတိံသာ ၌ ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျက် ထိုနေ့ကို
အဘိဓမ္မာနေ့ ဟူ၍ သမုတ်ကာ
အဘိဓမ္မာပူဇော်ပွဲ ကျင်းပကြလေသည်။
➖ ➖ ➖ ➖
#ဘုရားဆုပန်နေ့
တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို
ဘုရားဆုပန်နေ့.ဟု
ခေါ်နိုင်လေသည်။
အဘယ်ကြောင့် ဆိုသော်
မြတ်စွာဘုရားသည်
တာဝတိံသာမှ ဆင်းသက်လာသောအခါ
ကိုယ်တော်တိုင်
ပတ္တမြားစောင်းတန်း ဖြင့် ဆင်း၍
လက်ျာဖက် ရွှေစောင်းတန်းဖြင့်
နတ်တို့ ခြံရံလိုက်ပါကာ
လက်ဝဲဖက် ငွေစောင်းတန်းဖြင့်
ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာလေသည်။
ထိုသို့ နတ် ဗြဟ္မာမင်းတို့
ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူ လာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကို
ဖူးမြင်ကြရသောအခါ
( ၃၆ ) ယူဇနာ အတွင်း၌ ရှိသော
ပရိသတ် အားလုံးပင် ဘုရားဆုကို တောင်းကြသည် ။
တစ်ယောက်သောသူမျှ ဘုရားဆုကို
မတောင်းသူဟူ၍ မရှိချေ ။
ဤသည်ကို ရည်၍
ဘုရားဆုပန်နေ့ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည် ။
➖ ➖ ➖ ➖ ➖
#ဥပုသ်သီတင်းဆောက်တည်ကြခြင်း
မြတ်စွာဘုရား
သက်ဆင်းတော်မူသည်ကို ဖူးမျှော်ရန် စောင့်နေကြသော လူ အပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမေဂ္ဂလာန်က ဘုရားရှင်အား
မည်သည့်အခါ မည်သည့်အချိန်၍ လူ့ပြည်သို့ သက်ဆင်းမည်ကို လျှောက်ထားသောအခါ ဘုရားရှင်က ငါ ဘုရားကို ဖူးမျှော်လိုသူတို့သည့်
ရွာဦးကျောင်းသို့ ဥပုပ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍
ထိုနေ့ ထိုရက်၌ ဥပုသ်သီတင်း ဆောက်တည်ကြခြင်း ဖြစ်သည် ။
➖ ➖ ➖ ➖ ➖
လူ နတ် ဗြဟ္မာ ငရဲသား အားလုံး
တစ်ဦးကို တစ်ဦး မြင်တွေ့ခြင်း
🔹 🔸 🔹 🔸 🔹 🔸
မြတ်စွာဘုရားသခင်သည်
လူ့ပြည်သို့ မဆင်းမီ တာဝတိံသာ နတ်ပြည်၌ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသည်။
မြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင် ဖြစ်သွား လေသည်။ ရှင်တော်ဘုရား၏
လောကဝိဝရဏ တန်ခိုးတော်အားဖြင့် လူ နတ် ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကို တစ်ဦး ထင်ရှားစွာ မြင်တွေ့ရလေသည်။
➖ ➖ ➖ ➖
အချုပ်အချယ်တို့မှ
လွတ်ကျွတ်စေသောနေ့
🔹 🔸 🔹 🔸
သီတင်းကျွတ်လပြည့်နေ့သည်
ဝါတွင်းသုံးလ၏
နောက်ဆုံးနေ့ဖြစ်သဖြင့်
ဝါဆိုတော်မူကြကုန်သော
သံဃာတော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်
သွားလာသီတင်းသုံး နိုင်သည့် အခွင့်အရေးကို ရရှိကြလေသည်။
ဤနေ့အထိ ဝါဆိုကြသည့်
သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြသည်။
လောကီတို့၏ ထုံးစံအရလည်း
အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှ လွတ်ကျွတ်စေသောနေ့ ဟုဆိုရပေသည်။
➖ ➖ ➖ ➖ ➖
အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည်---
🔹 ရဟန်းတော်များ ဝါဆိုမှထသောနေ့ ၊
🔸 ပဝါရဏာပြုကြသောနေ့၊
-မြတ်စွာဘုရားရှင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး
ဟောကြားတော်မူသည်မှာ
အောင်မြင်စွာ ပြီးဆုံးသောနေ့ ( ဝါ ) အဘိဓမ္မာအခါတော်နေ့ ၊
-နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည် သို့ ဆင်းသက်တော်မူသောနေ့၊
-ဗြဟ္မာ နတ် လူ သုံးဘုံ သူတို့ မြတ်စွာဘုရားအား အတူတကွ ကြည်ဖြူကော်ရော် ပူဇော်ကြသောနေ့ ၊
-လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှန်းလုံး
တိုးယိုပေါက်မြင်ကြသောနေ့
စသောဂုဏ်ထူး ဝိသေသ အထူးထူး နှင့် ပြည့်စုံသောနေ့ ဖြစ်သည် ။
➖ 🔹 ➖ ♦️ ➖ 🔸 ➖
(မြန်မာ့စွယ်စုံကျမ်းမှကူးယူဖော်ပြသည်။)
#မူရင်းရေးသားသူအားလေးစားစွာcreditပေးပါတယ်ရှင့် 🙏🏻
#စာပေချစ်မြတ်နိူးသူများအားလုံးကိုလေးစားလျှက် 🙆
ဘုရားရှင်၏အဘိဓမ္မာတရားဟောကြားပုံ
ဟောကြားနည်း
*************************
ဘုရားရှင်၏အဘိဓမ္မာတရားဟောကြား
ပုံဟောကြားနည်းသုံးမျိုးရှိပါသည်။
ထိုသုံးမျိုးမှာ
(၁) သဗ္ဗညုတဘုရားရှင်သည်တာဝတိံ
တာနတ်ပြည်ရှိနတ်ဗြဟ္မာပရိတ်သတ်
အပေါင်းအားအကျယ်နည်းဖြင့်ဟော
ကြားတော်မူခဲ့ခြင်း။
(၂) စန္ဒကူးတော၌ လက်ရာတော်ရံ အဂ္ဂ
သာဝကကြီးဖြစ်သည့်ရှင်သာရိပုတ္တရာ
ကိုယ်တော်မြတ်ကြီးအားအကျဉ်းနည်း
ဖြင့်ဟောကြားတော်မူခြင်း။
(၃) ဘုရားရှင်ဟောကြားတော်မူသော
အဘိဓမ္မာတရားကို ရှင်သာရိပုတ္တရာ
မထေရ်ကြီးက မဇ္ဈိမဒေသသို့ယူ
ဆောင်ခဲ့ပြီးလင်းနို့သားဖြစ်ခဲ့ဖူးသော
တပည့်ရင်းရဟန်းငါးရာတို့အားမကျဉ်း
မကျယ်၊အလယ်အလတ် ဟောကြား
တော်မူခြင်း
တို့ဖြစ်ပါသည်။
ယနေ့မျက်မှောက်ကာလအထိရဟန်းရှင်
လူ ဗုဒ္ဓဘာသာဝင်များ အဘိဓမ္မာတရား
တော်ကို သင်ကြား နာယူခွင့်ရှိနေခြင်းမှာ
ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏
ကျေးဇူးကြောင့်ဖြစ်ပါသည်။
အဘိဓမ္မာတရားတော်သည်ပါဠိ၏နက်နဲ
ခြင်း၊သဘောအဓိပ္ပါယ်၏နက်နဲခြင်း၊
ဉာဏ်တော်၏နက်နဲခြင်း၊ဟောကြားပုံအစီအစဉ်၏နက်နဲခြင်း ဟူသည့်ဂမ္ဘီရ
လေးမျိုးနှင့်လည်းပြည့်စုံနေပါသည်။
အဘိဓမ္မာတရားတော်ကိုရွတ်ဖတ်ပူဇော်
ခြင်း၊သင်ကြားနာယူခြင်း တို့ကြောင့်
ရဟန်းတော်များကို နာမရူပ ပရိစ္ဆေဒ
ဉာဏ်ရင့်သန်ခြင်း၊မဂ်ဖိုလ်နိဗ္ဗာန်ရောက်
ရန်လမ်းကြောင်းအထောက်အပံ့ကောင်း
များရနိုင်ခြင်း၊ဘေးဥပဒ်အန္တရယ် ကင်း
ဝေးခြင်း၊ ကျက်သရေ မင်္ဂလာ အဖြာဖြာ
နှင့်ပုည့်စုံခြင်း......
စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါသည်။
ဖတ်ရှု့ဖူးသောစာအုပ်များထဲမှမှတ်သား
မိသလောက်ကိုရေးသားပူဇော်ပါသည်။
မေတ္တာဖြင့်
အိုဘယ့်ခရီးသည်
၁၄.၁၀.၂၀၂၄
1 year ago | [YT] | 18
View 0 replies
Khun Chu Aung Official ခွန်ဆုꩻအောင်ႏ
နမောတဿ"...ကို ဘာကြောင့်
" သုံးခေါက် "ရွတ်ဆိုရသလဲ?
🌷🌷🌷🌷🌷🌷🌷
🙏"နမော တဿ ဘဂဝတော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ"🙏
👉 အမေးအမြန်း ထူထပ်တဲ့
လောကကြီးမှာ မေးစရာရှိတယ်။
" ဘယ်လိုလဲ? " ဆိုတော့-
“နေစမ်းပါဦးဗျာ..
ခင်ဗျားတို့ ဆရာ/ဒကာမှာ
"သီလ"ပေးတဲ့ "ဆရာတော်"က
"နေမာတဿ"
တစ်ခေါက် သာ ဆိုပါလျှက်နဲ့
ခင်ဗျားတို့ ဒကာ/ဒကာမ တွေက
ဘာပြုလို့ သုံးခေါက် ရွတ်ဆိုရတာလဲ"
-လို့ မေးစရာရှိတယ်။
ဒီလို မေးလာလို့ရှိရင်-
“မသိပါဘူးဗျာ…
ရှေးက လူကြီး တွေက သုံးခေါက်
ဆိုခဲ့ကြလို့ ကျွန်တော်တို့လည်း
သုံးခေါက်ဆိုကြရတာပါပဲ"-လို့
အဲဒီလို လျော့ရဲရဲ ဖျော့နှဲနှဲ
မဖြေလိုက်ပါနဲ့။
"ကျွန်ုပ်တို့၏ မိဘ,ဘိုးဘွား
အထက်,အထက် လူကြီးများ က
"သုံးခေါက်"- ဆိုရိုးပြုခဲ့ကြလို့
ကျွန်တော်/ကျမတို့လည်း
"သုံးခေါက်"ဆိုကြတယ်"-လို့
ရဲရဲတောက်ဖြေကြားလိုက်ပါ။
ဒီအခါ-"မေးတဲ့လူ"က-
“ခင်ဗျားတို့
-အထက်, အထက်လူကြီး များ
-ဆရာသမားများ က,
ဘာကြောင့် "သုံးခေါက်"
ဆိုရိုးပြုခဲ့ကြတာလဲ? လို့
ထပ်မေးပါရစေ"-လို့ ဆိုလာလျှင်-
ဤကဲ့သို့ ရဲရဲတောက် ဖြေလိုက်ပါ။
“ဒီ-"နမောတဿ ဘုရားရှိခိုးစာပိုဒ်"ဟာ
"ဗုဒ္ဓဘာသာတရားစာပေ"-နယ်ပယ်မှာ
သူမပါလျှင် မပြီးနိုင်လောက်အောင်
အရေးပါအရာရောက်တဲ့
"ဘုရားရှိခိုးစာပိုဒ်"ဖြစ်ပါတယ်။
"ဘာကိုထောက်၍ သိရသလဲ?"-ဆိုရင်
"ဗုဒ္ဓဘာသာ"နဲ့ပတ်သက်သော
တရားစာပေမှန်သမျှ စာအုပ်တိုင်းကြည့်ပါ။
-"တစ်ဝါး လက်လေးသစ်လောက်ရှိတဲ့
စာအုပ်ကလေး"ဖြစ်ဖြစ်,
-လက်နှစ်လုံး,သုံးလုံး,လေးလုံး,လောက်ထူတဲ့
"ဇိနတ္ထပကာသနီ"တို့လို စာအုပ်ကြီးပဲဖြစ်ဖြစ်,
"ဗုဒ္ဓဘာသာ"စာပေမှန်သမျှ
"ပထမဆုံးစာမျက်နှာ"ကိုလှန်လိုက်ရင်-
ဒီ "နမောတဿဘုရားရှိခိုးစာပိုဒ်"ကို
အရင်ဆုံးတွေ့ရပါတယ်။
"နမောတဿ"-မပါတဲ့ "ဗုဒ္ဓဘာသာစာပေ"
-ရယ်လို့ မရှိပါဘူး။
ဤမျှလောက်
"ဗုဒ္ဓဘာသာစာပေနယ်မှာ အရေးပါတယ်"
-ဆိုတာ
ဤအချက်ကိုထောက်၍သိရပါတယ်”။
“ဘာပြုလို့
ဒါလောက် အရေးပါ အရာရောက်ရသလဲ?"
-လို့ တစ်ခါထပ်ပြီး စဉ်းစားကြည့်လိုက်ရင်-
ဤ"နမောတဿဘုရားရှိခိုး"-စာပိုဒ်မှာ,
"သဒ္ဒါ"သဘောနဲ့ကြည့်ရင်-
-"နမော"တစ်ပုဒ်
-"တဿ"တစ်ပုဒ်
-"ဘဂဝတော"တစ်ပုဒ်
-"အရဟ"တောတစ်ပုဒ်
-"သမ္မာသမ္ဗုဒ္ဓဿ"တစ်ပုဒ်
ဒီလို"ငါးပုဒ်ရှိတဲ့စာပိုဒ်"မှာ-
"ငုံထားလိုက်တဲ့ဂုဏ်တော်"က,
-ဘဂဝါဂုဏ်
-အရဟံဂုဏ်
-သမ္မာသမ္ဗုဒ္ဓဂုဏ် ဆိုတဲ့
"မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကြီးသုံးပါး"
-ကို ငုံပြီးတော့, ချီးမွမ်းပြီးတော့
"ဘုရားရှိခိုးတဲ့စာပိုဒ်"ဖြစ်တယ်။
ထို"စာပိုဒ်"ကို-"ဆရာသမားများ"ထံ
"အနက်"ပြန်ဆိုလျှင် ဟောဒီလို
"အနက်"ပြန်ဆိုတာတွေ့ရလိမ့်မယ်။
-"ဘဂဝတော"=
ဘဂဝါ ဂုဏ်ရှင်ဖြစ်တော်မူသော။
-"အရဟေတာ"=
အရဟံ ဂုဏ်ရှင်ဖြစ်တော်မူသော။
-"သမ်မာသမ်ဗုဒ်ဓဿ"=
သမ္မာသမ္ဗုဒ္ဓ ဂုဏ်ရှင် ဖြစ်တော်မူသော။
-"တဿ"= ထိုမြတ်စွာဘုရားအား။
-"နမော"=ရိုသေမြတ်နိုး အကျွန်ုပ်ရှိခိုးပါ၏။
-စာပိုဒ်တိုတိုနဲ့
"ဘယ်လောက်အဓိပ္ပာယ်လေးနက်သော
ဘုရားရှိခိုး ဖြစ်တယ်"-ဆိုတာ
ဒီလိုအနက်ပြန်ဆိုကြည့်လိုက်ရင်
ပိုသိတယ်။
ယခုလို-
"ဘဂဝတော၊ဘဂဝါဂုဏ်ရှင်ဖြစ်မူသော"
-လို့ "အနက်မြန်မာပြန်"ဆိုတာဟာ,
-သိလွယ်အောင် "နာမသတ် အနက်ပြန်ဆိုတာ"
-လို့ ခေါ်ပါတယ်။
နောက်ကျမှ-
"ဘဂဝါဂုဏ်"ဆိုတာ "ဘာခေါ်တယ်"
စသဖြင့် သိရလိမ့်မယ်။
အဲဒီလို-"နာမသတ်"အနက်ပေးကြည့်တော့-
"ဩော်-
ဒီစာပိုဒ်ဟာ "မြတ်စွာဘုရား"၏,
-ဘဂဝါဂုဏ်
-အရဟံဂုဏ်
-သမ္မာသမ္ဗုဒ္ဓဂုဏ် ဆိုတဲ့
ဒီ"ဂုဏ်တော်ကြီးသုံးပါး"ဖြင့်
ချီးကျူးပြီးတော့-
"ဘုရား"ကို ရှိခိုးတဲ့စာပိုဒ်ပါလား"-လို့
အဲဒီလို"သဒ္ဓါတရား"တွေ
ပိုပြီးတော့ဖြစ်ပါလိမ့်မယ်။
အဲဒီလို "စာပိုဒ်"က တိုပေမယ့်-
"ဂုဏ်တော်ကြီးသုံးပါးနဲ့ ဘုရားကိုရှိခိုးတဲ့
စာပိုဒ်"ဖြစ်လို့-
"ဘုရားရှင်"လက်ထက်တော်တုန်းက,
-သိကြားနတ်မင်း,
-သဟမ္ပတ်ိ ဗြဟ္မာမင်း,
"လူ့ပြည်"က,
-ဗိမ္ဗိသာရ မင်း၊
-ပေဿနဒီကောသလ မင်း,
"ပုဏ္ကားပညာရှိ"ဖြစ်ကြတဲ့,
-ဗွဟ်မာယုပုဏ်ကား
-ပေါက္ခရသာတိပုဏ္ကား
-ဇာဏုသောဏိပုဏ္ကား တို့ဟာ
"ဘုရားရှင်"ထံမှာ ဒီ"နမော တဿ"ဖြင့်
"သုံးကြိမ်"တိုင်တိုင် မြတ်မြတ်နိုးနိုး
ဘုရား ရှိခိုးကြတယ်။
အားလုံး ကြားဖူးသိဖူးကြတဲ့အတိုင်း-
"ဘုရား"လက်ထက်တော်တုန်းက
"ဓနဉ္ဇာနီအရိယာပုဏ္ဏေးမကြီး"ဟာ
ဘယ်အန္တရာယ်ကိုမှ မရေတွက်ဘဲ
ဒီ "နမောတဿဘုရားရှိခိုး"နဲ့
"သုံးကြိမ်"တိုင်တိုင် "မြတ်စွာဘုရား"
ကို ရှိခိုးခဲ့တယ်။
ဒါကြောင့် ဤကဲ့သို့ ဖြေလိုက်ပါ၊၊
“ဤနမောတဿဘုရားရှိခိုးသည်
-လူ ပညာရှိ
-နတ် ပညာရှိ
-ဗြဟ္မာ ပညာရှိတို့က
တမြတ်တနိုး-"ဘုရားရှိခိုးတဲ့
စာပိုဒ်"ဖြစ်လို့-
-ကျွန်ုပ်တို့ရဲ့ မိဘ,ဘိုးဘွား
-အထက်,အထက်လူကြီးများ
-ဆရာသမားများက
" သုံးခေါက် "ဆိုရိုးပြုခဲ့ကြပါတယ်"-
လို့ ရဲရဲကြီး ဖြေဆိုလိုက်ကြပါ။
" ပိဋကကျမ်းစာ "
အထောက်အထားအခိုင်အမာမရှိပါပဲ-
-" ပုထုဇဉ်လူသားတို့ရဲ့
အကြိုက်အလိုက်
-" ဘာသာရေး" နဲ့အခိုက်ပေး
" ဥဒါန်းတွင် "စကားလေးက-
(၁) နေမာ
(၂) တဿ
(၃) ဘဂဝတော
(၄) အရဟေတာ
(၅) သမ္မာသမ္ဗုဒ္ဓဿ ဟူသော
ငါးပုဒ်ကို -
(၁) သာတာဂီရိနတ်
(၂) အသူရိန်နတ်
(၃) စတုမဟာရာဇ်နတ်
(၄) သိကြားမင်း
(၅)ဗြာဟ္မာမင်းတို့ တစ်ပုဒ်စီရွတ်၍
"စုပေါင်းရှိခိုးကြသည်" ဟူ၏။
တကယ်တော့ မဟုတ်ပါ။
သို့သော်....
ယခုတိုင် ဥဒါန်းတွင်ဆဲသာ။
ဥဒါန်းတွင်အောင်-
"ဗုဒ္ဓဝါဒီ မဟုတ်သူတို့"က
"အယောင်သွင်း,ဂါထာသွင်း"လိုက်ပုံက,
"သာတာဂိရိ နမော ယက္ခော၊ တဿ စ အသုရိန္ဒကော။
ဘဂဝတော မဟာရာဇာ၊ သက္ကော အရဟတော တထာ။
သမ္မာသမ္ဗုဒ္ဓဿ ဗြာဟ္မာ၊ ဧတေ ပဉ္စ ပတိဋ္ဌိတာ။"…တဲ့။
━━━━━━━━━
🙏 မှီခိုရာ ကျမ်းကိုး-🙏
━━━━━━━━━
("မင်းကွန်း တိပိဋက ဆရာတော်ဘုရားကြီး"
ဟောကြားတော်မူသော-
"ဩကာသ ရှင်းတမ်း တရားတော်"မှ
ကောက်နှုတ်ချက်)
Credit:
အရှင်ခေမိန္ဒ(တိပိဋက နိကာယ)
#crd_to_owner_with_respect #မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည် #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည် Khun Than Maung (khun Chu Aung)
1 year ago | [YT] | 4
View 0 replies
Khun Chu Aung Official ခွန်ဆုꩻအောင်ႏ
တန်ရာတန်ရာပဲ ဆက်ဆံလိုက်ပါ ❞
တချို့လူတွေရှိတယ် ငြိမ်ခံနေတုန်းကမမြင်ဘူး။
ထပြောမိမှ ကိုယ်ကစွာတယ်ဆိုတာမျိုး။
တချို့လူတွေရှိတယ်
ခေါင်းပေါ်တက်နင်းခံရတာမသိဘူး။
ဆတ်ဆတ်ထိမခံပြန်ပြောလိုက်မှ
ကိုယ်က အာကြမ်းတယ်ဆိုတာမျိုး။
တချို့လူတွေရှိတယ်
မသိချင်ယောင်ဆောင်နေတာကို အားမနာဘူး။
ဒဲ့ပြောလိုက်မှ ကိုယ်ကလူကြမ်းတစ်ယောက်ဆိုတာမျိုး။
တချို့လူတွေရှိတယ်
တသက်လုံးသည်းခံလာတာကို မစာနာကြဘူး။
ထပေါက်ကွဲမိမှ ကိုယ်ဟာမကောင်းဘူးဆိုတာမျိုး။
တချို့လူတွေရှိတယ်
အတွင်းစိတ်ကိုမြင်အောင်မကြည့်တတ်ကြဘူး။အပေါ်ယံကောင်းပြတာကိုမှ
အဟုတ်ထင်တတ်ကြတာမျိုး။
တချို့လူတွေရှိတယ်
စစ်မှန်တယ်ဆိုတာကို မတွေ့တတ်ကြဘူး။
ဟန်ဆောင်တတ်တဲ့လူကိုမှ
အမှန်အကန်ထင်တတ်ကြတာမျိုး။
တချို့လူတွေရှိတယ်
ကိုယ်ချင်းစာ တရားဆိုတာမရှိကြဘူး။
ဘယ်သူသေသေ ငတေမာရင်ပြီးရော
စိတ်နဲ့တစ်ဖက်သားစိတ်ကို အသေသတ်ပစ်ကြတာမျိုး။
တချို့လူတွေရှိတယ်
ရင်းနှီးချင်ယောင်ဆောင်ပြီးမထိတထိ
စော်ကားတဲ့ စကားပြောတတ်ကြတာမျိုး။
တချို့လူတွေရှိတယ်
ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကို
တစ်ပါးလူလုပ်လိုက်မှ ဝေဖန်ရေးလုပ်တတ်တာမျိုး။
တချို့လူတွေရှိတယ်
အစွမ်းအစမရှိဘဲ အပြစ်ပြောဖို့
သက်သက်လူဖြစ်လာတာမျိုး။
ဒါကြောင့် အကောင်းမြင်စိတ် အကောင်းမြင်ဝါဒကို
မကျင့်သုံးတတ်ဘဲ အသက်ရှင်နေတဲ့ တချို့လူတွေအတွက် စိတ်ကသိကအောက်ဖြစ်ဖို့မလိုဘူး။
တန်ရာတန်ရာပဲ ဆက်ဆံပေးလိုက်ပါ။
Khun Than Maung (khun Chu Aung)
1 year ago | [YT] | 2
View 0 replies
Khun Chu Aung Official ခွန်ဆုꩻအောင်ႏ
စေတနာ ရဲ့ တန်ဖိုးကို မသိလို့ပါ
📚📚📚📚📚📚📚📚📚📚📚📚
လောကမှာ လူတစ်ချို့က စေတနာနဲ့
မထိုက်တန်လို့မဟုတ်ဘူးစေတနာရဲ့ တန်ဖိုးကိုမသိလို့ပါ။
တစ်ချို့က မေတ္တာ နဲ့ မထိုက်တန်လို့မဟုတ်ဘူး
မေတ္တာရဲ့တန်ဖိုးကိုနားမလည်လို့ပါ။
တစ်ချို့က သစ္စာနဲ့ မထိုက်တန်လို့မဟုတ်ဘူး
သစ္စာရဲ့တန်ဖိုးကို မသိကြလို့ပါ။
ကိုယ်က ဘယ်လောက်ပေးပေး သူ့ဘက်က ရယူလိုမှု မရှိရင်
ကိုယ်ပေးသမျှအရာရာက အလကားတန်ဖိုးမဲ့နေမှာပါပဲ။
ဘဝမှာ ကိုယ့်ဘက်ကကြည့်သရွေ့မှန်နေပေမယ့်
တစ်ချို့တစ်ချို့ရဲ့အတွေး၊အမြင်၊အသိတရားတွေက
ကိုယ်နဲ့ထပ်တူတော့ကျမနေပါဘူး။
ဒါကြောင့် ကိုယ်ဘယ်လောက်မှန်မှန်
အဆိုးမြင်နဲ့ကြည့်သရွေ့ သူတို့အမြင်မှာတော့
ကိုယ်က မှားနေတဲ့သူပဲဖြစ်နေမှာပါ။
ဒီလိုပဲ နေရာတိုင်းမှာ လူတိုင်းအပေါ် အမြင်တစ်ခုထဲ
မကြည့်ပါနဲ့ လူလူချင်းတူခဲ့ရင်တောင်မှ
စိတ်ဓာတ်နဲ့ခံယူချက်ခြင်း ကွဲ ပြားကြပါ Khun Than Maung (khun Chu Aung) Khun Than Maung(Chu Aung) Khun ChuAung Khun Chu Aung ခြန္ဆု႔ေအာင္း คุณชุอ่อง 🍀 #စာပေချစ်သူများ
1 year ago | [YT] | 0
View 0 replies
Khun Chu Aung Official ခွန်ဆုꩻအောင်ႏ
ယံလဲဥ်းဝင်ꩻ တရာꩻတောႏ
1 year ago | [YT] | 2
View 0 replies
Khun Chu Aung Official ခွန်ဆုꩻအောင်ႏ
နာႏငီꩻဝင်ꩻမော်လꩻဒျာႏသြ
1 year ago | [YT] | 4
View 0 replies
Load more