Khun Chu Aung Official ခွန်ဆုꩻအောင်ႏ

နမောတဿ"...ကို ဘာကြောင့်
" သုံးခေါက် "ရွတ်ဆိုရသလဲ?
🌷🌷🌷🌷🌷🌷🌷

🙏"နမော တဿ ဘဂဝတော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ"🙏

👉 အမေးအမြန်း ထူထပ်တဲ့
လောကကြီးမှာ မေးစရာရှိတယ်။

" ဘယ်လိုလဲ? " ဆိုတော့-

“နေစမ်းပါဦးဗျာ..
ခင်ဗျားတို့ ဆရာ/ဒကာမှာ
"သီလ"ပေးတဲ့ "ဆရာတော်"က
"နေမာတဿ"
တစ်ခေါက် သာ ဆိုပါလျှက်နဲ့
ခင်ဗျားတို့ ဒကာ/ဒကာမ တွေက
ဘာပြုလို့ သုံးခေါက် ရွတ်ဆိုရတာလဲ"

-လို့ မေးစရာရှိတယ်။

ဒီလို မေးလာလို့ရှိရင်-

“မသိပါဘူးဗျာ…
ရှေးက လူကြီး တွေက သုံးခေါက်
ဆိုခဲ့ကြလို့ ကျွန်တော်တို့လည်း
သုံးခေါက်ဆိုကြရတာပါပဲ"-လို့
အဲဒီလို လျော့ရဲရဲ ဖျော့နှဲနှဲ
မဖြေလိုက်ပါနဲ့။

"ကျွန်ုပ်တို့၏ မိဘ,ဘိုးဘွား
အထက်,အထက် လူကြီးများ က
"သုံးခေါက်"- ဆိုရိုးပြုခဲ့ကြလို့
ကျွန်တော်/ကျမတို့လည်း
"သုံးခေါက်"ဆိုကြတယ်"-လို့
ရဲရဲတောက်ဖြေကြားလိုက်ပါ။

ဒီအခါ-"မေးတဲ့လူ"က-

“ခင်ဗျားတို့
-အထက်, အထက်လူကြီး များ
-ဆရာသမားများ က,
ဘာကြောင့် "သုံးခေါက်"
ဆိုရိုးပြုခဲ့ကြတာလဲ? လို့
ထပ်မေးပါရစေ"-လို့ ဆိုလာလျှင်-

ဤကဲ့သို့ ရဲရဲတောက် ဖြေလိုက်ပါ။

“ဒီ-"နမောတဿ ဘုရားရှိခိုးစာပိုဒ်"ဟာ
"ဗုဒ္ဓဘာသာတရားစာပေ"-နယ်ပယ်မှာ
သူမပါလျှင် မပြီးနိုင်လောက်အောင်
အရေးပါအရာရောက်တဲ့
"ဘုရားရှိခိုးစာပိုဒ်"ဖြစ်ပါတယ်။

"ဘာကိုထောက်၍ သိရသလဲ?"-ဆိုရင်
"ဗုဒ္ဓဘာသာ"နဲ့ပတ်သက်သော
တရားစာပေမှန်သမျှ စာအုပ်တိုင်းကြည့်ပါ။

-"တစ်ဝါး လက်လေးသစ်လောက်ရှိတဲ့
စာအုပ်ကလေး"ဖြစ်ဖြစ်,

-လက်နှစ်လုံး,သုံးလုံး,လေးလုံး,လောက်ထူတဲ့
"ဇိနတ္ထပကာသနီ"တို့လို စာအုပ်ကြီးပဲဖြစ်ဖြစ်,

"ဗုဒ္ဓဘာသာ"စာပေမှန်သမျှ
"ပထမဆုံးစာမျက်နှာ"ကိုလှန်လိုက်ရင်-

ဒီ "နမောတဿဘုရားရှိခိုးစာပိုဒ်"ကို
အရင်ဆုံးတွေ့ရပါတယ်။

"နမောတဿ"-မပါတဲ့ "ဗုဒ္ဓဘာသာစာပေ"
-ရယ်လို့ မရှိပါဘူး။

ဤမျှလောက်
"ဗုဒ္ဓဘာသာစာပေနယ်မှာ အရေးပါတယ်"
-ဆိုတာ
ဤအချက်ကိုထောက်၍သိရပါတယ်”။

“ဘာပြုလို့
ဒါလောက် အရေးပါ အရာရောက်ရသလဲ?"
-လို့ တစ်ခါထပ်ပြီး စဉ်းစားကြည့်လိုက်ရင်-

ဤ"နမောတဿဘုရားရှိခိုး"-စာပိုဒ်မှာ,

"သဒ္ဒါ"သဘောနဲ့ကြည့်ရင်-

-"နမော"တစ်ပုဒ်
-"တဿ"တစ်ပုဒ်
-"ဘဂဝတော"တစ်ပုဒ်
-"အရဟ"တောတစ်ပုဒ်
-"သမ္မာသမ္ဗုဒ္ဓဿ"တစ်ပုဒ်

ဒီလို"ငါးပုဒ်ရှိတဲ့စာပိုဒ်"မှာ-

"ငုံထားလိုက်တဲ့ဂုဏ်တော်"က,
-ဘဂဝါဂုဏ်
-အရဟံဂုဏ်
-သမ္မာသမ္ဗုဒ္ဓဂုဏ် ဆိုတဲ့
"မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကြီးသုံးပါး"
-ကို ငုံပြီးတော့, ချီးမွမ်းပြီးတော့
"ဘုရားရှိခိုးတဲ့စာပိုဒ်"ဖြစ်တယ်။

ထို"စာပိုဒ်"ကို-"ဆရာသမားများ"ထံ
"အနက်"ပြန်ဆိုလျှင် ဟောဒီလို
"အနက်"ပြန်ဆိုတာတွေ့ရလိမ့်မယ်။

-"ဘဂဝတော"=
ဘဂဝါ ဂုဏ်ရှင်ဖြစ်တော်မူသော။

-"အရဟေတာ"=
အရဟံ ဂုဏ်ရှင်ဖြစ်တော်မူသော။

-"သမ်မာသမ်ဗုဒ်ဓဿ"=
သမ္မာသမ္ဗုဒ္ဓ ဂုဏ်ရှင် ဖြစ်တော်မူသော။

-"တဿ"= ထိုမြတ်စွာဘုရားအား။

-"နမော"=ရိုသေမြတ်နိုး အကျွန်ုပ်ရှိခိုးပါ၏။

-စာပိုဒ်တိုတိုနဲ့
"ဘယ်လောက်အဓိပ္ပာယ်လေးနက်သော
ဘုရားရှိခိုး ဖြစ်တယ်"-ဆိုတာ
ဒီလိုအနက်ပြန်ဆိုကြည့်လိုက်ရင်
ပိုသိတယ်။

ယခုလို-
"ဘဂဝတော၊ဘဂဝါဂုဏ်ရှင်ဖြစ်မူသော"
-လို့ "အနက်မြန်မာပြန်"ဆိုတာဟာ,
-သိလွယ်အောင် "နာမသတ် အနက်ပြန်ဆိုတာ"
-လို့ ခေါ်ပါတယ်။

နောက်ကျမှ-
"ဘဂဝါဂုဏ်"ဆိုတာ "ဘာခေါ်တယ်"
စသဖြင့် သိရလိမ့်မယ်။

အဲဒီလို-"နာမသတ်"အနက်ပေးကြည့်တော့-

"ဩော်-
ဒီစာပိုဒ်ဟာ "မြတ်စွာဘုရား"၏,
-ဘဂဝါဂုဏ်
-အရဟံဂုဏ်
-သမ္မာသမ္ဗုဒ္ဓဂုဏ် ဆိုတဲ့
ဒီ"ဂုဏ်တော်ကြီးသုံးပါး"ဖြင့်
ချီးကျူးပြီးတော့-
"ဘုရား"ကို ရှိခိုးတဲ့စာပိုဒ်ပါလား"-လို့
အဲဒီလို"သဒ္ဓါတရား"တွေ
ပိုပြီးတော့ဖြစ်ပါလိမ့်မယ်။

အဲဒီလို "စာပိုဒ်"က တိုပေမယ့်-
"ဂုဏ်တော်ကြီးသုံးပါးနဲ့ ဘုရားကိုရှိခိုးတဲ့
စာပိုဒ်"ဖြစ်လို့-

"ဘုရားရှင်"လက်ထက်တော်တုန်းက,

-သိကြားနတ်မင်း,
-သဟမ္ပတ်ိ ဗြဟ္မာမင်း,

"လူ့ပြည်"က,

-ဗိမ္ဗိသာရ မင်း၊
-ပေဿနဒီကောသလ မင်း,

"ပုဏ္ကားပညာရှိ"ဖြစ်ကြတဲ့,

-ဗွဟ်မာယုပုဏ်ကား
-ပေါက္ခရသာတိပုဏ္ကား
-ဇာဏုသောဏိပုဏ္ကား တို့ဟာ

"ဘုရားရှင်"ထံမှာ ဒီ"နမော တဿ"ဖြင့်
"သုံးကြိမ်"တိုင်တိုင် မြတ်မြတ်နိုးနိုး
ဘုရား ရှိခိုးကြတယ်။

အားလုံး ကြားဖူးသိဖူးကြတဲ့အတိုင်း-
"ဘုရား"လက်ထက်တော်တုန်းက

"ဓနဉ္ဇာနီအရိယာပုဏ္ဏေးမကြီး"ဟာ
ဘယ်အန္တရာယ်ကိုမှ မရေတွက်ဘဲ
ဒီ "နမောတဿဘုရားရှိခိုး"နဲ့
"သုံးကြိမ်"တိုင်တိုင် "မြတ်စွာဘုရား"
ကို ရှိခိုးခဲ့တယ်။

ဒါကြောင့် ဤကဲ့သို့ ဖြေလိုက်ပါ၊၊

“ဤနမောတဿဘုရားရှိခိုးသည်
-လူ ပညာရှိ
-နတ် ပညာရှိ
-ဗြဟ္မာ ပညာရှိတို့က
တမြတ်တနိုး-"ဘုရားရှိခိုးတဲ့
စာပိုဒ်"ဖြစ်လို့-

-ကျွန်ုပ်တို့ရဲ့ မိဘ,ဘိုးဘွား
-အထက်,အထက်လူကြီးများ
-ဆရာသမားများက
" သုံးခေါက် "ဆိုရိုးပြုခဲ့ကြပါတယ်"-
လို့ ရဲရဲကြီး ဖြေဆိုလိုက်ကြပါ။

" ပိဋကကျမ်းစာ "
အထောက်အထားအခိုင်အမာမရှိပါပဲ-

-" ပုထုဇဉ်လူသားတို့ရဲ့
အကြိုက်အလိုက်

-" ဘာသာရေး" နဲ့အခိုက်ပေး
" ဥဒါန်းတွင် "စကားလေးက-

(၁) နေမာ
(၂) တဿ
(၃) ဘဂဝတော
(၄) အရဟေတာ
(၅) သမ္မာသမ္ဗုဒ္ဓဿ ဟူသော
ငါးပုဒ်ကို -

(၁) သာတာဂီရိနတ်
(၂) အသူရိန်နတ်
(၃) စတုမဟာရာဇ်နတ်
(၄) သိကြားမင်း
(၅)ဗြာဟ္မာမင်းတို့ တစ်ပုဒ်စီရွတ်၍
"စုပေါင်းရှိခိုးကြသည်" ဟူ၏။

တကယ်တော့ မဟုတ်ပါ။

သို့သော်....
ယခုတိုင် ဥဒါန်းတွင်ဆဲသာ။
ဥဒါန်းတွင်အောင်-
"ဗုဒ္ဓဝါဒီ မဟုတ်သူတို့"က
"အယောင်သွင်း,ဂါထာသွင်း"လိုက်ပုံက,

"သာတာဂိရိ နမော ယက္ခော၊ တဿ စ အသုရိန္ဒကော။
ဘဂဝတော မဟာရာဇာ၊ သက္ကော အရဟတော တထာ။
သမ္မာသမ္ဗုဒ္ဓဿ ဗြာဟ္မာ၊ ဧတေ ပဉ္စ ပတိဋ္ဌိတာ။"…တဲ့။

━━━━━━━━━
🙏 မှီခိုရာ ကျမ်းကိုး-🙏
━━━━━━━━━

("မင်းကွန်း တိပိဋက ဆရာတော်ဘုရားကြီး"
ဟောကြားတော်မူသော-
"ဩကာသ ရှင်းတမ်း တရားတော်"မှ
ကောက်နှုတ်ချက်)

Credit:
အရှင်ခေမိန္ဒ(တိပိဋက နိကာယ)

#crd_to_owner_with_respect #မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည် #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည် Khun Than Maung (khun Chu Aung)

1 year ago | [YT] | 4