New & Voice Channel

ဤ You Tube Channel သည် အမြင်မတူညီသော အကြောင်းအရာ မျိုးစုံနဲ့ တွေ့နေကျ မြင်နေကျ Media သတင်းဌာနတွေမှာ မကြားရတဲ့
အတွေးအခေါ် အယူအဆများကို တင်ဆက်ပေးသွားမည်။

Channel ကို Like & Subscribe လုပ်ပေးခြင်းဖြင့်ကူညီပေးပါ ။


New & Voice Channel

မြေပြင်မှာ တကယ် စစ်တိုက် ရင်ဆိုင် အလုပ်လုပ်နေတဲ့ လူတွေကလေ မင်းတို့ အွန်လိုင်းပေါ်က ကောင်တွေကို ဂရုစိုက်တယ် ထင်နေတာလား အေ့ ဂရုတစိုက်လုပ်နေရင်လဲ အဲ့အဖွဲ့ တကယ် လုပ်စားလို့ဘဲ မှတ်ပါ ။

NUG ၊ CRPH တကယ် မြေပြင်မှာ မရှိတဲ့
လူတွေကို PDF တွေ LPDF တွေကရော
ဂရုစိုက်နေတယ် ထင်လား...

နောက် အွန်လိုင်းပေါ်ကနေပြီး #တပ်ပေါင်းစု
ဘာညာ လုပ်နေတဲ့ လူတွေကိုရော ဂရုစိုက်တယ်
ထင်လား.....

PDF. LPDF လူငယ် GZ တွေကလေ #စစ်တိုက်ရ
ရန်သူနဲ့ နဖူးတွေ့ ဒူးတွေ့ ချနေတဲ့လူငယ်တွေက

တလောက အလွတ်သဘော အဖွဲ့စုံ Zoom medim
တခုလုပ်တာ နေဘုန်းလတ် 😂😂 videro call တွေ
ပါ ပိတ်ပြေးရတယ်၊ နောက် သီး ၄ သီး ငချွတ်တွေ
မြေပြင်က သန်မာန် ရဲဘော် မေးတာတောင် အီလယ်
လယ် လုပ်နေရှာတယ်။

အဲ့တော့ အွန်လိုင်းပေါ် အလှူခံလိုက် မဲဆောက်
တဘက်ကမ်းကနေ ကရင်+ ကရင်နီကို လာလိုက်
မျက်နာပြ မြေပြင်က PDF တွေ LPDF တွေ GZ
လူငယ်တွေနဲ့ ဓာတ်ပုံရိုက်ပြီး မသိရင် သူတို့ကိုယ်
သူတို့ မြေပြင်မယ်တကယ်ပေါ့ ရတာ ၁ ကျပ်
လှူတာ ၁ ပဲနဲ့ မသိတဲ့ လူတွေကလဲ လှူကြတန်းကြ
မြေပြင်ရောက်တာက နဲနဲ သောက်ကြီး သောက်
ကျယ်ပြောရတာ များများရယ်......

အချို့ ကိစ္စတွေ #လုံခြုံရေးအရ ချမပြတာဘဲ
ရှိတယ် NUG ကို မကြိုက်တာ သက်သပ် MOD
ကို အားမရတာက သက်သပ် PDF တွေကိုတော့
မပြောသင့်ပေ PDF တွေက #အိမ်ပြန်ဖို့အတွက်နဲ့
စနစ်ကောင်းမို့ တိုက်နေကြတာ ဖြစ်တယ်။

အထူးသဖြင့် EAOs EROs နယ်မြေမယ် နေနေရတဲ့
PDF+LPDF တွေဟာ စစ်ရေးအရ သတင်းတွေကို
တော်ယုံ မချပြရတာဘဲရှိတယ်။

နေ့စဥ်နဲ့အမျှ စစ်ရေးတွေ ထိတွေ့၊ရင်ဆိုင်၊ကာစစ်
တွေ နေ့တိုင်းဖြစ်နေတာ #အွန်လိုင်းပေါ်က🐸🐂
မသိရှာဘူး မသိရင် သူတို့အလှူခံပေးမှ စစ်တိုက်ရ
မယ့်ပုံစံမျိုးတွေ ၊ ပြည်သူများအနေနဲ့ မှတ်မိမလား
၂၀၂၂/၂၃ ကာလ UG တွေ မြို့ပေါ်တက်ပြီး စစ်ရေး
အရ တိုက်မယ့် PDF အတော်များများ အဖမ်းခံရ
တာတွေဟာ ၃ ပုံ ၂ ပုံလောက်က အွန်လိုင်းပေါ်က
အာချောင် လှူဒါန်း အလှူခံသူတွေကို မြေပြင် အခြေ
နေတွေ ပြောမိလို့ #ရန်သူရဲ့ ဖမ်းဆီး ပိတ်စို့တာတွေ
ဆက်တိုက် ဖြစ်နေခဲ့တာဖြစ်တယ်။

ဒါတွေဟာ ရဲဘော်တွေမယ် အပြစ်မရှိပါ
သစ္စာမရှိ #တော်လှန်းရေးရေပေါ်ဆီ၊ ပေါ်ပြူလာ
သမား အချောင်နေ အချောင်စားတွေရဲ့ စကားဖွမှု့
မနာလိုမှု့တွေကနေ ရန်သူအကြိုက်ဖြစ်သွားရပါတယ်။

လက်ရှိ မဟာမိတ်၊မိတ်ဘက် ဆက်ဆံရေးတွေ
စစ်ရေး၊ စစ်ကွက် ဖော်ဆောင်မှု့တွေဟာ သူနေရာ
နဲ့သူ လုပ်ဆောင်နေကြပါတယ်၊ အချို့ တပ်ရင်းတွေ ဆို သ်ိတောင် မသိကြပါဘူး PDF GZ လူငယ်တွေ
ဟာရိုးသားလို အချို့ ကောင်တွေဟာလဲ ရေပေါ်ဆီ
တွေ များကြပါတယ်။

မကြာခင် #စစ်အာဏာရူးတွေကိုဘယ်ပုံဘယ်နည်း
စစ်ရေး ၊ နိုင်ငံရေးအရ ဘယ်အတိုင်းတာထိ လုပ်ကိုင် ဆောင်ရွက်နေတာ မြင်တွေ့ရမည်ဖြစ်ပါ
ကြောင်း တင်ပြရင်း..........

ရဲဘော်
နိုင်နိုင်အောင်...crd

11 months ago | [YT] | 7

New & Voice Channel

နှစ်ပေါင်း(၆၀)ကျော် အာဏာရှင်စနစ်နဲ့ လည်ပတ်လာတဲ့ မြန်မာနိုင်ငံမှာ အာဏာရှင်တွေကို စစ်ယူနီဖောင်းတွေ၊ တိုက်ပုံတွေနဲ့တင်တွေ့ရတာမဟုတ်ဘဲ ခင်ဗျားမိသားစုထဲမှာ ၊ အမျိုးထဲမှာအပါအဝင် နေရာတိုင်းမှာတွေ့နိုင်တယ်။ ခင်ဗျားဟာ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းနေထိုင်လာသူ တယောက်ဆိုရင် ခင်ဗျားကိုယ်တိုင်တောင် မသိပါဘဲ ခင်ဗျားဆီမှာ အာဏာရှင်အတွေးအခေါ်နဲ့ အကျင့်စရိုက်တွေ ကိန်းအောင်းနေတတ်တာမို့ ကိုယ့်ဟာကိုယ်သတိထားပြီး အဲဒီစိတ်ကို ပျောက်အောင်လုပ်ပြီး ဒီမိုကရေစီ အတွေးအခေါ်ဓလေ့စရိုက်နဲ့ နေ့စဥ်နေထိုင်တာကလည်း အာဏာရှင်စနစ်ကို တော်လှန်တာပါပဲ။ တော်လှန်ရေးတွေထဲမှာ ကိုယ့်ကိုယ်ကိုယ်တော်လှန်ရတဲ့ တော်လှန်ရေးဟာ အခက်ခဲဆုံးနဲ့ အကြမ်းတမ်းဆုံးဆိုတာကိုလည်း မမေ့ပါနဲ့လို့ (၃)နှစ်လုံးလုံး Live လွှင့်ပြီးပြောလာတဲ့ဟာကိုပဲ ဒီစာတိုလေးနဲ့ ထပ်ပြီး နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ❤️☮️👑

Crd..star stone

11 months ago | [YT] | 4

New & Voice Channel

မြန်မာပြည်သားတွေ မွဲသွားတာဟာ "ငွေမည်း"တွေကြောင့်လည်း ပါတယ်လို့ ဆိုရမယ်။

မြန်မာပြည်နဲ့ မပြောဘဲ အခြား သန့်ရှင်းတဲ့ နိုင်ငံတစ်ခုခုနဲ့ နှိုင်းယှဉ်ပြောရင် နားလည်လွယ်လိမ့်မယ်။​
သန့်ရှင်းတယ်လို့ ပြောပေမယ့် သန့်ရှင်းဖို့ ကြိုးစားနေတဲ့ နိုင်ငံတစ်ခုလို့ ဆိုကြစို့။

===

ဥပမာ-
သန့်ရှင်းနိုင်ငံ။

လူတစ်စုဟာ အရင်က မွဲတယ်။
ရုတ်တရက် ငွေရတယ်။ ကျိကျိတက် ချမ်းသာလာတယ်။

"သူဟာ ဒီငွေကို ဘယ်က ရသလဲ"

အပြင်းအထန် လိုက်ကြပါတယ်။
- လာဘ်ပေးလာဘ်ယူလား?
- အခွန်ရှောင်လား?
- မူးယစ်ဆေးလား?
- လိမ်လည်တာလား?
- ခိုးလာတာလား?
စသည်။

ငွေမည်းဖြစ်နေခဲ့မယ်ဆိုရင် လူကိုလည်း အရေးယူမယ်။ ငွေကိုလည်း သိမ်းမယ်။

===

ဘာပြုလို့ အပြင်းအထန်လိုက်ကြတာလဲ?
ငွေမည်းကလည်း ငွေပါပဲ။
ငွေမည်းကို ဒီအတိုင်း ပေးသုံးလိုက်လို့ မရဘူးလား?

ဥပမာ-
မူးယစ်ဆေးလုပ်ငန်းကနေ လူတစ်ဦးက သိန်းပေါင်း (၅) သိန်းလောက် ဝင်ထားတယ်ဆိုပါစို့။

ခင်ဗျားနဲ့ ခင်ဗျားပတ်ဝန်းကျင်က "ငွေမည်းလည်း ငွေပါပဲ"လို့ ခွင့်လွှတ် နားလည်ပေးတတ်တယ်။​
ဆိုတဲ့အခါ ငွေမည်းသမားက ခင်ဗျားပတ်ဝန်းကျင်မှာ အိမ်, ခြံ, မြေတွေ လိုက်ဝယ်မယ်။

ခင်ဗျားက ပေ (၄၀-၆၀) ကို သိန်း (၆,၀၀၀) လောက်ပဲ တတ်နိုင်မယ်။
ငွေမည်းသမားက သိန်း (၇,၀၀၀) ပေးပြီး ဝယ်သွားမယ်။
ခင်ဗျားက သိန်း (၃၀,၀၀၀) တတ်နိုင်တယ်။
ငွေမည်းသမားက သိန်း (၃၅,၀၀၀) ပေးမယ်။

ခင်ဗျားက ဖြူဖြူစင်စင် အလုပ်လုပ်တယ်။
ဟိုလူက ငွေမည်းရှာတယ်။

ဒါပေမယ့် ခင်ဗျားက မျတသင့်တင့်တယ်လို့ ယူဆတဲ့ ဈေးနှုန်းထက် ပိုပေးပြီး ဝယ်သွားတယ်။
အဖိုးတန်မြေတွေကို သူက ပိုင်သွားတယ်။ ခင်ဗျားက ဈေးကို မီအောင် မနည်းကြိုးစားရတယ်။
ငွေဖြူလုပ်ငန်းမှာ မနည်းမနော ရုန်းကန်ရပြန်တယ်။

ခင်ဗျား မျှတတယ်လို့ ခံစားရသလား?

မျှတတယ်လို့ ခံစားရရင် ခင်ဗျား မှားနေပြီ။​
သေချာပေါက် ခင်ဗျားဟာ ဖြူဖြူစင်စင် အလုပ်လုပ်ရကျိုး မနပ်တော့ဘူး။

ဒါနဲ့တောင်မှ သန့်ရှင်းနိုင်ငံတွေရဲ့ ငွေမည်းလိုက်တဲ့ လုပ်ငန်းစဉ်ကို အပြစ်မြင်နေသေးတယ်။
"သူ့ကုသိုလ်နဲ့သူ ချမ်းသာတာ၊ သုံးပါစေလား"

===

ဝန်ထမ်းတစ်ဦးဟာ တိုင်းပြည်ဖွံ့ဖြိုးရေးရန်ပုံငွေတွေကို အလွဲသုံးစား လုပ်တယ်။
ကျိကျိတက် ချမ်းသာလာတယ်။

ငွေမည်းပဲ။

"ငွေမည်းပဲဖြစ်ဖြစ်, သုံးပါစေတော့လား၊ သူ့ကုသိုလ်နဲ့သူ လုပ်ပိုင်ခွင့် ရနေတာ၊ သနားပါတယ်"

သူက သူ့ဇနီးကို မျိုးရိုးစဉ်ဆက် ချမ်းသာတယ်လို့ ပြောမယ်။
ခင်ဗျားပတ်ဝန်းကျင်မှာ ဆိုင်တွေ, ကုမ္ပဏီတွေ, စီးပွါးရေးလုပ်ငန်းတွေ ထောင်မယ်။

ခင်ဗျားရဲ့ လုပ်ငန်းက သိန်း (၃,၅၀၀) တန်တယ်လို့ ဆိုပါစို့။​
ခင်ဗျားလုပ်ငန်းရှိတဲ့ လမ်းထဲမှာ မျက်နှာချင်းဆိုင်ပြီး လုပ်ငန်းပြိုင် ဖွင့်မယ်။
ခင်ဗျားလုပ်ငန်းကို နောက်မှ လာပြီး ယှဉ်ပြိုင်တာ။

အပြိုင်အဆိုင် ကြိုးစားကြမယ်။
ခင်ဗျားက ငွေမည်းကို ပြိုင်ဆိုင်ဖို့ ငွေဖြူ သိန်း (၂၀၀၀) ထပ်လိုက်မယ်။
ဒါပေမယ့် ငွေမည်းဘက်က သိန်း (၈,၀၀၀) လည်း လိုက်နိုင်တယ်။ (၂၀,၀၀၀) လည်း လိုက်နိုင်တယ်။
နောက်ပိုင်း ခင်ဗျား ငွေဖြူနဲ့ မ,တည်ထားတဲ့ လုပ်ငန်း ပြုတ်သွားမယ်။

ငွေမည်းသမားက နိုင်ငံခြားမှာ သွားပြီး ဆေးကုတယ်။
ခင်ဗျားက ဆေးကုဖို့ ဘာပေါင်ရမယ် မသိလောက်အောင် အကြပ်အတည်း ရိုက်နေပြီ။

မျှတတယ်လို့ ခင်ဗျား ထင်လား?
ထင်ရင် ခင်ဗျားဦးနှောက်မှာ အနည်းဆုံး (၁) ခန်း လွတ်နေပြီ။

===

လူတစ်စုဟာ လိမ်လည်တဲ့ လုပ်ငန်းကို အကြီးအကျယ် လုပ်ကြတယ်။
ကျိကျိတက် ငွေဝင်တယ်။​ ထားစရာ မရှိလောက်အောင် ဝင်ကြတယ်။​

ငွေမည်းပဲ။

နယ်ဘက်မှာ မြေတွေ လိုက်စုမယ်။
အရင်က နယ်ဘက်မှာ မြေတစ်ကွက်ကို ဆယ်ကြီးဂဏန်းလောက်နဲ့ ရနိုင်လိမ့်မယ်။
အခုကျတော့ ရာကြီးဂဏန်း ဖြစ်သွားတယ်။

ငွေဖြူသမားတွေ မလိုက်နိုင်တဲ့နောက် နယ်ဘက် မြေတွေ အတော်များများကို လိမ်လည်လုပ်ငန်းရှင်တွေက ပိုင်သွားမယ်။

မျှတတယ်လို့ ခင်ဗျား ထင်သလား?

အကယ်၍ ငွေမည်းသမားတွေက လူမျိုးခြားတွေ ဖြစ်နေပါပြီဆိုရင်,
ပြီးတော့ နိုင်ငံမြေ တဝက်လောက်ကိုလည်း လူမျိုးခြားတွေက ပိုင်သွားပါပြီဆိုရင်
ခင်ဗျားတို့ ငွေဖြူသမားတွေက ဘာမှားနေလို့လဲ?​

===

ငွေမည်းတွေဟာ
ငွေဖြူလောကကြီးရဲ့ ထမင်းအိုးအသီးသီးကို အနှောင့်အယှက် ပေးနိုင်တယ်။

ခင်ဗျား မွဲနေတာဟာ ငွေမည်းတွေကြောင့်လည်း ပါတယ်လို့ ပြောရင် မမှားဘူး။

===

သန့်ရှင်းနိုင်ငံတွေမှာ လူဖြစ်ရတာက မတန်ဘူး,
ဗုဒ္ဓဘာသာနိုင်ငံမှာ လူဖြစ်ရတာကပဲ ကောင်းတယ်လို့ ပြောကြတဲ့ နိုင်ငံတစ်ခုမှာ စက်ဆုတ်စရာ ကောင်းတာ တစ်ခုရှိတယ်။

အဲဒီနိုင်ငံမှာ ငွေမည်းနဲ့ ကုသိုလ်ပြုရင်တောင်
"အကုသိုလ်က သပ်သပ်၊ ကုသိုလ်က သပ်သပ်လေ"
"သွားမရောနဲ့"
"သူအကုသိုလ်လုပ်တုန်းကလည်း အကုသိုလ်ရခဲ့တာပဲ၊ ကုသိုလ်လုပ်တော့လည်း သာဓုခေါ်ရမှာပဲ"

ဒီသဘောတရား ဒီအတွေးအခေါ်။

ဘာလို့ စက်ဆုတ်စရာ ကောင်းတာလဲ?​
ခင်ဗျား ဉာဏ်မီရဲ့လား?​

စော်ကားရာ ရောက်သွားရင်လည်း တောင်းပန်ပါတယ်။
မေးကြည့်တာပါ။

===

ငွေဖြူသမားတွေဟာ လေးစားစရာပါ။
ဘဝကို ဖြူဖြူစင်စင် ဖြတ်သန်းဖို့ ကြိုးစားကြရှာပါတယ်။
ဘုရားရှင် ဟောမိန့်တဲ့ သမ္မာအာဇီဝကို ကြိုးကြိုးပမ်းပမ်း ကျင့်သုံးကြတာ။

ခင်ဗျားက သမ္မာအာဇီဝကို ကျင့်သုံးရင်း ဆန်အိုးက ပိုပိုပြီး ဂျောက်ဂျောက်သံ မြည်လာပါတယ်ဆိုရင် ငွေမည်းသမားတွေကို မပြိုင်နိုင်တော့တာလည်း ဖြစ်နိုင်ပါတယ်။

ခေတ်ပျက်ကြီးမှာ ခင်ဗျားကတော့ ပင်ပန်းဆင်းရဲလို့။
ရုန်းကန်ရလို့။
ငွေမည်းသမားတွေက တောက်တောက်ပြောင်ပြောင် စားစားသောက်သောက်။

သူတို့ကြောင့်ပဲ ခင်ဗျားတို့က မွဲသွားခဲ့တာ။
ခင်ဗျားတို့ပတ်ဝန်းကျင် လူတွေကပဲ သူတို့ကို ချမ်းသာအောင် လုပ်ကျွေးခဲ့ကြတာ။

ပြီးတော့ ခင်ဗျားက ဘယ်သူ့ကိုမှလည်း အပြစ်တင်ခွင့် မရှိဘူး။
"ငါ့အတိတ်ကံကိုက ညံ့တာ"
"အတိတ်မှာ ဒါန နည်းခဲ့တာ"

ခင်ဗျားမတတ်နိုင်တဲ့ ပမာဏမျိုးနဲ့ ငွေမည်းသုံးပြီး ကုသိုလ်ပြုရင်တောင် ခင်ဗျားက သာဓုခေါ်လိုက်ရသေးတယ်။​

နောက်ဆုံးမှာ ခင်ဗျားကိုးကွယ်တဲ့ ဆရာတော်ကြီးကတောင်မှ ခင်ဗျားကို အရေးမလုပ်တော့ဘဲ ငွေမည်းကုသိုလ်ရှင်တွေကိုပဲ ပြုံးပြတော့တယ်။

ခင်ဗျားက ဘာမှားလို့လဲ?

===

သန့်ရှင်းနိုင်ငံတွေမှာကျတော့ ငွေမည်းတွေကို အမဲလိုက်ပါတယ်။
ဖမ်းဆီးပြီး အရေးယူတယ်။ ပိုင်ဆိုင်မှုတွေကို သိမ်းတယ်။

သူတို့ရဲ့ စီးပွါးရေးလောကကြီးထဲမှာ ငွေဖြူသမားတွေကိုပဲ ရှင်သန်ခွင့်, ကြီးပွါးခွင့် ပေးပါတယ်။
သူတို့နိုင်ငံရဲ့ ငွေဖြူလုပ်ငန်းတွေဟာ ပြေလည်ကြတယ်။ ဖူလုံကြတယ်ဆိုရင်-

သူတို့ဟာ နိုင်ငံအလိုက် အတိတ်ကံကောင်းကြတာ မဟုတ်ပါ။

"လူတွေ မညံ့ကြတာ"

လူတွေက မညံ့ကြလို့ပါ။

===

ဒါ့ကြောင့် ငွေဖြူလူမွဲတွေကို အမြဲပြောနေရမှာက

"အတိတ်ကံကောင်းဖို့ထက် လူတော်ဖို့က ပိုပြီး အရေးကြီးတယ်"
"ပတ်ဝန်းကျင်ကောင်းကို အတိတ်ကံက ဆောက်မပေးနိုင်ရင်တောင် လူတော်တွေက တည်ဆောက်ယူနိုင်စွမ်း ရှိရမယ်"

"အဲဒီလိုဖြစ်ဖို့ အခြေခံအချက်က မညံ့ကြဖို့ပဲ"
"ကံညံ့ရုံနဲ့ လူပါ လိုက်ပြီး ညံ့မပစ်ကြဖို့ပဲ"
"ကံကောင်းဖို့ကိုပဲ လုပ်ပြီး လူတော်အောင် မလုပ်ချင်တာမျိုးကို ရှောင်ကြဖို့ပဲ"

#crd..fb

11 months ago | [YT] | 11

New & Voice Channel

၈၈ နဲ့ နွေဦးတော်လှန်ရေး ဘာကွာသလဲ (၃)

အန်အယ်ဒီ အစိုးလက်ထက် ဒီမိုက​ရေစီ
ပြုပြင်ပြောင်းလဲရေးကာလမှာတုံးက
မြန်မာပြည်ကို အလည်ပြန်လာတော့
မြင်နေရတဲ့ မြင်ကွင်းတွေကို ကြည့်ပြီး
အချက်(၂) ချက် ပွင့်ပွင့်လင်းလင်း သတိ​ပေးခဲ့တယ်။
၂၀၁၅ ကတည်းက ဆိုပါ​တော့

(၁)

ဒေါ်စုဟာ ယူကရိန်းက
အ​ရောင်​တော်လှန်​ရေး​ခေါင်း​ဆောင် တဦးဖြစ်တဲ့
“တိုင်မိုရှန်ကို” လို
အချိန်မ​ရွေး​ထောင်ကျသွားနိုင်တယ်။

( ၂)

၈၈ မျိုးဆက် ငြိမ်းပွင့်ဟာ
ဆားဗီးယား​ခေါင်း​ဆောင် ဆလိုဗိုဒန်မီလိုစီဗစ်ကို
ဖြုတ်ချခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေလို အဆုံးသတ်နိုင်တယ်။

ဘာကြောင့်သတိပေးခဲ့သလဲ။
၈၈ အ​ရေး​တော်ပုံမှာ ပါဝင်ခဲ့ကြတဲ့
မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင်အများစုဟာ
အကျဉ်းထောင်ထဲမှာ နေခဲ့ကြရတဲ့ အချိိန်တွေများပါတယ်။

ဒါ့ကြောင့်လဲ ဆိုဗီယက်ပြည်​ထောင်စု ပြိုကွဲအပြီး
ဥ​ရောပမှာ ဖြစ်ခဲ့ကြတဲ့ ဒီမိုက​ရေစီ​ရေးလှိုင်း
အာဏာရှင်တွေနဲ့ အရောင်တော်လှန်ရေး
အပြောင်းအလဲတွေကို မျက်ခြေပြတ်ခဲ့ကြတယ်။

ယူကရိန်းရဲ့ 2004-2005 မှာ ဖြစ်ခဲ့တဲ့
လိ​မ္မော်​ရောင်​တော်လှန်​ရေး မှာ ဦး​ဆောင်ခဲ့သူတဦးဖြစ်တဲ့
တိုင်မိုရှန်ကို ဟာ ရွေးကောက်ပွဲ အနိုင်ရရေးပဲ စိတ်အားထက်သန် အနိုင်ရချင်ပြီး တခါတုံးက လက်တွဲဖေါ်တွေ နဲ့
ညီညွတ်​ရေးပြိုကွဲ ၊ အာဏာရှင်​ဟောင်း​တွေနဲ့လဲ
ဆက်ဆံ​ရေးမတည်​ဆောက်နိုင် ၊

နောက်ဆုံး​တော့
ခြစားအကျင့်ပျက်မှု့ စွပ်စွဲချက်​တွေနဲ့
ထောင်ချခံလိုက်ရပါတယ် ။

ဆားဗီးယားအာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတဲ့
ကျောင်းသားအုပ်စု​တွေလဲ
အ​မေရိကန်နဲ့ အ​နောက်အုပ်စု​ထောက်ပံ့​ပေးထားတဲ့
ပ​ရောဂျက်​တွေကြားမှာ
သာယာ​နေကြတဲ့အတွက်
နိုင်ငံ​ရေးသမား​တွေဖြစ်မလာပဲ
Activists လိုလို ၊
ဆယ်လီလိုလို အချိန်ကုန်​နေခဲ့ကြတယ်၊

နိုင်ငံ​ရေးသမားဖြစ်မလာပဲ
နောက်ဆုံး​တော့ Power Politics နဲ့ ဝေးခဲ့ရ​တော့တယ်။

သတိ​ပေးချက် (၂) ချက်လုံး ဖြစ်လာခဲ့ပါတယ်။

၈၈ နဲ့ နွေဦး​တော်လှန်​ရေးရဲ့ အဓိက ကွာခြားမှု့က
တည်ရှိ​နေတဲ့ နိုင်ငံ​ရေး​နောက်ခံ အ​နေအထားမတူပါဘူး။

၈၈ အ​ရေး​တော်ပုံကို ဖြတ်သန်းခဲ့ကြတဲ့ မျိုးဆက်​တွေမှာ
ဘာအကျိုးစီးပွါးမှ မရှိပါဘူး။

ကြပ်တည်းလှတဲ့ တပါတီ ဆိုရှယ်လစ်စံနစ်​အောက်မှာ
ရဲ​ဘော်ရဲဘက်​တွေလို
အတူတူ ရုန်းကန်ကြဖို့ ဆုံးဖြတ်ကြတယ်။

ပြုပြင်​ပြောင်းလဲ​ရေးကာလ
အန်အယ်ဒီလက်ထက်ဟာ ၈၈ မဖြစ်ပွါးခင်
အ​ခြေအ​နေ မဟုတ်ပါဘူး။

ဒေါ်စုကလဲ တိုင်မိုရှန်ကို လို ဖြစ်လာတယ်။
NLD ဂိုဏ်းဂဏစွဲ တခုပဲ အာရုံထားလုပ်တယ်။
လုပ်​ဖေါ်ကိုင်ဘက်​တွေ ၊ မဟာမိတ်​တွေကို
လက်တွဲဖြုတ်ယုံမက နိုင်ငံ​ရေးမှာ တခြားသူ​တွေ
ရှင်သန်လို့ မရ​အောင် တက်နင်းထားတယ်။

မင်းကိုနိုင်တို့ရဲ့
၈၈ ငြိမ်းပွင့်ကလဲ ပ​ရောဂျက်​တွေ၊ ဟော​ပြောပွဲ​တွေ ကြား
သာယာ​နေတယ်။ ဆယ်လီ​တွေ ဖြစ်လာတယ်။
စစ်ဗိုလ်ချုပ်​တွေနဲ့ အကျိုးစီးပွါးဖြစ်သူဖြစ်
ချမ်းသာသူက ချမ်းသာလာကြ
ရှုပ်ရှက်ခပ်လာပါတယ်။

မဟာမိတ်​တွေကြားမှာ သစ္စာတရားဆိုတာ
ပျောက်ကွယ်လာပါ​တော့တယ်။

၈၈ အ​ရေး​တော်ပုံရဲ့ ဝိညာဉ်ကို သွေဖီကုန်ကြတာ​ကြောင့်
နောက်ဆုံး​တော့ နိုင်ငံ​ရေး ကံကြီးထိုက်ကုန်ကြပါတယ်။

ဒါ​ပေမယ့်
စစ်တပ်က အာဏာသိမ်းတာ​တောင်
သင်ခန်းစာ မယူကြပါဘူး။

အင်အားစုအားလုံးနဲ့ လက်တွဲလုပ်ရမယ့်အစား
နေရာကြိုဦး အစိုးရဖွဲ့ ၊ ရသမျှ​ အခွင့်အ​ရေး
လက်ဝါးကြီး အုပ် ၊ ခြစားအကျင့်ပျက်မှု့​တွေက
အချိန်တိုအတွင်း ပုတ်​ဟောင်နံ​စော်​နေပါတယ်။

၈၈ အ​ရေး​တော်ပုံဟာ စံနစ်​ပြောင်းဖို့ လုပ်ကြတဲ့
ညီညွတ်မှု့ တခုဖြစ်တယ်။

၂၁ နွေဦးက​တော့
နိုင်ငံ​ရေး တောင်ပြုံးပွဲထဲ
လူမိုက်​တွေ ဝင်လာပြီး
ရမ်းကားကြတဲ့အတွက် မခံမရပ်နိုင်ဖြစ်
ပြန်တုန့်ပြန်ကြတဲ့သ​ဘော

လူငယ်​တွေဟာ ခေတ်တိုင်းမှာ
ရဲရင့်တက်ကြွကြ​တယ် ၊
ပြည်သူ​တွေက တာဝန်​ကျေတယ်
ပေးဆပ်ကြတယ်။

ဒါ​ပေမယ့်
လွှတ်တော်ထဲမှာ ကိုယ်ကျိုးရှာခဲ့ကြတဲ့
အမတ်တွေကတော့
အပြင်မှာ ဆက်ပြီးကိုယ်ကျိုးရှာကြပါတယ်။
ဒါ့ကြောင့်လဲ ညီညွတ်ဖို့မလွယ်၊
အောင်မြင်ဖို့မလွယ်ပါဘူး ။

သူတို့အတွက်တော့ နိုင်ငံရေးမလိုပါဘူး။

သူတို့ကို ထောက်ခံတဲ့ နီပိန်း​တွေမှာလဲ
နိုင်ငံ​ရေးခံယူချက် မရှိပါဘူး။

လူတကာကို ဆဲဆိုမိုက်ရိုင်း
ထင်ရာစိုင်းခွင့်မရလို့ ကိုယ်ကျိုးစီးပွါးပျောက်သွားလို့
ထပြီး လုပ်မိလုပ်ရာ လုပ်ကြတဲ့သဘော။

တောင်ပြုန်းပွဲထဲ လူမိုက်တွေဝင်ရမ်းလို့
ထပြီးရန်ဖြစ်ကြတဲ့သဘောပါ ။

နိုင်ငံ​ရေးစာ​ပေလဲ မယ်မယ်ရရ မဖတ်
ရိုးသားမှု့နဲ့ သတ္တိကလဲ မရှိ တော့ ဘာဗျူဟာမှ
မရှိပါဘူး ။

တော်လှန်​သော လူငယ်​တွေ
ထိုး​ဖောက်ထွက်ကြဖို့

မီးယပ်ပိန် မီးယပ်ကျိုး ခေါင်း​ဆောင်​တွေကို
ဖယ်ရှားပစ်ဖို့ လိုပါတယ်။

ဆက်ပါအုံးမယ်

#crd..Aung Moe Winfb acc

1 year ago | [YT] | 9

New & Voice Channel

NUG က မြေပြင်တလရအင်အားစုတွေ တနည်းနည်းနဲ့ စုစည်းပေါင်းစည်းမိသွားတာမျိုး၊ ဥပမာ-တပ်ပေါင်းစုလိုမျိုးကို လုံးဝ (လုံးဝ)မလိုလားပါဘူး၊
အဖြစ်မခံနိုင်ဘူး၊
သူတို့နဲ့ အပြိုင်ဖြစ်လာမှာစိုးလို့ပါ၊

အဲ့ဒါကြောင့် သူတို့စိတ်ထဲအပြိုင်ဖြစ်လာနိုင်တဲ့ သူတွေ၊ အဖွဲ့တွေဆိုရင်
လော်ဘီအလံရှူးဆယ်လီတွေသုံးပြီး လန်ကြုပ် ဇာတ်တိုက်ထားတဲ့ လုပ်ဇာတ်တွေ ဇာတ်ကြောင်း narrative တွေနဲ့ အမျိုးမျိုး နာမည်ဖျက်ချောက်တွန်း ထိုးချ ပြည်သူကို တဖက်လှည့်နဲ့ ရန်တိုက်ပေး စသဖြင့်လုပ်ကြတာပါ၊

အဲ့ဒီလော်ဘီ အလံရှူးတွေဆိုတာလည်း ဒု/တတိယနိုင်ငံတွေမှာရောက်နေကြတဲ့ NUG ကလူတွေ၊ CRPHအမတ်တွေ၊ သူတို့နဲ့နီးစပ်
ပတ်သက်တဲ့ပေးစာကမ်းစာစားသူတွေသာဖြစ်ပါတယ်၊

The phrase "Those who tell the stories rule the world"
ကမ္ဘာကြီးနဲ့ လူ့အဖွဲ့အစည်းတွေကို ဇာတ်ကြောင်းတွေ တစ်ဖက်သတ်ဇာတ်လမ်းပုံပြင်တွေနဲ့ လွှမ်းခြုံစိုးမိုးထားပါတယ်ဆိုတာ အဲ့ဒါပါပဲ၊

#crd...Aung T Mying fb acc

1 year ago | [YT] | 12

New & Voice Channel

US ရောက် CRPH/NUGကသူတွေ၊ NLD CWC ဆရာ/ဆရာမကြီးတွေ၊ လော်ဘီအလံရှူးတွေအပါအဝင် အားလုံးက၊

တလရကို ဂျင်းမိနေတဲ့ လူအုပ်ကြီးအားကိုးနဲ့ မိုးကျရွှေကိုယ်တော်လုပ် ထိပ်ကပိတ် အပိုင်သာ စီးထားကြတာ၊

ဟိုးဖြစ်ဖြစ်ချင်း အစကတည်းကကို
နွေဦးတလရကို၊
လွန်ခဲ့တဲ့ နှစ်​၂၅၀ လောက်က အမေရိကန်၊ ပြင်သစ်တော်လှန်ရေးတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးစကားခံသတ်မှတ်ပြီး၊
အနည်းဆုံး ၈ နှစ် ၁၀နှစ်ကျော် အသာလေးကြာမယ်၊
စစ်တပ်ကို စစ်ရေးနဲ့အနိုင်ရမယ်လို့ ယုံလည်းမယုံကြည်ထားပါဘူး၊

​ရေရှည်လုပ်စားဂွင်အဖြစ်သဘောထားခဲ့ကြတာ၊

ဟုတ်၊ မဟုတ်
သူတို့အတွင်းစည်းကသူတွေ၊ မိသားစုဆွေမျိုးတွေပါမကျန်အားလုံး တတိယနိုင်ငံ US၊ Aussie လိုနိုင်ငံတွေရောက်နေကြတာကိုကြည့်ပါလား၊ ဒါ ငြင်းမရတဲ့မျက်မြင်သက်သေပဲလေ၊

အချိန်တိုအတွင်း နိုင်မယ်ယုံကြည်ရင် ဘာလို့ ဦးအောင် မိသားစုလိုက် ပြေးလာကြသေးလဲ၊

လွတ်မြောက်နယ်မြေမှာနေလည်းရတာပဲဟာ၊

အခြားလူမျိုး ERO တွေက ခေါင်းဆောင်​တွေဆိုရင် အသက် ၇၀-၈၀-၉၀ တန်းတွေ၊ တောထဲမှာပဲ ရဲဘော်တွေနဲ့ တသားတည်း အတူရှိလို့၊

တချို့ဆို မလုံမလဲ ပြောသေးတယ် အသက်အရွယ်ကြောင့် ကျန်းမာရေးကြောင့်ပါဆိုပီး ဟာသပဲ😅😂၊

ဒီစကားတွေ ဘယ်သူတွေ ဘယ်အချိန်က ပြောခဲ့သလဲ
ဒီမှာ သိတဲ့သူတွေအများကြီးပါဗျ၊

#crd..Aung T Myint fb acc

1 year ago | [YT] | 15

New & Voice Channel

ချစ်ခင်ကြရတဲ့ မိတ်ဆွေတချို့က

ဘာမှ မထူးတော့မှာမို့ လူမုန်းသိပ်မခံတော့ဖို့ သတိပေးလာကြပါတယ်

ကျေးဇူးလည်းတင်ပါတယ်

ဝေဖန်စာတွေရေး နေမယ့်အစား

လူငယ်တွေအတွက် တိုးတက်စရာ အားရှိစရာ ပညာရစရာ စာတွေရေးပါလားပေါ့…

ဒါမှ မဟုတ်ရင်လည်း ရသစာပေ တခုခု ရေးနိုင်အောင် လုပ်ပါလားပေါ့…

ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ဘယ်အရာမှ ရေးလို့မရ အတွေးထဲရောက်မလာပါ…

ခုချိန်မှာ မြန်မာပြည်အတွက်

လူငယ်တွေတိုးတက်ရာ ရေးမယ်ဆို ဘာရေးမလဲ

စဉ်းစားကြည့်ပါအုန်း…

ပြည်ပထွက် အလုပ်လုပ်ကြဖို့ပြောရမလား…

ဘယ်နည်းနဲ့ မဆို ဆိုရှယ်မီဒီယာမှာ ပေါက်အောင်လုပ်ပြောရမလား…

တောထဲသွား တပ်ထောင် ရွှေတူး သစ်ထုတ် အခွံကောက်ကြ ပြောရမလား…

Nug ထောက်ထံ လူကြီးလူရင်းတယောက်မွေး အလှူခံပြောရမလား…

စစ်တပ်နဲ့ တဲ့အောင်နေ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား ဘဝ ကျေနပ်ကြ ပြောရမလား…

မတည်ငြိမ်တဲ့ တိုင်းပြည်မှာ ကိုယ်ကျင့်တရားနဲ့ပညာရပ်တွေက ဘာမှ အသုံးမဝင်ပါဘူး..

ရသ စာပေ တခုခု ရေးတော့ရော…

စဉ်းစားကြည့်ပါအုန်း…

ဒီလောက် အပူမီးတောက်နေကြတဲ့ လူတွေရဲ့ နှလုံးသားထဲ ဦးနှောက်ထဲ ကို ဘယ်လို ရသမျိုးက နေရယူနိုင်မှာမို့လည်း…

နောက်တခုက ရသစာပေဆိုတာ သဘာဝ စစ်စစ်ကိုရေးတာ ဘက်မလိုက်ရဘူး ဘက်မပါရဘူး…ဘက်လိုက်တဲ့ ဘက်ပါတဲ့ စာဖြစ်သွားရင် ရသ စာပေမခေါ် ပရိုပါဂျန်တာ ဝါဒ ဖြန့်ချီရေးစာပေဖြစ်သွားတယ်…

အစစ်အမှန် သဘာဝ ကျကျရေးတော့ရော ဘယ်သူက လက်ခံ မလဲ …

မောင်ရှင်စောရေးတဲ့ ကေတီဗွီ လို ကဗျာမျိုး က ခေတ် ကောင်းမှ ဖတ်လို့ကောင်းတာ ခုဖတ်ကြည့်ပါလား အရသာ မရှိတော့ဘူး …ခု က အဲ ကဗျာထဲက ကောင်မလေး ထက်ဆိုးတဲ့ ဘဝ တွေ ဖြစ်နေကြလို့…

ဒါ ဆိုရင် … cdm လုပ်ရင်း အငယ်အနှောင်း ဖြစ်သွားတဲ့ ဆရာမ လေးရဲ့ ဇာတ်နာပုံလေး ရေးကြည့်ပါလား …ဆဲလိုက်ကြမယ့်ဖြစ်ခြင်း…

ပြောချင်တာက လူမှုစံနှုန်းတွေ အကုန်ပျက်ကုန်ပြီ…

ဦးအောင်သင်းတို့ ဇာဂနာတို့ အော်ပီကျယ်တို့ မောင်သာချိုတို့ မောင်စိန်ဝင်းတို့ ချစ်ဦးညိုတို့ ညီမင်းညိုတို့ နေဝင်းမြင့်တို့ ခင်ခင်ထူးတို့ ဂျူးတို့ တိုင်းပြည်ကိုပတ်ပြီး တရားဟောခဲ့တာ ဆယ်စုနှစ်တခုလောက်ရှိပြီ။

ဘယ်သူတွေတရားထူးရသွားကြလို့လဲ…ခုတော်လှန်ရေး ထဲဖေါက်ပြန်နေတဲ့ သူတွေထဲ အဲဒိစာပေ ဟောပွဲတွေကို ဦးဆောင်ခဲ့သူတွေ ကမကထပြုခဲ့သူတွေ နားထောင်ခဲ့ဘူးသူတွေ အပုံအပင်ပေါ့။

တကယ်တော့ တိုင်းပြည်က ဆုံးမစာတွေနဲ့ ပုံနေပြီ၊ ပြဿနာ က မကျင့်ကြံတဲ့ ပြဿနာ။

1 year ago | [YT] | 10

New & Voice Channel

AA ထောက်ပံ့ပေးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၂၃ ဖွဲ့ထဲက ရှစ်ဖွဲ့ဟာ AA နဲ့ ပူးပေါင်းစစ်ရေးလှုပ်ရှားလျက်ရှိတယ်လို့ ISP-Myanmar ထုတ်ပြန်

မောင်စာဂ၊ နိရဉ္စရာ၊ ဇူလိုင် ၁ဝ/၂ဝ၂၅

အာရက္ခတပ်တော်(AA)ဟာ တော်လှန်ရေးတပ်ဖွဲ့ ၂၃ ဖွဲ့ကို ထောက်ပံ့ပေးထားပြီး အဲဒီထဲက ရှစ်ဖွဲ့ဟာ AA နဲ့ပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှားလျက်ရှိတယ်လို့ မြန်မာ့မဟာ ဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူး (ISP-Myanmar)က ထုတ်ပြန်ပါတယ်။

ISP-Myanmar ရဲ့ မနေ့က ဇူလိုင်လ ၉ ရက်ထုတ်ပြန်ချက်ဖြစ်တဲ့ "အို... မြောက်ပိုင်းလမ်း …ဒုတ်ဒုတ်ထိမျက်တွေ့ (De Facto) ထီးပြိုင်နန်းပြိုင် ရခိုင်ပြည်"ဆိုတဲ့ သုံးသပ်ချက်ထဲမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။

AA ထောက်ပံ့ထားတဲ့ တော်လှန်ရေးလက်နက်ကိုင် ၂၃ ဖွဲ့ကတော့ BPLA, DRPA, CDF-Kanpetlet, BNRA, YA,CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF, BLDF, PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တို့ဖြစ်ကြပါတယ်။

အဲဒီ ၂၃ ဖွဲ့ဟာ မြန်မာနိုင်ငံတဝန်းက မြို့ပေါင်း ၆၁ မြို့မှာ စစ်ရေးလှုပ်ရှားနေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ကြတယ်လို့လည်း ISP-Myanmar က ဆိုပါတယ်။

အဲဒီ ၂၃ ဖွဲ့ထဲက PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တို့ဟာ AA ရဲ့ စစ်ရေးကွပ်ကဲမှုစနစ်အတွင်းပူးပေါင်းပြီးတော့ ရခိုင်ပြည်နဲ့ ထိစပ်နေတဲ့ ချင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတို့မှာ စစ်ရေးဖော်ဆောင်လျက်ရှိတယ်လို့ ISP-Myanmar ရဲ့ သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

“အာရက္ခတပ်တော်(AA)ဟာ မြန်မာ့ပဋိပက္ခရဲ့ အရှေ့မြောက်၊ အရှေ့တောင်နဲ့ အနောက်ပိုင်းစင်္ကြံသုံးခု စလုံးမှာ ခြေရာပေါက်နိုင်ရုံသာမက ဗမာတွေရဲ့ အညာမှာလည်း လက်တံရှည်ရှည် ဆန့်ထုတ်လွှမ်းမိုးနိုင်စွမ်းရှိတဲ့ တခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) ဖြစ်ပါတယ်။ ရခိုင်ကို အခြေပြုပြီး ဧရာဝတီ၊ မကွေးနဲ့ ပဲခူးကိုပါ ထိုးစစ်ဆင်နိုင်တဲ့ ထူးထူးခြားခြား EAO ဖြစ်ပါတယ်။ AA ခေါင်းဆောင်တွေဟာ မျိုးဆက်သစ် မင်းပျိုမင်းလွင်တွေဖြစ်သလို၊ ကျန်လူငယ်လက်နက်ကိုင်အဖွဲ့ တော်တော်များများကို သင်တန်းပေး၊ လက်နက်ပေး၊ စံနမူနာပေး စည်းရုံးအားယူနိုင်စွမ်းရှိတဲ့ အစ်ကိုကြီး-ညီလေးဆက်ဆံရေးနဲ့ ‘အပြောနည်းနည်း၊ အလုပ်များများ’ လက်နက်ကိုင် မဟာမိတ်ကွန်ရက်အကြီးဆုံး တည်ဆောက်ထားနိုင်တဲ့ တခုတည်းသော EAO လည်း ဖြစ်ပါတယ်”လို့လည်း သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - AA Info Desk နှင့် ISP-Myanmar

ဒီသတင်းအပြည့်အစုံကို အောက်က Link မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ >>>>
https://burmese.narinjara.com/news/detail/686f9ba60bed3756d11da611
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#crd- Narinjara media fb page

1 year ago | [YT] | 17

New & Voice Channel

သေသေချာချာ​လေး ပြန်ရှင်းပြရဦးမယ်၊ တော်ကြာ ဟိုလူကျန်တယ်၊ ဒီလူကျန်တယ် လုပ်​နေမှာ စိုးလို့

၁- NUG ဆိုရာမှာ CRPH, NLD-CWC စတဲ့ NLD အုပ်စုနဲ့ သူတို့ကို ကပ်စား​နေကြတဲ့ ပြည်သူ့အသံမထွက်ရဲတဲ့ အမတ်​တွေ၊ CDM ဆိုပြီး NUG ထဲ ဝင် အလုပ်လုပ်ပြီး စားသွားကြတဲ့ ဝန်ထမ်း​တွေ၊ NUG နဲ့ ကပ်​ပေါင်းပြီး လုပ်ကွက်ရသွားတဲ့ အန်ဂျို အုပ်စု​တွေ၊ NUCC ထဲက​နေ အခွင့်​ကောင်း ချောင်း​နေကြတဲ့ နိုင်ငံ​ရေး စားဖား​တွေ၊ NUG ကို ကပ်ပြီး ပါးပါးလှီးအမြတ်ထုတ်ခဲ့ကြတဲ့ ERO တွေ အကုန်ပါတယ်၊

၂- သူခိုးမ ဆိုရာမှာလည်း သူခိုးမကို ကပ်ပြီး နောက်ကွယ်က ခိုးနည်း သင်​ပေးခဲ့ကြတဲ့ မေရိကားက လုပ်စား အဖွဲ့​တွေ၊ သူခိုးမ အူသံ​ပေးတာနဲ့ ဝိုင်းဝန်း ဟောင်ကြ ကိုက်ကြတဲ့ နွေဦး ငါး​ထောင်စား အောက်ဆွဲ​တွေ၊ ထောက်ပို့ ဆိုပြီး အုပ်စုလိုက် % စားကြတဲ့ တော်လှန်​ရေး တော​ကြောင်​တွေ အကုန်ပါတယ်၊ သူတို့​တွေ တော်လှန်​ရေးကို ဘယ်လို ဖျက်ခဲ့ကြလဲ

၃- ပြည်သူဟာ အစက မြေပြင်​ရော လှူတယ်၊ ဒါ​ပေမယ့် သူခိုးမနဲ့ NUG က သူတို့ဆီပဲလှူ၊ တပ်ဦးကို လှူကြဆိုပြီး မြစ်ထိပ်က ပိတ်ပြီး ဆည်​ဆောက်သလို အလှူခံတယ်၊ ပြီးရင် လက်နက်​ပေးမလိုလိုနဲ့ သူတို့ဆီကို ဝင်ခိုင်းတယ်၊ ဝင်ပြီးရင် မစို့မပို့ ထောက်ပံ့​ငွေပဲ​ပေးတယ်၊ လက်နက်ကျ မ​ပေးဘူး၊ တကယ်တိုက်တဲ့ အဖွဲ့​တွေ အကုန် ခြောက်​သွေ့ကြုံလီကုန်တယ်၊ ရသမျှ စုပြီး လက်နက် ဝယ်​တော့လည်း NUG ကပွဲစား​တွေက မတန်တဆ​စျေးတင်ကြတယ်၊ ကြည့်ရတာ တိုက်မှာ စိုးလို့ကို တမင်လုပ်ထားခဲ့တာပါ၊ သူတို့ပဲ ညှိဖို့ အင်အားရှိ​နေရမယ်​ပေါ့

၄- အစက ပက်ဆံ မရှိလို့ လက်နက် မ​ပေးနိုင်တာလို့ ထင်ခဲ့​သေးတယ်၊ ဒါ​ပေမယ့် သူတို့ဟာ စစ်တပ်နဲ့ ညှိဖို့ အတွက်ပဲ pdf ကို ဖွဲ့တာ ဖြစ်တယ်၊ ဘာကို အ​ခြေခံလဲ ဆို​တော့ အ​နောက်နိုင်ငံက legitimacy ပေးမှာကို မျှော်ပြီး (အပြအင်အား) ကိုပဲ တည်​ဆောက်တယ်၊ ဒါ့အပြင် ရသမျှကို အိတ်ထဲထည့် သုံးကြဖြုန်းကြတယ်၊ ပြည်သူဟာ သူတို့ အလှူခံသမျှ ဝက်ဝက်ကွဲ လှူကြတာရယ်၊ နောက်ပိုင်းမှ အလိမ်ခံရမှန်း သိသွားကြတာ

၅- သူခိုးမ အုပ်စုဟာ မြေပြင်​ရောက်မယ့် အဖွဲ့ နာမည်ကြီးလာရင် အုပ်စုဖွဲ့ တိုက်ခိုက်တယ်၊ အငြိမ်း၊ POEM တို့ကိုလည်း အဲဒီလို တိုက်ခိုက်ခဲ့တာ၊ ဘာလုပ်တာလဲ ဆို​တော့ အလှူ​ငွေ မှန်သမျှ NUG ဆီ ဝင်​အောင် နာမည်ကြီး Fund Raiser တွေကို ချိုးချခဲ့တာပဲ၊ Fundraisers တင်မကဘူး၊ NUG ဝေဖန်သူမှန်သမျှကိုလည်း ဆဲဆိုပြီး နာမည်ဖျက်ခဲ့တာချည်းပဲ၊ သူတို့ဟာ နိုင်ငံခြားမှာ သူတို့နဲ့ ဒိုးတူ​ဘောက်ဖက် ခိုးမယ့် အုပ်စု ဖွဲ့ကြတယ်၊ ငွေအား၊ လူအားနဲ့ ပ​ရောဂျက်​တွေ လုပ်ကြတယ်၊ လက်ခွဲ​တွေကို % ပေးစားကြတယ်၊ အစပိုင်းက​တော့ လူ​တွေက တော်လှန်​ရေး​ငွေကို​တော့ မလုပ်​လောက်ပါဘူး တွေးကြတယ်၊ ဘာအလုပ်မှ မယ်မယ်ရရ မရှိပဲ ဒေါ်လာ တသန်းတန် တိုက်ကြီး ဝယ်ပြ​တော့မှ အသည်း ကွဲကြတာ၊ ဒါ​ပေမယ့် မဟရဲဘူး၊ မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုပြီး ပါးစပ်ပိတ်​အောင် လုပ်ထားလို့၊ ယုတ္တိမရှိတာ သိရဲ့သားနဲ့ကို ဝိုင်းလိမ်​နေကြတယ်

၆- ဒီ​တော့ ဘာဖြစ်လဲ၊ တကယ်တမ်း တိုက်ရမယ့် အချိန်ကျ ငွေ​ရော၊ လက်နက်​ရော မရှိ​တော့ဘူး၊ လူငယ်​တွေကလည်း နယ်စပ်ထွက်ကုန်ပြီ၊ ထပ်ဖြည့်ဖို့ ဘယ်သူမှ မလာဘူး၊ pdf မဖွဲ့ပဲ ပသုံးလုံး လက်ကိုင်တုတ် တပ်ဖွဲ့ခဲ့လို့ ပြည်သူကို နှိပ်စက်တဲ့ တော်လှန်ပျူ​စောထီး​တွေ ဖြစ်လာတယ်၊

၇- တော်လှန်​ရေးဟာ နိုင်နိုင်​ချေ ရှိခဲ့ပါတယ်၊ ဒါ​ပေမယ့် ငွေဟာ တကယ်တိုက်မယ့်သူ လက်ထဲ လက်နက်အဖြစ် မ​ရောက်လာပဲ သုံးဖြုန်းသူ​တွေဆီ ရောက်သွားခဲ့တယ်၊ တော်လှန်​ရေးမှာ တကယ်လိုအပ်တဲ့ ခဲယမ်းစက်ရုံ​တောင် မတည်ခဲ့ဘူး၊ နိုင်ငံတကာမှာ လစဉ် အခန်း​တွေငှါးပြီး ဆက်ဆံ​ရေးရုံး​တွေဖွင့်၊ လေယာဉ်​လျောက်စီး၊ မိသားစု အကုန် တတိယ နိုင်ငံပို့၊ က​လေး​တွေ အင်တာ​နေရှင်နယ်​ကျောင်းထား၊ တလ ဘတ်ငါး​သောင်းခွဲတန် အိမ်​ပေါ်မှာ မယားငယ်နဲ့တက်​နေ၊ အဲဒီအုပ်စု​ကြောင့် တော်လှန်​ရေးဟာ ပျက်စီးခဲ့ရတယ်

ဒီလူစုကို ဒီအတိုင်း လွှတ်မ​ပေးနိုင်ပါ

#crd_သက္ကမိုးညို fb acc

1 year ago | [YT] | 38

New & Voice Channel

နိုင်ခြင်း၊ မနိုင်ခြင်းကိစ္စတွေကခဏထားဦး၊
အဲ့ဒါက နောက်အခန်းကဏ္ဍတခု၊
တကယ်တိုက် စစ်ပွဲကြီးတခုလုံးပြီး ရလဒ်
ထွက်တော့မှပဲ သိရမှာပဲ၊
စစ်တိုက်တာ နိုင်ချင် နိုင်မယ်၊ ရှုံးချင်ရှုံးမယ်၊

အခုလောလောဆယ် လမ်းလွဲချောက်ထဲကျခါနီး တလရလမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့က (၃ )ချက်ပဲ လောလောဆယ် အရေးတကြီး လိုအပ်တယ်ထင်တာပဲ၊

အထူးသဖြင့် ပြည်မကမြေပြင်ကအဖွဲ့တွေအနေနဲ့၊

၁) တလရ/ နိုင်ငံရေး/ အစိုးရဖွဲ့လုပ်စားနေကြတဲ့သူတွေ၊
၂) ဘေးကအဲ့ဒီအဖွဲ့ကြီးကိုမှီပြီး ဆိတ်ဂွေးစိလို့ ဟိုပြေးကပ် ဒီပြေးကပ် အလံရှူး/လော်ဘီ/မြင်းထိန်းငတာလုပ်စားနေကြတဲ့ ပြည်ပရောက်တွေနဲ့
၃) နိုင်ငံရေးရေချိန် zero သာသာ၊ လက်ခုပ်သံချူ ဆယ်လီများနဲ့ ကျပ်မပြည့်တဲ့ ဆယ်လီ wanna be များကိုခေါင်းထဲကထုတ် ဘေးဖယ်ထားပြီး၊

စစ်ကိုစစ်နဲ့တူအောင်တိုက်နေကြတဲ့ Leading EROတွေ၊ KIA, AA, TNLA တို့လို့ ရဲ့စစ်ရေးဦးဆောင်မှုနဲ့ မြေပြင်က အချင်းချင်းတွေတွေ့ဆုံဆွေးနွေးညှိနှိုင်းတိုင်ပင်တပ်ပေါင်းစုဖွဲ့နိုင်ရင် တလရက အရွေ့သစ်ကြီးကြီးဖြစ်ပေါ်လာပြီး ဘာမဆိုဖြစ်လာနိုင်ခြေရှိတယ်၊
အခြားနည်းတော့ မရှိဘူးလို့ မြင်တာပဲ၊

ဒီအတိုင်းသွားနေရင်တော့ ကြာလေပျက်လေလို့ ထင်တာပါပဲ၊

#crd..Aung T Myint fb acc

1 year ago | [YT] | 9