Freethinker's Voice
ချစ်ခင်ကြရတဲ့ မိတ်ဆွေတချို့က ဘာမှ မထူးတော့မှာမို့ လူမုန်းသိပ်မခံတော့ဖို့ သတိပေးလာကြပါတယ်ကျေးဇူးလည်းတင်ပါတယ်ဝေဖန်စာတွေရေး နေမယ့်အစားလူငယ်တွေအတွက် တိုးတက်စရာ အားရှိစရာ ပညာရစရာ စာတွေရေးပါလားပေါ့…ဒါမှ မဟုတ်ရင်လည်း ရသစာပေ တခုခု ရေးနိုင်အောင် လုပ်ပါလားပေါ့…ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ဘယ်အရာမှ ရေးလို့မရ အတွေးထဲရောက်မလာပါ…ခုချိန်မှာ မြန်မာပြည်အတွက် လူငယ်တွေတိုးတက်ရာ ရေးမယ်ဆို ဘာရေးမလဲ စဉ်းစားကြည့်ပါအုန်း…ပြည်ပထွက် အလုပ်လုပ်ကြဖို့ပြောရမလား…ဘယ်နည်းနဲ့ မဆို ဆိုရှယ်မီဒီယာမှာ ပေါက်အောင်လုပ်ပြောရမလား…တောထဲသွား တပ်ထောင် ရွှေတူး သစ်ထုတ် အခွံကောက်ကြ ပြောရမလား…Nug ထောက်ထံ လူကြီးလူရင်းတယောက်မွေး အလှူခံပြောရမလား…စစ်တပ်နဲ့ တဲ့အောင်နေ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား ဘဝ ကျေနပ်ကြ ပြောရမလား…မတည်ငြိမ်တဲ့ တိုင်းပြည်မှာ ကိုယ်ကျင့်တရားနဲ့ပညာရပ်တွေက ဘာမှ အသုံးမဝင်ပါဘူး..ရသ စာပေ တခုခု ရေးတော့ရော…စဉ်းစားကြည့်ပါအုန်း…ဒီလောက် အပူမီးတောက်နေကြတဲ့ လူတွေရဲ့ နှလုံးသားထဲ ဦးနှောက်ထဲ ကို ဘယ်လို ရသမျိုးက နေရယူနိုင်မှာမို့လည်း…နောက်တခုက ရသစာပေဆိုတာ သဘာဝ စစ်စစ်ကိုရေးတာ ဘက်မလိုက်ရဘူး ဘက်မပါရဘူး…ဘက်လိုက်တဲ့ ဘက်ပါတဲ့ စာဖြစ်သွားရင် ရသ စာပေမခေါ် ပရိုပါဂျန်တာ ဝါဒ ဖြန့်ချီရေးစာပေဖြစ်သွားတယ်…အစစ်အမှန် သဘာဝ ကျကျရေးတော့ရော ဘယ်သူက လက်ခံ မလဲ …မောင်ရှင်စောရေးတဲ့ ကေတီဗွီ လို ကဗျာမျိုး က ခေတ် ကောင်းမှ ဖတ်လို့ကောင်းတာ ခုဖတ်ကြည့်ပါလား အရသာ မရှိတော့ဘူး …ခု က အဲ ကဗျာထဲက ကောင်မလေး ထက်ဆိုးတဲ့ ဘဝ တွေ ဖြစ်နေကြလို့…ဒါ ဆိုရင် … cdm လုပ်ရင်း အငယ်အနှောင်း ဖြစ်သွားတဲ့ ဆရာမ လေးရဲ့ ဇာတ်နာပုံလေး ရေးကြည့်ပါလား …ဆဲလိုက်ကြမယ့်ဖြစ်ခြင်း…ပြောချင်တာက လူမှုစံနှုန်းတွေ အကုန်ပျက်ကုန်ပြီ…ဦးအောင်သင်းတို့ ဇာဂနာတို့ အော်ပီကျယ်တို့ မောင်သာချိုတို့ မောင်စိန်ဝင်းတို့ ချစ်ဦးညိုတို့ ညီမင်းညိုတို့ နေဝင်းမြင့်တို့ ခင်ခင်ထူးတို့ ဂျူးတို့ တိုင်းပြည်ကိုပတ်ပြီး တရားဟောခဲ့တာ ဆယ်စုနှစ်တခုလောက်ရှိပြီ။ ဘယ်သူတွေတရားထူးရသွားကြလို့လဲ…ခုတော်လှန်ရေး ထဲဖေါက်ပြန်နေတဲ့ သူတွေထဲ အဲဒိစာပေ ဟောပွဲတွေကို ဦးဆောင်ခဲ့သူတွေ ကမကထပြုခဲ့သူတွေ နားထောင်ခဲ့ဘူးသူတွေ အပုံအပင်ပေါ့။တကယ်တော့ တိုင်းပြည်က ဆုံးမစာတွေနဲ့ ပုံနေပြီ၊ ပြဿနာ က မကျင့်ကြံတဲ့ ပြဿနာ။
1 month ago | [YT] | 8
Freethinker's Voice
ချစ်ခင်ကြရတဲ့ မိတ်ဆွေတချို့က
ဘာမှ မထူးတော့မှာမို့ လူမုန်းသိပ်မခံတော့ဖို့ သတိပေးလာကြပါတယ်
ကျေးဇူးလည်းတင်ပါတယ်
ဝေဖန်စာတွေရေး နေမယ့်အစား
လူငယ်တွေအတွက် တိုးတက်စရာ အားရှိစရာ ပညာရစရာ စာတွေရေးပါလားပေါ့…
ဒါမှ မဟုတ်ရင်လည်း ရသစာပေ တခုခု ရေးနိုင်အောင် လုပ်ပါလားပေါ့…
ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ဘယ်အရာမှ ရေးလို့မရ အတွေးထဲရောက်မလာပါ…
ခုချိန်မှာ မြန်မာပြည်အတွက်
လူငယ်တွေတိုးတက်ရာ ရေးမယ်ဆို ဘာရေးမလဲ
စဉ်းစားကြည့်ပါအုန်း…
ပြည်ပထွက် အလုပ်လုပ်ကြဖို့ပြောရမလား…
ဘယ်နည်းနဲ့ မဆို ဆိုရှယ်မီဒီယာမှာ ပေါက်အောင်လုပ်ပြောရမလား…
တောထဲသွား တပ်ထောင် ရွှေတူး သစ်ထုတ် အခွံကောက်ကြ ပြောရမလား…
Nug ထောက်ထံ လူကြီးလူရင်းတယောက်မွေး အလှူခံပြောရမလား…
စစ်တပ်နဲ့ တဲ့အောင်နေ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစား ဘဝ ကျေနပ်ကြ ပြောရမလား…
မတည်ငြိမ်တဲ့ တိုင်းပြည်မှာ ကိုယ်ကျင့်တရားနဲ့ပညာရပ်တွေက ဘာမှ အသုံးမဝင်ပါဘူး..
ရသ စာပေ တခုခု ရေးတော့ရော…
စဉ်းစားကြည့်ပါအုန်း…
ဒီလောက် အပူမီးတောက်နေကြတဲ့ လူတွေရဲ့ နှလုံးသားထဲ ဦးနှောက်ထဲ ကို ဘယ်လို ရသမျိုးက နေရယူနိုင်မှာမို့လည်း…
နောက်တခုက ရသစာပေဆိုတာ သဘာဝ စစ်စစ်ကိုရေးတာ ဘက်မလိုက်ရဘူး ဘက်မပါရဘူး…ဘက်လိုက်တဲ့ ဘက်ပါတဲ့ စာဖြစ်သွားရင် ရသ စာပေမခေါ် ပရိုပါဂျန်တာ ဝါဒ ဖြန့်ချီရေးစာပေဖြစ်သွားတယ်…
အစစ်အမှန် သဘာဝ ကျကျရေးတော့ရော ဘယ်သူက လက်ခံ မလဲ …
မောင်ရှင်စောရေးတဲ့ ကေတီဗွီ လို ကဗျာမျိုး က ခေတ် ကောင်းမှ ဖတ်လို့ကောင်းတာ ခုဖတ်ကြည့်ပါလား အရသာ မရှိတော့ဘူး …ခု က အဲ ကဗျာထဲက ကောင်မလေး ထက်ဆိုးတဲ့ ဘဝ တွေ ဖြစ်နေကြလို့…
ဒါ ဆိုရင် … cdm လုပ်ရင်း အငယ်အနှောင်း ဖြစ်သွားတဲ့ ဆရာမ လေးရဲ့ ဇာတ်နာပုံလေး ရေးကြည့်ပါလား …ဆဲလိုက်ကြမယ့်ဖြစ်ခြင်း…
ပြောချင်တာက လူမှုစံနှုန်းတွေ အကုန်ပျက်ကုန်ပြီ…
ဦးအောင်သင်းတို့ ဇာဂနာတို့ အော်ပီကျယ်တို့ မောင်သာချိုတို့ မောင်စိန်ဝင်းတို့ ချစ်ဦးညိုတို့ ညီမင်းညိုတို့ နေဝင်းမြင့်တို့ ခင်ခင်ထူးတို့ ဂျူးတို့ တိုင်းပြည်ကိုပတ်ပြီး တရားဟောခဲ့တာ ဆယ်စုနှစ်တခုလောက်ရှိပြီ။
ဘယ်သူတွေတရားထူးရသွားကြလို့လဲ…ခုတော်လှန်ရေး ထဲဖေါက်ပြန်နေတဲ့ သူတွေထဲ အဲဒိစာပေ ဟောပွဲတွေကို ဦးဆောင်ခဲ့သူတွေ ကမကထပြုခဲ့သူတွေ နားထောင်ခဲ့ဘူးသူတွေ အပုံအပင်ပေါ့။
တကယ်တော့ တိုင်းပြည်က ဆုံးမစာတွေနဲ့ ပုံနေပြီ၊ ပြဿနာ က မကျင့်ကြံတဲ့ ပြဿနာ။
1 month ago | [YT] | 8