Hey everyone, welcome to CDM FM! We're here to share stories from our lives, from the very beginning to where we are now, amidst the Spring Revolution in Myanmar.

At CDM FM, we keep it simple and real. We talk about what it was like growing up, the things we've learned, and the challenges we've faced along the way.

From childhood memories to teenage adventures, and now, finding ourselves in the midst of the Spring Revolution, we're here to talk about it all. We'll share our hopes, our dreams, and the moments that have shaped us into who we are today.

So, whether you're reflecting on the past or navigating the present, tune in to CDM FM for stories that resonate and conversations that matter.

Where every story counts.
Where we're all in this together.
Empowering Minds, Inspiring Change.
Where the revolution meets good vibes.

@CDM_FM


CDM FM

မင်္ဂလာပါ 𝑪𝒍𝒊𝒄𝒌𝒆𝒓 တို့ခင်ဗျာ
𝑪𝒍𝒊𝒄𝒌𝒆𝒓 ​တွေရဲ့အားနဲ့ 𝑪𝑫𝑴 𝑭𝑴 လည်ပတ်နိုင်ခဲ့တာပါ။ စတင်ချိန်ကတည်းက​နေအခုထိ ​ဝန်းရံ​ပေးသူ 𝒄𝒍𝒊𝒄𝒌𝒆𝒓 ​တွေကို ​ကျေးဇူးတင်စကား​ပြောပါရ​စေ။

ဘာတင်တင်ဝန်းရံ​ပေးခဲ့သူ​တွေကို ​ကျေးဇူးအထူးတင်ရှိပါတယ်။ ဘာတင်တင် ဒိုးပြားရမဲ့ စီအမ်​လေး ပွင့်လာပါပြီခင်ဗျာ။

𝑨𝒅𝒎𝒊𝒏 ကျ​နော်​တော့ ​​ပျော်​နေပါပြီ။ 𝑪𝒍𝒊𝒄𝒌𝒆𝒓 ​တွေလည်း​ပျော်ရ​အောင် သတင်းစကား​ပါးချင်လို့ပါ။ ပြီး​တော့ အ​ခြေအ​နေတစ်ခု​အရ နားထားတဲ့ 𝑪𝑫𝑴 စကားဝိုင်း​တွေကိုလည်း ဆက်လက်တင်ဆက်သွားပါမယ်။

𝑨𝒅𝒎𝒊𝒏
CDM FM

#𝙛𝙤𝙧𝙮𝙤𝙪
#𝙘𝙡𝙞𝙘𝙠𝙚𝙧𝙨
#𝙛𝙤𝙡𝙡𝙤𝙬𝙚𝙧𝙨
#အံတုရုန်းကန်စီဒီအမ်

2 days ago | [YT] | 49

CDM FM

လူခါးတောင်းကျိုက်ရင် ကူလီပဲဖြစ်မှာပေါ့

စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့
စာဖတ်တယ်ဆိုတာ တစ်ပါးသူရဲ့အမှားကို
ကိုယ်ဆက်မမှားအောင်လုပ်တာ

တစ်ပါးသူရဲ့အတွေ့အကြုံကို
ကိုယ့်အတွေ့အကြုံအဖြစ်ရယူတာပဲ

လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ
သင်ခန်းစာကို ယူတတ်ကြတယ်

လူမိုက်တို့သည် ကိုယ်တိုင်မှားမှ
သင်ခန်းစာရကြတယ်

ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက်နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့

ကိုယ်တိုင်မှားမှ မှားမှန်းသိရင်
ခွေးသာသာဖြစ်သွားမှာပေါ့

စာကြည့်တိုက်တစ်တိုက်ဖွင့်ရင်
အချုပ်ထောင်မှာ လူငါးယောက်လျော့မယ်

စာဖတ်တဲ့လူဟာ
အသိအဉာဏ်အားကောင်းလာတယ်

အနည်းဆုံး
မိဘတွေ ဆုံးမရတာသက်သာတယ်

မင်းကိုမင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ

မင်းမိသားစုကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ

မင်းတိုင်းပြည်ကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ

မင်းတို့တစ်တွေ
ဗဟုသုတကိုရှာဖွေပါ
လေ့လာပါ
ဆည်းပူးပါ
စာဖတ်ပါ

တစ်ပါးသူရဲ့အတွေ့အကြုံကို
လက်ဆင့်ကမ်းယူကြပါ
ဘဝကို

ဦးနောက်ကိုဦးစားပေးတဲ့စာမျိုး
များများ ဖတ်စေချင်တယ်..!!

ဆရာဦးအောင်သင်း

#စာပေဟောပြောပွဲ
#အောင်သင်း

4 days ago | [YT] | 33

CDM FM

မင်္ဂလာပါအမျိုးတို့ရေ
CDM FM နားဆင်သူတွေ ရေချိုးရင်း သီချင်း ဆိုလေ့ရှိလား ❓️❓️

ရေချိုးရင်းသီချင်းဆိုတာက ကျနော်တို့အတွက် ဘယ်လိုကျန်းမာရေးတွေ ရစေနိုင်မလဲ​နော်။

ကျနော်ဆို ဒီနေ့ ရေချိုးရင်း အဆိုတော် ဇော်ဝင်းထွဋ်သီချင်း (၂) ပုဒ် " အနှိုင်းမဲ့ နဲ့ ပျားရည်" အကျယ်ကြီးအော်ဆိုဖြစ်တယ်။

"ဝလုံးကလေးမှ ဝိုင်းအောင်မရေးနိုင်ရင် ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းရယ်......." သီချင်းကတော့ ကျနော်ရေချိုးရင်း အကျယ်ကြီးအော်ဆိုနေကြ ပင်တိုင်သီချင်းတစ်ပုဒ်ပဲပေါ့။

သီချင်းဆိုတယ်ဆိုလို့ အသံမကောင်းဘူးနော်။ ကီးလည်း လွဲတက်ပါသေးတယ်။ ဒါပေမဲ့ ရေချိုးရင်း သီချင်းဆိုရတာကို ကျနော်သိပ်ကြိုက်တယ်ခင်ဗျာ။

ဒါနဲ့ စဉ်းစားမိတာ ရေချိုးရင်းသီချင်းဆိုတာ ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲဆိုတာပေါ့ဗျာ။ စာတွေရှာဖတ်ကြည့်တော့ Researcher (သုတေသနပညာရှင်) တွေရဲ့လေ့ လာတွေ့ရှိချက်တွေ တွေ့ရပါတယ်။

🎶 ​ယေဘူယျအားဖြင့် သီချင်းဆိုခြင်းကြောင့် ရနိုင်မဲ့အကျိုးကျေးဇူးတွေကတော့

✅ စိတ်ဖိစီးမှုလျော့ကျလာခြင်း
✅ သွေးဖိအားကျလာခြင်း
✅ အာရုံစူးစိုက်မှုတွေကောင်းလာခြင်း
✅ ကိုယ်ခံအားတိုးလာခြင်း
✅ ကြွက်သားသန်မာလာခြင်း
✅ အသံကောင်းလာခြင်း
✅ နာကျင်မှုသက်သာလာနိုင်ခြင်း
✅ စိတ်ညစ်စရာတွေ မေ့နိုင်ခြင်း ပါတဲ့ခင်ဗျာ။

ကဲ ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ အကြမ်းဖျင်း​တော့ သိရပြီဟုတ်။ အသည်းကွဲနေရင် ရေချိုးရင်းသီချင်းတစ်ပုဒ်​လောက် အကျယ်ကြီးအော်ဆိုကြည့်ပါ။ ကွဲသွားတဲ့ အသည်းတော့ ပြန်မဆက်သွားပေမဲ့ ခဏတာ စိတ်သက်သာရာ ရသွားပါလိမ့်မယ်။

😄 ဆိုတော့... ရေချိုးရင်း သီချင်းဆိုလေ့ရှိတဲ့သူငယ်ချင်းတွေအတွက်လည်း share လုပ်ပေးပါဦး 💙

💌 ​ရေချိုးရင်းသီချင်းဆိုတဲ့အခါ ဘယ်လို funny moment တွေရှိခဲ့လဲ comment ထဲမှာ ပြောပြခဲ့ပါနော် 👇👇

#Disclaimer
​ဆေးပညာရှု့​ထောင့်က ​​ရေးထားခြင်းမဟုတ်ပါ။ ကိုယ်တိုင်လုပ်ဖြစ်တာ​ရော စာဖတ်ခဲ့တာ​ရော ​ပေါင်းစပ်​ရေးသားထားခြင်းဖြစ်ပါသည်။

ဝိုင်း​တော်သားတစ်ဦး
CDM FM
#followes
#foryouシ
#fyrppppppppppp
#SingingInTheShower

1 month ago | [YT] | 56

CDM FM

🌧 𝑯𝒆𝒍𝒍𝒐 𝑨𝒖𝒈𝒖𝒔𝒕 ! 🌿

နှစ်တစ်နှစ်ရဲ့ ၈ လမြောက်လဖြစ်ပြီး ရာသီပန်းကတော့ သစ္စာပန်း (𝑮𝒍𝒂𝒅𝒊𝒐𝒍𝒖𝒔) ဖြစ်ပါတယ်။

𝑮𝒍𝒂𝒅𝒊𝒐𝒍𝒖𝒔 ဆိုတာ 𝑳𝒂𝒕𝒊𝒏 ဘာသာဖြင့် "𝑮𝒍𝒂𝒅𝒊𝒖𝒔" — ဓားရှည် ဆိုတဲ့အဓိပ္ပါယ်ကနေ ဆင်းသက်လာပြီး သူရဲကောင်းဆန်ခြင်း၊ သမာဓိ၊ သစ္စာတရားမြဲမြံမှုတို့ကို ကိုယ်စားပြုတဲ့ သင်္ကေတပန်းလည်း ဖြစ်ပါတယ်။

မေတ္တာရေးအနေနဲ့ဆိုရင် "နက်ရှိုက်ခြင်း"၊ "အရူးအမှုးစွဲလမ်းခြင်း" ဆိုတဲ့ ခံစားမှုတွေကိုလည်း ကိုယ်စားပြုပါတယ်။ 🌸

📖 သမိုင်းမှတ်တမ်းတွေအရ —
ရောမခေတ်မှာ သြဂုတ်လကို 𝑺𝒆𝒙𝒕𝒊𝒍𝒊𝒔 လို့ ခေါ်ခဲ့ကြပြီး၊ နောက်ပိုင်း 𝑨𝒖𝒈𝒖𝒔𝒕𝒖𝒔 𝑪𝒂𝒆𝒔𝒂𝒓 ကို ဂုဏ်ပြုတဲ့အနေနဲ့ “𝑨𝒖𝒈𝒖𝒔𝒕𝒖𝒔” ဟု အမည်ပြောင်းခဲ့ကြပါတယ်။

🌿 မြန်မာနိုင်ငံမှာ​တော့
သြဂုတ်လက မိုးများတဲ့လဖြစ်ပြီး၊ နွေဦးပြီးတဲ့နောက် တောတောင်တွေဆီက စိမ်းလန်းမှုတွေအပြည့်အဝတွေ့မြင်ရတဲ့ မိုးတွင်း လတစ်လလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ယနေ့ မြန်မာနိုင်ငံမှာ စစ်ပွဲများသာမက (သဘာဝရော သဘာဝမဟုတ်တဲ့ လူလုပ်တဲ့) ရေကြီးရေလျှံမှုများကြောင့် သဘာဝအလှအပတွေကိုပင် ဆုံးရှုံးနေရပါတယ်။

🌳တောတောင်သဘာဝပတ်ဝန်းကျင်တွေက စိမ်းလန်းဝေဖြာနေရမဲ့အစား မတရားကြဲချနေတဲ့ ဗုံးဒဏ်၊ 𝑹𝑷𝑮 ဒဏ်တွေကြောင့် ဖျက်ဆီးခံနေရပါတယ်။

🌀 အခုတလောမှာတော့ မုန်တိုင်းဝီဖာ (𝑾𝒊𝒑𝒉𝒂) ဆိုတဲ့ သဘာဝဘေးအန္တရာယ်ရိုက်ခတ်မှုကြောင့် မြန်မာပြည်မှာ မိုးမပြတ်ရွာသွန်းနေပါတယ်။ အချို့ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လူလုပ်စစ်ပွဲတွေအပြင် သဘာဝဘေးအန္တ ရာယ်ကိုပါ တွဲခံနေရပါတယ်။

ရှေ့ပြည်သူ့အစိုးရလက်ထက်မှာ ရှိခဲ့တဲ့ သဘာဝဘေးအန္တရာယ်ရန်ပုံငွေ - 𝑵𝒂𝒕𝒊𝒐𝒏𝒂𝒍 𝑫𝒊𝒔𝒂𝒔𝒕𝒆𝒓 𝑴𝒂𝒏𝒂𝒈𝒆𝒎𝒆𝒏𝒕 𝑭𝒖𝒏𝒅 (𝑵𝑫𝑴𝑭)ထဲက ကျန်ငွေတွေကလည်း လူသတ်ဖို့အတွက် ရန်ပုံငွေအဖြစ်လုယူသွားခဲ့တာ အားလုံးအသိပါပဲခင်ဗျာ။ ​ဒီလို​ခေတ်ဆိုးကို​ကျော်လွန်နိုင်ဖို့ ကျနော်တို့အားလုံး နွေဦးတော်လှန်ရေး အောင်မြင်ဖို့ရာ ကိုယ်ပါဝင်တဲ့နေရာတွေကနေ တွန်းတွန်းတိုက်တိုက် ဆက်ပြီးကြိုးစားသွားကြပါမယ်။

📚 နားဆင်သူတွေထဲမှာ မိုးချစ်သူတွေပါလားခင်ဗျာ။ မိုးရာသီဇာတ်လမ်းတွေ ၊ မိုးနဲ့ ကော်ဖီဒိတ်ခဲ့ကြတဲ့ အမှတ်တရတွေ ရှိလားခင်ဗျာ။ တကယ်တော့ မိုးရာသီ အလုပ်ပိတ်ရက် အားလပ်ချိန် 𝑴𝒆 𝑻𝒊𝒎𝒆 တွေက စာဖတ်ဖို့အချိန်ကောင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

🎂 သြဂုတ်လမွေးနေ့ရှိတဲ့သူ​တွေအတွက် Happy Birthday ပါခင်ဗျာ။ အေးချမ်းတဲ့စိတ်သဘောတွေနဲ့ မေတ္တာစွမ်းအင်တွေ ပြည့်ဝနေကြပါစေ။ အကောင်အထည်ဖော်ဖို့ တွန့်ဆုတ်မိနေတဲ့ အစီအစဉ်တွေ ရှိရင် အကောင်အထည်စဖော်ကြပါစို့ခင်ဗျာ။

🌈 မိုးရာသီရဲ့အေးချမ်းမှု​တွေနဲ့အတူ စိတ်​အေးကိုယ့်အေးနဲ့ ​လေ့လာသင်ယူမှုအသစ်​တွေနဲ့ လုပ်ငန်းအသစ်တွေနဲ့ သြဂုတ်လကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းကြရ​အောင်​နော်။

#DISCLAIMED
​အောက်ပါပုံ​တွေက​တော့ August လမှာ ​မွေးဖွားခဲ့သူ​တွေထဲကအချို့နှင့် သစ္စာပန်းပုံတို့ပဲ ဖြစ်ပါတယ်။ credit ​ပေးပါတယ်ခင်ဗျာ။

ဝိုင်း​တော်သားတစ်ဦး
CDM FM

#followes
#foryouシ
#fyrppppppppppp
#𝑨𝒖𝒈𝒖𝒔𝒕𝑽𝒊𝒃𝒆𝒔
#မိုးရာသီ
#𝑮𝒍𝒂𝒅𝒊𝒐𝒍𝒖𝒔
#သစ္စာပန်း
#သတ္တိတရား
#မြန်မာ့သဘာဝ
#𝑪𝑫𝑴𝑭𝑴

1 month ago | [YT] | 24

CDM FM

🌱 လူတိုင်းအတွက် မရှိမဖြစ် 𝙎𝙚𝙡𝙛-𝙘𝙖𝙧𝙚

ဒီနေ့ခေတ်၊ အခုလို​အ​ခြေအ​နေတွေမှာ လူတိုင်းလူတိုင်း အလုပ်၊ မိသားစု၊ လူမှုရေးတာဝန်တွေနဲ့ အလုပ်​တွေများ​​နေတက်တယ်။

ဒီလိုအခြေအ​နေ​တွေမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း (𝙎𝙚𝙡𝙛-𝙘𝙖𝙧𝙚) က ရုပ်ပိုင်းဆိုင်ရာကျန်းမာ ရေး၊ စိတ်ပိုင်းဆိုင်ရာကျန်းမာ​ရေးတို့အတွက် မဖြစ်မနေလိုအပ်ပြီး အ​ရေးလည်းကြီးပါတယ်။


🧘 𝙎𝙚𝙡𝙛-𝙘𝙖𝙧𝙚 ဆိုတာဘာလဲ?

𝙎𝙚𝙡𝙛-𝙘𝙖𝙧𝙚 ဆိုတာ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးနားလည်ပြီး ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာ​ရေးနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာ​ရေး​ကောင်းမွန်​စေဖို့အတွက် ကိုယ်ကိုယ့်ကိုဂရုစိုက်ခြင်းပဲ ဖြစ်ပါတယ်။

ကျ​နော်တို့​တွေရဲ့ ငယ်ဘဝနဲ့ ဖြတ်သန်းလာတဲ့ဘဝတစ်​လျှောက်မှာ 𝙎𝙩𝙞𝙜𝙢𝙖 ​တွေရှိ​နေတက်ကြပါတယ်။ 𝙎𝙚𝙡𝙛-𝙘𝙖𝙧𝙚 သာ ​ကောင်းကောင်းလုပ်နိုင်မယ်ဆို ကိုယ့်မှာရှိတဲ့ 𝙎𝙩𝙞𝙜𝙢𝙖 ​တွေကို အလျဥ်း​​ပျောက်​အောင်မလုပ်နိုင်​ပေမဲ့ ရှိ​နေတဲ့ 𝙎𝙩𝙞𝙜𝙢𝙖 ကို ​​သေး​သေးသွား​အောင် ​လုပ်နိုင်ပါတယ်။ ​

လူအများစုက မိမိရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာ​ရေးကို ဂရုစိုက်ဖို့အတွက် ​လေ့ကျင့်ခန်းပုံမှန်လုပ်​လေ့ရှိကြတယ်၊ ​ထိခိုက်ဒဏ်ရာမဖြစ်​​အောင် ​နေကြတယ်။ တစ်ခုခုဖြစ်လာခဲ့ရင်လည်း ​ဆေးရုံ​ဆေးခန်းကို သွားကြတယ်။ လိုအပ်ရင် ကုသမှုခံယူတယ်။

ဒါ​ပေမဲ့ ကိုယ့်မှာလိုအပ်​နေတဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်အတွက် သင့်​တော်တဲ့အကူအညီရယူဖို့ရာ​တော့ တွန့်​ဆုတ်နေတက်ကြပါတယ်။ ကိုယ့်စိတ်ကို ကိုယ်သာလျှင် အသိဆုံး​ပါ။ စိတ်ခံစားချက်​တွေမ​ကောင်း​နေရင် ရင်းနှီးပြီးယုံကြည်ရတဲ့ ​နောက်​ကျောဓါးနဲ့မထိုးမဲ့ မိတ်​ဆွေအ​ပေါင်းအသင်း​တွေရှိရင် သူတို့ကို ရင်ဖွင့်ပါ။

အကယ်၍မှ ကိုယ့်စိတ်အ​ခြေအ​နေက ​တော်​တော်ကြီးကို မ​ကောင်း​တော့သလို ခံစား​နေရပြီဆိုရင်၊ ကိုယ့်လုပ်ငန်း​ဆောင်တာ​တွေမှာ သွားထိ​နေပြီဆိုရင် ကျွမ်းကျင်ပြီး 𝙚𝙩𝙝𝙞𝙘𝙨 ရှိတဲ့ 𝘾𝙤𝙪𝙣𝙨𝙚𝙡𝙤𝙧 ​တွေဆီ ဆက်သွယ်အကူအညီ​တောင်းပါ။ လိုအပ်တဲ့အကူအညီ​တွေ ရယူပါ။

စိတ်နှလုံးကို ခန္ဓာကိုယ်လိုပဲ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒါ​ပေမဲ့ စိတ်က အင်မတန်သိမ်​မွေ့ပါတယ်။

🕊️ 𝙎𝙚𝙡𝙛-𝙘𝙖𝙧𝙚 ဘယ်လိုလုပ်ကြမလဲ

၁။ ကိုယ့်ကိုယ်ကိုအနားပေးပါ။
အလုပ်နဲ့ 𝙧𝙚𝙡𝙖𝙩𝙞𝙤𝙣𝙨𝙝𝙞𝙥 တွေကြားမှာ အနားမယူပဲ ဆက်တိုက်အလုပ်လုပ်နေမိတာမျိုးဆို တစ်နာရီ​လောက်ဆက်တိုက်လုပ်​​နေမိတဲ့အခါမှာ ၁၅ မိနစ်​လောက် မျက်စိ၊ ဦး​နှောက်နဲ့ စိတ်ကို အနား​ပေးလိုက်တာမျိုး။ ဥပမာ – ​ခေါင်း​လေ့ကျင့်ခန်း​လေးလုပ်လိုက်တာမျိုး၊ လမ်းထ​လျှောက်လိုက်တာမျိုးနဲ့ အနားမှာရှိတဲ့သူ​တွေနဲ့ စကား​လေး​ပြောလိုက်တာမျိုး၊ ကိုယ်ကြိုက်တဲ့သီချင်း​လေး နား​ထောင်လိုက်တာမျိုး လုပ်သင့်ပါတယ်။

၂။ ကိုယ့်ရဲ့​နေ့စဥ်စားသောက်မှုပုံစံကို ဂရုစိုက်ပါ။

ကျန်းမာ​ရေးနဲ့ညီညွတ်တဲ့အစားအစာမျိုးကိုရွေးချယ်စား​သောက်တာ၊ အရက်ဘီယာနဲ့ ​မူးယစ်​ဆေးသုံးစွဲမှု​တွေကို တက်နိုင်သမျှ ​ရှောင်တာ၊ သုံး​လေ့သုံးထရှိတယ်ဆို သုံးတဲ့ပမာဏ​လျှော့ချတာ၊ ​လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်တာမျိုးကို အ​လေ့အကျင့်တစ်ခုဖြစ်​အောင် ​မွေးမြူတာ ကျင့်သုံး​ဆောင်ရွက်တာမျိုး ​လုပ်သင့်ပါတယ်။

၃။ မိမိစိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။

အချိန်တိုင်း မိမိစိတ်အ​ခြေအ​နေကို စစ်​ဆေးပါ။ “ငါအခု ဘာ​​တွေခံစား​နေလဲ?” လို့ မေးကြည့်ပါ။

ကိုယ့်ရဲ့အချိန်​တွေကို သူများအတွက် သုံး​ဖြစ်​နေလား။ ကိုယ်ကိုတိုင်က​ရော အများအကြိုက်လိုက်​နေတက်သူ 𝙥𝙚𝙤𝙥𝙡𝙚-𝙥𝙡𝙚𝙖𝙨𝙚𝙧 တစ်ဦး ဖြစ်​နေပြီလား။ သူများအချိန်​တွေလည်း တန်ဖိုးရှိသလို ကိုယ့်အချိန် ကိုယ့်လုပ်အား​တွေကလည်း တန်ဖိုးရှိတယ်ဆိုတာ အမြဲသတိရ​ပေး​နော်။

မကြာခဏ စိတ်ဓာတ်ကျ 𝘿𝙚𝙥𝙧𝙚𝙨𝙨𝙞𝙤𝙣 ဝင်​နေတာ၊ 𝘼𝙣𝙭𝙞𝙚𝙩𝙮 တွေများ​နေတာ၊ 𝙎𝙩𝙧𝙚𝙨𝙨 တွေပိ​နေတဲ့အခါ ရင်ဖွင့်လို့ရတဲ့ ယုံကြည်ရတဲ့ မိမိရဲ့မိသားစု၊ သူငယ်ချင်းတွေဆီ ထုတ်​ဖော်​ရင်ဖွင့်​ပြောဆိုပါ။ အတိမ်အနက်​ပေါ်မူတည်ပြီး ကျွမ်းကျင်တဲ့စိတ်ပိုင်းဆိုင်ရာပညာရှင်​တွေဆီ ဆက်သွယ်အကူအညီရယူပါ။

၄။ ကိုယ်ခန္ဓာအတွက် ​လေ့ကျင့်ခန်းလုပ်ပါ။

တစ်ပတ် ၃ ကြိမ်ပဲဖြစ်စေ၊ လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်တဲ့အကျင့်​တွေ ​မွေးမြူပါ။

လေ့ကျင့်ခန်းမလုပ်ဘဲ ကျန်းမာ​ရေးနဲ့မညီတဲ့စား​သောက်​နေထိုင်မှုပုံစံအတိုင်း ဆက်ပြီး​နေလိုက်မယ်ဆိုရင်အနာဂတ်မှာ ကျန်းမာရေးအတွက် ပိုကြီးမားတဲ့ စရိတ်ထွက်နိုင်ပါတယ်။

၅။ မိမိကိုယ်ကို ချစ်တတ်ပါ။

ကိုယ့်ရဲ့အားနည်းချက်တွေလည်း ကိုယ်သိသင့်သလို ကိုယ့်မှာရှိတဲ့အားသာချက်၊ အောင်မြင်မှု​တွေ၊ စွမ်းဆောင်ချက်​သေး​သေး​လေး​တွေအတွက် မိမိကိုယ်ကို ဂုဏ်ပြုချီးကျူး​ပေးတဲ့ အကျင့်​လေးကို ပြုစု​ပျိုး​ထောင်ကျင့်သုံးပါ။

နေ့တိုင်း “ကိုယ့်ရဲ့​ကောင်းမွန်တဲ့လုပ်​ဆောင်မှု​တွေကို” စာအုပ်မှာ 𝐉𝐨𝐮𝐫𝐧𝐞𝐥𝐥𝐢𝐧𝐠 ရေးခြင်းကလည်းစိတ်ကျန်းမာရေးအတွက် အ​ထောက်အကူအများကြီး ဖြစ်​စေပါတယ်။

🌟𝙏𝙖𝙠𝙚 𝙖𝙬𝙖𝙮 𝙢𝙚𝙨𝙨𝙖𝙜𝙚

𝙎𝙚𝙡𝙛-𝙘𝙖𝙧𝙚 ဆိုတာ ဇိမ်ခံခြင်းမဟုတ်ပါ၊ ကိုယ့်ကိုယ်ကို ​ရှေ့တန်းတင် အတ္တကြီးခြင်းမျိုးလည်း မဟုတ်ပါ။

𝙎𝙚𝙡𝙛-𝙘𝙖𝙧𝙚 ကို အတိုချုံး​ပြောရရင် — 👉 “မိမိကိုယ်ကို ဂရုစိုက်ပေးခြင်း” ပါပဲ။

ကိုယ်ကိုယ်ကိုချစ်တက်ကြပါ​စေခင်ဗျာ။

CDM FM
#selfcare
#fyrppppppppppp
#foryouシ

1 month ago | [YT] | 25

CDM FM

𝘽.𝙀.𝙃.𝙎 𝘾𝘿𝙈 𝙎𝙩𝙪𝙙𝙚𝙣𝙩𝙨 မောင်​လေး ​ညီမ​လေးတို့အတွက် ခွန်းအားဖြည့်စကား​လေး အနည်းငယ်​ပြောခွင့်ပြုပါ။

𝘽.𝙀.𝙃.𝙎 𝘾𝘿𝙈 𝙎𝙩𝙪𝙙𝙚𝙣𝙩𝙨ကျောင်းသား မောင်​လေး..ညီမ​လေးတို့​ရေ

"နိုင်ငံ​ရေးက မင်းတို့နဲ့ ဘာဆိုင်လဲ၊
မင်းတို့ နိုင်ငံ​ရေးသမား​တွေကြားထဲ မညှပ်ချင်စမ်းပါနဲ့" ဆိုတဲ့စကား​တွေကို မင်းတို့ အံတုပြီး နီးစပ်ရာ ဖက်ဒရယ်​အွန်လိုင်း​ကျောင်း​တွေမှာ ဆက်ပြီး စာ​လေ့လာသင်ယူခဲ့ကြတယ်။ ​​

​စကစ​ကျောင်း​တွေမှာ ​ကျောင်းသားစည်းကမ်း၊ လူ့ကျင့်ဝတ်​တွေနဲ့သွေဖယ်​နေတဲ့စိတ်ဓါတ်နဲ့ အပြုအမှု​တွေနဲ့ကြီးပြင်း​နေကြချိန် ​မောင်​လေးညီမ​လေးတို့က​တော့ အွန်လိုင်းက​နေသင်ရတယ်ဆို​ပေမဲ့ စိတ်ဓါတ်မ​ဖောက်ပြား မ​လော်လီတဲ့ 𝘾𝘿𝙈 ဆရာ​၊ ဆရာမတွေဆီက​နေ ပညာ​ဆက်လက်​လေ့လာခဲ့ကြတယ်။

𝘾𝘿𝙈 ​ကျောင်းသူ၊ ​ကျောင်းသားအချို့ဆို ဒီ ၅ နှစ်အတွင်း ပညာ​ရေးမှာ ခရီးအ​တော်​ပေါက်ခဲ့ကြလို့ ဘွဲ့ရသူအချို့လည်း ရှိ​နေပြီ ဖြစ်ပါတယ်။ (စကစ​ကျောင်းမှမဟုတ်ဘဲ) အချို့ဆို ပညာ​တော်သင်ခရီးကိုဆက်၊ အချို့ကလည်း သင်ကြား​ရေးမှာပြန်ကူ၊ အချို့က​တော့ တလရ​အောက်က ဘယ်​နေရာမှာမဆို 𝙑𝙤𝙡𝙪𝙣𝙩𝙚𝙚𝙧 တွေအဖြစ် ဆက်လက်​ရှေ့ဆက်​နေကြတာကို ​တွေ့ရပါတယ်။

ကျ​နော်တို့ 𝘾𝘿𝙈 နိုင်ငံ့ဝန်ထမ်း​​တွေက ပညာရပ်တစ်ခုခုတက်​မြောက်ထားကြပြီးသူ​တွေ အများစုဖြစ်ကြလို့ ဘဝအတွက် ​မောင်​လေးညီမ​လေးတို့ထက် ပိုပြီးရင်ဆိုင်နိုင်စွမ်း ​လှော်တက်​တွေရှိကြတယ်။

ဒါ​ပေမဲ့ မင်းတို့က ​ပညာ​ရေးလမ်းခရီးမှာ ရှိ​နေကြတုန်း။ မင်းတို့က စိတ်ဓါတ်ပိုပြင်းပြတယ်။ စကစကိုတွန်းလှန်ရာမှာ မင်းတို့​​တွေကိုကြည့်ပြီး​တော့ ​အားပြန်ယူခဲ့ရတဲ့အခိုက်အတန့်​တွေ ကျ​နော်မှာ ရှိခဲ့ဖူးတယ်။

ဒီ​နေ့ စကစရဲ့ ​စာ​မေးပွဲရလဒ်​တွေနဲ့ပတ်သက်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ စကစ​ကျောင်းထွက်​တွေ အခုချိန် အချင်းချင်း Con Con ​​တွေ လုပ်​နေကြတာ​တွေကို ကြည့်ပြီး စိတ်ဓါတ်မကျဖို့ ​ပြောချင်ပါတယ် ​မောင်​လေး၊ ညီမ​လေးတို့​ရေ

𝓐𝓭𝓶𝓲𝓷
CDM FM
#followersreelsfypシ゚viralシfypシ゚viralシalシ
#fyrppppppppppp

1 month ago | [YT] | 31

CDM FM

CDM FM ရဲ့ အမာခံကလစ်ကာများခင်ဗျာ
မနက်ဖြန်မှာ Video ​တွေတင်ပါမယ်​နော်။
ဒီ​နေ့မှာ​တော့ ယခင်က Video ​တွေကိုပဲ ကလစ်​ပေးပါလို့ ​​မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

​လေးစားလျက်
CDM FM

1 month ago | [YT] | 33

CDM FM

CDM FM ရဲ့ အမာခံကလစ်ကာတို့ခင်ဗျာ...

​နွေဦး​နောင်​တော်ကြီး ​ကျောင်းဆရာ (ABSDF) ရေးသားထားတဲ့ ​​နွေဦးရဲ့စစ်ဖိနပ်​ခြေရာများ ဆိုတဲ့ စာအုပ်လေးကို တင်ဆက်လာတာ အခန်း ၁ မှာပါတဲ့ အပိုင်း ၁ မှ ၈ ကစလို့ တင်ဆက်လာခဲ့တာ အခုဆို "အပိုင်း ၈၊ အပြိုင်စကြာဝဠာ" ထိ တင်ဆက်ထားပြီ ဖြစ်ပါတယ်။ မနက်ဖြန်မှာ "အပိုင်း ၉ ၊ ​နွေဦးထမင်းဝိုင်း" ကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။

ဒီစာအုပ်ကိုထပ်ဆင့်မျှ​ဝေခွင့် ပေးခဲ့ပါ​သော အစ်ကို ​ကျောင်းဆရာကိုလည်း ​ကျေးဇူးတင်ပါတယ်။

နားဆင်​​ပေးလျက်ရှိ​သော ​ပန်းခူး​ပေးကြသူသောတရှင်တို့ကိုလည်း ​ကျေးဇူးတင်ပါတယ်ခင်ဗျာ။

CDM FM ရဲ့ ဝိုင်းတော်သားတဦးက ဖတ်ပြပေးထားပြီး အပိုင်း (၁၀ မှ ၁၃) ဇာတ်သိမ်းပိုင်းထိလည်း ဆက်လက်နားဆင်ရမှာပဲ ဖြစ်ပါတယ် ခင်ဗျား။

​ဘေးကင်းလုံခြုံ စိတ်လက်ချမ်းသာ ကိုယ်ကျန်းမာကြပါ​စေလို့ ဆုမွန်​ကောင်း​တောင်းရင်း

​လေးစားလျက်
#CDM_FM_ဝိုင်းတော်သားတစ်ဦး

အခန်း ၁) အကြမ်းဖက်စစ်တပ်အား အမြစ်ဖြတ်ရန် သင့်အား ​​တော်လှန်​ရေးတပ်မ​တော်မှ အလိုရှိသည်
အပိုင်း ၁
https://youtu.be/g7lEcQKPTWQ?si=yusQ5...
အပိုင်း ၂
https://youtu.be/W7CKRHTagxc?si=YJW8j...
အပိုင်း ၃
https://youtu.be/fcfnENRlHOM?si=dTFnB...
အပိုင်း ၄
https://youtu.be/WkfidNePtfA?si=C9DaQ...
အပိုင်း ၅
https://youtu.be/NZwAIY6CK54?si=UQPgQ...
အပိုင်း ၆
https://youtu.be/vncO2jzgJqk?si=f0pO0...
အပိုင်း ၇
https://youtu.be/e3qkTCb1rXA?si=BvG9T...
အပိုင်း ၈
https://youtu.be/mj-QisiK-Bk?si=mV97L...

အခန်း ၂) အထက်တန်းစား အာစရိယ
https://youtu.be/QzSk0rc_0Iw?si=cx-ds...
အခန်း ၃) ​နွေဦး​တော်လှန်​ရေးအတွက် ဆရာတစ်​ယောက်၏​ဖြောင့်ချက်
https://youtu.be/cCXzDa2CKAE?si=8vb0F...
အခန်း ၄) စစ်​ခွေးစစ်စစ်ဖြစ်ချင်တယ်
https://youtu.be/JyhFnaRcmZ0?si=kk0GT...
အခန်း ၅) ပြုံးချိုကို ​မေးခွင့်ပြုပါ
https://youtu.be/nKFqwrfMOCw?si=R59wx...
အခန်း ၆) ​တော်လှန်​ရေးသစ္စာနဲ့ ချစ်ခြင်း​မေတ္တာ
https://youtu.be/P8D9LJQvt0E?si=WVDBI...
အခန်း ၇) ရန်သူ့လက်နက် ကိုယ့်အသက်
https://youtu.be/zi_MkxoPnPs?si=fGvaA...
အခန်း ၈) အပြိုင်စကြာဝဠာ
https://youtu.be/gd95FDuZxCQ?si=3rGPn...
အခန်း ၉) ​နွေဦးထမင်းဝိုင်း
https://youtu.be/5DtoUqX3Z-E
အခန်း ၁၀) ကျဆုံးခြင်း သို့ သစ္စာတရား၏အလွန်
အခန်း ၁၁) ရင်ခွင်းမိုင်း
Coming Soon.....



CDM FM
#followers
#ကျောင်းဆရာ_ABSDF
#နွေဦးရဲ့စစ်ဖိနပ်ခြေရာများ
#မြစ်ကွေ့စာပေတိုက်

1 month ago | [YT] | 10

CDM FM

"ဒေါင်းတောက်'' (ဗဟုသုတ)


မေး။ '' ဆရာ.... ''ဒေါင်းတောက်အောင် ရှာရတယ်ဆိုတာ'' လူတွေ ပြောတာကို မကြာခဏကြားဖူးတယ်။ ''ဒေါင်းတောက်အောင်'' ဆိုတာဘာလဲ မေးကြည့်တော့လဲ ဘယ်သူမှ ရေရေရာရာ မပြောနိုင်ကြဘူး။ ဒေါင်းတောက်အောင် ဆိုတာကို ဘာကြောင့် ပြောကြတာလဲ။
ဘာအဓိပ္ပါယ်လဲ ဆရာ။


ဖြေ ။ အေး မင်းတို့လိုပဲ ငါလဲ အူလည်လည် ဖြစ်ခဲ့ဖူးတယ်။ သို့သော်လဲ ငါက ကံအားလျော်စွာ ရင်းမြစ်အဖြေကို သိလာရတယ်။ ငါက စာပေဟောပြောပွဲတွေသွားရင်း တောခေါင်ခေါင် ကျေးရွာလေးတစ်ခုကို ရောက်သွားခဲ့တယ်။


"ငါမှတ်မိသလောက်တော့ဖြင့် တောင်တွင်းကြီးနဲ့ နေပြည်တော် ပျဉ်းမနားကြား မီးရထားဘူတာလေးရှိတဲ့ မင်းပြင်ဆိုတဲ့ ရွာကလေး ထင်မိတာပဲ။ တောအုပ် မြိုင်အုပ် အလွန်ကြီးတဲ့ နေရာတွေပေါ့။


အဲဒီမှာက ညနေပိုင်းဆိုရင် နေစောင်းတာနဲ့ မှောင်ရီပျိုးလာတာပဲ။ အဲဒီလို မှောင်ရီပျိုးစအချိန် ညစာအတွက်
ထမင်းပွဲပြင်နေကြတုန်းမှာ တောထဲက ဒုတ်ဒုတ်နဲ့ သစ်ခုတ်သံ ကြားရတာကိုး။ ဒါနဲ့ပဲ ငါက နားစွင့်နေလိုက်ရင်း
”ဒီအချိန်မှာတောင် သစ်ခုတ်တဲ့လူရှိသေးသလား”လို့ မေးလိုက်တော့ ...အိမ်ရှင်ကပြုံးပြီး ”သစ်ခုတ်တာမဟုတ်ဘူး။ ဒေါင်းတောက်နေတာပါ”တဲ့။


ငါလဲ အံ့အားသင့်ပြီး ”ဒေါင်းက သစ်ပင်ကို နှုတ်သီးနဲ့ ပေါက်နေတာလား”လို့ မေးတော့...”မဟုတ်ဘူး ဆရာ။ အဲဒီအတိုင်း "ဒေါက်.ဒေါက်"နဲ့ မြည်တာပါ။ ဒီလိုပါပဲ နေဝင်ချိန်အိပ်တန်းတက်တော့မှာမို့ သားသမီးတွေကို လိုက်ရှာအသံပေးပြီး စုခေါ်တာပေါ့ဆရာရယ်”တဲ့။


ငါ့စိတ်ထဲမှာ လုံးဝ မထင်မှတ်တာမို့ အံ့အားတောင်သင့်သွားမိတယ်။ အသံက ဒေါက်ဒေါက်နဲ့ မာလွန်းလို့ ဒေါင်းတွန်တာနဲ့ ဆက်စပ်လို့ကို မရနိုင်လောက်အောင်ပါပဲ။ ဒေါင်းမိခင်၊ ဖခင်က သားသမီးတွေကို အိပ်တန်းတက်ချိန်မှာ ရှာကြ၊ ဖွေကြတာကိုးကွယ့်။
အဲဒါကို ဥပမာပေးပြီး ပြောတာမို့ ဒေါင်းတောက်သလို ရှာတယ်လို့ ပြောခဲ့ကြတာ။ စဉ်းစားကြည့်တော့ ဒေါင်းတောက်သလိုလို့ သုံးခဲ့ကြတာဖြစ်မှာပေါ့။ ခုတော့ ဒေါင်းတောက်အောင်လို့ ပြောနေကြတယ်။ ငါလဲ ဒီလိုပဲ ပြောမိခဲ့တာပါပဲ။ တကယ်ဆိုတော့ ရင်းမြစ်ကို မသိကြလို့ ဒီလို ပြောနေကြတာပါ။


"ကဲ .....ဒေါင်းတောက်တာကို နားလည်ရော့ပေါ့။
ဒေါင်းတွန်တာကိုကော သိရဲ့လား။ ဘယ်လိုတွန်သလဲ..??''


”အိုးဝေလို့ တွန်တာပေါ့ ဆရာ”


”မင်းကြားဖူးသလား”


”မကြားဖူးဘူးဆရာ”


”အေး-ဟုတ်လိမ့်မယ်။ ဘယ် ကြားဖူးမလဲ။ တောကြီးမြိုင်ကြီးထဲမှာ ဆိုရင်တော့ တောလုံးဟိန်းသွားအောင် မြည်တာပေါ့။ ဒါပေမယ့် အသက်ကြီးလာတော့ အိုးဝေလို့ မမြည်နိုင်တော့ဘူး။ အိုးဝေထိအောင် မရောက်တော့ဘဲ "အွတ်"လို့ပဲ မြည်နိုင်သတဲ့။
ဒါကြောင့် ဒေါင်းကြီးတော့ အွတ်၊ ကြောင်ကြီးတော့ ညွတ်.လို့ ပြောကြတယ်။


ကြောင်ကြီးတော့ ညွတ်ဆိုတာက...ကြောင်ဆိုတာ ညောင်လို့ မြည်တတ်ကြတာ မဟုတ်လား။ ဒါပေမယ့် အသက်ကြီးလာတော့ ညောင်လို့ မြည်ပေမယ့် ညောင့်ညွတ်လို့ပဲ အသံထွက်နိုင်တော့တယ်။
ဒါကြောင့် ဒေါင်းကြီးတော့ အွတ်၊ ကြောင်ကြီးတော့ ညွတ်။ လူပျိုကြီးတော့ ဇွတ်တဲ့။ မင်းတို့လို ကောင်မျိုး တွေပေါ့ကွာ”


”ဟာ- ဆရာကလဲ ထားပါတော့။ အပျိုကြီးတော့ကော”


”အပျိုကြီးတော့ ရွှတ်တဲ့”


”ဟာ-ဆရာကတော့ ပြောပြီ။ ရွှတ်ဆိုတာ ဘာလဲဆရာရဲ့”


”ရွှတ်တီး ရွှတ်တောက် ပေါက်တတ်ကရ ရယ်စရာတွေ လုပ်တတ်တာကို ပြောတာကွယ့်။ ဒီကောင်လေးနော် မျက်စိနောက်လာပြီ။ ငါတော့နင့်ကို ဖက်နမ်းမိတော့မှာပဲ ဆိုတာမျိုး လူကြား သူကြားထဲမှာ ပြောချင်ပြောပစ်တာ။ ကောင်လေး ပေါက်စတွေက အပျိုတွေ ဝိုင်းရယ်တော့ ရှက်ကြတာပေါ့”


”ဆရာကတော့ ပေါက်တတ်ကရတွေ စုံနေအောင်ပြောတာပဲ”


"အေးလေကွာ၊ ငါက ထွင်ပြောတာမဟုတ်ပါဘူး။ လူကြီးတွေ ပြောတာကို မှတ်ထားရတာပါ။ မင်းလဲ မှတ်သွားပေါ့ကွာ”


”မှတ်မိပါတယ်ဆရာ။


ဒေါင်းကြီးတော့ အွတ်၊
ကြောင်ကြီးတော့ ညွတ်၊
လူပျိုကြီးတော့ ဇွတ်၊
အပျို ကြီးတော့ ရွှတ်”


Credit to Perfect Rasa Entertainment


CDM FM
#followers
#ဦးအောင်သင်း
#မှတ်သားစရာ
#goodnighthoughts

1 month ago | [YT] | 30

CDM FM

လူတစ်ယောက်
ရင့်ကျက်တယ်
မရင့်ကျက်ဘူးဆိုတာ
အသက်နဲ့လည်းမဆိုင်ဘူး
ပျော်ပျော်နေတတ်တာ
ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို
ဘွဲ့ဘယ်နှစ်ခုရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး။
တကယ်တော့ ရင့်ကျက်မှုဆိုတာ
အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ
ဆရာကြီးဦးအောင်သင်း
ကျ​နော်ကြားဖူးတာ​တစ်ခုက​တော့ ရင့်ကျက်တယ်ဆိုတာ အခြားသူဘက်က ​တွေး​ပေးတက်လာတာပါတဲ့ဗျာ။


CDM FM


#followers
#ဦးအောင်သင်း
#မှတ်သားစရာ
#goodnighthoughts

1 month ago | [YT] | 44