CNI TV Channel

နည်းပြတွေထုတ်ဖို့ ယူနိုက်တက် ဘယ်လောက် သုံးစွဲထားလဲ

CNI Sport Article

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅

ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူခဲ့ပြီးနောက် နည်းပြ အပြောင်းအလဲ အများအပြား ပြုလုပ်ထားပေမယ့် အခုအချိန်ထိ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန် အနားယူခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း နည်းပြတွေကို ထုတ်ပယ်ဖို့ ပေါင်သန်း ၇၀ နီးပါး သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းကို လက်ရှိကိုင်တွယ်နေတဲ့ နည်းပြအာမိုရင်လည်း ထုတ်ပယ်ခံရမယ့် ဖိအားတွေ ခံစားနေရပြီး အသင်းအနေနဲ့ သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ နိုဝင်ဘာ ၁ ရက် မတိုင်မီ ထုတ်ပယ်ခဲ့ရင် လျော်ကြေးအဖြစ် ပေါင် ၁၂ သန်း ပေးချေရမှာပါ။

ဆောင်းပါးအပြည့်အစုံဖတ်ရှုရန်......cnimyanmar.com/index.php/article-2/opinoin/31937-2…

Source: Thesun

#ဖာဂူဆန် #အာမိုရင် #နည်းပြရာထူး #ယူနိုက်တက်အသင်း #အားကစား #‌ဆောင်းပါး #CNIArticle #CNImyanmar

ပုံ - ယူနိုက်တက်အသင်း ထုတ်ပယ်လိုက်တဲ့ နည်းပြတွေကို တွေ့ရစဉ်

1 day ago | [YT] | 56

CNI TV Channel

ခြေစမ်းပွဲတွေကစားမယ့် အာဂျင်တီးနား လူစာရင်းမှာ မက်ဆီ ပါဝင်

CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅

ဗင်နီဇွဲလား၊ ပွာတိုရီကို အသင်းတို့နဲ့ မိုင်ယာမီ၊ ချီကာဂိုတို့မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ့် အာဂျင်တီးနားအသင်းရဲ့ ကစားသမား ၂၈ ဦးလူစာရင်းမှာ အသင်းခေါင်းဆောင် မက်ဆီနဲ့ ကွင်းလယ်လူ ဒီပေါလ်တို့ ပါဝင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဗင်နီဇွဲလားအသင်းနဲ့ အောက်တိုဘာ ၁၀ ရက်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပြီး နောက်တစ် ရက်အကြာမှာ အင်တာမိုင်ယာမီအသင်းက အတ္တလန္တာအသင်းနဲ့ အရေးကြီးတဲ့ မေဂျာလိဂ်ပွဲစဉ် ကစားဖို့ရှိနေတဲ့အတွက် မက်ဆီနဲ့ ဒီပေါလ်တို့ဟာ အာဂျင်တီးနားအသင်းအတွက် ပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ် ရှိ နေတာပါ။

Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/local-news-2/local-sport/…

Source: ESPN

#ကမ္ဘာ့ဖလား #မက်ဆီ #အာဂျင်တီးနားအသင်း #အားကစား #နိုင်ငံတကာ #CNISport #CNImyanmar

ပုံ - မက်ဆီကို တွေ့ရစဉ်

2 days ago | [YT] | 81

CNI TV Channel

ထရမ့်၏ ဂါဇာအစီအစဉ်က စိတ်ကူးယဉ်မှု တစ်ခုလား

CNI International Article

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် မကြာသေးမီက ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက် အချက် ၂၁ ချက်ပါ အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့ပြီး ချက်ချင်း အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများ ပြန်လွှတ်ပေး ရေးနှင့် ပါလက်စတိုင်းနိုင်ငံ ဖော်ဆောင်ရေး အလားအလာတို့ကို ထည့်သွင်းရေးဆွဲခဲ့သည်။

ထရမ့်သည် အိမ်ဖြူတော်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) နှင့်အတူ ရပ်ပြီး "စစ်ပွဲ အဆုံးသတ်ရန် အလွန်နီးကပ်နေပြီ" ဟု ကြွေးကြော်ခဲ့ပြီး ထိုစစ်ပွဲ အဆုံးသတ်သည့်နေ့သည် "ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်နေ့" ဟု ကြေညာခဲ့သည်။

ယခင် အမေရိကန်သမ္မတများ လက်ထက်ကလည်း အရှေ့အလယ်ပိုင်း အရေးနှင့်ပတ်သက်ပြီး Oslo Accords ၊ the Road Map နှင့် the Annapolis Conference ကဲ့သို့ ညီလာခံများ၊ သဘောတူညီမှုများ ရှိခဲ့ဖူးပြီး ထရမ့်၏ ပထမ သက်တမ်းတွင်လည်း ၎င်း၏ ကိုယ်ပိုင် အစီအစဉ်ဖြစ်သည့် Deal of the Century ငြိမ်းချမ်းရေး အစီအစဉ် ရှိခဲ့ဖူးသည်။

ဆောင်းပါးအပြည့်အစုံကိုဖတ်ရှုရန်......cnimyanmar.com/index.php/article-2/opinoin/31959-2…

Source: Asia Times

#ငြိမ်းချမ်းရေး #ဂါဇာ #အစ္စရေး #ဒေါ်နယ်ထရမ့် #နိုင်ငံရေး #ဆောင်းပါး #CNIArticle #CNImyanmar

ပုံ - ပါလက်စတိုင်းအလံနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

2 days ago | [YT] | 32

CNI TV Channel

ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားခြေ စစ်ပွဲတွေကို ယာမဲလ် လွဲချော်

CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅

ဘာစီလိုနာအသင်း ကြယ်ပွင့် ယာမဲလ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ၂ ပတ်ကနေ ၃ ပတ်ကြာအထိ အနားယူရမှာ ဖြစ်လို့ ဒီလထဲ ကစားမယ့် စပိန်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို လွဲချော်သွားပြီ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ဂျော်ဂျီယာ၊ ဘူလ်ဂေးရီးယား အသင်းတို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် စပိန်အသင်း လူစာရင်းမှာ ရွေးချယ်ခြင်း ခံထားရတာပါ။

Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/local-news-2/local-sport/…

Source: CNA

#ဘာစီလိုနာအသင်း #ယာမဲလ် #စပိန်အသင်း #အားကစား #နိုင်ငံတကာ #CNISport #CNImyanmar

ပုံ - ယာမဲလ်ကို တွေ့ရစဉ်

2 days ago | [YT] | 99

CNI TV Channel

ဆီးရီးယားက အာဆတ်အလွန် ပထမဆုံးလွှတ်တော် ဖွဲ့စည်းရန် ပြင်ဆင်

CNI International News

ဒမတ်စကတ်၊ အောက်တိုဘာ ၄

ဆီးရီးယားနိုင်ငံတွင် သမ္မတ ဘာရှာ အယ်လ် အာဆတ် (Bashar al-Assad) ကို ဖြုတ်ချပြီးနောက်ပိုင်း ပထမဆုံး လွှတ်တော်ကို တည်ထောင်ရန် အောက်တိုဘာ ၅ ရက်၌ ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုရွေးကောက်ပွဲသည် အာဆတ်၏ အုပ်ချုပ်မှု လက်အောက်မှ အသွင်ကူးပြောင်းရေး၏ အဓိက ခြေလှမ်း ဖြစ်သော်လည်း နိုင်ငံ၏ ခေါင်းဆောင် အသစ်များအောက်တွင် နိုင်ငံရေးအရ ပေါင်းစုံပါဝင်မှု ရှိ၊ မရှိအပေါ် စိုးရိမ်ပူပန်မှုများလည်း ထွက်ပေါ်နေသည်။

Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/political-2/politics-loca…

Source: ရိုက်တာ

#အာဆတ် #အယ်ရှားရာ #ရွေးကောက်ပွဲ #လွှတ်တော် #ဆီးရီးယား #နိုင်ငံရေး #နိုင်ငံတကာ #CNIinternational #CNImyanmar

ပုံ - ဆီးရီးယားအလံကိုတွေ့ရစဉ်

2 days ago | [YT] | 92

CNI TV Channel

ကင်မ်၏ အမွေကို ညီမလား၊ သမီးလား ဘယ်သူဆက်ခံမလဲ

CNI International News

ပြုံယမ်း၊ အောက်တိုဘာ ၄

ပြီးခဲ့သည့်လက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ၎င်း၏ သမီးဖြစ်သူ ကင်မ်ဂျူအဲ (Kim Ju Ae) နှင့်အတူ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ် ထွက်ခဲ့ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင်နေရာကို ဆက်ခံမည့်သူနှင့် ပတ်သက်ပြီး မေးခွန်းများ ထွက်ပေါ်လာခဲ့သည်ဟု CNA မှ ဖော်ပြခဲ့ သည်။

အသက် ၁၃ နှစ်အရွယ်ခန့်သာ ရှိသေးသည့် ဂျူအဲသည် ဘေကျင်းမြို့တော်တွင် ပြုလုပ်သော စစ်ရေးပြ အခမ်းအနား၌ ဖခင်ဖြစ်သူနှင့်အတူ တက်ရောက်ခဲ့သည်။

Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/political-2/politics-loca…

Source: CAN

#ကင်မ်ဂျူအဲ #ကင်မ်ယိုဂျုံ #ကင်မ်ဂျုံအန် #မြောက်ကိုရီးယား #နိုင်ငံရေး #နိုင်ငံတကာ #CNIinternational #CNImyanmar

ပုံ - ကင်မ်ဂျူအဲနဲ့ ကင်မ်ယိုဂျုံကို တွေ့ရစဉ်

2 days ago | [YT] | 53

CNI TV Channel

ဒဏ်ရာတွေက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အကျိုးဆက်လို့ မာရက်စ်ကာ ပြော

CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄

လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကစားသမား ၇ ဦး ဒါမှမဟုတ် ၈ ဦး ဒဏ်ရာကြောင့် မပါဝင်ဘဲ ကစားရမှာက ချန်ပီယံဖြစ်ခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကျိုးဆက်တွေလို့ ချယ်လ်ဆီးအသင်း နည်းပြ မာရက်စ်ကာက ပြောခဲ့ပါတယ်။

မာရက်စ်ကာက “PSG နဲ့ ချယ်လ်ဆီး အသင်းကသာ ဒဏ်ရာတွေ အများကြီးရခဲ့ရင် ဒါဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကျိုးဆက် အချို့ပါ။ အခုအချိန်မှာ ကျနော်တို့ဟာ ခံစစ်ကစားသမား ၄ ဦး ဒါမှမဟုတ် ၅ ဦးလောက် အထိ မပါဝင်နိုင်ပေမယ့် ဒါကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပြီး မှန်ကန်တဲ့အဖြေကို ရှာဖွေသွားရမှာပါ။ ဒါက ခက်ခဲပေမယ့် တစ်ချိန်တည်းမှာ ကျနော်တို့ဟာ ဒီမှာရှိနေတဲ့ သူတွေကို ယုံကြည်တယ်”လို့ ပြောခဲ့တာပါ။

Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/local-news-2/local-sport/…

Source: The Guardian

#ဒဏ်ရာပြဿနာ #မာရက်စ်ကာ #ချယ်လ်ဆီးအသင်း #အားကစား #နိုင်ငံတကာ #CNISport #CNImyanmar

ပုံ - မာရက်စ်ကာကို တွေ့ရစဉ်

2 days ago | [YT] | 75

CNI TV Channel

မေလက ပဋိပက္ခတွင် ပါကစ္စတန်တိုက်လေယာဉ်များကို ပစ်ချခဲ့ဟု အိန္ဒိယ ပြော

CNI International News

နယူးဒေလီ၊ အောက်တိုဘာ ၄

မေလက ပါကစ္စတန်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း အိန္ဒိယသည် ပါကစ္စတန် တိုက်လေယာဉ်များ ဖြစ်သော F-16 နှင့် JF-17 အမျိုးအစား တိုက်လေယာဉ် ၅ စင်းကို ပစ်ချခဲ့ကြောင်း အိန္ဒိယလေတပ်အကြီးအကဲ အမ်မာ ပရိဆင်း ( Amar Preet Singh) က အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့ သည်။

ထိုပဋိပက္ခအတွင်း ပါကစ္စတန်တိုက်လေယာဉ် ၅ စင်းနှင့် အခြားစစ်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရသည်ဟု အစောပိုင်းတွင် ဆင်းက ပြောကြားခဲ့ပြီး ယခုအကြိမ်တွင် အိန္ဒိယဘက်က ၎င်းတို့ပစ်ချခဲ့သည့် ပါကစ္စတန် တိုက်လေယာဉ်များ၏ အမျိုးအစားကို ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ပြောခဲ့ခြင်းဖြစ်သည်။

Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/political-2/politics-loca…

Source: CAN

#တိုက်လေယာဉ် #ကက်ရှ်မီးယား #အိန္ဒိယ #ပါကစ္စတန် #နိုင်ငံရေး #နိုင်ငံတကာ #CNIinternational #CNImyanmar

ပုံ - တိုက်လေယာဉ်များကိုတွေ့ရစဉ်

2 days ago | [YT] | 49

CNI TV Channel

ရလဒ်ကောင်းတွေမရဘဲ ဆက်နေဖို့ မဖြစ်နိုင်ဘူးလို့ အာမိုရင် ပြော

CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ရလဒ်တွေ ကောင်းမွန်မှုမရှိဘဲ အသင်းမှာ ဆက်ရှိမယ်လို့ ထင်မြင်တာ ဟာ နုံအခြင်း ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

အာမိုရင်က “ဒီမှာနုံအတဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒီပရောဂျက်ကို ဆက်ပြီး သွားချင်တယ်ဆိုရင် ရလဒ်ကောင်းတွေ ရရှိဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ပိုင်ရှင် ၂ ဦးနဲ့ စပွန်ဆာတွေ အများကြီးရှိတဲ့ ကြီးမားတဲ့ ကလပ် ဖြစ်တာကြောင့် လူတိုင်းအတွက်မဖြစ်နိုင်တဲ့နေရာကို ရောက်ဖို့လိုပါတယ်။ ဒါကြောင့်ခက်ခဲပြီး ဟန်ချက် ညီဖို့လည်း အလွန်ခက်ပါတယ်”လို့ ပြောခဲ့တာပါ။

Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/local-news-2/local-sport/…

Source: ESPN

#နည်းပြရာထူး #အာမိုရင် #ယူနိုက်တက်အသင်း #အားကစား #နိုင်ငံတကာ #CNISport #CNImyanmar

ပုံ - အာမိုရင်ကို တွေ့ရစဉ်

2 days ago | [YT] | 178

CNI TV Channel

ထိုင်းနိုင်ငံ ပြည်ပခရီးသွားဝင်ရောက်မှု ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျ

CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၄

ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း ပြည်ပခရီးသွား ၂၄ ဒသမ ၁၁ သန်း ရောက်ရှိခဲ့ကြောင်း ထိုင်းခရီးသွားလာရေးနှင့် အားကစားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ထိုပမာဏအရ ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပြည်ပခရီးသွား ဝင်ရောက်မှု ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၁ ဒသမ ၁၁ ထရီလျံ ရရှိခဲ့သည်ဟု ဆိုသည်။

Websiteတွင်ဖတ်ရှုရန်......cnimyanmar.com/index.php/all-2/travel/31951-2025-1…

Source: The Nation

#စီးပွားရေး #ဟိုတယ် #ခရီးသွား #ထိုင်း #Travel #နိုင်ငံတကာ #CNIinternational #CNImyanmar

ပုံ - ထိုင်းနိုင်ငံအတွင်း ခရီးသွားများကို တွေ့ရစဉ်

2 days ago | [YT] | 18