ကျနော့်ရဲ့တရားတော်ချန်နယ်လေးကို အားပေးကျတဲ့ တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။
Buddha's Desanã
အားလုံးသောဓမ္မမိတ်ဆွေများအောက်ကချန်နယ်လေးမှာ သစ္စာရွှေစည်ဆရာတော်ဘုရား၏တရားတော်များ သီးသန့်ပူဇော်ပေးမှာဖြစ်ပါတယ်ဗျ။နာယူကြည်ညိုကြပါဦးဗျ။
2 months ago | [YT] | 1
View 0 replies
လာတုန်းကလည်း တစ်ယောက်တည်းနော်လက်တွဲခေါ်ကာ ဖော်မပါဘူးဥစ္စာချည်းနှီး ကိုယ်ထီးတည်း ။ပြန်သွားတော့လည်းတစ်ယောက်တည်းနော်လက်တွဲခေါ်ကာ ဖော်မပါဘူး ဥစ္စာချည်းနှီး ကိုယ်ထီးတည်း ။လာပြီးတော့ နား မသွားသေးခင် ချိန်လေးတွင်မှဝန်းကျင် ယှက်နွယ် နှောင်ကြိုးသွယ်ကြ။ ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ။ မလို ဒေါသ ပိုလောဘနှင့် ဘဝရိပ်မြုံ ကကြိုးစုံခဲ့ ။ကံကုန်မိုးချုပ် လက်တွဲဖြုတ်က သုတ်သုတ်ဆောလျင် ခရီး နှင်သည်ဒို့လျှင် ဧည့်သည်ပါတကား ။ငါသည်ပင်မူခေါ်သူမရှိ ရောက်လာမိစဉ်နှင်သူမရှိ ပြန်ဖို့ရှိ၏။ငါနေသည့်အိမ် ငါ၏အိမ်ဟုငါ့အိမ်မှာထား ငါ့မယားနှင့် ငါ့ လင်သားနှင့် ငါ့သားသမီး ငါ့ပစ္စည်းဟုယူသည့်စိတ်စွဲ အမှတ်လွဲခဲ့ ။အမှန်မှာမူငါလာသောအခါ လက်ဗလာတည်း ပြန်ရပါလျင် လက်ချည်းပင်တည်း ငါ့တွင် ကိုယ်ပိုင် မရှိပါတကား ။လာသူလာလည်း လာစမ်းပါစေ မဆီးလေနှင့် သွားသူသွားလည်း သွားစမ်းပါစေမတားလေနှင့် ။တို့တတွေမှာ သဘာဝသာလျှင် အမိရင်ဝယ် ထွက်ဝင်ခိုနား ခရီးသွားဧည့်သည်တွေပါတကား။
5 months ago | [YT] | 22
View 2 replies
ပါချုပ်ဆရာတော်ကြီးဟာသက်တော်(၁၀)နှစ်လောက်ကနေ(၁၆)နှစ်လောက်ထိစစ်ကိုင်းတောင်မှာနေခဲ့တာ..တဲ့။အဲ့ဒီ(၁၃၁၁/၁၂/၁၃/၁၄)ခုနှစ်ကာလတွေတုန်းကစစ်ကိုင်းတောင်ရိုးဟာလူသွား..လူလာအလွန်နည်းသေးပြီးစစ်ကိုင်းတံတားကြီးလည်းကျိုးနေချိန်….တဲ့။နေ့လည်..နေ့ခင်းဆိုငှက်သံလေးတွေရှဉ့်သံလေးတွေတစ်ခါတစ်ရံစေတီတွေကဆည်းလည်းသံလေးတွေပဲကြားရတယ်။ညနေနေဝင်ရိုးရီဆိုလည်းကျားသစ်ဟောက်သံတွေဂျီတွေဟောက်သံတွေပဲကြားရတယ်တစ်တောင်လုံးတိတ်ဆိတ်ငြိမ်သက်လို့…လမ်းလေးတွေကလည်း..ကျဉ်းလူပဲသွားလို့ရတယ်လေ..ကားတွေလည်း..မလာလျှပ်စစ်မီးလည်း..မရှိအသံချဲ့စက်တွေလည်း..မရှိစဉ်းစားကြည့်ပေါ့ဘယ်လောက်တိတ်ဆိတ် ငြိမ်သက်နေမလဲဆိုတာ..မြို့ထဲအနေများသူတွေကတော့ဒါကို…ကြိုက်မယ်မထင်ဘူး။ဘုန်းကြီးကတော့အဲ့ဒီလိုနေခဲ့တာသိပ်..သဘောကျတာ…မြို့ထဲရွာထဲသွားရင်ကိုအမြင်တွေ..ရှုပ်အသံတွေ..ဆူညံနေတာမနေတတ်ဘူး။အဲ့လိုပဲသဘာဝပတ်ဝန်းကျင်ကိုသံသရာအဆက်ဆက်ချစ်မြတ်နှိုးခဲ့ဘူးတဲ့ရဟန္တာတစ်ပါးရှိခဲ့ဘူးတယ်။ဝဏ္ဏဝစ္စမထေရ်မြတ်…တဲ့။သူဟာ..ဂေါတမမြတ်စွာဘုရားရှင်လက်ထက်မှာကပိလဝတ်ပြည်ကမိခင်တစ်ဦးရဲ့ဝမ်းထဲ..သန္ဓေတည်သတဲ့။သူကိုယ်ဝန်အရင့်အမာနဲ့မှာသူ့မိခင်ဟာတောထဲတောင်ထဲကိုပဲသွားနေချင်တဲ့ထူးထူးခြားခြားချဉ်ချင်းတတ်သတဲ့။ဒါနဲ့တောတောင်တွေဆီမကြာခနတစ်ယောက်ထဲသွားလာရင်းတစ်ရက်တောတောင်တွေထဲမှာပဲဝဏ္ဏဝစ္စမထေရ်လောင်းကိုမွေးဖွားခဲ့သတဲ့။ငယ်စဉ်ကဝဏ္ဏဝစ္စမထေရ်လောင်းဟာသိဒ္ဒတ္ထမင်းသားနဲ့ကစားဖော်..ကစားဘက်..တဲ့။အရွယ်တွေရလာတဲ့အခါသူ့သူငယ်ချင်းဟာတရားကျင့်ဖို့တောထွက်သွားပြီလို့သိရတော့သူ့စိတ်ထဲလည်းတောထွက်ချင်လာသတဲ့။ဒါပေမဲ့သူ့သူငယ်ချင်းဘယ်ကိုသွားတယ်ဆိုတာမသိတော့သူနေတဲ့ကပိလဝတ်နဲ့နီးတဲ့ဟိမဝန္တာထဲပဲသွားပြီးတစ်ယောက်ထဲနေနေသတဲ့။(၇)နှစ်လောက်ကြာတော့သိဒ္ဒတ္ထမင်းသား..ဘုရားဖြစ်ပြီလူတွေကိုဆုံးမတရားတွေဟောနေပြီဆိုတဲ့သတင်းသူ..ကြားရတယ်။နောက်..မြတ်စွာဘုရားရှင်ကပိလဝတ်ကိုကြွလာတော့သူ..သွားဖူးတယ်။ပြီးတော့ဗုဒ္ဓအပေါ်ယုံကြည်ပြီးရဟန်းပြုသွားတယ်။နောက်တော့..သူနေတဲ့တောထဲကိုပဲပြန်ကြွသွားပြီးတစ်ပါးတည်းနေထိုင်တရားအားထုတ်နေတော့တယ်..တဲ့။နောက်တခါကပိလဝတ်ကိုဘုရားကြွလာတော့သူတစ်ခါ..သွားဖူးပြန်တယ်။အဲ့ဒီမှာရဟန်းတွေက…သူ့ကိုကိုယ်တော်တောထဲတောင်ထဲမှာတစ်ပါးထဲနေတာမပျင်းဘူးလားဝိုင်းမေးကြတော့…“အလွန်လှပတဲ့စိမ်းညို့နေတဲ့တောတောင်တွေဟာသူ့စိတ်ကိုပျော်မွေ့စေတယ်”“စိမ်းညို့နေတဲ့တောတောင်တွေဟာအလွန့်ကိုလှပပါတယ်”“ပြာမှိုင်းနေတဲ့တောတောင်ကြီးတွေထဲကအေးစိမ့်နေတဲ့ရေအိုင်တွေရေတံခွန်တွေစိမ့်စမ်းရေတွေဟာအလွန်စင်ကြယ်သန့်ရှင်းအေးမြပါတယ်”“ဒါ့ကြောင့်စင်ကြယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့နားခိုရာလည်းဖြစ်ပါတယ်။”“မိုးလေး..ရွာပြီးခါစဆိုကတ္တီပါအရောင်နီတွေးတဲ့အဆင်းရှိတဲ့ပိုးကောင်လေးတွေနဲ့မြေပြင်ဟာအန်မတန်လှပတယ်”“အဲ့တာတွေနဲ့ဖုံးလွှမ်းနေတဲ့တောတောင်တွေဟာသူ့စိတ်ကိုဖမ်းစားထားတယ်”“ဒါကြောင့်အဲ့ဒီတောတောင်တွေထဲသူပျော်မွေ့ပါတယ်”လို့ပြန်မိန့်သတဲ့။တကယ်တော့ဝဏ္ဏဝစ္စမထေရ်မြတ်ဟာရဟန္တာဖြစ်နေပါပြီ….။မထေရ်မြတ်ဟာအဒ္ဒရသီဘုရားရှင်သာသနာတုန်းကလည်းရသေ့ဘဝနဲ့တောတောင်တွေထဲတစ်ပါးတည်းပဲနေခဲ့တာ…တဲ့။ကဿဖဘုရားရှင်လက်ထက်ရဟန်းဖြစ်တော့လည်းတောတောင်တွေထဲပဲတစ်ပါးတည်းတရားကျင့်ကြံနေထိုင်တာ…တဲ့။မှန်လှပါဘုရား…တစ်ယောက်ထဲအနေများပြီးသဘာဝကိုချစ်မြတ်နှိုးတဲ့သူဟာ..သာမန်ထက်အကုသိုလ်တရားနည်းမှာတော့..အမှန်ပါပဲ.!
5 months ago | [YT] | 50
တွေးစရာတွေအများကြီးနဲ့ စာပေဟောပြောပွဲ
7 months ago | [YT] | 1
Good
1 year ago | [YT] | 0
Buddha's Desanã
အားလုံးသောဓမ္မမိတ်ဆွေများ
အောက်ကချန်နယ်လေးမှာ သစ္စာရွှေစည်ဆရာတော်ဘုရား၏တရားတော်များ သီးသန့်ပူဇော်ပေးမှာဖြစ်ပါတယ်ဗျ။
နာယူကြည်ညိုကြပါဦးဗျ။
2 months ago | [YT] | 1
View 0 replies
Buddha's Desanã
လာတုန်းကလည်း
တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း ။
ပြန်သွားတော့လည်း
တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း ။
လာပြီးတော့ နား
မသွားသေးခင် ချိန်လေးတွင်မှ
ဝန်းကျင် ယှက်နွယ် နှောင်ကြိုးသွယ်ကြ။ ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ။
မလို ဒေါသ ပိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့ ။
ကံကုန်မိုးချုပ် လက်တွဲဖြုတ်က
သုတ်သုတ်ဆောလျင် ခရီး နှင်သည်
ဒို့လျှင် ဧည့်သည်ပါတကား ။
ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏။
ငါနေသည့်အိမ် ငါ၏အိမ်ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့ လင်သားနှင့် ငါ့သားသမီး ငါ့ပစ္စည်းဟု
ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့ ။
အမှန်မှာမူ
ငါလာသောအခါ လက်ဗလာတည်း
ပြန်ရပါလျင် လက်ချည်းပင်တည်း
ငါ့တွင် ကိုယ်ပိုင် မရှိပါတကား ။
လာသူလာလည်း
လာစမ်းပါစေ မဆီးလေနှင့်
သွားသူသွားလည်း သွားစမ်းပါစေ
မတားလေနှင့် ။
တို့တတွေမှာ
သဘာဝသာလျှင် အမိရင်ဝယ်
ထွက်ဝင်ခိုနား
ခရီးသွားဧည့်သည်တွေပါတကား။
5 months ago | [YT] | 22
View 2 replies
Buddha's Desanã
ပါချုပ်ဆရာတော်ကြီးဟာ
သက်တော်
(၁၀)နှစ်လောက်ကနေ
(၁၆)နှစ်လောက်ထိ
စစ်ကိုင်းတောင်မှာနေခဲ့တာ..တဲ့။
အဲ့ဒီ
(၁၃၁၁/၁၂/၁၃/၁၄)ခုနှစ်
ကာလတွေတုန်းက
စစ်ကိုင်းတောင်ရိုးဟာ
လူသွား..လူလာ
အလွန်နည်းသေးပြီး
စစ်ကိုင်းတံတားကြီးလည်း
ကျိုးနေချိန်….တဲ့။
နေ့လည်..နေ့ခင်းဆို
ငှက်သံလေးတွေ
ရှဉ့်သံလေးတွေ
တစ်ခါတစ်ရံ
စေတီတွေက
ဆည်းလည်းသံလေးတွေပဲ
ကြားရတယ်။
ညနေ
နေဝင်ရိုးရီဆိုလည်း
ကျားသစ်ဟောက်သံတွေ
ဂျီတွေဟောက်သံတွေပဲ
ကြားရတယ်
တစ်တောင်လုံး
တိတ်ဆိတ်ငြိမ်သက်လို့…
လမ်းလေးတွေကလည်း..ကျဉ်း
လူပဲသွားလို့ရတယ်လေ..
ကားတွေလည်း..မလာ
လျှပ်စစ်မီးလည်း..မရှိ
အသံချဲ့စက်တွေလည်း..မရှိ
စဉ်းစားကြည့်ပေါ့
ဘယ်လောက်
တိတ်ဆိတ် ငြိမ်သက်နေမလဲဆိုတာ..
မြို့ထဲအနေများသူတွေကတော့
ဒါကို…ကြိုက်မယ်မထင်ဘူး။
ဘုန်းကြီးကတော့
အဲ့ဒီလိုနေခဲ့တာ
သိပ်..သဘောကျတာ…
မြို့ထဲရွာထဲသွားရင်ကို
အမြင်တွေ..ရှုပ်
အသံတွေ..ဆူညံနေတာ
မနေတတ်ဘူး။
အဲ့လိုပဲ
သဘာဝပတ်ဝန်းကျင်ကို
သံသရာအဆက်ဆက်
ချစ်မြတ်နှိုးခဲ့ဘူးတဲ့
ရဟန္တာတစ်ပါးရှိခဲ့ဘူးတယ်။
ဝဏ္ဏဝစ္စမထေရ်မြတ်…တဲ့။
သူဟာ..
ဂေါတမမြတ်စွာဘုရားရှင်
လက်ထက်မှာ
ကပိလဝတ်ပြည်က
မိခင်တစ်ဦးရဲ့
ဝမ်းထဲ..သန္ဓေတည်သတဲ့။
သူ
ကိုယ်ဝန်အရင့်အမာနဲ့မှာ
သူ့မိခင်ဟာ
တောထဲတောင်ထဲကိုပဲ
သွားနေချင်တဲ့
ထူးထူးခြားခြား
ချဉ်ချင်းတတ်သတဲ့။
ဒါနဲ့
တောတောင်တွေဆီ
မကြာခန
တစ်ယောက်ထဲသွားလာရင်း
တစ်ရက်
တောတောင်တွေထဲမှာပဲ
ဝဏ္ဏဝစ္စမထေရ်လောင်းကို
မွေးဖွားခဲ့သတဲ့။
ငယ်စဉ်က
ဝဏ္ဏဝစ္စမထေရ်လောင်းဟာ
သိဒ္ဒတ္ထမင်းသားနဲ့
ကစားဖော်..ကစားဘက်..တဲ့။
အရွယ်တွေရလာတဲ့အခါ
သူ့သူငယ်ချင်းဟာ
တရားကျင့်ဖို့
တောထွက်သွားပြီလို့
သိရတော့
သူ့စိတ်ထဲလည်း
တောထွက်ချင်လာသတဲ့။
ဒါပေမဲ့
သူ့သူငယ်ချင်း
ဘယ်ကိုသွားတယ်ဆိုတာ
မသိတော့
သူနေတဲ့
ကပိလဝတ်နဲ့နီးတဲ့
ဟိမဝန္တာထဲပဲသွားပြီး
တစ်ယောက်ထဲ
နေနေသတဲ့။
(၇)နှစ်လောက်ကြာတော့
သိဒ္ဒတ္ထမင်းသား..ဘုရားဖြစ်ပြီ
လူတွေကို
ဆုံးမတရားတွေဟောနေပြီ
ဆိုတဲ့သတင်း
သူ..ကြားရတယ်။
နောက်..
မြတ်စွာဘုရားရှင်
ကပိလဝတ်ကိုကြွလာတော့
သူ..သွားဖူးတယ်။
ပြီးတော့
ဗုဒ္ဓအပေါ်ယုံကြည်ပြီး
ရဟန်းပြုသွားတယ်။
နောက်တော့..
သူနေတဲ့တောထဲကိုပဲ
ပြန်ကြွသွားပြီး
တစ်ပါးတည်းနေထိုင်
တရားအားထုတ်နေတော့တယ်..တဲ့။
နောက်တခါ
ကပိလဝတ်ကို
ဘုရားကြွလာတော့
သူတစ်ခါ..သွားဖူးပြန်တယ်။
အဲ့ဒီမှာ
ရဟန်းတွေက…သူ့ကို
ကိုယ်တော်
တောထဲတောင်ထဲမှာ
တစ်ပါးထဲနေတာ
မပျင်းဘူးလား
ဝိုင်းမေးကြတော့…
“အလွန်လှပတဲ့
စိမ်းညို့နေတဲ့
တောတောင်တွေဟာ
သူ့စိတ်ကိုပျော်မွေ့စေတယ်”
“စိမ်းညို့နေတဲ့
တောတောင်တွေဟာ
အလွန့်ကိုလှပပါတယ်”
“ပြာမှိုင်းနေတဲ့
တောတောင်ကြီးတွေထဲက
အေးစိမ့်နေတဲ့
ရေအိုင်တွေ
ရေတံခွန်တွေ
စိမ့်စမ်းရေတွေဟာ
အလွန်စင်ကြယ်သန့်ရှင်း
အေးမြပါတယ်”
“ဒါ့ကြောင့်
စင်ကြယ်မြင့်မြတ်တဲ့
ပုဂ္ဂိုလ်တွေရဲ့
နားခိုရာလည်းဖြစ်ပါတယ်။”
“မိုးလေး..ရွာပြီးခါစဆို
ကတ္တီပါအရောင်
နီတွေးတဲ့အဆင်းရှိတဲ့
ပိုးကောင်လေးတွေနဲ့
မြေပြင်ဟာ
အန်မတန်လှပတယ်”
“အဲ့တာတွေနဲ့ဖုံးလွှမ်းနေတဲ့
တောတောင်တွေဟာ
သူ့စိတ်ကိုဖမ်းစားထားတယ်”
“ဒါကြောင့်
အဲ့ဒီတောတောင်တွေထဲ
သူပျော်မွေ့ပါတယ်”လို့
ပြန်မိန့်သတဲ့။
တကယ်တော့
ဝဏ္ဏဝစ္စမထေရ်မြတ်ဟာ
ရဟန္တာဖြစ်နေပါပြီ….။
မထေရ်မြတ်ဟာ
အဒ္ဒရသီဘုရားရှင်
သာသနာတုန်းကလည်း
ရသေ့ဘဝနဲ့
တောတောင်တွေထဲ
တစ်ပါးတည်းပဲနေခဲ့တာ…တဲ့။
ကဿဖဘုရားရှင်လက်ထက်
ရဟန်းဖြစ်တော့လည်း
တောတောင်တွေထဲပဲ
တစ်ပါးတည်း
တရားကျင့်ကြံနေထိုင်တာ…တဲ့။
မှန်လှပါဘုရား…
တစ်ယောက်ထဲအနေများပြီး
သဘာဝကို
ချစ်မြတ်နှိုးတဲ့သူဟာ..
သာမန်ထက်
အကုသိုလ်တရား
နည်းမှာတော့..အမှန်ပါပဲ.!
5 months ago | [YT] | 50
View 2 replies
Buddha's Desanã
တွေးစရာတွေအများကြီးနဲ့ စာပေဟောပြောပွဲ
7 months ago | [YT] | 1
View 0 replies
Buddha's Desanã
Good
1 year ago | [YT] | 0
View 0 replies