Buddha's Desanã

လာတုန်းကလည်း
တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း ။

ပြန်သွားတော့လည်း
တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း ။

လာပြီးတော့ နား
မသွားသေးခင် ချိန်လေးတွင်မှ
ဝန်းကျင် ယှက်နွယ် နှောင်ကြိုးသွယ်ကြ။ ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ။
မလို ဒေါသ ပိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့ ။

ကံကုန်မိုးချုပ် လက်တွဲဖြုတ်က
သုတ်သုတ်ဆောလျင် ခရီး နှင်သည်
ဒို့လျှင် ဧည့်သည်ပါတကား ။

ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏။

ငါနေသည့်အိမ် ငါ၏အိမ်ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့ လင်သားနှင့် ငါ့သားသမီး ငါ့ပစ္စည်းဟု
ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့ ။

အမှန်မှာမူ
ငါလာသောအခါ လက်ဗလာတည်း
ပြန်ရပါလျင် လက်ချည်းပင်တည်း
ငါ့တွင် ကိုယ်ပိုင် မရှိပါတကား ။

လာသူလာလည်း
လာစမ်းပါစေ မဆီးလေနှင့်
သွားသူသွားလည်း သွားစမ်းပါစေ
မတားလေနှင့် ။

တို့တတွေမှာ
သဘာဝသာလျှင် အမိရင်ဝယ်
ထွက်ဝင်ခိုနား
ခရီးသွားဧည့်သည်တွေပါတကား။

5 months ago | [YT] | 22