အတုမရှိဗုဒ္ဓမြတ်စွာ

အတုမရှိဗုဒ္ဓမြတ်စွာ ချန်နယ်သည် မြတ်စွာဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။ ဤချန်နယ်သည် မြတ်ဗုဒ္ဓ၏ တရားတော်များ နှင့် ပရိတ် ပဌာန်း ဒေသနာတော်များကို ရွတ်ဆိုပူဇော်နိုင်ရန် မြန်မာဘာသာဖြင့် အဓိက မျှဝေသည့် ချန်နယ်တစ်ခုဖြစ်ပါသည်။ ဗုဒ္ဓဘာသာ သည် ပညာရေးစနစ်ကို အခြေခံသော ဘာသာတရားဖြစ်ပါသည်။ ဗုဒ္ဓ၏ စကားတော်များကို နားလည်၍ လက်တွေ့ဘဝတွင် ကျင့်သုံးနိုင်ရန် ဗုဒ္ဒဘာသာ ပညာရပ်များကို လေ့လာရေးသည် ဘာသာဝင်တိုင်း၏ တာဝန် ဖြစ်သည်။ ဗုဒ္ဒဘာသာ ပညာရပ်များကို လေ့လာခြင်းဖြင့် ဘာသာတရားကို စောင့်ရှောက်ကြပါစို့






အတုမရှိဗုဒ္ဓမြတ်စွာ

#ကမ္ဘာကျော်မေတ္တာပို့ဂါထာ
ဓမ္မမိတ်ဆွေများ အချိန်(၆)မိနစ်လောက်ပေးပြီး ဆရာတော်ကြီးရဲ့မေတ္တာဓာတ်ကိုခံယူ
ကာ စိတ်အေးချမ်းမှုရယူလိုက်ပါ

ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ ၊
ကာလံ ကရောန္တော အတိဒုက္ကရာနိ ။
ခေဒံ ဂတော လောကဟိတာယ နာထော ၊
နမော မဟာကာရုဏိကဿ တဿ ။

ယော နာထော- ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင်ရှင်တော်မြတ်ဘုရားသည်၊ ကပ္ပကောဋီဟိပိ - ကဋေ ကမ္ဘာ အရေအတွက် သချာၤတို့ဖြင့်သော်လည်း ၊ အပ္ပမေယျံ - ရေတွက်တိုင်းတာ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊ ကာလံ- လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊ လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွား အလို့ငှာ၊ အတိဒုက္ကရာနိ- ဥစ္စာ အသက် ခြေလက် အင်္ဂါ မေတ္တာကြီးမား သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အလွန်ခဲယဉ်းသော အမှုတို့ကို၊ ကရောန္တော- ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည်ဖြစ်၍၊ ခေဒံ- လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊ ဂတော- ဘဝတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရရှာလေပြီ။

မဟာကာရုဏိကဿ- သတ္တဝါများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင်ဖြစ်တော်မူသော၊ တဿနာထော- ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား ထိုအရှင်တော်မြတ်ဘုရားအား၊ နမော- ရိုသေပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊ အတ္ထု ဘဝတု- စင်စစ်မသွေ ဖြစ်ပါစေသတည်း…။

“ ဓမ္မောသဓံ ပိဝိတွာန၊
ဝိဿ သဗ္ဗေ သမူဟတာ။
အဇရာမရံ သီတိဘာဝံ၊
နိဗ္ဗာနံ ယနု္တ သာဓဝေါ။ ”

ဓမ္မောသဓ –
လောဘ,ဒေါသ,မောဟဆိပ်တောက်၊
ကင်းပျောက်ကြည်အေး၊ တရားဆေးကို၊
ပိဝိတွာန –
ဝမ်းသာရွှင်ပျ၊ သောက်ကြရ, နာကြရ
ကုန်သောကြောင့်၊
ဝိဿ သဗ္ဗေ –
ပူဆာညစ်နောက် ကိလေသာ အဆိပ်
အတောက် ဟူသမျှတို့သည်၊
သမူဟတာ –
ပိန်းကြာဖက်တွင် ရေမတင်ကဲ့သို့၊ ကင်းစင်
လွင့်ပျောက်၊ ဘေးမရောက်အောင်ပယ်ဖျောက်
အပ်ကုန်သည်၊
ဟောနု္တ –
စင်စစ်အသွေ ဖြစ်ကြပါစေကုန်သတည်း၊

အဇရာမရ –
အိုခြင်းလည်းကွာ၊ နာခြင်းလည်းကင်း၊ သေခြင်းလည်း
ရှင်းထသော၊
သီတိဘာ၀ –
ကိလေသာ ဟူ အပူခပ်သိမ်း၊ ကင်းငြိမ်းရာ အစစ်ဖြစ်
ပေထသော၊
နိဗ္ဗာနံ – နိဗ္ဗာန်နံ –
နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့၊
သာဓဝေါ –
တရားချစ်ခင် စိတ်ကောင်းဝင်ငြား၊ သူတော်စင်
အများတို့သည်၊
ယန်ုတ –
ပါရမီအဆင့်ဆင့် မြင့်တက်မြင့်၍၊ မလင့်ပုံသေ ဆိုက်ရောက်
တော်မူကြပါစေကုန်သတည်း။

– ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ
#ပါမောက္ခချုပ်ဆရာတော်

#အရှင်နန္ဒမာလာဘိဝံသ

3 years ago | [YT] | 26

အတုမရှိဗုဒ္ဓမြတ်စွာ

၁၄-၅-၂၀၂၂ တွင် ကျရောက်မည့် ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။
ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့
ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။
ဖွား-က‌ဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။
ပွင့်-က‌ဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။
စံ-က‌ဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။
@/%E1%80%99%E1%80%BC%E1%80%90%E1%80%BA%E1%80%97%E1%80%AF%E1%80%92%E1%80%B9%E1%80%93%E1%80%A1%E1%80%81%E1%80%AB%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%94%E1%80%B1%E1%80%B7%E1%80%99%E1%80%BB%E1%80%AC%E1%80%B8
@

3 years ago | [YT] | 15

အတုမရှိဗုဒ္ဓမြတ်စွာ

ဝါဆိုလပြည့်နေ့ ၂၃.၇.၂၀၂၁ နေ့မှစ၍ တစ်နိုင်ငံလုံး အန္တရာယ်ကင်းပရိတ် ရွတ်ပွားပူဇော်ခြင်းဖြင့် ကပ်ကြီးသုံးပါးကို တွန်းလှန်ကျော်လွှားကြပါစို့။
မျှဝေအသိပေးခြင်းဖြင့် ဓမ္မဒါနပြုကြပါ။
https://youtu.be/PaLLQMVpvIY

4 years ago | [YT] | 12

အတုမရှိဗုဒ္ဓမြတ်စွာ

ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လည်း ဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လည်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လည်း ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်း ဖြစ်သည်။ ဧဟိဘိက္ခူ ဟူသော စကားကို စတင်ကြားရသော နေ့လည်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။
ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။
ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည် ။
ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။
ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။
မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။
#ဓမ္မစကြာအခါတော်နေ့
#ဝါဆိုလပြည့်နေ့
https://youtu.be/E70R9FFjszY

4 years ago | [YT] | 18

အတုမရှိဗုဒ္ဓမြတ်စွာ

❝ ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်စေဖို့
မင်းကွန်းဆရာတော်ကြီး၏ မိန့်မှာချက်များ ❞
၁။ သူတကာတွေ လောဘကြီးသော်လည်း
မိမိက လောဘမကြီးအောင်နေပါ။
ထိုသို့နေလျှင်
သူတကာ ငတ်မွတ်ခေါင်းပါးခြင်း
(ဒုဗ္ဘိက္ခန္တရာယ်)ဘေးသင့်ရောက်သော်လည်း
မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။
၂။ သူတကာတွေ ဒေါသကြီးသော်လည်း
မိမိက ဒေါသမကြီးအောင်နေပါ။
ထိုသို့နေလျှင်
သူတကာ လက်နက်ဘေးဆိုး အန္တရာယ်
(သတ္တန္တရကပ်)ဆိုက်ရောက်သော်လည်း
မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။
၃။ သူတကာတွေ မောဟကြီးသော်လည်း
မိမိက မောဟမကြီးအောင်နေပါ။
ထိုသို့နေလျှင်
သူတကာ အနာရောဂါဘေးဆိုး
(ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်း
မိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။
ဤကား...
ကျေးဇူးတော်ရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး
အမြဲမပြတ် ဆိုဆုံးမလေ့ရှိသော
သြဝါဒ ဖြစ်သည်။
ယနေ့ ယခု မျက်မှောက် အချိန်အခါသည်ကား
ထိုသြဝါဒအတိုင်း လိုက်နာကျင့်သုံးရန်
အချိန်တန်နေပြီဖြစ်၍ -
(၁) လောဘမကြီးရန် မိမိတတ်နိုင်သမျှ
စွန့်ကြဲပေးကမ်း လှူဒါန်းပါ။(ဒါန၊ စာဂ)
(၂) ဒေါသမကြီးရန် သတ္တဝါအားလုံးတို့အား
မေတ္တာတရား ပွားများပို့သပါ။(မေတ္တာဘာဝနာ)
(၃) မောဟမကြီးရန် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏
အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို
အချိန်ရသမျှ ဆင်ခြင်ပါ။(ဝိပဿနာဘာဝနာ)
တိပိဋကဓရ၊ တိပိဋကကောဝိဒ
ဓမ္မဘဏ္ဍာဂါရိက
ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီး
#ကပ်ဘေးကင်းဖို့နေ့စဥ်မနက်ညဖွင့်ကြပါစို့
https://youtu.be/bqVkNpmNNsI

4 years ago | [YT] | 9

အတုမရှိဗုဒ္ဓမြတ်စွာ

ပြည်ထောင်စုမြန်မာနိုင်ငံအဝှမ်းရှိကြတဲ့ ဒကာ ဒကာမအပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းဖို့ ကရုဏာ မေတ္တာ ရှေ့ထား၍ ရတနသုတ္တန်ကို သီတဂူဝတ်ရွတ်စဉ်အတိုင်း ရွတ်ဖတ်ပွားများတော်မူကြရန် အချိန်တန်ပါပြီ သံဃာတော်အရှင်မြတ်တို့ဘုရား
ရတနသုတ် သစ္စာအဓိဌာန်

ယထိန္ဒခီလော ပထဝိဿိတော သိယာ
စတုဗ္ဗိဝါတေဟိ အသမ္ပကမ္ပိယော
တထူပမံ သပ်ပုရိသံ ဝဒါမိ
ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

လေးဘက်လေးတန်က တိုက်တဲ့
လေပြင်းဒဏ်ကို ကြံ့ကြံ့ခံ နိုင်တဲ့
တံခါးခုံတိုင်ကြီးကဲ့သို့
သစ္စာလေးပါးသိသူ
သောတာပန်အရိယာပုဂ္ဂိုလ်သည်
လောကဓံ ဒဏ်ကို မတုန်မလှုပ်
ခံနိုင်သည်ဟု ငါဗုဒ္ဓ မိန့်ဆို၏။

သံဃာ၌ စိတ်ဓါတ်ကြံခိုင်သော
ဤသောတာပန်ရတနာမြတ်ရှိ၏။

ဤမှန်သော သစ္စာစကားကြောင့်
ငြိမ်းချမ်းသာယာမှုရှိပါစေသတည်း။

Just as a post
firmly sank into the earth
is unshaken by strong winds
from any of the four directions,
I (Buddha) declare that
a stream-enterer who realizes
the four noble truths
is unmoved
by challenges in life.
This precious jewel is
in the dedicated practicing community.

By utterance of this truth
May there be peace and happiness.
အောက်စဖို့ဒ်ဆရာတော်
https://youtu.be/0QzHmjBdAHc

4 years ago | [YT] | 13

အတုမရှိဗုဒ္ဓမြတ်စွာ

ထင်ရှားကျော်ကြား ဆရာတော်ကြီးများ၏ ရတနသုတ် ပရိတ်တော်များကို စုစည်းထားပါသည် နေ့စဉ် ဖွင့်ပေးကြပါ
📜 ရတနသုတ်ရွတ်ဖတ်ရခြင်းအကျိုး
📕 ရတနသုတ်တော်ကို ကြားနာရွတ်ဖတ်ရခြင်း
ဖြင့် ကပ်ကြီးသုံးပါးကိုလည်း ကျော်နင်းနိုင်
၏။ ဘီလူး၊ သရဲ၊ စုန်းကဝေ၊ တစ္ဆေ၊ မင်စာ
တို့ဘေးမှလည်း ကင်းလွတ်နိုင်၏။ နတ်ကောင်း
နတ်မြတ်တို့၏ ကူညီစောင်မမှုကိုလည်း ခံရ၏။
အချုပ်အနှောင် အဖွဲ့များမှလည်း ကင်းလွတ်
စေနိုင်ပါသည်။
📜 ရတနသုတ်ရွတ်ဖတ်သင့်သောအချိန်
📕 ရတနသုတ်တော်သည် ဘုရား၊ တရား၊ သံဃာ
တည်းဟူသော ရတနာသုံးပါးတို့၏ ဂုဏ်တော်
များဖြင့် သတ္တဝါအပေါင်းတို့ ချမ်းသာကြစေ
ရန် သစ္စာပြုသော သုတ်ဖြစ်ပါသည်။
📕 ထို့ကြောင့် မြို့ရွာရပ်ကွက်တို့၌ ဘေးအန္တရာယ်
များကျရောက်သောအခါ ရဟန်းသံဃာတော်
တို့ကို ပင့်ဖိတ်၍ ရတနသုတ်ကို နာကြားသင့်
ပေသည်။ မိမိကိုယ်တိုင်လည်း နေ့စဥ်မပြတ်
ရွတ်ဖတ်ခြင်းဖြင့် မိမိ၏နေအိမ်နှင့်တကွ မြို့ရွာ
ရပ်ကွက်တစ်ခုလုံး အန္တရာယ်ကင်းရှင်းစေနိုင်
ပါသည်။
📕 ရတနသုတ်မြတ်၊ သုံးကြိမ်ဖတ်က၊ သတ်ဖြတ်
ခန္ဓာ၊ ရောဂါဥပဒ်၊ ငတ်မွတ်ခေါင်းပါး၊ ကပ်သုံး
ပါးတို့၊ ရှောင်ရှားပြေးကြ၊ ငြိမ်းအေးလှသည်။
📚 ကမ္ဘာသူကမ္ဘာသားအားလုံး၊
မြန်မာပြည်သူပြည်သားအားလုံးတို့သည်
ကပ်ကြီးသုံးပါးမှ လွတ်ကင်းနိုင်ကြပါစေရန်
ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်
မိမိတို့ အိမ်၊ကျောင်း ၊ ဈေးဆိုင် ၊အလုပ် ဌာနများတွင့် နေ့စဉ်ဖွင့်ပေးခြင်းဖြင့် အန္တရာယ်ကင်း စီးပွားတိုးတက်ကြပါစေ
#အန္တရာယ်ကင်း
#ကပ်ဘေးကင်း
https://youtu.be/Qhr2affGPCY

4 years ago | [YT] | 5

အတုမရှိဗုဒ္ဓမြတ်စွာ

ကပ်ကြီးသုံးပါးကျော်လွှားနိုင်ဖို့
ကျေးဇူးတော်ရှင် ဗန်မော်ဆရာတော်ကြီးက
*အဋ္ဌာနမေတံ ဂါထာ*ကို တနေ့သုံးခေါက် ရွတ်ကြပါတဲ့🙏🙏🙏🙏🙏
"အဋ္ဌာန မေတံ ဂါထာတော်"
#အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊ အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ၊ ဧတေန သစ္စဝဇ္ဇေန သောတ္ထိ မေ(တေ) ဟောတု သဗ္ဗဒါ။
#ဘုရားရှင်တို့မည်သည် သူတပါးတို့၏ လုံလပယောဂ သတ်ဖြတ်မှုကြောင့် ပရိနိဗ္ဗာန်ပြုရိုး၊ အသက်ဆုံးရှုံးမှုမျိုး မရှိပေ။ သက်တမ်းစဉ်တိုင်းသာလျှင် ပရိနိဗ္ဗာန်ပြုရိုး ထုံးစံရှိပေ၏။
#ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်နှင့်တကွသတ္တဝါအားလုံး ဘေးရန်ကင်းပျောက် ချမ်းသာရောက်ပါစေ။
သဗ္ဗဒါနံဓမ္မဒါနံဇိနာတိ
နိဗ္ဗာန်ချမ်းသာ၏အထောက်အပံ့ဖြစ်ပါစေ။
https://youtu.be/AhUSKDfo7z4

4 years ago | [YT] | 9

အတုမရှိဗုဒ္ဓမြတ်စွာ

၁၉.၇.၂၀၂၁ တွင် ကျရောက်မည့် ၇၄ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အဖြစ် တရားအလှူ ဓမ္မဒါနပြုပါသည်
#အာဇာနည်နေ့
https://youtu.be/HOymP03CkuA

4 years ago | [YT] | 6

အတုမရှိဗုဒ္ဓမြတ်စွာ

မဟာသမယအခါတော်နေ့မှာ မဟာပဌာန်းနဲ့မဟာသမယသုတ်ကို ဖွင့်ထားပေးပါ ဓမ္မမိတ်ဆွေတို့ ၊မိမိတို့ အိမ်၊ကျောင်း ၊ ဈေးဆိုင် ၊အလုပ် ဌာနများတွင် နေ့စဉ်ဖွင့်ပေးခြင်းဖြင့် အန္တရာယ်ကင်း စီးပွားတိုးတက်ကြပါစေ
#အစွမ်းထက်ဂါထာ
#အန္တရာယ်ကင်းဂါထာ
#ငွေဝင်လာဘ်ရွှင်ဂါထာ

4 years ago | [YT] | 10