အတုမရှိဗုဒ္ဓမြတ်စွာ
#ကမ္ဘာကျော်မေတ္တာပို့ဂါထာ ဓမ္မမိတ်ဆွေများ အချိန်(၆)မိနစ်လောက်ပေးပြီး ဆရာတော်ကြီးရဲ့မေတ္တာဓာတ်ကိုခံယူကာ စိတ်အေးချမ်းမှုရယူလိုက်ပါ ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ ၊ကာလံ ကရောန္တော အတိဒုက္ကရာနိ ။ခေဒံ ဂတော လောကဟိတာယ နာထော ၊နမော မဟာကာရုဏိကဿ တဿ ။ယော နာထော- ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင်ရှင်တော်မြတ်ဘုရားသည်၊ ကပ္ပကောဋီဟိပိ - ကဋေ ကမ္ဘာ အရေအတွက် သချာၤတို့ဖြင့်သော်လည်း ၊ အပ္ပမေယျံ - ရေတွက်တိုင်းတာ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊ ကာလံ- လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊ လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွား အလို့ငှာ၊ အတိဒုက္ကရာနိ- ဥစ္စာ အသက် ခြေလက် အင်္ဂါ မေတ္တာကြီးမား သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အလွန်ခဲယဉ်းသော အမှုတို့ကို၊ ကရောန္တော- ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည်ဖြစ်၍၊ ခေဒံ- လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊ ဂတော- ဘဝတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရရှာလေပြီ။ မဟာကာရုဏိကဿ- သတ္တဝါများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင်ဖြစ်တော်မူသော၊ တဿနာထော- ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား ထိုအရှင်တော်မြတ်ဘုရားအား၊ နမော- ရိုသေပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊ အတ္ထု ဘဝတု- စင်စစ်မသွေ ဖြစ်ပါစေသတည်း…။“ ဓမ္မောသဓံ ပိဝိတွာန၊ဝိဿ သဗ္ဗေ သမူဟတာ။အဇရာမရံ သီတိဘာဝံ၊နိဗ္ဗာနံ ယနု္တ သာဓဝေါ။ ” ဓမ္မောသဓ –လောဘ,ဒေါသ,မောဟဆိပ်တောက်၊ကင်းပျောက်ကြည်အေး၊ တရားဆေးကို၊ ပိဝိတွာန –ဝမ်းသာရွှင်ပျ၊ သောက်ကြရ, နာကြရကုန်သောကြောင့်၊ ဝိဿ သဗ္ဗေ –ပူဆာညစ်နောက် ကိလေသာ အဆိပ်အတောက် ဟူသမျှတို့သည်၊ သမူဟတာ –ပိန်းကြာဖက်တွင် ရေမတင်ကဲ့သို့၊ ကင်းစင်လွင့်ပျောက်၊ ဘေးမရောက်အောင်ပယ်ဖျောက်အပ်ကုန်သည်၊ ဟောနု္တ –စင်စစ်အသွေ ဖြစ်ကြပါစေကုန်သတည်း၊ အဇရာမရ –အိုခြင်းလည်းကွာ၊ နာခြင်းလည်းကင်း၊ သေခြင်းလည်းရှင်းထသော၊ သီတိဘာ၀ –ကိလေသာ ဟူ အပူခပ်သိမ်း၊ ကင်းငြိမ်းရာ အစစ်ဖြစ်ပေထသော၊ နိဗ္ဗာနံ – နိဗ္ဗာန်နံ –နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့၊ သာဓဝေါ –တရားချစ်ခင် စိတ်ကောင်းဝင်ငြား၊ သူတော်စင်အများတို့သည်၊ ယန်ုတ –ပါရမီအဆင့်ဆင့် မြင့်တက်မြင့်၍၊ မလင့်ပုံသေ ဆိုက်ရောက်တော်မူကြပါစေကုန်သတည်း။– ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ#ပါမောက္ခချုပ်ဆရာတော်#အရှင်နန္ဒမာလာဘိဝံသ
3 years ago | [YT] | 26
အတုမရှိဗုဒ္ဓမြတ်စွာ
#ကမ္ဘာကျော်မေတ္တာပို့ဂါထာ
ဓမ္မမိတ်ဆွေများ အချိန်(၆)မိနစ်လောက်ပေးပြီး ဆရာတော်ကြီးရဲ့မေတ္တာဓာတ်ကိုခံယူ
ကာ စိတ်အေးချမ်းမှုရယူလိုက်ပါ
ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ ၊
ကာလံ ကရောန္တော အတိဒုက္ကရာနိ ။
ခေဒံ ဂတော လောကဟိတာယ နာထော ၊
နမော မဟာကာရုဏိကဿ တဿ ။
ယော နာထော- ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင်ရှင်တော်မြတ်ဘုရားသည်၊ ကပ္ပကောဋီဟိပိ - ကဋေ ကမ္ဘာ အရေအတွက် သချာၤတို့ဖြင့်သော်လည်း ၊ အပ္ပမေယျံ - ရေတွက်တိုင်းတာ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊ ကာလံ- လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊ လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွား အလို့ငှာ၊ အတိဒုက္ကရာနိ- ဥစ္စာ အသက် ခြေလက် အင်္ဂါ မေတ္တာကြီးမား သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အလွန်ခဲယဉ်းသော အမှုတို့ကို၊ ကရောန္တော- ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည်ဖြစ်၍၊ ခေဒံ- လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊ ဂတော- ဘဝတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရရှာလေပြီ။
မဟာကာရုဏိကဿ- သတ္တဝါများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင်ဖြစ်တော်မူသော၊ တဿနာထော- ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား ထိုအရှင်တော်မြတ်ဘုရားအား၊ နမော- ရိုသေပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊ အတ္ထု ဘဝတု- စင်စစ်မသွေ ဖြစ်ပါစေသတည်း…။
“ ဓမ္မောသဓံ ပိဝိတွာန၊
ဝိဿ သဗ္ဗေ သမူဟတာ။
အဇရာမရံ သီတိဘာဝံ၊
နိဗ္ဗာနံ ယနု္တ သာဓဝေါ။ ”
ဓမ္မောသဓ –
လောဘ,ဒေါသ,မောဟဆိပ်တောက်၊
ကင်းပျောက်ကြည်အေး၊ တရားဆေးကို၊
ပိဝိတွာန –
ဝမ်းသာရွှင်ပျ၊ သောက်ကြရ, နာကြရ
ကုန်သောကြောင့်၊
ဝိဿ သဗ္ဗေ –
ပူဆာညစ်နောက် ကိလေသာ အဆိပ်
အတောက် ဟူသမျှတို့သည်၊
သမူဟတာ –
ပိန်းကြာဖက်တွင် ရေမတင်ကဲ့သို့၊ ကင်းစင်
လွင့်ပျောက်၊ ဘေးမရောက်အောင်ပယ်ဖျောက်
အပ်ကုန်သည်၊
ဟောနု္တ –
စင်စစ်အသွေ ဖြစ်ကြပါစေကုန်သတည်း၊
အဇရာမရ –
အိုခြင်းလည်းကွာ၊ နာခြင်းလည်းကင်း၊ သေခြင်းလည်း
ရှင်းထသော၊
သီတိဘာ၀ –
ကိလေသာ ဟူ အပူခပ်သိမ်း၊ ကင်းငြိမ်းရာ အစစ်ဖြစ်
ပေထသော၊
နိဗ္ဗာနံ – နိဗ္ဗာန်နံ –
နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့၊
သာဓဝေါ –
တရားချစ်ခင် စိတ်ကောင်းဝင်ငြား၊ သူတော်စင်
အများတို့သည်၊
ယန်ုတ –
ပါရမီအဆင့်ဆင့် မြင့်တက်မြင့်၍၊ မလင့်ပုံသေ ဆိုက်ရောက်
တော်မူကြပါစေကုန်သတည်း။
– ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ
#ပါမောက္ခချုပ်ဆရာတော်
#အရှင်နန္ဒမာလာဘိဝံသ
3 years ago | [YT] | 26