ကြည့်ရှုအားပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ် ကျန်းမာချမ်းသာကြပါစေ 🙏🙏🙏 သတ္တဝါခပ်သိမ်းတရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ🌹🌹🌹
ချယ်ရီထွန်း
🙏🌻🙏🌻🙏🥰
2 days ago | [YT] | 422
View 12 replies
((( #သင်ဆဲတာကို_ငါဘုရားမယူ )))တစ်ခါက ပုဏ္ဏားက ဘုရားကို စေတ၀န်ကျောင်းရှေ့မှာ နေ့တိုင်းလာဆဲတယ်။ကြာတော့လည်း သူ့ဘာသာသူ ရပ်သွားတယ်။"ဒီလောက်ဆဲနေတာ ဘာကြောင့် ဘာမှပြန်မပြောတာလဲ"လို့ ဗုဒ္ဓကိုမေးတယ်။ဗုဒ္ဓက –"အသင် ပုဏား ငါဘုရားဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခုပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်ကဘယ်သူ့ဆီမှာရှိနေမလဲ။ပုဏားကြီးက ကိုယ်လက်ထဲမှာပဲ ရှိနေမှာပါတဲ့။ အဲ့ဒီလိုပဲ သင်ဆဲတာကို ငါဘုရားမယူဘူး"တဲ့။ဒါ့ကြောင့် ကိုယ်က ယူလိုက်လို့ ခံနေရတာပါနော်။ကိုယ်စိတ်ဆင်းရဲမှုဖြစ်ရတာဟာ ကိုယ့်ဘက်ကပူးပေါင်းဆောင်ရွက်မှု ပါနေတယ်ဆိုတာကို သဘောပေါက်ဖို့လိုတယ်။ဒုက္ခဖြစ်လာဖို့ မိမိကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်နေတယ်။ ဒါကို သဘောပေါက်ရင် အင်မတန်ကောင်းတယ်။ဒါ့ကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်ကို အဲ့ဒီလိုဒုက္ခမရောက်အောင် မတိုးတက်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ ရပ်တန့်လိုက်မယ် ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘ၀မှာ ပိုချောလာပါလိမ့်မယ်။(ဆရာတော်ဦးဇောတိက)((( လက်မခံတဲ့လက်ဆောင် )))❖ ခန္တီရဲ့သဘောဟာ အလွန်မြင့်မြတ်တယ်။ မြတ်စွာဘုရားကိုယ်တိုင်တောင်မှပဲ ဆဲရေးခြင်းဆိုတာကို ခံရတယ်။ အဲဒီလို ခံရတဲ့အခါမှာ မြတ်စွာဘုရားက အပြုံးမပျက် သူပြောနေတုန်း အသာနေလိုက်တယ်။ လက်ခံမနေဘူး။ မြတ်စွာဘုရားက သူပြောတဲ့အပေါ်မှာ လိုက်ပြီးတော့ စိတ်စနိုးစနောင့်ဖြစ်တာမျိုး မရှိဘူး။ သူပြောလို့ ပြီးသွားပြီဆိုတဲ့အခါ ဘုရားက ရှင်းပြတယ်။ ❖ “မင်းအိမ်မှာ ဧည့်သည်တွေ မလာဘူးလား” တဲ့။ “လာတယ်။” “လာတဲ့အခါမှာ မုန့်ပဲသွားရည်စာတွေနဲ့ ဧည့်မခံဘူးလား ” တဲ့။“ဧည့်ခံတယ်။”“အဲဒီ မုန့်ပဲသွားရည်စာတွေကို အဲဒီဧည့်သည်က စားမသွားဘူးဆိုရင် ဘယ်သူ့ဟာတွေလဲ ” ဆိုတော့ “ဒါက ကျွန်ုပ်ဟာပဲ ” ပြောတယ်။❖ မြတ်စွာဘုရားက “အေး၊ ငါ့ကို မင်းက ဆဲရေးခြင်းဖြင့် ဧည့်ခံတာ၊ မင်းဧည့်ခံတဲ့ဟာတွေ ငါတစ်ခုမှ လက်မခံဘူး၊ မင်းဟာတွေပဲ” လို့ ဒီလိုပြန်ပြီး မိန့်ကြားတဲ့စကား ရှိတယ်နော်။ အဲဒီဥပမာလို လက်မခံတဲ့လက်ဆောင်လို့ ထားရမယ်။ ❖ တစ်စုံတစ်ယောက်က ကိုယ့်ကို ဒေါသဖြစ်စရာလာပြောရင် ကိုယ်က လက်ခံပြီးတော့ မစဉ်းစားဘူး။ ဒီအတွက် ဒါ လက်မခံတဲ့လက်ဆောင်လို့ ခေါ်တယ်။ သူပေးသော်လည်း ကိုယ်လက်မခံဘူး။ လက်မခံသည့်အတွက်ကြောင့် ကိုယ့်စိတ်ရဲ့ အခြေအနေမှာ ဘာမှဖြစ်မသွားဘူး။ အဲဒါမျိုးကျ ခန္တီလို့ ပြောတာနော်။ လောကမှာ မေတ္တာနဲ့ဆက်ဆံပြီး ခန္တီနဲ့ သည်းခံနိုင်စွမ်းရှိမှ အလုပ်ကိစ္စဆိုတာ အောင်မြင်တယ်တဲ့။ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တ ္တဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော "နှစ်ဦးမေတ္တာ လူတိုင်းမှာ" တရားတော်မှ ကောက်နုတ်ဖော်ပြသည်။ မူရင်းတင်သူ #ဦးသိန်း # ဓမ္မနှင့်အထွေထွေဗဟုသုတ
2 days ago | [YT] | 67
View 0 replies
((( တရားအားထုတ်သူများ အထူးသတိထား ~ ((( မာနမာန , ဟယ်မာန , မာနဓာတ်ဆိုးသေ ~"မာနမရှိဘူးထင်နေတာတောင် မာနက ရှိနေတယ်" ══════════════════❖ ဘုန်းကြီးကိုယ်တိုင် ငယ်ငယ်တုန်းကတရားရိပ်သာမှာ သွားပြီးတော့ တခြားဘုန်းကြီးနဲ့အတူတူ တရားအားထုတ်တော့ တရားအားထုတ်ဖော်တွေက ဝိပဿနာဉာဏ်တွေ တိုးတက်ကြတယ်။❖ ဘုန်းကြီးကတော့ တရားအားထုတ်တာ လတွေတော်တော်ကြာပေမယ့် တိုးတက်မှု သိပ်မရှိဘူး။ နည်းနည်းလေး စိတ်အေးချမ်းတာလောက်ပဲ ရှိတယ်။❖ တရားစစ်တဲ့အခါမှာ ဆရာတော်က ဘုန်းကြီးကိုမေးတယ်။ ဇောတိက တရားအားထုတ်တာ ဘယ်လိုနေလဲ…? " စိတ်တော့ ချမ်းသာပါတယ် ဘုရား။ ဘာမှတိုးတက်မှု မရှိဘူး။ "❖ ဘုန်းကြီးနဲ့အတူတူ တရားအားထုတ်ဖော် အားထုတ်ဖက် တခြားဘုန်းကြီးတွေကို မေးတဲ့အခါမှာ သူတို့မှာ ပြောစရာ လျှောက်စရာတွေ ရှိတယ်။ အဲဒီတော့ ကြာတော့ ရှက်လာတယ်။❖ သူတို့ကိုကြည့်လိုက်တော့လည်း တစ်ချို့က လေးတန်းအောင်။ တစ်ချို့က လေးတန်းတောင်မအောင်ဘူး။ ဘုန်းကြီးက အင်ဂျင်နီယာဘွဲ့ရထားတာ။ နည်းတဲ့ပညာတွေ မဟုတ်ဘူး။❖ အဲဒီတော့ စိတ်ထဲမှာ ငါကပညာတတ်၊ သူတို့က လေးတန်းတောင် မအောင်ဘူး၊ ငါက တရားစာအုပ်တွေ အများကြီးဖတ်ထားတာ၊ "ဝိသုဒ္ဓီမဂ် မြန်မာပြန်တွေတောင် ဖတ်ထားပြီးသွားပြီ။ အများကြီးသိထားပြီ ဆိုပြီးတော့ ဘာပဲပြောပြော မာနတော့ ရှိနေတာပဲနော်။❖ "အဲဒီမာနဆိုတာ တော်တော်ပယ်ရခက်တယ်။တော်တော်လည်း ကြောက်စရာ ကောင်းတယ်။မာနမရှိဘူးလို့ထင်နေရင်တောင်မှ မာနက ရှိနေတယ် "❖ အဲဒါနဲ့တရားစစ်တိုင်း တရားစစ်တိုင်း ဘုန်းကြီးမှာ လျှောက်စရာ မရှိဘူး။ ကြာတော့ ဆရာတော်ဆီကို သွားရမှာ ကြောက်လာတယ်။ ဇောတိက ဘယ်နှယ့်တုန်း။ တရားအားထုတ်တာ ဘယ်လိုတုန်းလို့ မေးမှာကို သိပ်ကြောက်တယ်။ ကြောက်တော့ ဘာလုပ်ရမလဲဆိုတော့ တရားလည်း အားထုတ်ချင်တယ်။ ဆရာတော်ဆီလည်း မသွားချင်တော့ဘူး။❖ အဲဒါနဲ့တပည့်တော် ဟိုဘက်နားက တောရကျောင်းကို ခဏသွားမယ်ဘုရားလို့ သွားလျှောက်တယ်။ အဲဒီကျောင်းက ပိုဝေးတယ်။ ဆွမ်းကွမ်းလည်း အင်မတန်နည်းတယ်။ နည်းတော့ ဆရာတော်ကြီးက ခဏသွားမယ်လို့ ထင်ပြီး။ " အေး အေး သွား သွား " လို့ ပြောတယ်။ ဘုန်းကြီးက အမှန်တော့ ထွက်ပြေးတာနော်။ ♦ ♦ ♦"စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ ထား…"❖ အဲဒီတောရကျောင်းကို သွားပြီးတော့ နေလိုက်တယ်။ ငါဆရာတော်ဆီလည်း မသွားတော့ဘူး။ သွားရင် ငါ့ကို တရားအားထုတ်တဲ့အကြောင်း မေးမှာပဲ။ ❖ မေးရင် ငါ ဘာမှ မတိုးတက်တာပြောရင် အဲဒီလို ပြောရတာကိုက ငါတော်တော်ရှက်တယ် ဆိုပြီးတော့ အဲဒီတောရကျောင်းမှာ သွားနေပြီးတော့ တစ်ယောက်တည်း ကိုယ့်ဘာသာ ကိုယ် တရားထိုင်တယ်။❖ မတိုးတက်ဘူး။ မတိုးတက်တော့ ကြာတော့ နည်းနည်းတော့ စိတ်ညစ်လာတယ်။ ရက်တွေ လတွေသာ ကြာလာတယ် မတိုးတက်ဘူး။ ❖ ဒီကြားထဲ ဘုန်းကြီးက စဉ်းစားကြည့်သေးတယ်။ ငါနဲ့ အတူတူဘွဲ့ရတဲ့ ငါ့သူငယ်ချင်းတွေတော့ ဘာတွေဖြစ်ကုန်ပြီ။ ငါကတော့ တောထဲမှာ တရားသာ အားထုတ်တာ ဘာတရားမှလည်း မရဘူး။❖ အဲဒီတော့ နည်းနည်းတွက်ခြေမကိုက်ဘူး။ အဲဒီလိုအတွေးတွေ အမျိုးမျိုး တွေးပြီးတော့ နည်းနည်း စိတ်ညစ်နေပြီ။❖ စိတ်ညစ်နေပြီးမှ တစ်ခါ၊ ဘယ်လိုတွေးလဲဆိုတော့ တိုးတက်တာ မတိုးတက်တာ နေပါစေတော့ မတတ်နိုင်ဘူး။ မတိုးတက်ချင်လည်း နေပါစေ။ ❖ ဘုရားဟောထားတာလည်း ကြားဖူးတာ တစ်ခုရှိတယ်။ ငါ့ဆရာတော်ကလည်း ပြောထားတာရှိတယ်။ " စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ ထား " တဲ့ ပြောထားတယ်။ ❖ အဲဒီတော့ ငါအတိတ်ကိုလည်း မတွေးဘူး။ အနာဂတ်ကိုလည်း မတွေးဘူး။ စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာပဲ ထားမယ်။ အဲဒီတစ်ခု လုပ်လို့ရရင် ကျေနပ်တယ်။ ဘယ်တော့မှ မတိုးတက်လည်း နေပါစေတော့။ ❖ ငါ့ဟာငါ တောထဲမှာ တစ်ပါးတည်းနေပြီးတော့ စိတ်ကို ပစ္စုပ္ပန်မှာ ထားမယ်ဆိုပြီးတော့ ကိုယ့်စိတ်ကိုယ် ကြည့်နေတယ်။❖ တစ်ခုခု တွေးပြီဆိုရင်လည်း တွေးပြီးလို့ သိတယ်။ တွေးတယ်ဆိုတာ အမှန်တော့ အတိတ်ကိုတွေးတာ သို့မဟုတ် အနာဂတ်ကိုတွေးတာပဲ။ ပစ္စုပ္ပန်ကို တွေးလို့မရဘူး။❖ တွေးတာကို တွေးပြီးလို့သိတာနဲ့တစ်ပြိုင်နက် အဲဒီအတွေးကို ရပ်လိုက်တယ်။ သိတာနဲ့ သူ့ဟာသူ ရပ်သွားတယ်။ ရပ်သွားပြီဆိုရင် အဲဒီစိတ်ကို ပစ္စုပ္ပန်မှာ ပြန်ထားတယ်။ ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်နေတာ အသက်ရှူနေတာလေးကို သိနေတယ်။ တခြားတစ်ခုခု ထင်ရှားတာ ရှိနေရင်လည်းပဲ သိနေတယ်။❖ အဲဒီလိုနဲ့ပဲ စိတ်ကို ပစ္စုပ္ပန်မှာ ထားရင်း ထားရင်းနဲ့ စိတ်က ပစ္စုပ္ပန်မှာ အနေများလာတော့ စိတ်တည်ငြိမ် အေးချမ်းလာတော့ တဖြည်းဖြည်း ခန္ဓာမှာဖြစ်နေတာတွေကို သိရတာ အသိရှင်းလာတယ်။ အမြင်ရှင်းလာတယ်။ ဖြစ်တိုင်းဖြစ်တိုင်း ဖြစ်တာကိုသိတယ်။ ဖြစ်တာကို သိတိုင်းသိတိုင်း မရှိတော့ဘူးဆိုတာ သိလာတယ်။❖ အဲဒီလို မျှော်လင့်ချက်တွေ ဘာမှမထားဘဲနဲ့ ပစ္စုပ္ပန် တည့်တည့်မှာပဲ စိတ်ကိုထားလိုက်တဲ့အချိန်မှာ ပိုပြီးတော့ တရားအားထုတ်ရတာ အဆင်ပြေလာတယ်။ တိုးတက်မှုပိုရှိလာတယ်။❖ပြီးတော့ အနားမှာ ပြိုင်မည့် ပြိုင်ဘက်လည်းမရှိဘူး။ အရင်တုန်းက ရိပ်သာမှာဆိုတော့ ပြိုင်ဘက်တွေက များနေတော့ တရားအားထုတ်ရတာ သိပ်အဆင်မပြေဘူး။❖ " လောကီရေးကိစ္စမှာသာ ပြိုင်ဘက်ရှိလို့ရှိရင် ပြိုင်နေတဲ့အတွက်ကြောင့် တိုးတက်မှုရှိမယ်နော်။ တရားနဲ့ပတ်သက်လာရင် ပြိုင်ချင်တဲ့စိတ်ရှိနေရင်ကိုပဲ မတိုးတက်တော့ဘူး။ အဲဒါဟာ အင်မတန် သိမ်မွေ့တဲ့သဘောရှိတယ်။ " ❖ ဒါကြောင့် တရားအားထုတ်တဲ့ကိစ္စမှာ ငါက သူ့ထက် သာတယ်ဆိုတဲ့ အတွေးမျိုး မတွေးသင့်ဘူး။ သူက ငါ့ထက်သာတယ်ဆိုတဲ့ အတွေးရော မတွေးသင့်ဘူး။ ❖ သူ့တရား သူ အားထုတ်တာ။ ကိုယ့်တရား ကိုယ် အားထုတ်တာ။ ကိုယ့်ဟာကိုယ် အားထုတ်တာနော်။ ဘယ်လောက်ကြာရင် တရားထူးရမယ်လို့လည်း ဒါလည်း မတွေးသင့်ဘူး။ ❖ " စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာပဲ ထားသင့်တယ်နော် " ……………။#ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးသားတော် မူခဲ့သော - " မြင့်မြတ်မှုပျောက်ဆုံးနေခြင်း မေတ္တာသုတ်တရားတော် " စာအုပ်မှ❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇ ❖ စေတနာ အရင်းခံဖြင့် ပြန်လည်မျှဝေပါသည်။
2 days ago | [YT] | 393
View 35 replies
☸ သစ္စာဆိုပြီး မေတ္တာပွားတဲ့နည်း ☸လောကမှာ သစ္စာဟာ အစွမ်းထက်တဲ့အင်အားရှိပါတယ်။ လူတွေက သစ္စာဆိုမှုကို အနည်းငယ်သာသိကြပေမယ့်၊ တကယ်ကိုယ့်ဟာကိုယ် သစ္စာဆိုပြီး ကိုယ်လိုချင်တဲ့အရာကို တောင်းဆိုရင် သစ္စာရဲ့စွမ်းအားကို ခံစားရနိုင်ပါတယ်။ မယုံရင်တော့ လုပ်ကြည့်ပါ။ သစ္စာရလဒ်ကို တစ်ခါတည်း မရနိုင်ပါဘူး။သစ္စာစကားကို မှန်မှန်ကန်ကန်ပြောရမယ်၊ စိတ်အားလုံးနဲ့လုပ်ရမယ်၊ မှန်သောအမှုကိုသာလုပ်ရမယ်။ ကိုယ့်ဟာကိုယ်လည်း သစ္စာဆိုနိုင်ရမယ်။ အမှားရှိနေခြင်းမရှိစေရန် သေချာရမယ်။အဲဒီကြောင့် ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ သစ္စာကို နံနက်ခင်းမှာ သစ္စာဆိုနိုင်အောင် ရတနသုတ်ပါဠိမှ ယူထားပါတယ်။အလုပ်သွားပြီ၊ လုပ်ငန်းတွေ ပြီးပြီဆိုရင် ဒီလို သစ္စာလေးကို ပြောနိုင်ပါတယ်။ သစ္စာဆိုတာ ကိုယ့်အတွက်တင် မဟုတ်ဘူး၊ ပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိပါတယ်။---ပါဠိ“ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါသဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံန နော သမံ အတ္ထိ တထာဂတေနဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံဧတေန သစ္စေန သုဝတ္ထိ ဟောတုဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံဧတေန သစ္စေန သုဝတ္ထိ ဟောတုဣဒမ္ပိ သံဃေ ရတနံ ပဏီတံဧတေန သစ္စေန သုဝတ္ထိ ဟောတု”အဓိပ္ပာယ်လောကမှာရှိတဲ့ ရတနာတွေအားလုံး၊ ပစ္စည်းဥစ္စာ၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားများစွာရှိပေမယ့် မြတ်စွာဘုရားရဲ့ သီလ၊ သမာဓိ၊ ပညာတို့ထက် မရှိနိုင်ပါ။ သစ္စာစကားမှန်မှန်နဲ့ပြောခြင်းကြောင့် သတ္တဝါများအတွက် ကောင်းကျိုးတွေ ရရှိပါသည်။နံနက်မိုးသောက် အလင်းရောက်ချိန်မှာ ကိုယ့်အတွက်တင် မဟုတ်ဘူး၊ အများအတွက်ပါ သစ္စာဆိုပြီး မေတ္တာပွားခြင်းဟာ အလွန်ကောင်းသော အလုပ်ဖြစ်ပါတယ်။နေ့စဉ် နံနက်ပိုင်း၊ နေ့လယ်ပိုင်း၊ ညနေပိုင်းမှာလည်း ကောင်းကျိုးချမ်းသာတွေ ရရှိအောင် ဒီလို လိုက်နာဆောင်ရွက်ပါ။---☸ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🙏#တရားကုသိုလ်အဖြစ်ပြန်လည်မျှဝေပါသည်
1 week ago | [YT] | 146
View 15 replies
အတွေးကောင်းလေးတွေအမြဲတွေးပြီး စိတ်ကောင်းလေးထားမှ မဆင်းရဲဘူး တရားတော် - ပါချုပ်ဆရာတော်ဘုရားကြီး🙏🌹
1 week ago | [YT] | 24
View 1 reply
မေတ္တာသုတ်(၁၁)ခေါက် - မင်းကွန်းဆရာတော်🙏🙏🙏
1 week ago | [YT] | 22
View 2 replies
🙏🙏🙏🌹🌹🌹
1 week ago | [YT] | 12
2 weeks ago | [YT] | 228
View 4 replies
ကျန်းမာရေးဂရုစိုက်ပါ၊
3 weeks ago (edited) | [YT] | 137
View 11 replies
🙏🙏🙏🙏🙏
3 weeks ago | [YT] | 168
View 10 replies
Load more
ချယ်ရီထွန်း
🙏🌻🙏🌻🙏🥰
2 days ago | [YT] | 422
View 12 replies
ချယ်ရီထွန်း
((( #သင်ဆဲတာကို_ငါဘုရားမယူ )))
တစ်ခါက ပုဏ္ဏားက ဘုရားကို စေတ၀န်ကျောင်းရှေ့မှာ နေ့တိုင်းလာဆဲတယ်။
ကြာတော့လည်း သူ့ဘာသာသူ ရပ်သွားတယ်။
"ဒီလောက်ဆဲနေတာ ဘာကြောင့် ဘာမှပြန်မပြောတာလဲ"လို့ ဗုဒ္ဓကိုမေးတယ်။
ဗုဒ္ဓက –"အသင် ပုဏား ငါဘုရားဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခုပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်ကဘယ်သူ့ဆီမှာရှိနေမလဲ။
ပုဏားကြီးက ကိုယ်လက်ထဲမှာပဲ ရှိနေမှာပါတဲ့။ အဲ့ဒီလိုပဲ သင်ဆဲတာကို ငါဘုရားမယူဘူး"တဲ့။
ဒါ့ကြောင့် ကိုယ်က ယူလိုက်လို့ ခံနေရတာပါနော်။
ကိုယ်စိတ်ဆင်းရဲမှုဖြစ်ရတာဟာ ကိုယ့်ဘက်ကပူးပေါင်းဆောင်ရွက်မှု ပါနေတယ်ဆိုတာကို သဘောပေါက်ဖို့လိုတယ်။
ဒုက္ခဖြစ်လာဖို့ မိမိကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်နေတယ်။ ဒါကို သဘောပေါက်ရင် အင်မတန်ကောင်းတယ်။
ဒါ့ကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်ကို အဲ့ဒီလိုဒုက္ခမရောက်အောင် မတိုးတက်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ ရပ်တန့်လိုက်မယ် ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘ၀မှာ ပိုချောလာပါလိမ့်မယ်။
(ဆရာတော်ဦးဇောတိက)
((( လက်မခံတဲ့လက်ဆောင် )))
❖ ခန္တီရဲ့သဘောဟာ အလွန်မြင့်မြတ်တယ်။ မြတ်စွာဘုရားကိုယ်တိုင်တောင်မှပဲ ဆဲရေးခြင်းဆိုတာကို ခံရတယ်။ အဲဒီလို ခံရတဲ့အခါမှာ မြတ်စွာဘုရားက အပြုံးမပျက် သူပြောနေတုန်း အသာနေလိုက်တယ်။ လက်ခံမနေဘူး။ မြတ်စွာဘုရားက သူပြောတဲ့အပေါ်မှာ လိုက်ပြီးတော့ စိတ်စနိုးစနောင့်ဖြစ်တာမျိုး မရှိဘူး။ သူပြောလို့ ပြီးသွားပြီဆိုတဲ့အခါ ဘုရားက ရှင်းပြတယ်။
❖ “မင်းအိမ်မှာ ဧည့်သည်တွေ မလာဘူးလား” တဲ့။
“လာတယ်။”
“လာတဲ့အခါမှာ မုန့်ပဲသွားရည်စာတွေနဲ့ ဧည့်မခံဘူးလား ” တဲ့။
“ဧည့်ခံတယ်။”
“အဲဒီ မုန့်ပဲသွားရည်စာတွေကို အဲဒီဧည့်သည်က စားမသွားဘူးဆိုရင် ဘယ်သူ့ဟာတွေလဲ ” ဆိုတော့
“ဒါက ကျွန်ုပ်ဟာပဲ ” ပြောတယ်။
❖ မြတ်စွာဘုရားက “အေး၊ ငါ့ကို မင်းက ဆဲရေးခြင်းဖြင့် ဧည့်ခံတာ၊ မင်းဧည့်ခံတဲ့ဟာတွေ ငါတစ်ခုမှ လက်မခံဘူး၊ မင်းဟာတွေပဲ” လို့ ဒီလိုပြန်ပြီး မိန့်ကြားတဲ့စကား ရှိတယ်နော်။ အဲဒီဥပမာလို လက်မခံတဲ့လက်ဆောင်လို့ ထားရမယ်။
❖ တစ်စုံတစ်ယောက်က ကိုယ့်ကို ဒေါသဖြစ်စရာလာပြောရင် ကိုယ်က လက်ခံပြီးတော့ မစဉ်းစားဘူး။ ဒီအတွက် ဒါ လက်မခံတဲ့လက်ဆောင်လို့ ခေါ်တယ်။ သူပေးသော်လည်း ကိုယ်လက်မခံဘူး။ လက်မခံသည့်အတွက်ကြောင့် ကိုယ့်စိတ်ရဲ့ အခြေအနေမှာ ဘာမှဖြစ်မသွားဘူး။ အဲဒါမျိုးကျ ခန္တီလို့ ပြောတာနော်။ လောကမှာ မေတ္တာနဲ့ဆက်ဆံပြီး ခန္တီနဲ့ သည်းခံနိုင်စွမ်းရှိမှ အလုပ်ကိစ္စဆိုတာ အောင်မြင်တယ်တဲ့။
ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တ ္တဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော "နှစ်ဦးမေတ္တာ လူတိုင်းမှာ" တရားတော်မှ ကောက်နုတ်ဖော်ပြသည်။
မူရင်းတင်သူ #ဦးသိန်း
# ဓမ္မနှင့်အထွေထွေဗဟုသုတ
2 days ago | [YT] | 67
View 0 replies
ချယ်ရီထွန်း
((( တရားအားထုတ်သူများ အထူးသတိထား ~
((( မာနမာန , ဟယ်မာန , မာနဓာတ်ဆိုးသေ ~
"မာနမရှိဘူးထင်နေတာတောင် မာနက ရှိနေတယ်"
══════════════════
❖ ဘုန်းကြီးကိုယ်တိုင် ငယ်ငယ်တုန်းက
တရားရိပ်သာမှာ သွားပြီးတော့
တခြားဘုန်းကြီးနဲ့အတူတူ
တရားအားထုတ်တော့
တရားအားထုတ်ဖော်တွေက ဝိပဿနာဉာဏ်တွေ တိုးတက်ကြတယ်။
❖ ဘုန်းကြီးကတော့ တရားအားထုတ်တာ လတွေတော်တော်ကြာပေမယ့် တိုးတက်မှု သိပ်မရှိဘူး။ နည်းနည်းလေး စိတ်အေးချမ်းတာလောက်ပဲ ရှိတယ်။
❖ တရားစစ်တဲ့အခါမှာ ဆရာတော်က ဘုန်းကြီးကိုမေးတယ်။ ဇောတိက တရားအားထုတ်တာ ဘယ်လိုနေလဲ…?
" စိတ်တော့ ချမ်းသာပါတယ် ဘုရား။
ဘာမှတိုးတက်မှု မရှိဘူး။ "
❖ ဘုန်းကြီးနဲ့အတူတူ တရားအားထုတ်ဖော် အားထုတ်ဖက် တခြားဘုန်းကြီးတွေကို မေးတဲ့အခါမှာ သူတို့မှာ ပြောစရာ လျှောက်စရာတွေ ရှိတယ်။
အဲဒီတော့ ကြာတော့ ရှက်လာတယ်။
❖ သူတို့ကိုကြည့်လိုက်တော့လည်း တစ်ချို့က လေးတန်းအောင်။ တစ်ချို့က လေးတန်းတောင်မအောင်ဘူး။ ဘုန်းကြီးက အင်ဂျင်နီယာဘွဲ့ရထားတာ။ နည်းတဲ့ပညာတွေ မဟုတ်ဘူး။
❖ အဲဒီတော့ စိတ်ထဲမှာ ငါကပညာတတ်၊ သူတို့က လေးတန်းတောင် မအောင်ဘူး၊ ငါက တရားစာအုပ်တွေ အများကြီးဖတ်ထားတာ၊ "ဝိသုဒ္ဓီမဂ် မြန်မာပြန်တွေတောင် ဖတ်ထားပြီးသွားပြီ။ အများကြီးသိထားပြီ ဆိုပြီးတော့ ဘာပဲပြောပြော မာနတော့ ရှိနေတာပဲနော်။
❖ "အဲဒီမာနဆိုတာ တော်တော်ပယ်ရခက်တယ်။
တော်တော်လည်း ကြောက်စရာ ကောင်းတယ်။
မာနမရှိဘူးလို့ထင်နေရင်တောင်မှ မာနက ရှိနေတယ် "
❖ အဲဒါနဲ့တရားစစ်တိုင်း တရားစစ်တိုင်း ဘုန်းကြီးမှာ လျှောက်စရာ မရှိဘူး။ ကြာတော့ ဆရာတော်ဆီကို သွားရမှာ ကြောက်လာတယ်။ ဇောတိက ဘယ်နှယ့်တုန်း။ တရားအားထုတ်တာ ဘယ်လိုတုန်းလို့ မေးမှာကို သိပ်ကြောက်တယ်။ ကြောက်တော့ ဘာလုပ်ရမလဲဆိုတော့ တရားလည်း အားထုတ်ချင်တယ်။ ဆရာတော်ဆီလည်း မသွားချင်တော့ဘူး။
❖ အဲဒါနဲ့တပည့်တော် ဟိုဘက်နားက တောရကျောင်းကို ခဏသွားမယ်ဘုရားလို့ သွားလျှောက်တယ်။ အဲဒီကျောင်းက ပိုဝေးတယ်။ ဆွမ်းကွမ်းလည်း အင်မတန်နည်းတယ်။ နည်းတော့ ဆရာတော်ကြီးက ခဏသွားမယ်လို့ ထင်ပြီး။
" အေး အေး သွား သွား " လို့ ပြောတယ်။
ဘုန်းကြီးက အမှန်တော့ ထွက်ပြေးတာနော်။
♦ ♦ ♦
"စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ ထား…"
❖ အဲဒီတောရကျောင်းကို သွားပြီးတော့ နေလိုက်တယ်။ ငါဆရာတော်ဆီလည်း မသွားတော့ဘူး။ သွားရင် ငါ့ကို တရားအားထုတ်တဲ့အကြောင်း မေးမှာပဲ။
❖ မေးရင် ငါ ဘာမှ မတိုးတက်တာပြောရင် အဲဒီလို ပြောရတာကိုက ငါတော်တော်ရှက်တယ် ဆိုပြီးတော့ အဲဒီတောရကျောင်းမှာ သွားနေပြီးတော့ တစ်ယောက်တည်း ကိုယ့်ဘာသာ ကိုယ် တရားထိုင်တယ်။
❖ မတိုးတက်ဘူး။ မတိုးတက်တော့ ကြာတော့ နည်းနည်းတော့ စိတ်ညစ်လာတယ်။ ရက်တွေ လတွေသာ ကြာလာတယ် မတိုးတက်ဘူး။
❖ ဒီကြားထဲ ဘုန်းကြီးက စဉ်းစားကြည့်သေးတယ်။
ငါနဲ့ အတူတူဘွဲ့ရတဲ့ ငါ့သူငယ်ချင်းတွေတော့ ဘာတွေဖြစ်ကုန်ပြီ။ ငါကတော့ တောထဲမှာ တရားသာ အားထုတ်တာ ဘာတရားမှလည်း မရဘူး။
❖ အဲဒီတော့ နည်းနည်းတွက်ခြေမကိုက်ဘူး။ အဲဒီလိုအတွေးတွေ အမျိုးမျိုး တွေးပြီးတော့ နည်းနည်း စိတ်ညစ်နေပြီ။
❖ စိတ်ညစ်နေပြီးမှ တစ်ခါ၊ ဘယ်လိုတွေးလဲဆိုတော့ တိုးတက်တာ မတိုးတက်တာ နေပါစေတော့ မတတ်နိုင်ဘူး။ မတိုးတက်ချင်လည်း နေပါစေ။
❖ ဘုရားဟောထားတာလည်း ကြားဖူးတာ တစ်ခုရှိတယ်။ ငါ့ဆရာတော်ကလည်း ပြောထားတာရှိတယ်။ " စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ ထား " တဲ့ ပြောထားတယ်။
❖ အဲဒီတော့ ငါအတိတ်ကိုလည်း မတွေးဘူး။
အနာဂတ်ကိုလည်း မတွေးဘူး။
စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာပဲ ထားမယ်။
အဲဒီတစ်ခု လုပ်လို့ရရင် ကျေနပ်တယ်။
ဘယ်တော့မှ မတိုးတက်လည်း နေပါစေတော့။
❖ ငါ့ဟာငါ တောထဲမှာ တစ်ပါးတည်းနေပြီးတော့
စိတ်ကို ပစ္စုပ္ပန်မှာ ထားမယ်ဆိုပြီးတော့ ကိုယ့်စိတ်ကိုယ် ကြည့်နေတယ်။
❖ တစ်ခုခု တွေးပြီဆိုရင်လည်း တွေးပြီးလို့ သိတယ်။
တွေးတယ်ဆိုတာ အမှန်တော့ အတိတ်ကိုတွေးတာ
သို့မဟုတ် အနာဂတ်ကိုတွေးတာပဲ။
ပစ္စုပ္ပန်ကို တွေးလို့မရဘူး။
❖ တွေးတာကို တွေးပြီးလို့သိတာနဲ့တစ်ပြိုင်နက် အဲဒီအတွေးကို ရပ်လိုက်တယ်။ သိတာနဲ့ သူ့ဟာသူ ရပ်သွားတယ်။ ရပ်သွားပြီဆိုရင် အဲဒီစိတ်ကို ပစ္စုပ္ပန်မှာ ပြန်ထားတယ်။ ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်နေတာ အသက်ရှူနေတာလေးကို သိနေတယ်။ တခြားတစ်ခုခု ထင်ရှားတာ ရှိနေရင်လည်းပဲ သိနေတယ်။
❖ အဲဒီလိုနဲ့ပဲ စိတ်ကို ပစ္စုပ္ပန်မှာ ထားရင်း ထားရင်းနဲ့ စိတ်က ပစ္စုပ္ပန်မှာ အနေများလာတော့ စိတ်တည်ငြိမ် အေးချမ်းလာတော့ တဖြည်းဖြည်း ခန္ဓာမှာဖြစ်နေတာတွေကို သိရတာ အသိရှင်းလာတယ်။ အမြင်ရှင်းလာတယ်။ ဖြစ်တိုင်းဖြစ်တိုင်း ဖြစ်တာကိုသိတယ်။ ဖြစ်တာကို သိတိုင်းသိတိုင်း မရှိတော့ဘူးဆိုတာ သိလာတယ်။
❖ အဲဒီလို မျှော်လင့်ချက်တွေ ဘာမှမထားဘဲနဲ့ ပစ္စုပ္ပန် တည့်တည့်မှာပဲ စိတ်ကိုထားလိုက်တဲ့အချိန်မှာ ပိုပြီးတော့ တရားအားထုတ်ရတာ အဆင်ပြေလာတယ်။ တိုးတက်မှုပိုရှိလာတယ်။
❖ပြီးတော့ အနားမှာ ပြိုင်မည့် ပြိုင်ဘက်လည်းမရှိဘူး။ အရင်တုန်းက ရိပ်သာမှာဆိုတော့ ပြိုင်ဘက်တွေက များနေတော့ တရားအားထုတ်ရတာ သိပ်အဆင်မပြေဘူး။
❖ " လောကီရေးကိစ္စမှာသာ ပြိုင်ဘက်ရှိလို့ရှိရင် ပြိုင်နေတဲ့အတွက်ကြောင့် တိုးတက်မှုရှိမယ်နော်။ တရားနဲ့ပတ်သက်လာရင် ပြိုင်ချင်တဲ့စိတ်ရှိနေရင်ကိုပဲ မတိုးတက်တော့ဘူး။ အဲဒါဟာ အင်မတန် သိမ်မွေ့တဲ့သဘောရှိတယ်။ "
❖ ဒါကြောင့် တရားအားထုတ်တဲ့ကိစ္စမှာ ငါက သူ့ထက် သာတယ်ဆိုတဲ့ အတွေးမျိုး မတွေးသင့်ဘူး။ သူက ငါ့ထက်သာတယ်ဆိုတဲ့ အတွေးရော မတွေးသင့်ဘူး။
❖ သူ့တရား သူ အားထုတ်တာ။
ကိုယ့်တရား ကိုယ် အားထုတ်တာ။
ကိုယ့်ဟာကိုယ် အားထုတ်တာနော်။
ဘယ်လောက်ကြာရင် တရားထူးရမယ်လို့လည်း ဒါလည်း မတွေးသင့်ဘူး။
❖ " စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာပဲ
ထားသင့်တယ်နော် " ……………။
#ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)
ရေးသားတော် မူခဲ့သော -
" မြင့်မြတ်မှုပျောက်ဆုံးနေခြင်း မေတ္တာသုတ်တရားတော် " စာအုပ်မှ
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇
❖ စေတနာ အရင်းခံဖြင့် ပြန်လည်မျှဝေပါသည်။
2 days ago | [YT] | 393
View 35 replies
ချယ်ရီထွန်း
☸ သစ္စာဆိုပြီး မေတ္တာပွားတဲ့နည်း ☸
လောကမှာ သစ္စာဟာ အစွမ်းထက်တဲ့အင်အားရှိပါတယ်။ လူတွေက သစ္စာဆိုမှုကို အနည်းငယ်သာသိကြပေမယ့်၊ တကယ်ကိုယ့်ဟာကိုယ် သစ္စာဆိုပြီး ကိုယ်လိုချင်တဲ့အရာကို တောင်းဆိုရင် သစ္စာရဲ့စွမ်းအားကို ခံစားရနိုင်ပါတယ်။ မယုံရင်တော့ လုပ်ကြည့်ပါ။ သစ္စာရလဒ်ကို တစ်ခါတည်း မရနိုင်ပါဘူး။
သစ္စာစကားကို မှန်မှန်ကန်ကန်ပြောရမယ်၊ စိတ်အားလုံးနဲ့လုပ်ရမယ်၊ မှန်သောအမှုကိုသာလုပ်ရမယ်။ ကိုယ့်ဟာကိုယ်လည်း သစ္စာဆိုနိုင်ရမယ်။ အမှားရှိနေခြင်းမရှိစေရန် သေချာရမယ်။
အဲဒီကြောင့် ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ သစ္စာကို နံနက်ခင်းမှာ သစ္စာဆိုနိုင်အောင် ရတနသုတ်ပါဠိမှ ယူထားပါတယ်။
အလုပ်သွားပြီ၊ လုပ်ငန်းတွေ ပြီးပြီဆိုရင် ဒီလို သစ္စာလေးကို ပြောနိုင်ပါတယ်။ သစ္စာဆိုတာ ကိုယ့်အတွက်တင် မဟုတ်ဘူး၊ ပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိပါတယ်။
---
ပါဠိ
“ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ
န နော သမံ အတ္ထိ တထာဂတေန
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ
ဧတေန သစ္စေန သုဝတ္ထိ ဟောတု
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ
ဧတေန သစ္စေန သုဝတ္ထိ ဟောတု
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ
ဧတေန သစ္စေန သုဝတ္ထိ ဟောတု”
အဓိပ္ပာယ်
လောကမှာရှိတဲ့ ရတနာတွေအားလုံး၊ ပစ္စည်းဥစ္စာ၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားများစွာရှိပေမယ့် မြတ်စွာဘုရားရဲ့ သီလ၊ သမာဓိ၊ ပညာတို့ထက် မရှိနိုင်ပါ။ သစ္စာစကားမှန်မှန်နဲ့ပြောခြင်းကြောင့် သတ္တဝါများအတွက် ကောင်းကျိုးတွေ ရရှိပါသည်။
နံနက်မိုးသောက် အလင်းရောက်ချိန်မှာ ကိုယ့်အတွက်တင် မဟုတ်ဘူး၊ အများအတွက်ပါ သစ္စာဆိုပြီး မေတ္တာပွားခြင်းဟာ အလွန်ကောင်းသော အလုပ်ဖြစ်ပါတယ်။
နေ့စဉ် နံနက်ပိုင်း၊ နေ့လယ်ပိုင်း၊ ညနေပိုင်းမှာလည်း ကောင်းကျိုးချမ်းသာတွေ ရရှိအောင် ဒီလို လိုက်နာဆောင်ရွက်ပါ။
---
☸ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🙏
#တရားကုသိုလ်အဖြစ်ပြန်လည်မျှဝေပါသည်
1 week ago | [YT] | 146
View 15 replies
ချယ်ရီထွန်း
အတွေးကောင်းလေးတွေအမြဲတွေးပြီး စိတ်ကောင်းလေးထားမှ မဆင်းရဲဘူး တရားတော် - ပါချုပ်ဆရာတော်ဘုရားကြီး🙏🌹
1 week ago | [YT] | 24
View 1 reply
ချယ်ရီထွန်း
မေတ္တာသုတ်(၁၁)ခေါက် - မင်းကွန်းဆရာတော်🙏🙏🙏
1 week ago | [YT] | 22
View 2 replies
ချယ်ရီထွန်း
🙏🙏🙏🌹🌹🌹
1 week ago | [YT] | 12
View 0 replies
ချယ်ရီထွန်း
2 weeks ago | [YT] | 228
View 4 replies
ချယ်ရီထွန်း
ကျန်းမာရေးဂရုစိုက်ပါ၊
3 weeks ago (edited) | [YT] | 137
View 11 replies
ချယ်ရီထွန်း
🙏🙏🙏🙏🙏
3 weeks ago | [YT] | 168
View 10 replies
Load more