ချယ်ရီထွန်း
((( #သင်ဆဲတာကို_ငါဘုရားမယူ )))တစ်ခါက ပုဏ္ဏားက ဘုရားကို စေတ၀န်ကျောင်းရှေ့မှာ နေ့တိုင်းလာဆဲတယ်။ကြာတော့လည်း သူ့ဘာသာသူ ရပ်သွားတယ်။"ဒီလောက်ဆဲနေတာ ဘာကြောင့် ဘာမှပြန်မပြောတာလဲ"လို့ ဗုဒ္ဓကိုမေးတယ်။ဗုဒ္ဓက –"အသင် ပုဏား ငါဘုရားဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခုပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်ကဘယ်သူ့ဆီမှာရှိနေမလဲ။ပုဏားကြီးက ကိုယ်လက်ထဲမှာပဲ ရှိနေမှာပါတဲ့။ အဲ့ဒီလိုပဲ သင်ဆဲတာကို ငါဘုရားမယူဘူး"တဲ့။ဒါ့ကြောင့် ကိုယ်က ယူလိုက်လို့ ခံနေရတာပါနော်။ကိုယ်စိတ်ဆင်းရဲမှုဖြစ်ရတာဟာ ကိုယ့်ဘက်ကပူးပေါင်းဆောင်ရွက်မှု ပါနေတယ်ဆိုတာကို သဘောပေါက်ဖို့လိုတယ်။ဒုက္ခဖြစ်လာဖို့ မိမိကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်နေတယ်။ ဒါကို သဘောပေါက်ရင် အင်မတန်ကောင်းတယ်။ဒါ့ကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်ကို အဲ့ဒီလိုဒုက္ခမရောက်အောင် မတိုးတက်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ ရပ်တန့်လိုက်မယ် ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘ၀မှာ ပိုချောလာပါလိမ့်မယ်။(ဆရာတော်ဦးဇောတိက)((( လက်မခံတဲ့လက်ဆောင် )))❖ ခန္တီရဲ့သဘောဟာ အလွန်မြင့်မြတ်တယ်။ မြတ်စွာဘုရားကိုယ်တိုင်တောင်မှပဲ ဆဲရေးခြင်းဆိုတာကို ခံရတယ်။ အဲဒီလို ခံရတဲ့အခါမှာ မြတ်စွာဘုရားက အပြုံးမပျက် သူပြောနေတုန်း အသာနေလိုက်တယ်။ လက်ခံမနေဘူး။ မြတ်စွာဘုရားက သူပြောတဲ့အပေါ်မှာ လိုက်ပြီးတော့ စိတ်စနိုးစနောင့်ဖြစ်တာမျိုး မရှိဘူး။ သူပြောလို့ ပြီးသွားပြီဆိုတဲ့အခါ ဘုရားက ရှင်းပြတယ်။ ❖ “မင်းအိမ်မှာ ဧည့်သည်တွေ မလာဘူးလား” တဲ့။ “လာတယ်။” “လာတဲ့အခါမှာ မုန့်ပဲသွားရည်စာတွေနဲ့ ဧည့်မခံဘူးလား ” တဲ့။“ဧည့်ခံတယ်။”“အဲဒီ မုန့်ပဲသွားရည်စာတွေကို အဲဒီဧည့်သည်က စားမသွားဘူးဆိုရင် ဘယ်သူ့ဟာတွေလဲ ” ဆိုတော့ “ဒါက ကျွန်ုပ်ဟာပဲ ” ပြောတယ်။❖ မြတ်စွာဘုရားက “အေး၊ ငါ့ကို မင်းက ဆဲရေးခြင်းဖြင့် ဧည့်ခံတာ၊ မင်းဧည့်ခံတဲ့ဟာတွေ ငါတစ်ခုမှ လက်မခံဘူး၊ မင်းဟာတွေပဲ” လို့ ဒီလိုပြန်ပြီး မိန့်ကြားတဲ့စကား ရှိတယ်နော်။ အဲဒီဥပမာလို လက်မခံတဲ့လက်ဆောင်လို့ ထားရမယ်။ ❖ တစ်စုံတစ်ယောက်က ကိုယ့်ကို ဒေါသဖြစ်စရာလာပြောရင် ကိုယ်က လက်ခံပြီးတော့ မစဉ်းစားဘူး။ ဒီအတွက် ဒါ လက်မခံတဲ့လက်ဆောင်လို့ ခေါ်တယ်။ သူပေးသော်လည်း ကိုယ်လက်မခံဘူး။ လက်မခံသည့်အတွက်ကြောင့် ကိုယ့်စိတ်ရဲ့ အခြေအနေမှာ ဘာမှဖြစ်မသွားဘူး။ အဲဒါမျိုးကျ ခန္တီလို့ ပြောတာနော်။ လောကမှာ မေတ္တာနဲ့ဆက်ဆံပြီး ခန္တီနဲ့ သည်းခံနိုင်စွမ်းရှိမှ အလုပ်ကိစ္စဆိုတာ အောင်မြင်တယ်တဲ့။ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တ ္တဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော "နှစ်ဦးမေတ္တာ လူတိုင်းမှာ" တရားတော်မှ ကောက်နုတ်ဖော်ပြသည်။ မူရင်းတင်သူ #ဦးသိန်း # ဓမ္မနှင့်အထွေထွေဗဟုသုတ
3 days ago | [YT] | 94
ချယ်ရီထွန်း
((( #သင်ဆဲတာကို_ငါဘုရားမယူ )))
တစ်ခါက ပုဏ္ဏားက ဘုရားကို စေတ၀န်ကျောင်းရှေ့မှာ နေ့တိုင်းလာဆဲတယ်။
ကြာတော့လည်း သူ့ဘာသာသူ ရပ်သွားတယ်။
"ဒီလောက်ဆဲနေတာ ဘာကြောင့် ဘာမှပြန်မပြောတာလဲ"လို့ ဗုဒ္ဓကိုမေးတယ်။
ဗုဒ္ဓက –"အသင် ပုဏား ငါဘုရားဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခုပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်ကဘယ်သူ့ဆီမှာရှိနေမလဲ။
ပုဏားကြီးက ကိုယ်လက်ထဲမှာပဲ ရှိနေမှာပါတဲ့။ အဲ့ဒီလိုပဲ သင်ဆဲတာကို ငါဘုရားမယူဘူး"တဲ့။
ဒါ့ကြောင့် ကိုယ်က ယူလိုက်လို့ ခံနေရတာပါနော်။
ကိုယ်စိတ်ဆင်းရဲမှုဖြစ်ရတာဟာ ကိုယ့်ဘက်ကပူးပေါင်းဆောင်ရွက်မှု ပါနေတယ်ဆိုတာကို သဘောပေါက်ဖို့လိုတယ်။
ဒုက္ခဖြစ်လာဖို့ မိမိကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်နေတယ်။ ဒါကို သဘောပေါက်ရင် အင်မတန်ကောင်းတယ်။
ဒါ့ကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်ကို အဲ့ဒီလိုဒုက္ခမရောက်အောင် မတိုးတက်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ ရပ်တန့်လိုက်မယ် ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘ၀မှာ ပိုချောလာပါလိမ့်မယ်။
(ဆရာတော်ဦးဇောတိက)
((( လက်မခံတဲ့လက်ဆောင် )))
❖ ခန္တီရဲ့သဘောဟာ အလွန်မြင့်မြတ်တယ်။ မြတ်စွာဘုရားကိုယ်တိုင်တောင်မှပဲ ဆဲရေးခြင်းဆိုတာကို ခံရတယ်။ အဲဒီလို ခံရတဲ့အခါမှာ မြတ်စွာဘုရားက အပြုံးမပျက် သူပြောနေတုန်း အသာနေလိုက်တယ်။ လက်ခံမနေဘူး။ မြတ်စွာဘုရားက သူပြောတဲ့အပေါ်မှာ လိုက်ပြီးတော့ စိတ်စနိုးစနောင့်ဖြစ်တာမျိုး မရှိဘူး။ သူပြောလို့ ပြီးသွားပြီဆိုတဲ့အခါ ဘုရားက ရှင်းပြတယ်။
❖ “မင်းအိမ်မှာ ဧည့်သည်တွေ မလာဘူးလား” တဲ့။
“လာတယ်။”
“လာတဲ့အခါမှာ မုန့်ပဲသွားရည်စာတွေနဲ့ ဧည့်မခံဘူးလား ” တဲ့။
“ဧည့်ခံတယ်။”
“အဲဒီ မုန့်ပဲသွားရည်စာတွေကို အဲဒီဧည့်သည်က စားမသွားဘူးဆိုရင် ဘယ်သူ့ဟာတွေလဲ ” ဆိုတော့
“ဒါက ကျွန်ုပ်ဟာပဲ ” ပြောတယ်။
❖ မြတ်စွာဘုရားက “အေး၊ ငါ့ကို မင်းက ဆဲရေးခြင်းဖြင့် ဧည့်ခံတာ၊ မင်းဧည့်ခံတဲ့ဟာတွေ ငါတစ်ခုမှ လက်မခံဘူး၊ မင်းဟာတွေပဲ” လို့ ဒီလိုပြန်ပြီး မိန့်ကြားတဲ့စကား ရှိတယ်နော်။ အဲဒီဥပမာလို လက်မခံတဲ့လက်ဆောင်လို့ ထားရမယ်။
❖ တစ်စုံတစ်ယောက်က ကိုယ့်ကို ဒေါသဖြစ်စရာလာပြောရင် ကိုယ်က လက်ခံပြီးတော့ မစဉ်းစားဘူး။ ဒီအတွက် ဒါ လက်မခံတဲ့လက်ဆောင်လို့ ခေါ်တယ်။ သူပေးသော်လည်း ကိုယ်လက်မခံဘူး။ လက်မခံသည့်အတွက်ကြောင့် ကိုယ့်စိတ်ရဲ့ အခြေအနေမှာ ဘာမှဖြစ်မသွားဘူး။ အဲဒါမျိုးကျ ခန္တီလို့ ပြောတာနော်။ လောကမှာ မေတ္တာနဲ့ဆက်ဆံပြီး ခန္တီနဲ့ သည်းခံနိုင်စွမ်းရှိမှ အလုပ်ကိစ္စဆိုတာ အောင်မြင်တယ်တဲ့။
ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တ ္တဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော "နှစ်ဦးမေတ္တာ လူတိုင်းမှာ" တရားတော်မှ ကောက်နုတ်ဖော်ပြသည်။
မူရင်းတင်သူ #ဦးသိန်း
# ဓမ္မနှင့်အထွေထွေဗဟုသုတ
3 days ago | [YT] | 94