#Peace & Development
VISION အနာဂတ် မျှော်မှန်းချက်
ကမ္ဘာ့လူသားတိုင်းသည် လူမျိုး, ဘာသာ, အသားအရောင်, လိင်, ဇာတ် မခွဲခြားဘဲ လူ့ဂုဏ်သိက္ခာနဲ့ လျော်ညီသော စားဝတ်နေမှုအတတ်ပညာ, အလုပ်အကိုင်, ဝင်ငွေနှင့် နေထိုင်ရာအိမ်များ ရရှိရမည်။ မကောင်းမှုရှောင်, ကောင်းမှုဆောင်, ဖြူအောင်စိတ်ကို ထားနိုင်ရမည် ကျန်းမာကြံ့ခိုင်သော ဘဝနေနည်း အလေ့အကျင့်ကောင်းများ မွေးမြူရမည်။ လူသားများအတွက် စံနမူနာ အစုအစည်းတခု စုစည်းကာ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းဖွံဖြိုးခြင်းကို တတပ်တအား ပါဝင်လုပ်ဆောင်ရမည်။ ဤသည် ကျွန်ုပ်တို့ Peace & Development Campaign For All ၏ Vision ဖြစ်သည်
MISSION ရည်မှန်းချက်
ကမ္ဘာ့လူသားထုတစ်ရပ်လုံး အဓွန့်ရှည်ငြိမ်းချမ်းဖွံ့ဖြိုးနေစေရေးအတွက် အိမ်ထောင်စုတိုင်းမှ စတင်ရမည်။ အိမ်ထောင်စုတိုင်း၏ ကိုယ်စားလှယ်တိုင်းသည် မိမိအတူနေ မိသားစုကို စောင့်ရှောက်ရန် အလို့ငှာ
၁) ဝင်ငွေအာမခံချက်ရှိသော အတတ်ပညာတခု ပိုင်ဆိုင်ရမည်
၂) ဂုဏ်သိက္ခာရှိသော အလုပ်အကိုင်တခု ရှိနေရမည်
၃) ရည်မွန်သော ဝင်ငွေရရှိပိုင်ဆိုင်ရမည်
၄) ဂုဏ်သိက္ခာရှိသော နေစရာအိမ်ရှိရမည်
၅) လူသားတိုင်း ရည်မှန်းအပ်သော ဘဝပန်းတိုင်သို့ အရောက်လှမ်းနိုင်ရမည်