subscribe လေးလုပ်ပေးကြပါဦး❤️❤️


DEMON

ကောင်းတဲ့ကံအမှုကို မပြုဘဲနဲ့
ကောင်းတဲ့ကံကို စောင့်စားနေလို့တော့
ဘယ်တော့မှ ရလာမှာ မဟုတ်ဘူး။
#ပါချုပ်ဆရာတော်ကြီး🙏🙏🙏

48 minutes ago | [YT] | 365

DEMON

အဝတ်ညစ်နွမ်းရင် လျှော်ကြသလို
ကိုယ်စိတ်လေး ညစ်နွမ်းရင်လည်း
လျှော်ဖွပ်ဖို့ မမေ့ကြလေနဲ့။
#ပါချုပ်ဆရာတော်ကြီး🙏🙏🙏

1 day ago | [YT] | 5,575

DEMON

ကံဆိုတာ
ကောင်းကံနဲ့ဆိုးကံ လက်ဦးတဲ့ကံက
အကျိုးပေးသွားတာပါပဲ
ကောင်းတာလေးတွေ များများလုပ်ကြ။
#ပါချုပ်ဆရာတော်ကြီး🙏🙏🙏

2 days ago | [YT] | 6,895

DEMON

မိမိကိုယ်သာအားကိုးပါ...
လောကမှာ အားကိုးစရာဆိုတာ ကိုယ့်ကိုယ်ကိုပဲအားကိုးရမယ်။

ကိုယ့်ကိုယ်ကို အားကိုးတယ်ဆိုတာဘာလဲ...
ကိုယ့်စိတ်ဓာတ်ကို ပျော့ညံ့ပြီးတော့ မသွားအောင်
သီလနဲ့ပံ့ပိုးမယ် သမာဓိနဲ့ပံ့ပိုးမယ် ပညာနဲ့ပံ့ပိုးမယ်
ကိုယ်ကျင့်တရားကောင်းတယ် စိတ်ဓာတ်တည်ငြိမ်မှု့ရှိတယ် အသိပညာတွေထက်တယ်ဆိုလို့ရှိရင်...

အဲဒီပုဂ္ဂိုလ်ဟာ မည်မျှလောက်လောကဓံတွေကြုံကြုံ
အဆိုးလောကဓံနဲ့ကြုံကြုံ အကောင်းလောကဓံနဲ့ကြုံကြုံ လောကသဘာဝကြီးကို လျစ်လျူရူပြီးတော့
လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားလို့
သူရဲ့စိတ်ဓာတ်ဟာ ယိုင်းယိုင် လှုပ်ရှားပြီးတော့ နိမ့်ကျသွားခြင်းဘယ်တော့မှ မရှိဘူးတဲ့..

ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဆုံးအမ ဗုဒ္ဓဘာသာဝင်သူတော်စင်အနေနဲ့ ဒါအင်မတန်မှ လက်တွေ့ကျတဲ့
အဆုံးအမတစ်ခုဖြစ်တယ်။
#ပါချုပ်ဆရာတော်ကြီး🙏🙏🙏

3 days ago | [YT] | 3,729

DEMON

၁။အများနှင့်ဆက်ဆံသည့်အခါ
ကိုယ်ချင်းစာတရားအခြေခံထားပြီးဆက်ဆံပါ။

၂။ဆင်ခြင်စ‌ဉ်းစားပြီးမှသာ
ပြောဆိုပြုလုပ်ပါ။

၃။ခိုင်မာသည့် စိတ်ဓာတ် ဇွဲလုံလ အမြော်အမြင်ရှိလျှင်
အရာရာအောင်မြင်နိုင်၏။
#ပါချုပ်ဆရာတော်ကြီး

4 days ago | [YT] | 9,374

DEMON

စိတ်ဖြူစင်အောင်ထား။
အများကောင်းအောင်ကြိုးစား။
#ပါချုပ်ဆရာတော်ကြီး🙏🙏🙏

5 days ago | [YT] | 3,050

DEMON

ဘဝဆိုတာ
အဆင်ပြေတဲ့အခါရှိတယ် အဆင်မပြေတဲ့အခါရှိတယ်
အဆင်ပြေတဲ့အခါ
မမော်မကြွား ကုသိုလ်ဖြစ်အောင် ကြိုးစားပါ။
အဆင်မပြေတဲ့အခါ
စိတ်ဓာတ်မကျဘဲ သည်းခံစိတ်ဖြင့် ကောင်းတာလုပ်ပြီ ကျော်ဖြတ်ပါ။
#ပါချုပ်ဆရာတော်ကြီး🙏🙏🙏

6 days ago | [YT] | 4,825

DEMON

သူများအပေါ်မှာအပြစ်မြင်သေးသမျှ ကာလပတ်လုံး
မေတ္တာဆိုတာ သက်ဝင်မှုမဖြစ်ဘူးတဲ့
ဘယ်အရာပဲဖြစ်ဖြစ် အဆင်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်။

1 week ago | [YT] | 4,210

DEMON

လူတစ်ယောက်ကို မုန်းမိနေပြီးဆိုရင်
ပထမဆုံး မေတ္တာ ထားကြည့်ရတယ်။
မရရင် ကရုဏာ ထားကြည့်ရတယ်။
မရသေးရင် သူကံနဲ့သူလာတာပဲလို့ ဥပေက္ခာထားကြည့်ရတယ်။
မရရင် "လောကမှာ ငါဖြစ်ချင်တိုင်း ဖြစ်နေတာမှ မဟုတ်တာ"လို့ သဘောထားရတယ်။
#ပါချုပ်ဆရာတော်ကြီး🙏🙏🙏

1 week ago | [YT] | 4,606

DEMON

အစွန်းရောက်သွားပြီဆိုလျှင်
အသိဥာဏ်ကိုအမှောင်ဖုံးပြီး
အမှန်နှင့်အမှားကို ခွဲခြားနိုင်စွမ်းမရှိတော့ပါဘူး..။

ငါ..လုပ်တာသာ
အဟုတ်ထင်နေတဲ့အတွက်
သူများဘာလုပ်လုပ်မဟုတ်ဘူးလို့မြင်တော့တာပါပဲ..။

ငါ..ပြောတာသာအမှန်ထင်နေတဲ့အတွက်သူများဘာပြောပြော
မမှန်ဘူးလို့မြင်တော့တာပါပဲ..။

အကျိုးကိုကြည့်ပြီး
အပြစ်မြင်တော့မည်ဆိုလျှင်
အကြောင်းကိုကြည့်ရပါတယ်..။

အကြောင်းကိုကြည့်ပြီး
အပြစ်မြင်တော့မည်ဆိုလျှင်လည်း
အကျိုးကိုကြည့်ရပါတယ်..။

အကြောင်းအကျိုးကို မညှိထားတဲ့အသိဟာအကောင်းအဆိုးလည်း
ခွဲခြားပြီးမသိနိုင်ပါဘူး..။

လူ့ဘဝကတခြားဘဝတွေထက်သာတာဟာအဲဒီအသိဥာဏ်တွေရှိလို့ပါ..။

မြတ်စွာဘုရားကလည်းမှာခဲ့တယ်မဟုတ်ပါလား?
အကန်းယုံကြည်တာမျိုးရမ်းသမ်းယုံကြည်တာမျိုးတွေမလုပ်ဖို့ကိုလေ..။

အသိဥာဏ်ပါတဲ့ယုံကြည်မှုမျိုးကသာကိုယ့်သန္တာန်မှာရေရှည်တည်မြဲတာပါ..။

အသိဥာဏ်နှင့်ယှဉ်တဲ့ယုံကြည်မှုမျိုးကသာကိုယ့်အတွက်ကောင်းကျိုးများစွာကိုဖြစ်စေမှာပါ..။

#ပါချုပ်ဆရာတော်ကြီး

1 week ago | [YT] | 3,967