DEMON
အစွန်းရောက်သွားပြီဆိုလျှင်အသိဥာဏ်ကိုအမှောင်ဖုံးပြီးအမှန်နှင့်အမှားကို ခွဲခြားနိုင်စွမ်းမရှိတော့ပါဘူး..။ ငါ..လုပ်တာသာအဟုတ်ထင်နေတဲ့အတွက်သူများဘာလုပ်လုပ်မဟုတ်ဘူးလို့မြင်တော့တာပါပဲ..။ ငါ..ပြောတာသာအမှန်ထင်နေတဲ့အတွက်သူများဘာပြောပြောမမှန်ဘူးလို့မြင်တော့တာပါပဲ..။ အကျိုးကိုကြည့်ပြီးအပြစ်မြင်တော့မည်ဆိုလျှင်အကြောင်းကိုကြည့်ရပါတယ်..။ အကြောင်းကိုကြည့်ပြီးအပြစ်မြင်တော့မည်ဆိုလျှင်လည်းအကျိုးကိုကြည့်ရပါတယ်..။ အကြောင်းအကျိုးကို မညှိထားတဲ့အသိဟာအကောင်းအဆိုးလည်းခွဲခြားပြီးမသိနိုင်ပါဘူး..။ လူ့ဘဝကတခြားဘဝတွေထက်သာတာဟာအဲဒီအသိဥာဏ်တွေရှိလို့ပါ..။ မြတ်စွာဘုရားကလည်းမှာခဲ့တယ်မဟုတ်ပါလား?အကန်းယုံကြည်တာမျိုးရမ်းသမ်းယုံကြည်တာမျိုးတွေမလုပ်ဖို့ကိုလေ..။ အသိဥာဏ်ပါတဲ့ယုံကြည်မှုမျိုးကသာကိုယ့်သန္တာန်မှာရေရှည်တည်မြဲတာပါ..။ အသိဥာဏ်နှင့်ယှဉ်တဲ့ယုံကြည်မှုမျိုးကသာကိုယ့်အတွက်ကောင်းကျိုးများစွာကိုဖြစ်စေမှာပါ..။#ပါချုပ်ဆရာတော်ကြီး
1 week ago | [YT] | 3,967
DEMON
အစွန်းရောက်သွားပြီဆိုလျှင်
အသိဥာဏ်ကိုအမှောင်ဖုံးပြီး
အမှန်နှင့်အမှားကို ခွဲခြားနိုင်စွမ်းမရှိတော့ပါဘူး..။
ငါ..လုပ်တာသာ
အဟုတ်ထင်နေတဲ့အတွက်
သူများဘာလုပ်လုပ်မဟုတ်ဘူးလို့မြင်တော့တာပါပဲ..။
ငါ..ပြောတာသာအမှန်ထင်နေတဲ့အတွက်သူများဘာပြောပြော
မမှန်ဘူးလို့မြင်တော့တာပါပဲ..။
အကျိုးကိုကြည့်ပြီး
အပြစ်မြင်တော့မည်ဆိုလျှင်
အကြောင်းကိုကြည့်ရပါတယ်..။
အကြောင်းကိုကြည့်ပြီး
အပြစ်မြင်တော့မည်ဆိုလျှင်လည်း
အကျိုးကိုကြည့်ရပါတယ်..။
အကြောင်းအကျိုးကို မညှိထားတဲ့အသိဟာအကောင်းအဆိုးလည်း
ခွဲခြားပြီးမသိနိုင်ပါဘူး..။
လူ့ဘဝကတခြားဘဝတွေထက်သာတာဟာအဲဒီအသိဥာဏ်တွေရှိလို့ပါ..။
မြတ်စွာဘုရားကလည်းမှာခဲ့တယ်မဟုတ်ပါလား?
အကန်းယုံကြည်တာမျိုးရမ်းသမ်းယုံကြည်တာမျိုးတွေမလုပ်ဖို့ကိုလေ..။
အသိဥာဏ်ပါတဲ့ယုံကြည်မှုမျိုးကသာကိုယ့်သန္တာန်မှာရေရှည်တည်မြဲတာပါ..။
အသိဥာဏ်နှင့်ယှဉ်တဲ့ယုံကြည်မှုမျိုးကသာကိုယ့်အတွက်ကောင်းကျိုးများစွာကိုဖြစ်စေမှာပါ..။
#ပါချုပ်ဆရာတော်ကြီး
1 week ago | [YT] | 3,967