ပြည်သူ့အသံ ရုပ်မြင်သံကြား - Public Voice Television (PVTV) သည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အခန်း ၄၊ အပိုင်း ၁ တွင် ဖော်ပြထားသော ပြည်ထောင်စုမျှော်ရည်ချက်များနှင့် စံတန်ဖိုးများကို အခြေခံမူအဖြစ် ထားရှိကာ ပြည်သူ့အသံကို မြှင့်တင်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးကို အထောက်အကူပြုနိုင်ရန် ရည်မှန်းပါသည်။
-သတင်းမီဒီယာ နယ်ပယ်တွင် ကြိုးပမ်းအားထုတ်နေသော သတင်းမီဒီယာများ၊ နိုင်ငံသားသတင်းသမားများနှင့် ပူးပေါင်း၍
ပြည်သူလူထု၏ “သတင်းသိပိုင်ခွင့်” ကို ဖြည့်ဆည်းရန်
-နွေဦးတော်လှန်ရေး အောင်မြင်ရန်နှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရန်လိုအပ်သော စိတ်ဓာတ်နှင့် ဉာဏ်ရည်ဉာဏ်သွေး ခွန်အားများ ရရှိစေရေးအတွက် အနုပညာ၊ ပညာရေးနှင့် အသိပညာပေးမှုများကို မြှင့်တင်ရန်
-ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် တော်လှန်ရေးအင်အားစုးများ၏ လုပ်ငန်းဆောင်တာများနှင့် လုပ်ဆောင်ချက်များကို ပြည်သူလူထုသို့ အသိပေးရန် စသည့် ရည်ရွယ်ချက်များကို ဦးတည်ဆောင်ရွက်ပါသည်။
PVTV Myanmar
”PDF ဘဝ၊ PDF ဟာသ” Season 2 အတွက် ဝေဖန်ချက်၊ အကြံပြုချက်များ ဖိတ်ခေါ်ခြင်း
ပဲခူးတိုင်း အတွင်းက PDF တပ်ရင်းတွေဖြစ်တဲ့ တော်ဝင်ဒေါင်း(Royal Peacock)တပ်ရင်း၊ Seven Ravens တပ်ရင်း တို့က ဝါသနာရှင် PDF တွေနဲ့ PVTV(Public Voice Television) တို့ ပူးပေါင်းတင်ဆက်တဲ့ ”PDF ဘဝ၊ PDF ဟာသ” Mini Series ကို ထုတ်လွှင့်တင်ဆက်လာတာ အခုတော့ Season 1 အနေနဲ့ အောက်ပါ Episode (၄) ခုကိုတင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။
ဆရာကြီး (Episode 1)
https://youtu.be/bboLmpN3FPI?list=PLA...
သီချင်းတပုဒ် Trend အဖြစ်လွန်သွားသောအခါ (Episode 2)
https://youtu.be/BYoLD788368?list=PLA...
တစ်နေ့က (Episode 3)
https://youtu.be/9VgqKBWwzrg?list=PLA...
မိုး (Episode 4)
https://youtu.be/t1cD8rK69LI?list=PLA...
ကြည်ရှုအားပေးခဲ့ကြတဲ့ ပြည်သူ တဦးတယောက်ချင်းဆီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိအပ်ပါတယ်။ လက်ရှိအချိန်မှာ တင်ဆက်ပြီးခဲ့တဲ့ Season 1 က အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ပြုပြင် ပြင်ဆင်ပြီး
နောက်ထပ် Season 2 ကို ဆက်လက်တင်ဆက်ဖို့ရှိတာကြောင့် ပြည်သူလူထုရဲ့ ထောက်ပြဝေဖန်မှု၊ တုံ့ပြန်အကြံပြုမှုတွေကို ပေးပို့ပေးကြဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။
မေတ္တာဖြင့်
PVTV, Royal Peacock, Seven Ravens
2 months ago | [YT] | 1,438
View 11 replies
PVTV Myanmar
ဒါရိုက်တာကိုပေါက် ရဲ့ ကရင်နီနေ့ရက်များ
“ငါတို့ဟာ တပြည်နယ်တည်းလွတ်မြောက်ဖို့ လုပ်ခဲ့တာမဟုတ်တဲ့အတွက် ဒီလွတ်မြောက်ရေးမှာ အကုန်ပါတဲ့အတွက် ဘယ်သူကတော့ မလုပ်တော့ဘူး ဘယ်သူကတော့ ပိုလုပ်လိုက်ပါ ဆိုတာမျိုးတွေတော့ မလုပ်စေချင်ဘူး။ အားလုံး အတူတူ လွတ်မြောက်ကြမယ်လေ။”
ဒါရိုက်တာကိုပေါက်
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုစတင်ကတည်းက အနုပညာနဲ့ တစိုက်မတ်မတ်တော်လှန်တိုက်ပွဲဝင်ခဲ့၊ တိုက်ပွဲဝင်နေဆဲ ဖြစ်တဲ့ ဒါရိုက်တာကိုပေါက်ရဲ့ “ကရင်နီ နေ့ရက်များ” မှတ်တမ်းရုပ်ရှင် ကို လာမယ့် မတ်လ ၃၀ ရက် (တနင်္ဂနွေနေ့) မှာ PVTV(Public Voice Televison) ရဲ့ youtube channel ကနေ ထုတ်လွှင့်ပြသသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြဖို့ သတင်းကောင်းပါးအပ်ပါတယ်။
#SpringRevolution
#PVTV
#DaysatKarenni
#DirectorKoPauk
8 months ago | [YT] | 2,900
View 43 replies