PVTV Myanmar

”PDF ဘဝ၊ PDF ဟာသ” Season 2 အတွက် ဝေဖန်ချက်၊ အကြံပြုချက်များ ဖိတ်ခေါ်ခြင်း


ပဲခူးတိုင်း အတွင်းက PDF တပ်ရင်းတွေဖြစ်တဲ့ တော်ဝင်​ဒေါင်း(Royal Peacock)တပ်ရင်း၊ Seven Ravens တပ်ရင်း တို့က ဝါသနာရှင် PDF တွေနဲ့ PVTV(Public Voice Television) တို့ ပူးပေါင်းတင်ဆက်တဲ့ ”PDF ဘဝ၊ PDF ဟာသ” Mini Series ကို ထုတ်လွှင့်တင်ဆက်လာတာ အခုတော့ Season 1 အနေနဲ့ အောက်ပါ Episode (၄) ခုကိုတင်ဆက်ခဲ့ပြီးဖြစ်ပါတယ်။

ဆရာကြီး (Episode 1)
https://youtu.be/bboLmpN3FPI?list=PLA...

သီချင်းတပုဒ် Trend အဖြစ်လွန်သွားသောအခါ (Episode 2)
https://youtu.be/BYoLD788368?list=PLA...

တစ်နေ့က (Episode 3)
https://youtu.be/9VgqKBWwzrg?list=PLA...

မိုး (Episode 4)
https://youtu.be/t1cD8rK69LI?list=PLA...

ကြည်ရှုအားပေးခဲ့ကြတဲ့ ပြည်သူ တဦးတယောက်ချင်းဆီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိအပ်ပါတယ်။ လက်ရှိအချိန်မှာ တင်ဆက်ပြီးခဲ့တဲ့ Season 1 က အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ပြုပြင် ပြင်ဆင်ပြီး
နောက်ထပ် Season 2 ကို ဆက်လက်တင်ဆက်ဖို့ရှိတာကြောင့် ပြည်သူလူထုရဲ့ ထောက်ပြဝေဖန်မှု၊ တုံ့ပြန်အကြံပြုမှုတွေကို ပေးပို့ပေးကြဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။

မေတ္တာဖြင့်
PVTV, Royal Peacock, Seven Ravens

2 months ago | [YT] | 1,438