တရားတော်များပြန့်ပွားစေရန်ရည်ရွယ်ပါသည်🙏🙏
Siddhartha Gautama, who later became known as the Buddha, is believed to have been born around 563 BCE in Lumbini, which is in present-day Nepal. He was born into a royal family as a prince of the Shakya clan.
At the age of 29, he left his luxurious palace life in search of truth and a way to overcome suffering. After years of spiritual practice and deep meditation, he attained enlightenment at the age of 35 under the Bodhi tree in Bodh Gaya, India.
Therefore, if he was born around 563 BCE, he would have become the Buddha around 528 BCE.
It’s important to note that the exact dates may vary slightly depending on different historical sources and traditions. Some scholars suggest he may have been born as late as 480 BCE. But the traditional Theravāda Buddhist timeline places his birth at 563 BCE and his enlightenment at 528 BCE.
Dhamma Alin Yaung
🍀ကုသိုလ်တွေ ဘယ်အချိန်တိုးသလဲ။🍀
ဒီထာဝရကုသိုလ်မျိုးဟာ
နေ့သတိရရင်နေ့၊ ညသတိရရင်ည ကုသိုလ်တိုးတယ်။
ညအိပ်နေရင်းနဲ့ကုသိုလ်တိုးသလားလို့တော့ ဒီလိုမဟုတ်ဘူး။ ည ခေါခေါနဲ့အိပ်နေရင်တော့ ကုသိုလ်မတိုးဘူး။ တောင်တွေး မြောက်တွေး တွေးနေရင်လည်းကုသိုလ်မတိုးဘူး။
ကုသိုလ်ဘယ်အချိန်တိုးလဲဆိုရင်…..
ကုသိုလ်ကိုအမြဲအမှတ်ရနေရင်၊ သတိရဝမ်းသာနေရင် ကုသိုလ်တိုးတယ်။
ဒီတော့ကိုယ်ပြုထားတဲ့ကုသိုလ်ကို ခဏခဏသတိရနေ။
ဒီလိုဆိုလိုတယ် နော်။
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏
4 months ago | [YT] | 102
View 2 replies
Dhamma Alin Yaung
ဘဝအရေး နေ့စဉ်စစ်ဆေးပါ။
(၁) မိမိရဲ့တစ်နေ့တာအချိန်ကာလကို စစ်ဆေးကြည့်ပါ။
▪️ဘယ်လိုစိတ်နဲ့
▪️ဘာတွေပြောပြီး
▪️ဘာတွေလုပ်နေသလဲ။
(၂) စိတ်သဘော၊ အပြော၊ အလုပ်တွေဟာ အပြစ်ရှိတယ်ဆိုလျှင် ပြုပြင်ဖို့ ကြိုးစားပါ။
(၃) အပြစ်ကင်း၍ ကောင်းကျိုးရသည်ဆိုပါက ဆက်လက်ကြိုးစားပါ။
ဤနည်းဖြင့် မိမိဘဝ တန်ဘိုးရှိအောင် ထိန်းသိမ်းပြုပြင်ပါ။
ဓမ္မအသိဖြင့် အကျိုးရှိအောင်နေမည်။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ၏ ဆုံးမဩဝါဒ
🙏🙏🙏
4 months ago | [YT] | 94
View 3 replies
Dhamma Alin Yaung
သတ္တဝါဆိုတဲ့
သတ္တသညာ ဖျောက်ဖို့
ဝိပဿနာတရား
ကျင့်ကြရတာဖြစ်တယ်။
ငါဆိုတဲ့အတွေး၊
သတ္တဝါဆိုတဲ့အတွေး မပျောက်သမျှ
ဝိပဿနာဉာဏ်ဆိုတာ
ဖြစ်မှာမဟုတ်ဘူး။
ဝိပဿနာဉာဏ်တွေမဖြစ်သေးသ၍
နိဗ္ဗာန်နဲ့ အလှမ်းဝေးနေသေးတယ်။
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏
4 months ago | [YT] | 86
View 1 reply
Dhamma Alin Yaung
☸️ အာဟာရေ ပဋိကူလသညာ
ကိုယ်စားတဲ့အစာအာဟာရတွေရဲ့စက်ဆုပ်ဖွယ် အခြေအနေတွေကို မပြတ် စဉ်းစားပေးပါ။
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
☸️ အစားအစာ စားရင် စကားတပြောပြောနဲ့ မစားတာကောင်းပါတယ်။ တဖြည်းဖြည်းလေ့ကျင့်ရင် အာဟာရေ ပဋိကူလသညာဖြစ်မှာပါ။
မဇ္စျိမပဋိပဒါဓမ္မစင်တာ တိုက်အုပ်ဆရာတော်
ဘဒ္ဒန္တနရသေဋ္ဌ
🙏🙏🙏
5 months ago | [YT] | 85
View 1 reply
Dhamma Alin Yaung
ဘယ်နေရာမှာပဲဖြစ်ဖြစ် စိတ်ဓာတ်ကိုဖြူစင်အောင်ထားပြီး
နေမယ်ဆိုရင် ကုသိုလ်နဲ့နေတာပါပဲ။
အချိန်အခါ ရွေးစရာ မလိုပါဘူး၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်
စိတ်ကို ညစ်မနေစေအောင် ထားတတ်ရမယ်။
ကိုယ့်သန္တာန်မှာ ကုသိုလ်တွေပဲ များများဖြစ်စေ ရမယ်၊
မေတ္တာစိတ်နဲ့ လုပ်ကိုင်ဆောင်ရွက်ပြောဆိုဆက်ဆံမယ်လို့
ဆုံးဖြတ်ချက် ချထားလိုက်ပါ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
#ပါမောက္ခချုပ်ဆရာတော်ဓမ္မမှတ်စု
5 months ago | [YT] | 169
View 3 replies
Dhamma Alin Yaung
🙏🙏🙏
6 months ago | [YT] | 154
View 3 replies
Dhamma Alin Yaung
ပါးစပ်ဆိုတာ ...
အစားစားဖို့နဲ့စကားပြောဖို့ပဲ။
မှန်တယ် သို့သော်…
မစားသင့်တာတွေ စားပြီး
မပြောသင့်တာတွေ ပြောရင်
ဘေးဒုက္ခရောက်မှာပဲ။
ဗုဒ္ဓဘာသာဝင်တွေဟာ
မြတ်စွာဘုရား အဆုံးအမအတိုင်းလိုက်နာကြမယ်ဆိုရင်
ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံးပုဂ္ဂိုလ်တွေပဲဖြစ်မယ်။
🙏🙏🙏
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
7 months ago | [YT] | 382
View 2 replies
Dhamma Alin Yaung
မြန်မာလူမျိုးတွေအနေနဲ့ ဗုဒ္ဓဘာသာဝင်လို့ ဆိုပေမဲ့ ဘုရား ဘာကြိုက်တယ်ဆိုတာကို မသိကြဘူး။
သိလည်းပဲ မလိုက်နာဘူးဆိုတဲ့ အဓိပ္ပာယ်ကို ရောက်တယ်။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟာ ဆူညံတာကို လုံးဝမကြိုက်ဘူး ဆိုတာ ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တိုင်း သတိထားသင့်တယ်။
မြတ်စွာဘုရားဟာ တိတ်ဆိတ်မှုကိုအင်မတန်မှ လိုလားတဲ့သူ ဖြစ်တယ်နော်။ တိတ်ဆိတ်ငြိမ်သက်မှုဟာ သိပ်အရေးကြီးတယ်။
တခြားဘာသာဝင်တွေရဲ့ဘုရားကျောင်းတွေကို ဝင်သွားပြီး ကြည့်လိုက်တယ်ဆိုရင် တိတ်ဆိတ်နေတာပဲနော်။
ငြိမ်ပြီးတော့ စကားမပြောဘဲနဲ့ လူမှရှိရဲ့လားလို့ ထင်ရလောက်အောင်ပဲ တိတ်ဆိတ်နေတယ်။ မြတ်စွာဘုရားရဲ့ တိတ်ဆိတ်ငြိမ်သက်စွာနေရမယ်ဆိုတဲ့ အဆုံးအမတွေ ရှိလျက်နဲ့မြန်မာနိုင်ငံမှာနေတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ ပုဂ္ဂိုလ်တွေက မလိုက်နာပါလား။
တို့တစ်တွေဟာ ဘုရားရဲ့အဆုံးအမ ဒီအကျင့်လေးတောင်
မလိုက်နာဘူးဆိုရင် အခြားအရာတွေ လိုက်နာဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်နော်။
ဝီဏောပမသုတ် အနှစ်ချုပ် တရားဒေသနာတော်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏
7 months ago | [YT] | 224
View 4 replies
Dhamma Alin Yaung
မေတ်တာဆိုတဲ့စကားလုံးက “မိတ်တ” ကလာတာ။
မိတ္တက မိတ်ဆွေ။ မိတ်ဆွေဆိုတာ အကျိုးစီးပွားကို
လိုလားတဲ့အနေနဲ့ ခင်မင်တယ်၊ ကောင်းစားစေချင်တယ်၊ ကြီးပွားစေချင်တယ်။
အဲဒီ စိတ်ဓာတ်မျိုးကို “မေတ္တာ” လို့ခေါ်တာပဲ။
ကိုယ့်မိတ်ဆွေအပေါ်မှာ ကိုယ်ဘယ်လို သဘောထားလဲ စဉ်းစားကြည့်ပေါ့။ မေတ္တာရဲ့ အစစ်အမှန်ကို ကိုယ်တွေ့သိလာလိမ့်မယ်။
မိတ်ဆွေတွေအပေါ်မှာ ဖြစ်စေချင်တဲ့ စိတ်ဓာတ်မျိုး။ အဲဒါ သတ္တဝါတွေ အားလုံး အပေါ်မှာ အာရုံပြုပြီးတော့ ထားနိုင်မယ်။ တစ်နေ့ကို အကြိမ်ကြိမ်ဖြစ်အောင် ကြိုးစား။ နှုတ်ကနေ ရွတ်ပြီးတော့ပို့နေဖို့ပြောတာ မဟုတ်ဘူး။
မေတ္တာဆိုတာ မနောကံပဲ။
စိတ်ထဲကနေပြီးတော့ အချင်းချင်းအပေါ်မှာထား။
ဥပမာမယ် အလုပ် အတူတူလုပ်ကြတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ဖြစ်၊ အလုပ်ရှင်နဲ့ အလုပ်သမားပဲ ဖြစ်ဖြစ်နော်။ အလုပ်ရှင်ကလည်းပဲ သူတို့ကောင်းကျိုးချမ်းသာတွေရကြပါစေ။ စားဝတ်နေရေး ပြည့်စုံကြပါစေ။ တို့လုပ်ငန်းအပေါ်မှာ အမှီပြုပြီး သူတို့ ပြေလည်ကြပါစေ။ ဟော ဒါမေတ္တာပဲပေါ့။
တစ်ခါ အလုပ်သမားတွေကလည်းပဲ ကြည့်၊
အေး တို့ရဲ့ အလုပ်ရှင်တွေ အားလုံးပြေလည်ကြပါစေ။ ရောင်းကောင်းပါစေ။ ဒါလည်းပဲ မေတ္တာပဲလေ။
“အပြန်အလှန် မေတ္တာ”ခေါ်တယ်။
မေတ္တာတရားပွားများသူတို့ မျက်မှောက် ခံစားရသော အကျိုး(၁၁)ပါးရှိတယ်။
(၁) ချမ်းသာစွာ အိပ်စက်ရခြင်း။
(၂) ချမ်းသာစွာ နိုးထရခြင်း။
(၃) မကောင်းသောအိပ်မက်ကို မမြင်မက်ရခြင်း။
(၄) လူတို့ ချစ်နှစ်သက်ခြင်း။
(၅) နတ်တို့ မြတ်နိုးခင်မင်ခြင်း။
(၆) နတ်တို့ စောင့်ရှောက်ခြင်း။
(၇) မီး အဆိပ် လက်နက် မသင့်နိုင်ခြင်း။
(၈) စိတ်လျင်မြန်စွာ တည်ကြည်ခြင်း။
(၉) မျက်နှာရုပ်ဆင်း ကြည်လင် ရွှင်ပြခြင်း။
(၁၀) မတွေဝေဘဲ သေရခြင်း။
(၁၁) သေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
#ပါချုပ်ဆရာတော်
7 months ago | [YT] | 226
View 4 replies
Dhamma Alin Yaung
ကံမကောင်းဘူးဆိုရင် ကံကောင်းအောင် ဘာလုပ်ရမှာလဲ....
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
လောကမှာ ကံမကောင်းဘူးဆိုရင်ကံကောင်းအောင် က ဘာလုပ်ရမှာလဲ...
မကောင်းတဲ့ကံ တွေ ပပျောက်အောင် ကံကောင်းတဲ့နည်းတွေ မရှိဘူးလားဆို၊ ရှိတယ်။
အကုသိုလ် အကျိုးတွေ ဝင်ရောက်ဖြစ်ပေါ်နေတာကို လူတွေက ကံမကောင်းဘူးလို့ပြောတာ။
အကုသိုလ်ရဲ့ အကျိုးတရား တွေက ကိုယ့်သန္တာန် ရောက်ပြီ၊ ထိခိုက်နေပြီဆိုရင်...
ဒါက ကံမကောင်းဘူးလို့ ပြောကြတယ်။
အဲဒီအချိန်မှာ ကိုယ့်ရဲ့လုပ်ရပ်ကို ပြန်ဆန်းစစ် ကြည့်ရမယ်။
ငါတို့လုပ်နေတာ အမှားမရှိဘူး၊ အကောင်း တွေလုပ်တယ်။
သို့သော် အတိတ်တုန်းက မှားယွင်းမှုတွေကလည်း
လူတွေရဲ့သန္တာန် လာရောက်ပြီး အကျိုးပေး နေတာတွေ ရှိတတ်တယ်ပေါ့။
အဲဒီလို ဖြစ်ပေါ်လာတာမျိုးတွေ ကော မရှိနိုင်ဘူးလားဆို ရှိနိုင်တယ်။
ရှိလာလို့ရှိရင် ဘာနဲ့အကာအကွယ်လုပ်ရမလဲလို့ ဆိုရင် ကံကောင်းအောင် ကောင်းတဲ့ကံတရား တွေကို ကြိုးစားပြီး လုပ်ရမယ်။
ဘုရားကို အာရုံပြုမယ်၊ သံဃာကို အာရုံပြုမယ်။
ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ရွတ်ဖတ် သရဇ္စျာယ်မယ်။
ဘုရားကို ပူဇော်မယ် နော်။ ဘုရားနဲ့ ပတ်သက်ပြီး
စိတ်ကြည်နူးမှုတွေရအောင် လုပ်ရမယ်။
ကုသိုလ်ကောင်းမှုတွေ မပြတ်လုပ်ပေးရမယ်။
ဘုရားပန်း၊ ရေချမ်း အမြဲတမ်း ဆက်ကပ်၊ ဘုရားကို အာရုံပြု၊ ကုသိုလ်တရားတွေကို စိတ်ထဲမှာ ဖြစ်ပွားအောင်ကြိုးစား၊ အဲဒီလို ကြိုးစားခြင်းအားဖြင့်လည်းပဲ မကောင်းတဲ့ကံတွေ ပပျောက်သွားနိုင်တယ်။
ကံဆိုးမိုးမှောင်ကျလာတဲ့အခါ ဖြစ်လာမယ့် အရိပ် အရောင်ရှိပြီ ဆိုတဲ့အချိန်မှာ ဘာနဲ့ ကာကွယ်ရသလဲ ဆိုရင် ဘုရားကို အာရုံပြုပြီး ဗုဒ္ဓါနုဿတိကို ပွားရမယ်။
ဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြု၊ ကမ္မဌာန်းထိုင်၊ ဂုဏ်တော်တွေကို နှလုံးသွင်း ဆင်ခြင်ပြီး အချိန်များများ မြတ်စွာဘုရားကို ပူဇော်ရမယ်။
လုပ်ပြီးတဲ့အခါ ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုကို ကိုယ်မမြင်ရတဲ့ သတ္တဝါတွေ၊
ကိုယ့်အနီးအပါးမှာရှိတဲ့ အိမ်စောင့်နတ်တွေကို အမျှအတန်း ပေးဝေရမယ်။
အဲဒီ အမျှအတန်း ပေးဝေခြင်းအားဖြင့် ကိုယ်နဲ့သူတို့နဲ့က မိတ်ဆွေဖြစ်သွားတယ်။ခင်မင်ရင်းနှီးမှုတွေ ရလာတယ်။
မိတ်ဆွေဖြစ်လို့ရှိရင် ကိုယ် အန္တရာယ် မရောက်အောင် သူတို့က ကြည့်ရှုပေးတယ်။
အိမ်နားနီးချင်းနဲ့ တည့်အောင်ပေါင်းရင်တောင်မှပဲ ကိုယ့်အိမ် ကြည့်ပေးဖော်ရမယ်။
မတည့်ဘူးဆိုရင် မသိချင်ယောင်ဆောင်နေမှာ ဘာကြီးဖြစ်နေနေ၊ ဟုတ်ကဲ့လား။
အဲဒါလိုပဲ ကိုယ်မမြင်ရလို့ အိမ်စောင့်နတ်တို့၊ ကိုယ်စောင့်နတ်တို့ သွားပြီးတော့ ရန်မဖြစ်လေနဲ့။
ရန်ဖြစ်ရင်တော့ အဲဒါ ကိုယ့်ကို ကောင်းကျိုး ပေးမှာ မဟုတ်ဘူးနော်။ ဘယ်သူနဲ့မှ ရန်မဖြစ်နဲ့။
နောက်ဆုံးမှာ ကိုယ့်ရဲ့အိမ်က မွေးထားတဲ့ ခွေးနဲ့တောင် ရန်ဖြစ်ရင် ကိုယ့်ကို မျက်စောင်းထိုး ကြည့်တာအနည်းဆုံး ခံရမယ်။ ကြောက်လို့သာ ပြန်မလုပ်တာ ရှိမယ်နော်။
ဒီတိရစ္ဆာန်တွေမှာလည်း အသိရှိတယ်လေ။
တစ်ခါလောက် ရိုက်ထားတဲ့သူဆိုရင် ရှောင်ပေရှောင်ပေနဲ့ မျက်စောင်းထိုးကြည့်တယ်။
သူတို့ အမြဲတန်း ငါ့များဘာလုပ်မလဲဆိုပြီး ဒေါသနဲ့ ကြည့်တာ။
ဘယ်သူနဲ့မှ ရန်မဖြစ်ဘဲ မေတ္တာ သက်ရောက်အောင် လုပ်တာဟာ ကိုယ့်အတွက် ကံကောင်းစေခြင်းရဲ့ အကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့။ကိုယ့်အတွက် အကူအညီရခြင်းပဲ။
မေတ္တာပို့ရတယ်။ အမျှအတန်းပေးဝေရတယ်။
ကုသိုလ်ကောင်းမှုလုပ်တိုင်းလုပ်တိုင်း ဖိတ်ကြားပြီးတော့ သူတို့ကို အရေးတယူ လုပ်ရတယ်။
မိတ်ဆွေကောင်းတောင်မှ လမ်းမှာတွေ့ရင် ကိုယ်က အရင်ခေါ်ရတယ်။
အရေးတယူ နှုတ်ဆက်ရင် ရင်းနှီးတယ်။မခေါ်ချင်သလိုလို လုပ်သွားရင်သူကလည်း မခေါ်ချင်သလိုလို ပြန်လုပ်မှာပဲ။
လူအချင်းချင်းတောင် ဒီလို ဖြစ်လာတယ်။
အဲဒါကြောင့်မို့ ကံကောင်းအောင်လုပ်ဖို့ဆိုသည်မှာ ကိုယ်ကိုယ်တိုင်က ရင်ထဲက အမုန်းကင်းပြီး
မေတ္တာဘာဝနာတွေ များများပွားရမယ်။
မေတ္တာပို့မယ်၊ အမျှအတန်း ပေးဝေမယ်၊အားလုံးနဲ့ မိတ်ဆွေတွေဖြစ်မယ်။
အရာရာမှာ စိတ်ကြည်နူးမှုတွေ ရလာတဲ့အခါမှာ ကိုယ်တွေးတာတွေ၊ကိုယ်ကြံတာတွေ၊ ကိုယ်လုပ်တာတွေလည်း လမ်းမှန်ပေါ် ရောက်လာနိုင်တယ်ပေါ့။
အဲဒီလိုမဟုတ်ဘူး။"ကံမကောင်း အကြောင်းမလှ" လို့ မကောင်းတာတွေနဲ့ စိတ်ကညစ်နေရင်
ပိုဆိုးသွားနိုင်တယ်။
အဲဒီလိုမဖြစ်ရအောင် သတိရှိရမယ်။ ဘယ်သူပဲဖြစ်ဖြစ် ကံကြမ္မာ ရဲ့အလှည့်အပြောင်းကြောင့်ကံကောင်းတဲ့အခါ ကောင်းတယ်၊ မကောင်းတဲ့အခါ မကောင်းဘူး။
ဘုရားဂုဏ်တော်တွေကို ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲ ရောက်အောင် တည်ငြိမ်အေးချမ်းမှုကို ပေးနိုင်တဲ့ဟာမျိုးဖြစ်အောင် လုပ်ရမယ်။
ပြီးပြီ ဆိုပြီးတော့မှ ကိုယ့်ရဲ့ (wish) ကို ဖော်ပြတာ။
ဆုတောင်းတိုင်းကတော့ မရဘူးပေါ့။
ဆုတောင်းတိုင်း ရလို့ရှိရင် ဘာမှ လုပ်မနေနဲ့။
ထိုင်ပြီးတော့ ဆုသာ ဆုတောင်း။
စာမေးပွဲအောင်လို့ရှိရင် ဒီ ၃- လုံးပါပါစေ၊ ၆- လုံး ပါပါစေ၊ထိုင်သာ ဆုတောင်းနေ၊ စာမကျက်နဲ့၊ ရမှာ မဟုတ်ဘူးနော်။
အဲဒါကြောင့်မို့လို့ ဆုတောင်းရုံနဲ့ ဘယ်အရာမှ မရဘူး။
ဆုတောင်းတယ်ဆိုတာ wish ကိုဖော်ပြတာပဲ ဖြစ်တယ်။
ဆုတောင်းတာ လိုချင်တဲ့ဆန္ဒရဲ့နောက်မှာ လုံ့လ ဝီရိယတို့၊ အသိဉာဏ်တို့ ဆိုတာတွေ လိုအပ်တယ်ပေါ့။
အဲဒီလို အကြောင်းအကျိုး ဆီလျှော်စွာ အလုပ်လုပ်မှ ကောင်းကျိုးချမ်းသာတွေဆိုတာ ရနိုင်တယ်။
အဲဒီလို အချက်တွေကိုလည်း မြတ်စွာဘုရား ဟောတာဖြစ်တယ်။
ဗုဒ္ဓဆိုတဲ့ ဂုဏ်တော်တွေထဲမှာအရာခပ်သိမ်းကို သိစွမ်းနိုင်တဲ့ အသိဉာဏ်ရှိလို့ `ဗုဒ္ဓ` ဆိုတာကို အာရုံပြုပြီးတော့နှလုံးသွင်း ဆင်ခြင်ခြင်းအားဖြင့် မိမိအတွက် ကံကောင်းလာနိုင်တယ်ဆိုတာ ယုံကြည်ကြရမှာ ဖြစ်တယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော် #Dhammaalinyaung
7 months ago | [YT] | 185
View 3 replies
Load more