မင်္ဂလာပါ ဓမ္မမိတ်ဆွေများ ...
ဘာသာရေးဆိုင်ရာ အသိပညာဗဟုသုတများနှင့် တရားအားထုတ်နည်းများ
စိတ်ဝင်စားဖွယ် သုတရသ ဓမ္မအကြောင်းအရာစည်များကို စုစည်းတင်ဆက်ပေးသွားပါမည်။
ဤချန်နယ်မှ တင်ဆက်ထုတ်လွှင့်သမျှသော ဘာသာရေးဆိုင်ရာ တရားဗဟုသုတအဖြာဖြာတို့အား သိဖို့ရာအတွက်
Subscribe မလုပ်ထားရသေးရင် တစ်ကြီမ်ဝင်ပြီးနှိပ်ခဲ့ပေးပါရန်။
တင်သမျှတိုင်းသိဖို့ရာ မိမိအကောင့်မှာ အချက်ပေးမယ့်
ခေါင်းလောင်းပုံလေးကိုလည်း နှိပ်ခဲ့ပေးပါရန်။
youtube.com/channel/UCGPCMPo2EIGR5ACXce0oi2Q
Dhamma Latt Saung ဓမ္မလက်ဆောင်
" ဗုဒ္ဓ၏ကျင်ကြီးကျင်ငယ်နံ့နှင့် ဘုရားလောင်း၏ကြင်ယာတော်နှင့် သားတော်များ အကြောင်း "
https://youtu.be/erYEI8btpzc
6 months ago | [YT] | 39
View 1 reply
Dhamma Latt Saung ဓမ္မလက်ဆောင်
မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော် ပုဂံ အကြောင်း
https://youtu.be/7u7wT5dFjh4
2 years ago | [YT] | 2
View 0 replies
Dhamma Latt Saung ဓမ္မလက်ဆောင်
ဘဝကူးပြောင်း သိကောင်းစရာ
https://youtu.be/jO_4R11ri1I
2 years ago | [YT] | 2
View 0 replies
Dhamma Latt Saung ဓမ္မလက်ဆောင်
" သဘောကိုသိအောင်ရှုပါ "
တချို့တချို့ယောဂီတွေက
ဟာ..သေခါနီးကာလကြရင်နာလိမ့်မယ်၊
ဒီထက်မက နာလိမ့်မယ်၊
အခုကတည်းက မနာအောင်လုပ်ထားမှ၊
ကြိုးစားထားမှဆိုတော့-
မနာအောင်ကြိုးစားလို့ ရချင်ရမယ်၊
သေခါနီးမှာ မနာပဲတော့မနေဘူး၊
မနာပဲသေတဲ့သူလည်း တစ်ယောက်မှမရှိဘူး။
အရှင်မဟာမောဂ္ဂလာန်ဆိုရင်
ခိုးသားငါးရာက လာနှိပ်စက်လိုက်တာ
မနာပဲနဲ့ ပရိနိဗ္ဗာန်စံတာလား..?
နာပြီးမှ ပရိနိဗ္ဗာန်စံတာလား..?
နာပြီးမှ ပရိနိဗ္ဗာန်စံတာပါ။
တစ်သက်လုံးဉာဏ်ကိန်းလာတဲ့
ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်မှ
ဗေဠုဝရွာကနေ ကုသိနာရုံကိုကြွတဲ့အခါ
ဟိုဖက်ဒီဖက် ရဟန်းတော်တွေကတွဲပြီး
လေးငါးရက်လောက်သွားရတဲ့ခရီးကို
ရက်နှစ်ဆယ်သုံးဆယ်နဲ့ကြွလာရတာ
မနာလို့လား၊နာလို့လား..?
မြတ်စွာဘုရားရှင်တောင်မှ
ဒီရောဂါရဲ့ဒဏ်ကိုရှောင်လို့ရရဲ့လား..?
သေခါနီးကာလမှာ နာမယ်ကျင်မယ်၊
အခုကတည်းက မနာအောင်လုပ်ထားမယ်ဆိုရင်
လောလောဆယ်တော့ ရချင်ရမယ်၊
သေခါနီးကာလကြရင် မရပါဘူး။
အဲဒါကြောင့်မို့လို့
အနာပျောက်အောင် တရားရှုရမှာလား..?
သူ့သဘောကိုသိအောင်ရှုရမှာလား..?
သူ့သဘောကို သိအောင်ရှုရမှာနော်။
ဒါ ဘုန်းကြီးတို့ရဲ့မူပဲ၊
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဥပနိဿရပဲ၊
မိုးကုတ်ဆရာတော်ဘုရားကြီးက
အနာပျောက်အောင်ရှုခိုင်းတာမဟုတ်ဘူး၊
သူ့သဘောသိအောင် ရှုခိုင်းတာ၊
သူ့သဘောဆိုတာ တခြားလား..?
ဖြစ်ပျက်လား..? ဖြစ်ပျက်နော်။
ဖြစ်ပျက်ကိုမြင်ရင်
သူ့သဘောကဖြစ်ပျက်၊ရှုတဲ့ဉာဏ်က မဂ်၊
ဖြစ်ပျက်က ဘာသစ္စာ၊ ဒုက္ခသစ္စာ၊
ရှုတဲ့ဉာဏ်က မဂ္ဂသစ္စာ၊
အဲဒီအချိန်မှာ ကိလေသာလေးတွေသေတာက
သမုဒယသစ်စာသတော။
အကြောင်းသမုဒယသစ္စာသိမ်းတော့
အကျိုးဒုက္ခသစ္စာ မငြိမ်းဘူးလား..?
အကြောင်းသိမ်းလို့ အကျိုးငြိမ်းတာက
ဘာသစ္စာလဲ..? နိရောဓသစ္စာ၊
အဲဒါ တခြားလား၊နိဗ္ဗာန်လား..?
အဲဒီလိုနိဗ္ဗာန်ကိုအာရုံပြုနိုင်အောင်
ကြိုးစားပြီးရှုပါလို့တိုက်တွန်းရင်း
အားလုံး သာဓုခေါ်လိုက်ကြ။
ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ
ထေရဝါဒမိုးကုတ်ဓမ္မရိပ်သာ၊လှည်းကူးမြို့
(သဗ်ဗဒါနံ ဓမ်မဒါန ဇိနာတိ)
2 years ago | [YT] | 128
View 1 reply
Dhamma Latt Saung ဓမ္မလက်ဆောင်
သတိနဲ့မထိမ်းနိုင်တဲ့စိတ်ဟာ တစ်စက္ကန့်
ကုဋေတစ်သိန်း မကောင်မူ့ပြုတယ်။
တခါက မထင်ရှားတဲ့နတ်သားတပါးက
ဘုရားရှင်ကို မေးလျှောက်ပါတယ်။
အရှင်ဘုရား..
.လောကကြီး ဘယ်သူ့အလိုကို
လိုက်နေရပါသလဲ?
"စိတ်အလိုကို လိုက်နေရတယ်"
မြတ်စွာဘုရား ဖြေတော်မူတယ်။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား
လောကကြီး ဘယ်လို ဖြစ်ပေါ်နေပါသလဲ?
"စိတ်အလိုအတိုင်း ဖြစ်ပေါ်နေရတယ်?လို့
ဘုရားရှင် ဖြေတော်မူပါတယ်။
"စိတ်ဟာ အဲဒီလောက် တန်ခိုးကြီးတာနော်"
ဒီစိတ်တန်ခိုးကို မကောင်းမှုတွေမှာပဲ
အသုံးချနေကြလို့ အဆိုးသံသရာက
မလွတ်နိုင်ကြသေးတာ...အဏုမြူ ဗုံးကို
ပိတ်ပင်တားဆီးလို့ရပေမယ့် စိတ်သွားနေတာကို
မတားဆီးနိုင်ကြဘဲ ဖြစ်နေကြတယ်။
ဒါကြောင့် ကိုယ့်စိတ်ကိုယ်နိုင်ရင်
လောကကြီးကို နိုင်ပြီလို့ ဆိုရတာပါ။
"စိတ်ကိုနိုင်တာ သတိတစ်လုံး"ပဲရှိတယ်။
ဒီသတိတစ်လုံးနဲ့ စိတ်ကိုစောင့်ကြည့်၊
စောင့်ထိမ်းနေတာ "တရားအလုပ်"ပဲ။
သတိနဲ့ မစောင့်ကြည့်နိုင်တဲ့စိတ်
မထိန်းသိမ်းနိုင်တဲ့စိတ်ဟာ တစ်စက္ကန့်
ကုဋေတစ်သိန်းနဲ့ မကောင်းမှုတွေ ပြုလုပ်တယ်။
တကယ်လို့သာ ဒီစိတ်ကလေးကို တစ်စက္ကန့်သာ
ထိထိမိမိ စောင့်ကြည့်ထိန်းသိမ်းနိုင်မယ်ဆိုရင်
သန့်စင်စိတ်ပေါင်း ကုဋေတစ်သိန်း ရနိုင်ပါလိမ့်မယ်။
စိတ်တစ်ချက်မှာ စေတနာတစ်ချက်ပါပြီးဖြစ်လို့...
"ကောင်းကျိုးမျိုးစေ့ပေါင်း ကုဋေတစ်သိန်း"ရပြီလို့ မှတ်သားလိုက်ပါ။
မိမိရဲ့ သတိပါတဲ့(ကမ္မဋ္ဌာန်းအလုပ်)ကြောင့်
သန့်စင်အေးမြဖြူ စင်နေတဲ့ "ဓမ္မဓာတ်"တို့ဟာ
တစ်ထိုင် တစ်သိအတွင်းမှာပဲ ကုဋေပေါင်း
မြောက်မြားစွာ ကမ္ဘာသို့ အအေးဓာတ်
လွှမ်းခြုံပေးနေကြောင်း သဘောပေါက်ပါလေ။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
2 years ago | [YT] | 267
View 10 replies
Dhamma Latt Saung ဓမ္မလက်ဆောင်
ဘယ်အရာမှ မမြဲဘူးဆိုတာကို
မကြာခဏ ဆင်ခြင်စဉ်းစားမိရင်
ဘယ်အရာကိုမှ မတွယ်တာတော့ဘူး။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
2 years ago | [YT] | 188
View 2 replies
Dhamma Latt Saung ဓမ္မလက်ဆောင်
ဆရာတော် ဦးဇောတိက အလုပ်ပေးတရား ကောက်နှုတ်ချက်များ
https://youtu.be/M5DK4bITpzY
2 years ago | [YT] | 5
View 0 replies
Dhamma Latt Saung ဓမ္မလက်ဆောင်
အိမ်မက်ကို တရားအားထုတ်သူ
https://youtu.be/Bg6hrF5o3Bs
2 years ago | [YT] | 16
View 0 replies
Dhamma Latt Saung ဓမ္မလက်ဆောင်
အရှင်ကုဏ္ဍဓါန မထေရ်၏ ဝဋ်ကြွေး
https://youtu.be/aVoOymtLJSk
2 years ago | [YT] | 5
View 0 replies
Dhamma Latt Saung ဓမ္မလက်ဆောင်
ဗောဒိမင်းသား၏ ဝဋ်ကြွေး
https://youtu.be/Jah2c-JT_Ew
2 years ago | [YT] | 9
View 0 replies
Load more