Mantras@မန္တရ

အစွမ်းထက် ဂါထာတော်များ၏ တန်ခိုးတေဇော် အာနု‌ဘော်တို့ကြောင့် စီးပွာဥစ္စာများ ဒီရေအလားတိုးပွားကြပါစေ...


Mantras@မန္တရ

ဒီနေ့ (၁-၁၂-၂၀၂၄)ဒီဇင်ဘာလ အတွက် တလ အဓိဌာန်
သရဏဂုံ ၈၄၀၀၀ (15)ကြိမ်မြောက်အဓိဌာန်နှင့်
အရဟံတစ်သိန်း အဓိဌါန်
လစဉ်ပဌာန်းအဓိဌာန်
ပူဇော်ခြင်း ကုသိုလ်အစုစု

ဒီနေ့အတွက် ပြုသမျှကုသိုလ်အစုစု
ကုသိုလ် အမျှ အမျှ အမျှ ပေးပါတယ်ရှင်

အဓိဌါန်ကုသိုလ်လေးတွေ မပြတ်လုပ်ခြင်းဖြင့်
အဓိကက ဦးစွာအကျိုးခံစားရတာ
မိမိစိတ်အေးချမ်းခြင်းပါ
ဒါ့အပြင် စိတ်ကျေနပ်ခြင်းကိုလည်း
တစ်ဆက်တည်း ခံစားရမယ်ထင်ပါတယ်
အခုလိုအချိန်မျိုးမှာ
မိမိစိတ်ကျေနပ်စေခြင်းဆိုတာ
တန်ဖိုးဖြတ်မရတဲ့ ဆုတစ်ဆုလို့
​ထင်မိပါတယ်ရှင့် သရဏဂုံအကျိုးတကယ်လက်တွေ့မို့ ယုံကြည်ကြည်နဲ့စိတ်ကြည့်ပါ ဓမ္မဒါနပြန်လည်မျှဝေပါတယ်ရှင့်🙏🙏🙏🤍🤍🤍

#သရဏဂုံလမ်းဖြောင့်မှန်တန်းစိတ်မှန်းသလောက်ရောက်ပါစေရှင် 🙏🙏🙏

1 year ago | [YT] | 68

Mantras@မန္တရ

#ကပ်ဆိုက်တယ် ဆိုတာ…

သာမန် အကုသိုလ် မဟုတ်ပါဘူး။
သတ္တဝါအားလုံးရဲ့တူညီတဲ့ အကုသိုလ်ကံကြောင့်
ကပ်ဘေးဖြစ်တာပါ။

ကပ်သုံးပါးဘေးဖြစ်တဲ့
*ရောဂါပိုးမွှား ဘေး
*လက်နက် ဘေး
*ငတ်မွတ်ခေါင်းပါး ဘေး
ဒီသုံးခုလုံး အကုန်ဖြစ်တတ်ပါတယ်။

သံသရာမှာ ပြုလုပ်ခဲ့ဖူးတဲ့
အကြီးစား အကုသိုလ်ကြီးတွေ
ဝင်ရောက် အကျိုးပေးတတ်တာမို့
သာမန်ကုသိုလ်နဲ့တောင် မရလောက်ပါဘူး။

ဘုရား တရားလုပ်လို့ ပြောတာဟာ
အကြောင်းမဲ့ မဟုတ်ပါဘူး။

အခုဖြစ်နေတဲ့ ကပ်သုံးပါးဘေးဟာ
နေရာမျိုးစုံမှာ
ပုံသဏ္ဌာန်မျိုးစုံနဲ့ ရှိနေနိုင်ပါတယ်။

ဘယ်နေရာမှာ ပိုးရှိပြီး
ဘယ်သူ့ဆီကနေ ကူးမယ်
ဘယ်နေရာမှာ မထင်မှတ်တဲ့ အန္တရာယ်
ပေါ်လာနိုင်တယ် ဆိုတာ
ဘယ်သူမှ ကြိုပြီး မသိနိုင်ကြဘူး။

လူတွေ ဘုရား တရား လုပ်ပြီဆိုရင်
ကိုယ်စောင့်နတ် နဲ့သမ္မာဒေဝ နတ်ကောင်း နတ်မြတ်တွေရဲ့ စောင့်ရှောက်မှုကို ခံရပါတယ်။

သူတို့က ဘယ်နေရာမှာ ဘယ်လို ပိုးကူးနိုင်တယ်
ဘယ်လိုကြောင့် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာကို သိတယ်။

ဒါကြောင့်…ဘေးမကျရောက်အောင်
သူတို့က သူတို့နိုင်တဲ့​နေရာက​နေ
ကူညီကြတယ်။စောင့်ရှောက်ကြတယ်။

နတ်တွေရဲ့ စောင့်ရှောက်မှုကို ရဖို့
ဘုရား တရား ပိုလုပ်ကြရမယ်။

သေနေ့စေ့လို့ ကံပါလာတာကလွဲရင်
ဗုဒ္ဓဘာသာဝင်တိုင်း
ဘုရား တရားလုပ်လို့
အသက်အန္တရာယ်တွေကနေ
လွတ်မြောက်ကြရတာ တော်တော်များများ
ကြုံ​ဖူးကြမှာပါ။ကြားဖူးကြမှာပါ။

(((#ဖြစ်တော့မှလုပ်တာထက်
#ကြိုတင်လုပ်တာပိုကောင်းပါတယ်။)))

နှစ်နှစ်ကာကာယုံကြည်ရင်
ပိုပြီးအစွမ်းထက်ပါတယ်။

(ယောဆရာတော်ဘုရားကြီး)
🙏🙏🙏🌹🌹🌹🙏🙏🙏

ပြန်လည် မျှဝေပါသည်....

#အောင်နိုင်ဝင်း

1 year ago | [YT] | 225

Mantras@မန္တရ

မန္တလေးမဟာမြတ်မုနိဘုရားကြီးကို Scan ဖတ်ရာတွင် နဂိုမူလပုံတော်ကို ဖူးမျှော်ခွင့်ရရှိ

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော် ပလ္လင်တည်တံ့ခိုင်ခံ့ရေးအတွက် ပြန်လည်ပြုပြင်တည်ဆောက်ရန် ပလ္လင်ခံဝန်ကို စမ်းသပ်ရာ ၁၅ တန်ခန့်သာရှိကြောင်း သိရှိရ

ဘုရားကိုယ်လုံးတော်၏ အလေးချိန်နှင့် ကပ်လှူထားသော ရွှေသင်္ကန်းထုတည်ပမာဏ အလေးချိန်ကို တွက်ချက်နိုင်ရန် Scanning ပြုလုပ်ရာတွင် မဟာမြတ်မုနိဆင်းတုတော်၏ မူလဘူတ ကိုယ်တည်ကို ယခုကဲ့သို့ တွေ့မြင်ရခြင်းဖြစ်သည်

မန္တလေးမဟာမြတ်မုနိဘုရားကြီးကို Scan ဖတ်ရာတွင် နဂိုမူလပုံတော်ကို ဖူးမျှော်ခွင့်ရရှိ

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော် ပလ္လင်တည်တံ့ခိုင်ခံ့ရေးအတွက် ပြန်လည်ပြုပြင်တည်ဆောက်ရန် ပလ္လင်ခံဝန်ကို စမ်းသပ်ရာ ၁၅ တန်ခန့်သာရှိကြောင်း သိရှိရ

ဘုရားကိုယ်လုံးတော်၏ အလေးချိန်နှင့် ကပ်လှူထားသော ရွှေသင်္ကန်းထုတည်ပမာဏ အလေးချိန်ကို တွက်ချက်နိုင်ရန် Scanning ပြုလုပ်ရာတွင် မဟာမြတ်မုနိဆင်းတုတော်၏ မူလဘူတ ကိုယ်တည်ကို ယခုကဲ့သို့ တွေ့မြင်ရခြင်းဖြစ်သည်

#crd_to_owner
#နော်ဂဲလယ်ထူး (စာပေပရဟိတ)

1 year ago | [YT] | 20

Mantras@မန္တရ

ဗုဒ္ဓံ ပူဇေမိ

1 year ago | [YT] | 18

Mantras@မန္တရ

ဘိုးမင်းခေါင်ဂါထာ

1 year ago | [YT] | 6