Mantras@မန္တရ
#ကပ်ဆိုက်တယ် ဆိုတာ…သာမန် အကုသိုလ် မဟုတ်ပါဘူး။သတ္တဝါအားလုံးရဲ့တူညီတဲ့ အကုသိုလ်ကံကြောင့်ကပ်ဘေးဖြစ်တာပါ။ကပ်သုံးပါးဘေးဖြစ်တဲ့*ရောဂါပိုးမွှား ဘေး*လက်နက် ဘေး*ငတ်မွတ်ခေါင်းပါး ဘေးဒီသုံးခုလုံး အကုန်ဖြစ်တတ်ပါတယ်။သံသရာမှာ ပြုလုပ်ခဲ့ဖူးတဲ့အကြီးစား အကုသိုလ်ကြီးတွေဝင်ရောက် အကျိုးပေးတတ်တာမို့သာမန်ကုသိုလ်နဲ့တောင် မရလောက်ပါဘူး။ဘုရား တရားလုပ်လို့ ပြောတာဟာအကြောင်းမဲ့ မဟုတ်ပါဘူး။အခုဖြစ်နေတဲ့ ကပ်သုံးပါးဘေးဟာနေရာမျိုးစုံမှာပုံသဏ္ဌာန်မျိုးစုံနဲ့ ရှိနေနိုင်ပါတယ်။ဘယ်နေရာမှာ ပိုးရှိပြီးဘယ်သူ့ဆီကနေ ကူးမယ်ဘယ်နေရာမှာ မထင်မှတ်တဲ့ အန္တရာယ်ပေါ်လာနိုင်တယ် ဆိုတာဘယ်သူမှ ကြိုပြီး မသိနိုင်ကြဘူး။လူတွေ ဘုရား တရား လုပ်ပြီဆိုရင်ကိုယ်စောင့်နတ် နဲ့သမ္မာဒေဝ နတ်ကောင်း နတ်မြတ်တွေရဲ့ စောင့်ရှောက်မှုကို ခံရပါတယ်။သူတို့က ဘယ်နေရာမှာ ဘယ်လို ပိုးကူးနိုင်တယ်ဘယ်လိုကြောင့် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာကို သိတယ်။ဒါကြောင့်…ဘေးမကျရောက်အောင်သူတို့က သူတို့နိုင်တဲ့နေရာကနေကူညီကြတယ်။စောင့်ရှောက်ကြတယ်။နတ်တွေရဲ့ စောင့်ရှောက်မှုကို ရဖို့ဘုရား တရား ပိုလုပ်ကြရမယ်။သေနေ့စေ့လို့ ကံပါလာတာကလွဲရင်ဗုဒ္ဓဘာသာဝင်တိုင်းဘုရား တရားလုပ်လို့အသက်အန္တရာယ်တွေကနေလွတ်မြောက်ကြရတာ တော်တော်များများ ကြုံဖူးကြမှာပါ။ကြားဖူးကြမှာပါ။(((#ဖြစ်တော့မှလုပ်တာထက် #ကြိုတင်လုပ်တာပိုကောင်းပါတယ်။)))နှစ်နှစ်ကာကာယုံကြည်ရင် ပိုပြီးအစွမ်းထက်ပါတယ်။(ယောဆရာတော်ဘုရားကြီး)🙏🙏🙏🌹🌹🌹🙏🙏🙏ပြန်လည် မျှဝေပါသည်....#အောင်နိုင်ဝင်း
1 year ago | [YT] | 225
Mantras@မန္တရ
#ကပ်ဆိုက်တယ် ဆိုတာ…
သာမန် အကုသိုလ် မဟုတ်ပါဘူး။
သတ္တဝါအားလုံးရဲ့တူညီတဲ့ အကုသိုလ်ကံကြောင့်
ကပ်ဘေးဖြစ်တာပါ။
ကပ်သုံးပါးဘေးဖြစ်တဲ့
*ရောဂါပိုးမွှား ဘေး
*လက်နက် ဘေး
*ငတ်မွတ်ခေါင်းပါး ဘေး
ဒီသုံးခုလုံး အကုန်ဖြစ်တတ်ပါတယ်။
သံသရာမှာ ပြုလုပ်ခဲ့ဖူးတဲ့
အကြီးစား အကုသိုလ်ကြီးတွေ
ဝင်ရောက် အကျိုးပေးတတ်တာမို့
သာမန်ကုသိုလ်နဲ့တောင် မရလောက်ပါဘူး။
ဘုရား တရားလုပ်လို့ ပြောတာဟာ
အကြောင်းမဲ့ မဟုတ်ပါဘူး။
အခုဖြစ်နေတဲ့ ကပ်သုံးပါးဘေးဟာ
နေရာမျိုးစုံမှာ
ပုံသဏ္ဌာန်မျိုးစုံနဲ့ ရှိနေနိုင်ပါတယ်။
ဘယ်နေရာမှာ ပိုးရှိပြီး
ဘယ်သူ့ဆီကနေ ကူးမယ်
ဘယ်နေရာမှာ မထင်မှတ်တဲ့ အန္တရာယ်
ပေါ်လာနိုင်တယ် ဆိုတာ
ဘယ်သူမှ ကြိုပြီး မသိနိုင်ကြဘူး။
လူတွေ ဘုရား တရား လုပ်ပြီဆိုရင်
ကိုယ်စောင့်နတ် နဲ့သမ္မာဒေဝ နတ်ကောင်း နတ်မြတ်တွေရဲ့ စောင့်ရှောက်မှုကို ခံရပါတယ်။
သူတို့က ဘယ်နေရာမှာ ဘယ်လို ပိုးကူးနိုင်တယ်
ဘယ်လိုကြောင့် အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာကို သိတယ်။
ဒါကြောင့်…ဘေးမကျရောက်အောင်
သူတို့က သူတို့နိုင်တဲ့နေရာကနေ
ကူညီကြတယ်။စောင့်ရှောက်ကြတယ်။
နတ်တွေရဲ့ စောင့်ရှောက်မှုကို ရဖို့
ဘုရား တရား ပိုလုပ်ကြရမယ်။
သေနေ့စေ့လို့ ကံပါလာတာကလွဲရင်
ဗုဒ္ဓဘာသာဝင်တိုင်း
ဘုရား တရားလုပ်လို့
အသက်အန္တရာယ်တွေကနေ
လွတ်မြောက်ကြရတာ တော်တော်များများ
ကြုံဖူးကြမှာပါ။ကြားဖူးကြမှာပါ။
(((#ဖြစ်တော့မှလုပ်တာထက်
#ကြိုတင်လုပ်တာပိုကောင်းပါတယ်။)))
နှစ်နှစ်ကာကာယုံကြည်ရင်
ပိုပြီးအစွမ်းထက်ပါတယ်။
(ယောဆရာတော်ဘုရားကြီး)
🙏🙏🙏🌹🌹🌹🙏🙏🙏
ပြန်လည် မျှဝေပါသည်....
#အောင်နိုင်ဝင်း
1 year ago | [YT] | 225