ဗုဒ္ဓတရားအဆုံအမ

မြတ်ဗုဒ္ဓတရားတော်များ BKK Live ဓမ္မဒါန Channalမှ
#တရားတော်များ#ပရိတ်တော်များ#ပဌာန်းတော်များ#ဂါထာတော်များ#မေတ္တာပို့
စသည့် ရှားပါးတရားတော်များနှင့် ပတ်သက်သည်များကို
လက်လှမ်းမှီသလောက် တင်ပေးသွားပါမည်
တရားတော်များကို အမြဲတမ်းတင်ပေးမည်ဖြစ်၍
#Like&Subcribe လုပ်ပေးခဲ့ကြပါနော်
Notification လေးကိုလည်း နှိပ်ပေးခဲ့ကြပါနော်
မူရင်းတရားတော်အား crd
page လင့်
www.facebook.com/DHAMMA2022MM
youtubeလင့် သီလ သမာဓိ ပညာ ဓမ္မဒါန Bkk
youtube.com/channel/UCqhjz2vei71UQ-0rnXNYIVA
youtube.com/channel/UCCEVk0y1DMKxMJUZ2gwsRjw

မနက်တိုင်းညတိုင်းမှာတရားတော်အားနာယူပေးကြပါ ကုသိုလ်ကောင်းကျိုးများရရှိပါစေ စီးပွါးတက်ကြပါစေ
မူရင်းတရားတော်များအား crd ပေးပါတယ်


ဗုဒ္ဓတရားအဆုံအမ

📣 အိမ်/ဆိုင်တွေမှာ ကိုယ်တိုင်လုပ်နိုင်တဲ့ "ရှင်သီဝလီမထေရ်မြတ်အား ဆွမ်းတော်ကပ်လှူပူဇော်နည်း" 🙏
စီးပွားလာဘ်လာဘတွေ တိုးပွားဖို့၊အရောင်းအဝယ်ကောင်းဖို့၊ ငွေကြေးတွေ လည်ပတ်မှုကောင်းစေဖို့နဲ့ လုပ်ငန်းတွေ အေးချမ်းသာယာစေဖို့အတွက် ဘုရားရှင်လက်ထက်တော်က လာဘ်အပေါဆုံးအဖြစ် ထင်ရှားကျော်ကြားတဲ့ ရှင်သီဝလီမထေရ်မြတ်အား ဆွမ်းတော်ကပ်လှူပူဇော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ရှင်သီဝလီမထေရ်မြတ်ဟာ လာဘ်လာဘနဲ့ ခရီးသွားလာမှု ကိစ္စများမှာ ဘုန်းကြီးတော်မူတဲ့ ဘုရားရှင်ရဲ့ ဧတဒဂ်ရ ရဟန္တာတစ်ပါးဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
✨ ပူဇော်ဖို့ လိုအပ်တဲ့ပစ္စည်းများ
ဖယောင်းတိုင်ဖြူ ၁ တိုင် – အလင်းရောင်၊ ဖြူစင်မှုနှင့် ကုသိုလ်လမ်းပွင့်ခြင်းကို ရည်မှန်းပါတယ်။
ထမင်းဖြူ ၁ ပန်းကန် – ရှင်သီဝလီမထေရ်အား ကပ်လှူသော နတ်အစားအစာ၊ ပြည့်စုံကြွယ်ဝခြင်းကို ရည်မှန်းပါတယ်။
မြေပဲလှော် ၁ ပန်းကန် – ကြီးပွားတိုးတက်ခြင်း၊ အရောင်းအဝယ်ကောင်းခြင်းကို ရည်ညွှန်းပါတယ်။
ရေသန့် ၁ ဖန်ခွက် – သန့်ရှင်းဖြူစင်သော ပူဇော်ရန် အသုံးပြုပါတယ်။
(ရှိပါက) ရှင်သီဝလီရုပ်ပွားတော်/ပုံတော် – ရင်ဘတ်အထက် မြင့်တဲ့နေရာမှာ ထားရှိပါ။
🌟 ပူဇော်နည်းအဆင့်ဆင့် (လွယ်ကူပြီး နေရာမရွေး လုပ်ဆောင်နိုင်)
၁။ ပူဇော်ရာနေရာ ပြင်ဆင်ခြင်း
ရှင်သီဝလီပုံတော်/ရုပ်ပွားတော်ကို အလယ်မှာထားပါ။
ထမင်း၊ မြေပဲနှင့် ရေသန့်တို့ကို ရှေ့တွင်ထားပါ။
ဖယောင်းတိုင်ဖြူ ၁ တိုင်ကို ဘယ်ဘက် သို့မဟုတ် ညာဘက်တွင် ထွန်းညှိပါ။
၂။ စိတ်ကိုတည်ငြိမ်အောင်ထားခြင်း
ခါးကိုမတ်မတ်ထား၍ ထိုင်ပါ။
အသက်ကို ၃ ကြိမ် ရှူသွင်းရှူထုတ်ပါ။
"အရောင်းအဝယ်ကောင်းပါစေ၊ လာဘ်ဖောက်သည်များ ဝင်ပါစေ၊ ငွေကြေးတွေ လည်ပတ်မှုကောင်းပါစေ" ဟု ရည်ရွယ်ချက်ကို စိတ်ထဲမှာ အာရုံပြုပါ။
၃။ ရတနတ္တယ ပူဇော်ခြင်း (အတိုချုပ်)
"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" (၃ ကြိမ်ရွတ်ဆိုပါ)

၄။ ရှင်သီဝလီမထေရ် ဆွမ်းတော်ကပ်လှူသည့် ဂါထာ (အပြည့်အစုံ)
"သီဝလီ စ မဟာထေရော၊ ဒေဝတာ နမာမိဟံ၊
သီဝလီ စ မဟာထေရော၊ မဟာထေရော စ သီဝလီ၊
ပိယံ မမ၊
သီဝလီ စ မဟာထေရော၊ လာဘော ဘဝတု မေ နိစ္စံ"
(မူရင်းပါဠိတွင် "လာဘော ဘဝတု မေ နိစ္စံ" အစား "ချမ်းသာသုခကို ပေးစွမ်းနိုင်သော"ဟူသော အဓိပ္ပာယ်သက်ရောက်သည့် "ချမ်" ဟူသော ပါဠိစာလုံးအစား "စိ"ဟူသော စာလုံးကို ထည့်သွင်းရွတ်ဆိုလျှင် ပိုမိုပြည့်စုံနိုင်ပါသည်။)

ဂါထာအဆုံးတွင် အောက်ပါအတိုင်း ဆုတောင်းအဓိဋ္ဌာန်ပြုပါ။
"ဤဆွမ်းတော်ကပ်လှူပူဇော်မှု အကျိုးအားဖြင့်၊ လုပ်ငန်းများ တိုးတက်အောင်မြင်ပါစေ၊ အရောင်းအဝယ်ကောင်းပါစေ၊ ကောင်းမွန်သော လာဘ်ဖောက်သည်များ စဉ်ဆက်မပြတ် ဝင်ရောက်လာပါစေ၊ ငွေကြေးများ မပြတ်စီးဆင်းနေပါစေသတည်း။"
⏰ မည်သည့်အချိန်တွင် ပြုလုပ်သင့်သလဲ?
နေ့စဉ် လုပ်ဆောင်နိုင်ပြီး မနက် ၆း၀၀ မှ ၉း၀၀ နာရီအတွင်း (စွမ်းအင်အရှိဆုံးအချိန်) သို့မဟုတ် ဆိုင်/လုပ်ငန်းမစမီ လုပ်ဆောင်ခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။
✨ ပိုမိုကောင်းမွန်စေရန် အကြံပြုချက်
ထမင်းနှင့် မြေပဲတို့ကို လတ်ဆတ်အောင် ပြင်ဆင်ပါ။
ပူဇော်ပြီးသော အစားအစာများကို သတ္တဝါများအား ကျွေးမွေးခြင်း သို့မဟုတ် စွန့်ပစ်ခြင်း ပြုလုပ်နိုင်ပါတယ် (ကိုယ်တိုင် ပြန်မစားရပါ)။
နေ့စဉ် ကောင်းသောစကားပြော၊ ကောင်းသောအလုပ်လုပ်၊ ကောင်းသောအတွေးများ တွေးတောခြင်းဖြင့် ကုသိုလ်စွမ်းအားကို ပိုမိုမြှင့်တင်ပါ။
ရက်ရှည် (၃ ရက်မှ ၇ ရက်) သို့မဟုတ် ဥပုသ်နေ့တိုင်း ပုံမှန်ပြုလုပ်ပါ။
#yoyocooking #health #fblifestyle #ကျန်းမာရေး #သဘာဝဆေးနည်း #ရှင်သီဝလီ #လာဘ်လာဘ #စီးပွားရေး #ကံကောင်းခြင်း

1 day ago | [YT] | 80

ဗုဒ္ဓတရားအဆုံအမ

ဘုရားရှိခိုးနည်း အချက် ( ၅ )ချက် 🙏🙏🙏CRD

3 weeks ago | [YT] | 52

ဗုဒ္ဓတရားအဆုံအမ

နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်နိုင်သည့်အတွက် မိမိရောက်ရှိ နေထိုင်ရာနေရာများမှ ဘေးကင်းစိတ်ချရသည့်နေရာများတွင် ပြောင်းရွှေ့နေထိုင်ကြရန်နှင့် ငလျင်နောက်ဆက်တွဲများကို သတိထားရန် ပညာရှင်များ သတိပေး
ငလျင်ဘေးသင့်ဒေသများ အရေးပေါ်အခြေအနေဖြစ်ပေါ်နေ

ရန်ကုန်၊ မတ် ၂၈

မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့ကို ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် ဗဟိုပြု၍ ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ပြီး ယင်းငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်များ ဆက်တိုက်လှုပ်ခတ်နိုင်သေးသည့်အတွက် ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရသည့် မြို့၊ ရွာ၊ ရပ်ကွက်၊ ဒေသများအားလုံးမှ ပြည်သူများ မိမိရောက်ရှိ နေထိုင်ရာနေရာများမှ ဘေးကင်းစိတ်ချရသည့် နေရာများတွင် ပြောင်းရွှေ့နေထိုင်ကြရန်နှင့် ငလျင်နောက်ဆက်တွဲများကို သတိထားရန် ပညာရှင်များက သတိပေးသည်။

ပြင်းထန်သော ငလျင်ဘေးဒဏ်၏ နောက်ဆက်တွဲအဖြစ် မြို့ပြတွင် မီးဘေးအန္တရာယ်ကို သတိပြု သတိထားရမည်ဖြစ်ပြီး ရေကာတာကြီးဆိုလည်း ကျိုးပျက်ပြီး ရေကြီးနိုင်သဖြင့် ငလျင်ဘေးနောက်ဆက်တွဲ ဘေးအန္တရာယ်များ၏ လွတ်ကင်းနိုင်ရန်အတွက် ဘေးကင်းစိတ်ချရသည့်နေရာများတွင် ပြောင်းရွှေ့နေထိုင်ကြပါရန် ပညာရှင်များက သတိပေးပြောကြားသည်။

ငလျင်လှုပ်ပြီးချိန်တွင် မိမိနေထိုင်ရာနေရာမှ လျှပ်စစ်မီးကြိုးများ၊ ရေပိုက်များ၊ လောင်စာဆီသိုလှောင်ကန်များကို စစ်ဆေးရမည်ဖြစ်ပြီး ပျက်စီးမှုရှိပါက ဖြတ်တောက်ခြင်း ပိတ်ထားခြင်းများကိုလည်း လုပ်ဆောင်ရမည်ဖြစ်သည်။

ယင်းအပြင် ပေါက်ပြဲကာ လျှပ်စစ်စီးနေသော ၀ိုင်ယာကြိုးများကိုလည်း သတိထားရမည်ဖြစ်ပြီး ပင်လယ်အနီးသို့ သွားရောက်ခြင်း မပြုကြဖို့ ငလျင်ပညာရှင်များက သတိပေးသည်။

ငလျင်လှုပ်ပြီးသော်လည်း ဆူနာမီရေလှိုင်းဖြစ်ပေါ်နိုင်သည့်အတွက် ပင်လယ်ကမ်းခြေမှလူများ ကုန်းမြေအမြင့်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်ကြရန် လိုအပ်သည်ဟုလည်း ငလျင်ပညာရှင်တစ်ဦးက သတိပေးသည်။

လက်ရှိပျက်စီးနေသော အဆောက်အအုံများနှင့် ဝေးရာတွင် နေထိုင်ရန် လိုအပ်ပြီး မိမိနေထိုင်သော အဆောက်အအုံ၏ ကြံ့ခိုင်မှုမှာ စိတ်မချရလျှင် စိတ်ချဘေးကင်းရာသို့ အမြန်ဆုံးပြောင်းရွှေ့နေထိုင်ရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် ၁၈၃၉ ခုနှစ်က အင်းဝငလျင်၊ ၁၉၃၀ ပြည့်နှစ်က ပဲခူးငလျင်၊ ၁၉၅၆ ခုနှစ်က စစ်ကိုင်းငလျင် နှင့်၂၀၁၂ ခုနှစ်က ရွှေဘိုငလျင် စသည့်အင်အားပြင်းငလျင်များလှုပ်ခဲ့ဖူးပြီး ထိခိုက်အပျက်အစီးများခဲ့ပါသည်။

၁၈၃၉ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် အင်း၀ငလျင်(အမရပူရငလျင်) အဖြစ် ပြင်းအားအဆင့် ၉ (အပြင်းထန်ဆုံး) ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး အိမ်များအားလုံး ပြိုကျပျက်စီးခဲ့ကာ လူပေါင်းများစွာ သေကြေခဲ့သည်။

၁၉၃၀ မေလ ၅ ရက်နေ့တွင် ပဲခူး ငလျင် (ဆွာငလျင်) လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၇.၃ နှင့် ၇.၅ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ယင်းကာလအပိုင်းအခြားတွင် အပြင်းထန်ဆုံး ပျက်စီးမှုအများဆုံး ငလျင်ကြီးဖြစ်ခဲ့သည်။ လူပေါင်း ၅ထောင်မှ ၇ထောင်အထိ သေဆုံးခဲ့သည်ဟုလည်း ခန့်မှန်းခဲ့ကြသည်။ ယင်းငလျင်ကြောင့် ပဲခူး ရွှေမော်ဓောဘုရားကြီးလည်း ဆိုးရွားစွာ ပျက်စီးခဲ့ရသည်။ ငလျင်လှုပ်ခတ်ပြီးနောက် လများတွင် များစွာသော လှုပ်ခတ်မှုများ ရှိခဲ့ပြီး စက်တင်ဘာလ ၁၆ ရက် ညနေ ၅ နာရီခွဲအချိန်တွင် လှုပ်ခတ်မှုတစ်ခု ရှိခဲ့ကာ ဖဒိုရဲစခန်း၏ အုတ်နံရံကို ပျက်စီးစေခဲ့သည်။

၁၉၇၅ ခုနှစ်တွင် ပြင်းအား ရစ်ချ်တာစကေး ၇ အဆင့်ရှိသည့် ငလျင်ကြီးတစ်ခု မြန်မာနိုင်ငံ ပုဂံဒေသတွင် လှုပ်ခတ်ခဲ့ပြီး ပုဂံဘုရားပေါင်းများစွာ ပြိုကျပျက်စီးသွားခဲ့ရသည်။

၂၀၁၁ မတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့နှင့် လွိုင်မွေမြို့အနီးကို ဗဟိုပြုကာ အင်အားရစ်ချ်တာစကေး ၆.၈ လှုပ်ခတ်ပြီးနောက် ရစ်ချ်တာစကေး ၄.၈နှင့် ၅.၄ ရှိသည့် နောက်ဆက်တွဲငလျင် (၂) ခု လှုပ်ခတ်ခဲ့သည်။

စစ်ကိုင်းပြတ်ရွေ့ကြောသည် ရွေ့လျားနေသည့် ပြတ်ရွေ့ကြောတစ်ခုဖြစ်ကာ ၎င်းသည် မြန်မာနိုင်ငံတစ်လျှောက် ရွေ့လျားကာ ကပ္ပလီပင်လယ်ပြင်ကို ဗဟိုပြုဖြန့်ကြက်တည်ရှိ၍ မြောက်ဘက် collision zone သို့ ချိတ်ဆက်ထားသည်။ စစ်ကိုင်းပြတ်ရွေ့ကြသည် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ကာ လှုပ်ရှားမှုအများဆုံးလည်း ဖြစ်ပြီး ပြတ်ရွေ့ကြောသည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကဲ့သို့သော အဓိကမြို့ကြီးများကို နီးကပ်စွာဖြတ်သန်းရွေ့လျားလျက်ရှိသည်။

ပုံ- လူမှုကွန်ယက်

8 months ago | [YT] | 10

ဗုဒ္ဓတရားအဆုံအမ

ငလျင်လှုပ်ရခြင်းအကြောင်း

" ငလျင်လှုပ်ခြင်း အကြောင်း ရှစ်ပါး "

#အာနန္ဒာ မြေ (ငလျင်) ပြင်းစွာ လှုပ်ခြင်း၏ အကြောင်း အထောက်အပံ့တို့ကား ဤရှစ်ပါးတို့တည်း။

အဘယ်ရှစ်ပါးတို့နည်းဟူမူ-

အာနန္ဒာ ဤမဟာပထဝီ မြေကြီးသည် ရေ၌ တည်၏၊
ရေသည် လေ၌ တည်၏၊ လေသည် ကောင်းကင်၌ တည်၏။ အာနန္ဒာ ပြင်းထန်စွာ လေတိုက်သောအခါ ရေကို လှုပ်စေကုန်၏၊ ရေလှုပ်သော် မြေကို လှုပ်စေ၏၊
ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ရှေးဦးစွာသော အကြောင်း အထောက်အပံ့ပေတည်း။ (၁)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း တန်ခိုးနှင့် ပြည့်စုံသော (အဘိညာဉ်) စိတ်၌ လေ့လာပြီးသော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ကြီးသော တန်ခိုးအာနုဘော်ရှိသော နတ်သည်လည်းကောင်း အားနည်းသော မြေ (ကသိုဏ်းဈာန်) သညာနှင့် အားကြီးသော ရေ (ကသိုဏ်းဈာန်) သညာတို့ကို ပွါးများပြီးလျှင် ဤမြေကြီးကို လှုပ်စေ၏၊ တုန်လှုပ်စေ၏၊ ပြင်းစွာ တုန်လှုပ်စေ၏၊ သွက်သွက်ခါ တုန်လှုပ်စေ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ နှစ်ခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။ (၂)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်သို့ သက်ရောက်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ သုံးခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၃)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည် သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်မှ ဖွားမြင်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ လေးခုမြောက်အကြောင်း အထောက်အပံ့ပေတည်း။ (၄)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊့ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ငါးခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။ (၅)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားကို ဟောတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ခြောက်ခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။ (၆)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် သတိရှိလျက် ဆင်ခြင်လျက် အသက်ရှည်ရန် ပြုပြင်မှု 'အာယုသင်္ခါရ' ကို စွန့်လွှတ်တော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ခုနစ်ခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၇)

အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် ခန္ဓာနာမ်ရုပ် အကြွင်းမရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ရှစ်ခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၈)

အာနန္ဒာ မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ အကြောင်း အထောက်အပံ့တို့ကား ဤရှစ်ပါးတို့ပေတည်း။

အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ် ဘူမိစာလသုတ်

#တရားစကား #ပါချုပ်ဆရာတော် #ဘာသာရေး #ဓမ္မ #တရား #တိပိဋကမြန်မာပြန် #ငလျင်

8 months ago | [YT] | 19

ဗုဒ္ဓတရားအဆုံအမ

ရက် ၉၀ ဇွဲရှိရှိ ဝင်ပေးကြပါ။ ပျက်လျင် အစ မှ ပြန်စကြပါ။ ဥပမာ ၅ ရက်မာ ပျက်သွားလည်း စိတ်ဓာတ်ကျစရာ မလိုပါ ၅ရက်စာ ကုသိုလ်ရထားပါတယ်။ ဒီလိုပြောလို့ ဆိုပြီး ဝိရိယ မလျော့ကြပါရန် ။မပေါ့ဆရန်။ ရက်၉၀ ဆက်တိုက် အောင်မြင်အောင် ကြိုးစားပါ။ တနေ့လုံးမှ မိနစ်ပိုင်း‌သာ ‌အချိန်ပေးရပေမယ့် အကျိုးကျေးဇူးများပါတယ်။
အချိန်နင့် နေရာ တိကျစရာ မလိုပါ မခက်ပါဘူး ပြုလုပ်ကြပါ။ ကံမြင့် ကံဆယ် နဝင်း ကျသလို ။ အာကသ စကြာဝဠာ ၏ အရှင်ဘုရင် နေမင်း အား ဗဟိုပြု၍ ဗုဒ္ဓဟူး ဂြိလ်မင်း လည်ပတ်ရန် ကြာချိန် ရက်၉၀ ဝန်ကျင်ဖြစ်၍ နေမင်း စီသတင်းရောက် ကာ နက္ခတ် အပေါင်းသက်သေတည်ပါတယ်။
ယ‌ခုဘဝ မက သံသရာ ဆုံးသည့်တိုင်အောင် မှီခိုရာ ပုန်းအောင်းရာ အားကိုးအားထားရာ။ ကြည်ညိုရာ ကိုးကွယ် ရာ အဖြစ် မြတ်နိးရာ အဖြစ် အသက်ထက်ဆုံး နလုံးသွင်း၍ ပူဇော်ကြပါ။လောကီ လောကုတ္တရာ ၂ဖြာသော အကျိူးကို ရရှိစေပါတယ်။ ဘဝ မြေပုံ ပေါလာကာ လျောက်စရာ လမ်းမှန် ရရှိစေပါတယ်။

11 months ago | [YT] | 365

ဗုဒ္ဓတရားအဆုံအမ

6.1.2025
တနင်္လာနေ့
ယနေ့မှအစ
သောကအပူ၊မြူမျှမတွေ့၊သာယာချမ်းမြေ့ကြပါစေ။

11 months ago | [YT] | 532