ဗုဒ္ဓတရားအဆုံအမ
ငလျင်လှုပ်ရခြင်းအကြောင်း " ငလျင်လှုပ်ခြင်း အကြောင်း ရှစ်ပါး "#အာနန္ဒာ မြေ (ငလျင်) ပြင်းစွာ လှုပ်ခြင်း၏ အကြောင်း အထောက်အပံ့တို့ကား ဤရှစ်ပါးတို့တည်း။အဘယ်ရှစ်ပါးတို့နည်းဟူမူ-အာနန္ဒာ ဤမဟာပထဝီ မြေကြီးသည် ရေ၌ တည်၏၊ ရေသည် လေ၌ တည်၏၊ လေသည် ကောင်းကင်၌ တည်၏။ အာနန္ဒာ ပြင်းထန်စွာ လေတိုက်သောအခါ ရေကို လှုပ်စေကုန်၏၊ ရေလှုပ်သော် မြေကို လှုပ်စေ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ရှေးဦးစွာသော အကြောင်း အထောက်အပံ့ပေတည်း။ (၁)အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း တန်ခိုးနှင့် ပြည့်စုံသော (အဘိညာဉ်) စိတ်၌ လေ့လာပြီးသော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ကြီးသော တန်ခိုးအာနုဘော်ရှိသော နတ်သည်လည်းကောင်း အားနည်းသော မြေ (ကသိုဏ်းဈာန်) သညာနှင့် အားကြီးသော ရေ (ကသိုဏ်းဈာန်) သညာတို့ကို ပွါးများပြီးလျှင် ဤမြေကြီးကို လှုပ်စေ၏၊ တုန်လှုပ်စေ၏၊ ပြင်းစွာ တုန်လှုပ်စေ၏၊ သွက်သွက်ခါ တုန်လှုပ်စေ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ နှစ်ခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။ (၂)အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်သို့ သက်ရောက်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ သုံးခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၃)အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည် သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်မှ ဖွားမြင်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ လေးခုမြောက်အကြောင်း အထောက်အပံ့ပေတည်း။ (၄)အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊့ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ငါးခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။ (၅)အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားကို ဟောတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ခြောက်ခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။ (၆)အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် သတိရှိလျက် ဆင်ခြင်လျက် အသက်ရှည်ရန် ပြုပြင်မှု 'အာယုသင်္ခါရ' ကို စွန့်လွှတ်တော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ခုနစ်ခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၇)အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် ခန္ဓာနာမ်ရုပ် အကြွင်းမရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ရှစ်ခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၈)အာနန္ဒာ မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ အကြောင်း အထောက်အပံ့တို့ကား ဤရှစ်ပါးတို့ပေတည်း။အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ် ဘူမိစာလသုတ်#တရားစကား #ပါချုပ်ဆရာတော် #ဘာသာရေး #ဓမ္မ #တရား #တိပိဋကမြန်မာပြန် #ငလျင်
8 months ago | [YT] | 19
ဗုဒ္ဓတရားအဆုံအမ
ငလျင်လှုပ်ရခြင်းအကြောင်း
" ငလျင်လှုပ်ခြင်း အကြောင်း ရှစ်ပါး "
#အာနန္ဒာ မြေ (ငလျင်) ပြင်းစွာ လှုပ်ခြင်း၏ အကြောင်း အထောက်အပံ့တို့ကား ဤရှစ်ပါးတို့တည်း။
အဘယ်ရှစ်ပါးတို့နည်းဟူမူ-
အာနန္ဒာ ဤမဟာပထဝီ မြေကြီးသည် ရေ၌ တည်၏၊
ရေသည် လေ၌ တည်၏၊ လေသည် ကောင်းကင်၌ တည်၏။ အာနန္ဒာ ပြင်းထန်စွာ လေတိုက်သောအခါ ရေကို လှုပ်စေကုန်၏၊ ရေလှုပ်သော် မြေကို လှုပ်စေ၏၊
ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ရှေးဦးစွာသော အကြောင်း အထောက်အပံ့ပေတည်း။ (၁)
အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း တန်ခိုးနှင့် ပြည့်စုံသော (အဘိညာဉ်) စိတ်၌ လေ့လာပြီးသော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်း ကြီးသော တန်ခိုးအာနုဘော်ရှိသော နတ်သည်လည်းကောင်း အားနည်းသော မြေ (ကသိုဏ်းဈာန်) သညာနှင့် အားကြီးသော ရေ (ကသိုဏ်းဈာန်) သညာတို့ကို ပွါးများပြီးလျှင် ဤမြေကြီးကို လှုပ်စေ၏၊ တုန်လှုပ်စေ၏၊ ပြင်းစွာ တုန်လှုပ်စေ၏၊ သွက်သွက်ခါ တုန်လှုပ်စေ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ နှစ်ခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။ (၂)
အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်သို့ သက်ရောက်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ သုံးခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၃)
အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည် သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်မှ ဖွားမြင်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ လေးခုမြောက်အကြောင်း အထောက်အပံ့ပေတည်း။ (၄)
အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊့ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ငါးခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။ (၅)
အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားကို ဟောတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ခြောက်ခုမြောက် အကြောင်း အထောက်အပံ့ပေတည်း။ (၆)
အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် သတိရှိလျက် ဆင်ခြင်လျက် အသက်ရှည်ရန် ပြုပြင်မှု 'အာယုသင်္ခါရ' ကို စွန့်လွှတ်တော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ခုနစ်ခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၇)
အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် ခန္ဓာနာမ်ရုပ် အကြွင်းမရှိသော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ရှစ်ခုမြောက် အကြောင်းအထောက်အပံ့ပေတည်း။ (၈)
အာနန္ဒာ မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ အကြောင်း အထောက်အပံ့တို့ကား ဤရှစ်ပါးတို့ပေတည်း။
အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ် ဘူမိစာလသုတ်
#တရားစကား #ပါချုပ်ဆရာတော် #ဘာသာရေး #ဓမ္မ #တရား #တိပိဋကမြန်မာပြန် #ငလျင်
8 months ago | [YT] | 19