ဘဝအတွက်
အကျိုးရှိနိုင်သော
သုတ ရသ များကို
ပြန်လည် မျှဝေပါတယ်


ZAW HTIKE

(၁)ထမင်းပူကို မစားနဲ့။
(၂)ကြွေသီးကိုသာ စားပါ။
(၃)ရောက်ရာဒေသ ခြေရာချခဲ့ပါ။

စကား(၃)ခွန်းရဲ့ အဓိပ္ပါယ်

(၁) ဘ၀တစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။
ထမင်းအေးကိုပဲ စားပါ ။

ထမင်းပူဆိုတာ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့ထမင်းကို ခေါ်တာပါ။
ဘယ်တော့မှ မစားမိပါစေနဲ့။
အခုအချိန်စားကောင်းချင်ကောင်းမယ်၊ သံသရာမွာ အလွန်ပူလောင်တတ်တယ်။
ထမင်းအေးဆိုတာကတော့ မင်းကို ချစ်လို့ ခင်လို့ တန်ဖိုးထားလို့ ကြည်ညိုလို့ ကျေွးလာတဲ့ ထမင်းပဲ ။ ငပိရည်နဲ့ပဲ စားရ စားရ သံသရာမွာ အေးမြပါတယ်။ စားတတ်အောင် ကြိုးစားပါနော်။

(၂) အသီးကို စားမယ်ဆိုရင် ကြွေသီးကိုပဲ စားပါ ။ ဘယ်တော့မှ ခူးမစားပါနဲ့။
ကြွေသီးစားပါ ဆိုတာ မင်းကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ ကျေွးလာတဲ့အသီးကို စားပါလို့ဆိုလိုတာပါ။ ဒါပေမယ့် ကြွေသီးတိုင်းလည်း မစားရဘူး ။ ကြွေသီးပေမယ့် မစင်ပုံပေါ်ကျရင် မင်းမစားတော့ဘူး မဟုတ္လား။ ဒီလိုပဲ ကြွေသီးတော့ ကြွေသီး။ မင်းကို ချစ်လို့ ခင်လို့ ကြည်ည်ိုလို့ လာပေးတယ်။ ဒါပေမယ့် နောက်ကွယ်မှာ မျှော်လင့်ချက်တွေ ရလိုမှှုတွေ ပါနေရင် မစားရဘူး။ မစားကောင်းပါဘူး။
ခူးမစားပါနဲ့ဆိုတာ မင်က ကူညီိစရာရှိရင် ကူညီ၊ လုပ်စရာရှိရင် လုပ်ပေးလိုက်ပါ။ အဲဒါကို ကူညီခ၊ လုပ်ပေးခ တောင်းနေရင် ခူးစားတာပဲ။သူတစ်ပါးကို ကူညီပါ။ သူတို့ဆီက ကျေးဇူးတင်စကားတစ်ခွန်းတောင် မမျှော်လင့်ပါနဲ့။ မျှော်လင့်ပြီိး ကူညီတာ ခူးစားတာပဲ။ မင်း ဘယ်တော့မှ ခူးမစားပါလေနဲ့။

(၃)တတိယစကားကေတာ့ - ချိုးငှက်လေးတွေ ခါငှက်လေးတွေဟာ မြေမှာနားပြီး ပြန်သွားရင် ခြေရာထားခဲ့တယ် ။ ဒီလိုပါပဲ၊ မင်းလည်း ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် မင်း ပြန်ရင် မင်း ခြေရာကျန်ခဲ့ပါစေ။ ဒီလိုပါပဲ လူ့လောကကြီးကို တို့တတွေလာခဲ့ကြ၊ တို့ပြန်ရင် တို့ခြေရာတွေ ကျန်မှ ဖြစ်မယ်။

(ဘဝဂုဏ်ရည်)အရှင်ကုသလ USA
===================================


#Credit to Original Uploader.


ပြန်လည်မျှဝေသူ။


KoNyanHtun.

22 hours ago | [YT] | 726

ZAW HTIKE

အစာအိမ်ဆေး လှူတဲ့အခါမှာ အလှူခံကြတာတွေ တွေ့ရတော့ ဝမ်းသာ ဝမ်းနည်းကြီး ဖြစ်ရပါတယ်။ ဝမ်းသာတာက အလှူခံကြလို့ပါ။ ဝမ်းနည်းရတာက သူတို့ ကာလကြာရှည် ခံစားနေရတဲ့ အစာအိမ် လေထိုး လေအောင့်ဆိုတဲ့ ရောဂါမျိုးတွေဟာ အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းလေးနဲ့တင် ပျောက်အောင် ကုနိုင်ကြလို့ပါ။ အနာသိပြီး ဆေးမရှိတာ မဟုတ်၊ ဆေးရှိလျက်နဲ့ မသိကြတာ၊ ဆေးနဲ့ ဝေးနေကြတာပါ။ အဲဒါ အတော် စိတ်မကောင်း ဖြစ်ရပါတယ်။

ထမင်းချက်ဖို့ ဆန်ဆေးတဲ့အခါမှာ သုံးခါဆေးလေ့ ရှိကြပါတယ်။ ဒုတိယ အကြိမ် ဆေးတဲ့ ရေကို မတ်ခွက် တစ်ခွက်စာ ယူပါ။ သကြားလေး နည်းနည်းပါအောင် ထည့်ပြီး ခလောက်ပါ။ ပြီးရင် အဲဒီရေကို သောက်ပါ။ ရောဂါ ပြင်းထန်ရင် တစ်ရက် နှစ်ခွက် သောက်ပါ။ ဘယ်လောက်ဆိုးဝါးတဲ့ အစာအိ'မ်ရောဂါဖြစ်ဖြစ် နင်နေ ငါသွားဆိုပြီး ထွက်သွားပါလိမ့်မယ်။ ခွဲစိ'တ်ရခါနီး အစာအိ'မ်ရောဂါတောင် အဲဒီ ဆန်ဆေးရေနဲ့တင် ပျောက်ပါတယ်။ စိတ်ရှည်ရှည် သောက်ပေးနေဖို့ပဲ လိုအပ်တာပါ။

*** ဆီးချိုရောဂါသည်များအဖို့ သကြားကို ပါလေရုံ တစ်မှုံ နှစ်မှုံပဲဖြစ်ဖြစ် ထည့်ရပါတယ်။ ဓါတ်သက်ဝင်စေဖို့ပါ။

*** သကြားဟာ ကြံက ထုတ်ထားတဲ့ သ‌ကြားပဲ ဖြစ်သင့်ပါတယ်။ ပြောင်းဖူး / မုန်လာဥနီတို့က ထုတ်တဲ့ သကြား မရပါ။

*** ဒီဆန်ဆေးရေကို မနက်ပိုင်း ယူထားပြီး ညနေကျမှ သောက်လဲ ရပါတယ်။ အရသာ ချဉ်မသွားသေးမချင်း ဆေးဘက်ဝင်ပါတယ်။ ယူထားတာကနေ အနည်းဆုံး ၁၂ နာရီကျော်မှ ချဉ်စပြုလာတတ်တာပါ။

*** မချဉ်သေးသမျှ ဘယ်အချိန်မဆို ဘယ်လိုမဆို သောက်နိုင်ပါတယ်။ ကျွန်တော်ဆိုရင် ရေဆာလာရင် ဒီဆန်ဆေးရေ သောက်လိုက်တာပါပဲ။ ဆန်ဆေးရေ ကုန်သွားမှ ရိုးရိုးရေ သောက်တာပါ။

*** ဒီဆန်ဆေးရေကို ရေခဲသေတ္တာထဲ မထားရပါ။

*** ဒီဆန်ဆေးရေဟာ ကိုယ်တွင်း အညစ်အကြေးများကို ဆေးကြောပေးတဲ့အတွက် အသားအရေကို ကြည်လင်သန့်ရှင်းစေပါတယ်။ ကျွန်တော်ဆိုရင် မည်းပြောင်နေရာကနေ ခုတော့ အနက်နုရောင်လေး သမ်းလာပါပြီ 😛😛😛

*** ခန္ဓာကိုယ်တွင်းက အရက်ချိုး / ကွမ်းချိုးများကိုလဲ ဒီဆန်ဆေးရေက ဆေးကြော သန့်ရှင်းပေးတတ်တာမို့လို့ အရက်ဖြတ်သူ ကွမ်းဖြတ်သူများအတွက် အထူးသင့်လျော်ပါတယ်။

ဟောဒီ ဆန်ဆေးရေဟာ အစာအိမ်ရောဂါ တစ်မျိုးထဲကို တိုက်ရိုက်ကုသပေးတာဖြစ်ပြီး တခြား ဘယ်ရောဂါကိုမဆို သွယ်ဝိုက်သောနည်းနဲ့ ကုသပေးပါတယ်။ (ခန္ဓာကိုယ် အတွင်းပိုင်းကို ဆေးကြောသန့်ရှင်းပေးလို့ပါ။) ဒီတော့ ဘယ်ရောဂါသည်မဆို သက်ဆိုင်ရာ ဆေးဝါးများနဲ့ ကုသရင်း တစ်ဖက်ကနေ ဒီဆန်ဆေးရေကို ဓါတ်စာအဖြစ် မှီဝဲလို့ ရပါတယ်။

#newfun
#crd_to_owner_with_respect

4 days ago | [YT] | 1,612

ZAW HTIKE

ပညာသင်ကြားခြင်းကို ဝဋ်ဒုက္ခလို့ ခံယူတဲ့ သူ ဘယ်တော့မှ ပညာမတတ်ဘူး ။

ဆရာသမားက ငေါက်လို့ ရိုက်လို့ ဆိုပြီး
ပညာမသင်ချင်တော့ဘူး ဆိုတဲ့ တပည့်လည်း
ဘယ်တော့မှ ပညာမတတ်ဘူး ။

ကိုယ့်ကိုယ် ပညာသင်ကြားပေးနေတဲ့
ဆရာ့ကို ယုံကြည်ချက်မဲ့နေပြီး
ဒီလောက်ကတော့ ငါတောင် သင်တတ်သေးတယ်ဆိုတဲ့တပည့်လည်း ပညာမတတ်တဲ့အပြင်
ဘယ်တော့မှ မအောင်မြင်တတ်ဘူး ။

ပညာသင်ကြားချိန်မှာ ကြွားဝါတတ်တဲ့ တပည့်
မာန်မာန ထားတတ်တဲ့ တပည့်
သူသိ သူတတ် လုပ်တတ်တဲ့ တပည့်
ကိုယ်သင်နေတဲ့ ပညာရပ်ကို
တန်ဖိုးမထားတတ်တဲ့ တပည့်
ဆရာ့ အပေါ် အမြဲ ပြစ်မှားတဲ့ တပည့်
ဘယ်သောအခါမှ မအောင်မြင်ပါ ။

ယခု ဖြစ်နေတဲ့ အဖြစ်ပျက်ကတော့ တက္ကသိုလ်မှာ
တက္ကသိုလ် ကျောင်းသား၊ကျောင်းသူတွေ
အများဆုံး ကျင့်သုံးကြတဲ့ နည်းစနစ် တွေကို
အခု စနစ်သစ်ပညာရေးမှာ
G-10/G-11/ G-12 ကလေးတွေက
ကြိုတင်ကျင့်သုံးနေကြတယ် ။

အထူးသဖြင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့်
G-12 ကျောင်းသား၊ကျောင်းသူတွေက
ပိုပြီး ကျင့်သုံးလာတာတွေ့ရတယ် ။

သေချာပြီ အဲ့ကလေး လူငယ်ဖြစ်ပြီး
တက္ကသိုလ် တက်ခွင့်မရတော့ဘူး
ပျော်စရာတွေလည်းမတွေ့ တော့ဘူး
လူငယ်ရဲ့ လွတ်လပ်တဲ့အရသာ ခံစားရမှာ
မဟုတ်တော့ဘူး အမှန်ပဲ ။
လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ။
စိတ်ဓာတ်ပေါင်းစုံ ရုပ်ရည် ဥပဓိပေါင်းစုံ
လူမူဆက်ဆံရေး ပေါင်းစုံ ရှိတဲ့
တက္ကသိုလ် မြေမှာ ခြေချခွင့် မရခဲ့လျှင်
လူငယ်ဖြစ်ပြီး လူဖြစ်ရှုံးလိမ့်မယ် ။

ပညာသင်ခြင်းကို ဝဋ်ဆင်းရဲဒုက္ခ ခံနေရတာပဲလို့
ခံယူထားတဲ့ပုဂ္ဂိုလ် ဘယ်တော့မှ
ပညာတတ် ဖြစ်လာလိမ့်မည် မဟုတ်ချေ။

#ဦးခွန်းမိန်
#တော်ဝင်မြန်မာစာ

5 days ago | [YT] | 370

ZAW HTIKE

#တောင်ကြီးတန်ဆောင်တိုင်လာလည်ကြမဲ့ရပ်ဝေးကမိတ်ဆွေဧည့်သည်များအတွက်
သိထားရမဲ့ကိစ္စလေးတွေရှိသေးတယ်​ဗျ...ဖွင့်ပွဲနေ့ကိုလည်ဖူးချင် နေ့လည် နှစ်နာရီလောက်ထဲကလာပါ.သုံးနာရီလောက်ဆို လမ်းတွေပိတ်လိုက်ပီ..တန်ဖိုးကြီး လက်ဝတ်ရတနာများ ဝတ်မလာတာအကောင်းဆုံး..ပွဲခင်းအဝင်မှာ x ray နဲ့စစ်တာမို့ မလိုအပ်ပဲပြသနာ မတက်အောင် လက်သည်းညှပ်အစ နားဖာကလော်တံအဆုံး ယူမလာကြနဲ့...ပွဲခင်းအစားအစာများ စျေးအလွန်ကြီးပီး တစက်မှမကောင်းတာမို့ နေထိုင်ရာနေရာကနေပဲ ဝယ်ခြမ်းထည့်လာကြပါ.ကွင်းအတွင်းရောက်ရင် ဖုန်းလိုင်းမကောင်းတော့တာမို့ date စရာရှိ အိမ်မှာထဲက date ကြပါ...မီးပုံးပျံတက်လို့သွားရင်းလာရင် ဖုန်းထုတ်ပုံရိုက်ရင် ဂရုစိုက်ပါ ဖုန်းလုပြေးတတ်တယ်.မိန်းကလေးများ ချစ်သူရည်းစားမရှိရင်ကိုယ့်ဖင်ကိုယ်ဂရုစိုက်ပါ လူကြပ်ရင် အီးစားချင်တဲ့ကောင်တွေသပ်သပ်ရှိတယ်..မီးပုံးပျံအဖွဲ့ကားတန်း နားမကပ်ကြပါနဲ့..ကြိုးတန်းထဲ ယောင်လို့တောင်မဝင်ပါနဲ့.. ကိုယ့်မီးအဖွဲ့ကလူမဟုတ်ရင် အကြုံးခံရနိုင်တယ်. ယမ်းခွေချထားချိန် ဖင်ယားပီးသွားမထိကြပါနဲ့.. ကြည့်ခွင့်ရှိပီး ထိခွင့်မရှိတဲ့ထဲမှာလူကြီးမင်းတို့ရဲ့ crush အပြင် ယမ်းခွေ လဲပါပါတယ်..မီးပုံပျံ ညလွတ် နှစ်မျိုးနှစ်စားရှိတယ် စိန်နားပန်နဲ့မီးကြီးဆိုပီး စိန်နားပန်က မီးပုံပျံကိုယ်ထည်မှာ မီးပုံသေးလေးချိတ်ဆွဲလွတ်တင်တာနဲ့ ယမ်းအလှပြ မီးကြီး..မီးကြီးကအန္တရာယ်အလွန်များတာမို့ ရွာမှာဇတ်ပွဲကြည့်သလိုတော့အိပ်ပီးမကြည့်ကြနဲ့..ဂွေးစိလူနင်းခံမယ်...မီးပုံးပျံပျက်ကျတဲ့အခါ အကြောက်လွန်ပီးလျှောက်မပြေးနဲ့ မလွတ်ခင်ထဲက လေလမ်းကြောင်းကို အကဲခတ်ထားကြပါ..လေလမ်းကြောင်းက လူကြီးမင်းတို့ရည်းစားလိုပဲ တောင်ဖက်တိုက်သလိုနဲ့မြောက်ဖက်ရောက်ချင်ရောက်သွားတတ်တယ်..တညနဲ့တညလဲ လေတိုက်ရာလမ်းကြောင်းမတူညီပါ.မီးသတ်ကားနားမကပ်နေကြနဲ့..မီးပုံးပျံပျက်ကျရင် မီးသတ်ကားက ချက်ချင်းလှုပ်ရှားတာမို့ အဲ့နားလေးလဲ အန္တရာယ်ဇုံ ပါ.ခါးပိုက်နိုက်များ လှုပ်ရှားတဲ့အခိုက်အတန့်ဟာ မီးပုံးပျံပျက်ကျလို့ ဝရုန်းသုန်းကားပြေးကြတဲ့အချိန်နိုက်ကြတာပါ..(ခံရဖူးလို့)ကားဆရာများ ကိုယ့်ကားကိုယ် ကြည့်ရပ်ကြပါ မီးပုံးပျက်ကြလို့ကားလောင်ရင် အလျော်မရှိ.မိန်းကလေးအများစုသတိထားရမှာက ရဟတ်တို့ဘာတို့စီးချင် နေ့ခင်းဖက်သာ စီးစေချင်..ညဖက်ဆို မီးပုံးပျံလမ်းကြောင်းကတခါတလေ အဲ့ဖက်သွားတာမို့ ဖြစ်ပျက်သွားရင် ပြေးမရပါ ခုန်ချလဲသေမှာ...ရုပ်ဆိုးဆိုးမဲမဲတူးတူးနဲ့မသေစေချင်ပါ...ကလပ်တွေဘားတွေနားသိပ်မကပ်နဲ့ သွေးပေါင်ချိန်တိုင်းတတ်ကြတယ် လူမှားပီးအထိုးခံရနိုင်တယ်..ပွဲထဲဝင်တာနဲ့ နေရာတခုသတ်မှတ်ပီးဆုံမှတ်လုပ်ထား ပြေးရင်းလွှားရင်းလူကွဲရင် ဆုံမှတ်မှာဆုံတာအလွယ်ကူဆုံး.. ဖုန်းလိုင်းကရမှာမဟုတ်. .အနွေးထည်ဝတ်ရင် မီးပေါက်ဒဏ်သက်သာစေမဲ့အထည်သာ ကောင်းပါတယ်..တောင်ကြီးဆောင်းတွင်းက မိတ်ဆွေတို့ crush ရဲ့ အကြည့်တွေလောက်မအေးစက်တော့ပါဘူး..မိန်းကလေးများ အတိုအပြတ် စကပ်အကွဲများ ဖင်ယားပီးဝတ်မလာကြပါနဲ့...တစ်ညတာမီးပုံးပျံလွတ်တင်တဲ့အချိန်ဟာ မနက်တစ်နာရီခွဲနှစ်နာရီထိပါ..ပွဲပီးလို့ပြန်တဲ့အချိန်အထူးဂရုစိုက်ကြပါ လုယှက်သူများသောင်းကျန်လာတဲ့တောင်ကြီးမြို့ပါ...အဖိတ် နေ့ လပြည့်နေ့ နှစ်ရက်ဟာ ရှေ့ရက်ထက်လူပိုကြပ်တာကြောင့် အဲ့နှစ်ရက်လည်ရင် စောစောသာသွားကြပါ....ပွဲစပွဲဆုံး အန္တရာယ်ကင်းကင်းလုံလုံခြုံခြုံလည်ပတ်ချင်ရင်တော့ စိတ်မကောင်းဘူးဗျာ အဲ့ဒီနေရာဟာတောင်ကြီးတမြို့လုံးမှာကျနော့ရင်ခွင်ကလွဲလို့ ဘယ်နားမှမရှိနိုင်တာမို့ so sad
..ဒါနဲ့စကားမစပ် ပွဲခင်းထဲ ဆာလာအိတ်တလုံး ဓတ်မီးတလက်ရုပ်ဖြောင့်ဖြောင့်နဲ့ဘဲကြီးတယောက် ပလုံလိုက်ကောက်နေတာတွေ့ရင် ခေါ်ပါနှုတ်ဆက်ပါ..အဲ့ဒါကျနော်ပါ😁

#Credit Mar Pho
မူရင်းရေးသားသူအား လေးစားစွာဖြင့် credit ပေးပါတယ်။

1 week ago | [YT] | 344

ZAW HTIKE

စေတနာသည် လူတိုင်းနှင့်မတန်ပါ

ကျွန်မတို့လမ်းထိပ်မှာ မုန့်ဟင်းခါးကောင်းကောင်း အသုပ်ကောင်းကောင်းရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတယ်၊

အဲ့ဒီဆိုင်က ငှက်ပျောအူများများ အရည်ကျဲကျဲ အနံ့မွှေးမွှေးငါးဖတ်လေးတွေနဲ့ မုန့်ဟင်းခါးကိုသိပ်ကြိုက်တာမို့ တစ်ပတ်မှာ ၄-၅ ကြိမ်လောက်အထိ စားဖြစ်တဲ့ဆိုင်ပေါ့

ကိုပစ် တွေဖြစ်တော့ ​လော့​ဒေါင်း တွေချ လူတွေရောဂါကြောင့် အပြင်မထွက်ကြတော့ဘူး၊ အလုပ်တွေနားပစ်လိုက်ကြရတယ် စီးပွားရေးတွေစယိုင်နဲ့လာကြတဲ့အချိန် အဲ့ဒီဆိုင်လေးက ဆိုင်ထိုင်စားမရတော့ပေမယ့် ပါဆယ်တော့ ရောင်းပေးနေသေးတယ်

တစ်ရက်ကျွန်မ မုန့်ဟင်းခါးစားချင်လာလို့သွားဝယ်ရင်း ကျွန်မထက်အသက်ထက်ဝက်လောက်ကြီးမယ်ထင်ရတဲ့ အန်တီကြီးတစ်ယောက်က ချိုင့်လေးတစ်လုံးနဲ့ "ဟင်းရည်လေး 500 ဖိုးလောက်ရောင်းပေးပါ" လို့တောင်းဝယ်နေတယ်၊

ရောင်းတဲ့ဆိုင်ရှင်ကလည်း "မုန့်ဟင်းခါးတစ်ပွဲ အလွတ် 1500 ကို အလကားကျွေးတာက တစ်ခါတစ်လေပဲရမှာပေါ့ ဟင်းရည် 500 ဖိုးလည်းမရောင်းတတ်ဘူး" လို့ခပ်ပြတ်ပြတ်ပြန်ပြောတယ်

ကျွန်မကမေးတယ် ဘာလုပ်ဖို့ဟင်းရည်ချည်းပဲဝယ်တာလည်းဆိုတော့
"အိမ်မှာ ဖျားနေတဲ့ သူ့ယောက်ျားနဲ့ကလေးက မုန့်ဟင်းခါးစားချင်တယ်ဆိုလို့ ထမင်းကြမ်းလေးနဲ့နယ်ကျွေးမလို့" တဲ့

တစ်ပွဲလုံးစာဝယ်ဖို့ တတ်နိုင်တဲ့ငွေကြေးရှိပုံမပေါ်ပါ

အကယ်၍ ဆိုင်ရှင်ကသာ ဟင်းရည်ချည်းရောင်းပေးလိုက်ရင် သေချာတယ် အဲ့ဒီဟင်းရည်လေးက သူတို့မိသားစုသုံးယောက် ထမင်းကြမ်းနဲ့မျှစားရမှာ လို့​တွေးမိတယ်

ကျွန်မအတော်လေး စိတ်မကောင်းဖြစ်သွားတာမို့ နောက်နေ့တွေမှာ မနက်စာ ကြိုက်နှစ်သက်ရာ ၃ ပွဲကို ဒီဆိုင်မှာလာယူပါ ကျွန်မရှင်းပေးပါမယ်လို့မှာခဲ့တယ်

အဲ့ဒါက အချိန်တော်တော်လေးကြာသွားတယ် ၆ လကျော် ၇ လနီးပါးလောက်ရှိမယ်ထင်တယ် အပတ်တိုင်းကျသလောက်ကို အမေးအမြန်းမရှိ ကျွန်မရှင်းပေးခဲ့တယ်
မိသားစုတစ်စုကို မနက်စာဝဝလင်လင် ကျွေးချင်တဲ့ကျွန်မစေတနာပါ

တစ်ရက်လည်းကျရော ကျွန်မ ကိုပစ်ဖြစ်ပါလေရော
center မှာ oxygen တွေရှူရ
ကိုယ့်ကိုကိုယ်တောင် မ​Tayအောင်မနည်းသတိကပ်နေရတာဆိုတော့
အဲ့ဒီမိသားစုရဲ့ မနက်စာကိစ္စကို မေ့သွားတယ်

ကျွန်မ ငွေကြိုရှင်းပေးထားတဲ့ တစ်ပတ်လည်းပြည့်ရော ဆိုင်ရှင်က သူတို့ကိုပြောတယ် "နင်တို့ကို မနက်စာဖိုးရှင်းပေးတဲ့ ညီမလေးက C-Vဖြစ်လို့ ဆေးရုံပေါ်မှာလို့ကြားတယ်

မနက်ဖြန်လာမယူနဲ့ဦး ဖုန်း no. ပေးခဲ့ ငါတို့အဲ့ညီမလေးကိုဆက်သွယ်ပြီး
သူဆက်ကျွေးမယ်ဆိုရင် ဖုန်းဆက်ပေးမယ်" လို့

အဲ့ဒီအချိန်မှာ အဲ့ဒီမိသားစုက ဘယ်လိုတုံ့ပြန်လည်းဆိုတော့ " အဲ့ဒီကောင်မလေးကို အခုဖုန်းဆက်ပေးကျွန်မပြောမယ်" ဆိုပြီး
ဆိုင်ရှင်ကိုပြသနာရှာပါလေရော

ဆိုင်ရှင်က နောက်ဆုံးဘယ်လိုမှပြောမရလို့ ကျွန်မဆီဖုန်းခေါ်ပေးတော့
အဲ့ဒီမိသားစုကအမျိုးသမီးက ကျွန်မကို "နင်ပိုက်ဆံမရှင်းရသေးဘူးဆို ရှင်းလိုက်ဦးလေ ငါတို့က မနက်စာလာယူလို့မရတော့ဘူး၊ နင်ကျွေးမယ်ဆိုလို့ ငါတို့က လာလာယူနေရတာ ဆေးရုံကနေဆိုလည်း ​ဝေ့မန်းနီး လားဘာလား အဲ့ဒါနဲ့အခုလှမ်းလွှဲလိုက်" တဲ့..

ကျွန်မလေ တကယ်ကို စေတနာပျက်သွားခဲ့တာ

၇ လ လုံးလုံး ကျွေးခဲ့တဲ့စေတနာ အာဟာရဒါနက တစ်မနက်ထဲနဲ့ အကုသိုလ်ဖြစ်သွားတာကွယ်

ကျွန်မ ဘာမှဆက်မပြောတော့ပဲ ဖုန်းချလိုက်ပြီး ဆိုင်ရှင်ကို " အန်တီ သူတို့ကိုကျွေးတာ ဒီနေ့နောက်ဆုံးပါလို့ ပြောလိုက်ပါ" လို့ sms ပို့လိုက်တယ်

အဲ့ဒီကိစ္စက လွန်ခဲ့တဲ့ 4 နှစ်ကျော်ကပါ ဒီနေ့ အဲ့ဒီဖြစ်ရပ်နဲ့ဆင်တူတဲ့ အဖြစ်အပျက်လေးထပ်ကြုံရလို့
ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုသိုလ်ထပ်မဝယ်မိအောင် ဒီစာလေးကို ရေးဖြစ်ပါတယ်

အော် လူတွေ လူတွေ

Crd Hsu Pwint Phyu

#credit

1 week ago | [YT] | 1,100

ZAW HTIKE

အူမကြီးက'င်ဆာနှင့် ရှားစောင်းလက်ပတ် (ဖတ်ချိန် - ၁ မိနစ်)!
"အူမကြီးကိုရှားစောင်းလက်ပတ် စားသုံးခြင်းဖြင့် သန့်စင်နိုင်ပါတယ်"

အူမကြီး က'င်ဆာ ဘာကြောင့် ဖြစ်သလဲ?

၁။ မျိုးရိုးလိုက်ခြင်း။
၂။ အမျှင်ဓာတ်နည်းသော အစားအစာများ စားသုံးမှုများခြင်း (ဥပမာ- အနောက်တိုင်းပုံစံ အစားအစာများ)။
၃။ အနီရောင်အသားနှင့် အသင့်စား စည်သွပ်အသားများ စားသုံးမှု များခြင်း။
၄။ ဝမ်းချုပ်ခြင်း။
၅။ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း တို့ကြောင့် ဖြစ်ပါတယ်။

အူမကြီးကို သန့်စင်ရန် လိုအပ်ပုံ
အညစ်အကြေး စုပုံခြင်း
ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ အမျှင်ဓာတ် နည်းတဲ့အခါ ဝမ်းသွားပြီးနောက်မှာတောင် အူမကြီးရဲ့ အတွင်းနံရံမှာ အစာဟောင်း၊ အကြွင်းအကျန်တွေ ကပ်ငြိကျန်ခဲ့တတ်ပါတယ်။ ထိုအကြွင်းအကျန်များကို အူမကြီးမှ အမြဲမပြတ် စုပ်ယူနေခြင်းဖြင့် အဆိပ်အတောက် (Toxins) တွေ ခန္ဓာကိုယ်ထဲကို ရောက်လာပါတယ်။

ရောဂါလက္ခဏာများ
ဒီလိုဖြစ်တဲ့အခါမှာ-

လေပွခြင်း၊ လေထခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ ခံတွင်းနံ့နံခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစာအိမ်နာခြင်း စတဲ့ လက္ခဏာတွေ စတင်ဖြစ်ပေါ်ပါတယ်။

လစ်လျူရှုထားမယ်ဆိုရင် ဝမ်းချုပ်ခြင်း၊ အားမရှိသလိုဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ ယားယံခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။

ဒါ့အပြင် အဝလွန်ခြင်းကိုလည်း ဖြစ်စေပြီး စားတဲ့အာဟာရတွေကို အပြည့်အဝ စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။

က'င်ဆာဆီသို့ ဦးတည်ခြင်း
အဆိပ်အတောက် (Toxins) တွေနဲ့ မကြာခဏ ထိတွေ့နေရတဲ့ အူမကြီးဟာ အချိန်ကြာလာတာနဲ့အမျှ ရောင်ရမ်းလာပါတယ်။ ရောင်ရမ်းမှုများလာပြီး နောက်ဆုံးမှာတော့ က'င်ဆာအဖြစ်သို့ ပြောင်းလဲ ဖြစ်ပေါ်လာတာပါ။

အူမကြီး က'င်ဆာ၏ လက္ခဏာများ

၁။ ဝမ်းလျှောလိုက်၊ ဝမ်းချုပ်လိုက် ဖြစ်ခြင်း။
၂။ မကြာခဏ ဝမ်းကိုက်သလို ဖြစ်ခြင်း၊ ဝမ်းသွားလျှင် အရိအချွဲပါခြင်း။
၃။ ဝမ်းသွားလျှင် သွေးပါခြင်း (သို့မဟုတ် ဝမ်းအမည်းရောင်သွားခြင်း )။
၄။ မစင်တုံး သေးသေးမျှင်မျှင် သွားခြင်း။
၅။ သွေးအားနည်းခြင်း။
၆။ အစားပျက်ခြင်း။
၇။ ကိုယ်အလေးချိန် ကျဆင်းခြင်း တို့ ဖြစ်တတ်ပါတယ်။

အူမကြီးကို ဘာနဲ့ သန့်စင်မလဲ?
ရှားစောင်းလက်ပတ် စားသုံးခြင်းဖြင့် သန့်စင်နိုင်ပါတယ်။

ရှားစောင်းလက်ပတ်ရဲ့ အတွင်းသား ဂျယ်လ် (Gel) ကို လက်ဖဝါးနှစ်ဖက်နဲ့ ပွတ်ကြည့်တဲ့အခါ ဆပ်ပြာလို အမြှုပ်တွေ ထွက်လာတာကို တွေ့ရပါလိမ့်မယ်။ ဒါကို Saponin လို့ ခေါ်ပါတယ်။ ဒီ Saponin ဟာ သင့်အူမကြီးကို ပြောင်စင်အောင် ဆေးကြောပေးမယ့် သဘာဝပစ္စည်း ဖြစ်ပါတယ်။
CRD OŘG
#LAYINTNON

2 weeks ago | [YT] | 417

ZAW HTIKE

ရှေ့နေ တဦးက ပြောပြတဲ့
အလိမ်မခံရစေဖို့
အကြံပြုချက်....( ၁၀ ) ချက်....။
💛💛💛
1️⃣ စာရွက်အလွတ်ပေါ်
ဘယ်တော့မှ လက်မှတ်မထိုးပါနဲ့။

2️⃣ ဘယ် စာချုပ်ပေါ် မဆို
လက်မှတ် မထိုးခင် သေချာဖတ်ပါ။

3️⃣ ဘယ်သူ့ကိုမှ ကြားက အာမခံပြီး
ငွေမချေးပါနဲ့။💛💛

4️⃣ ကိုယ် အဆုံးရှုံး ခံနှိုင်တဲ့
ငွေပမာဏထက် ပိုပြီး ငွေမချေးပါနဲ့။

5️⃣ တန်လွန်းနေတဲ့ အခွင့်အရေးကို
သတိထားပါ။
သိန်း ၁၀၀၀/ လောက် တန်တာကို
သိန်း ၅၀၀/လောက် လာရောင်းနေလျှင်

6️⃣ စာချုပ် လက်မှတ်ထိုးစဉ်
သက်သေ ၂-ယောက်ခန့် ရှိအောင်
လုပ်ဆောင်ပါ။💛💛

7️⃣ နှုတ် တစ်ရာ စာတစ်လုံး
စာရွက်စာတမ်း ပြုလုပ်ပါ။

8️⃣ မူရင်း စာရွက်စာတမ်းမရှိဘဲ
မယူပါနဲ့။

9️⃣ အရေးကြီး စာချုပ်များ ချုပ်လျှင်
မိမိရဲ့ မိသားစုကို
အသိပေး ထား ပါ။💛💛💛

🔟 အလျင်အမြန် ဆုံးဖြတ်ချက်
မချပါနဲ့.။

. ➖➖➖➖➖

အားလုံး လိမ်ညာခြင်းမှ
ကင်းဝေးကြပါစေ။
💛💛
✍️ #Credit_To_Original_Writer
💘#Credit_to_HTET_OO_HLAING

2 weeks ago | [YT] | 512

ZAW HTIKE

#ငွေမစုဘဲအိုမင်းမသွားပါနဲ့

ငွေ မရှိ ဘဲ အိုမင်း မဲ့ အချိန် ကို ရောက် လာမှာ ကြောက် မိတယ်

ငွေမစုဘဲ အိုမင်းမသွားပါနဲ့

ဘာကြောင့်လဲဆိုတော့...
ဆင်းရဲဒုက္ခဟာ
ကျွန်တော်တို့ပြန်စဖို့
အားမရှိတော့တဲ့အချိန်မှာ
ပိုပြီးနာကျင်စေလို့ပါ။

၁။ ငွေမရှိရင်..
သေးသေးမွှားမွှားဖြစ်ဖြစ်
သက်သောင့်သက်သာနဲ့
ရွေးချယ်ခွင့်မရှိဘူး။

အရသာရှိတာစားချင်ရင်
တွက်ချက်ရမယ်
အနားယူချင်ရင် စောင့်ဆိုင်းရမယ်။

တိတ်ဆိတ်စွာနေချင်ပေမယ့်
သူများအသံတွေကိုသည်းခံနေရမယ်။

၂။ ငွေမရှိရင်..
ကိုယ့်စကားလုံးတွေတောင်
အလေးမထားဘူး။

သားသမီးကို
ကြီးပြင်းအောင်မွေးခဲ့ပေမယ့်
တစ်နေ့မှာတော့..
ဘာမှမရှိတဲ့သူရဲ့စကားဟာ
အိမ်ထဲက
အသံတိုးတိုးလေး ပဲ ဖြစ်နေမယ်။

၃။ ငွေမရှိရင် နာမကျန်းတဲ့အခါ၊
အားငယ်တဲ့အခါ၊
အားနည်းတဲ့အခါ ကာကွယ်စရာမရှိဘူး။

ဆရာဝန်ဖိုး၊ဆေးဖိုး၊
ဆေးရုံသွားစရိတ် ဒါတွေက
သက်ကြီးရွယ်အိုတွေကို
ညှာတာလေ့မရှိဘူး။

လက်တွေ့ဘဝက
ပုံပြင်ထဲကလို
အမြဲကူညီမယ်သူရှိတာမျိုးမဟုတ်ဘူး။

၄။ ငွေမရှိရင်
သေချင်သလို​*သေဖို့တောင်
ဂုဏ်သိက္ခာမရှိဘူး။

မနေချင်တဲ့နေရာမှာ နေရမယ်
မစားချင်တဲ့အရာကို စားရမယ်
မတောင်းချင်တာကို တောင်းနေရမယ်

၅။ ငွေမရှိရင်
ဘဝနောက်ဆုံးအချိန်မှာ
ပျော်ရွှင်မှုမရှိဘူး။

တစ်ဘဝလုံး အလုပ်ကြိုးစားခဲ့တာ၊
အရာရာသည်းခံခဲ့တာ
နောက်ဆုံးမှာတော့
အိုမင်းသွားတဲ့အချိန်နဲ့အတူ
တစ်ကိုယ်တည်း ဆိတ်ငြိမ်စွာ
နေရုံပါပဲ။

👇💵 💵 💵 💵 💵 ....
.

Credit to original writer with respect

ပြန်လည်မျှဝေသည်။

credit: :original uploader.
.

#crd_

2 weeks ago | [YT] | 1,239

ZAW HTIKE

သတိထားစရာမို့ မျှဝေပါ၏

ဒီနေ့ ည ဆေးခန်းပိတ်ခါနီး
အသက် ၂၉ နှစ် အမျိုးသမီးတယောက် ဆေးခန်းလာပြတယ်
ဖျားနေလို့
သွေးပေါင်ချိန်ကြည့်တော့ အပေါ်သွေး ၁၄၀ အောက်သွေး ၉၀ နှလုံးခုန်နှုန်းက ၁၂၀

လူနာကို ဆေးထိုးဆေးပေးနေရင်း
လူနာက ပြောပြတယ်
လွန်ခဲ့တဲ့လက သူ့ညီမလေး ဆုံးသွားတယ်
ည၈နာရီလောက်မှာ ခြင်ထောင်မထောင်ဘဲအိပ်နေ
လို့ သွားနိုးတာ မနိုးတော့လို့ သေဆုံးနေမှန်းသိရတယ်

သူ့ညီမလေးက အသက် ၂၁ နှစ် အရပ် ၄ပေခွဲ
ပေါင်ချိန် ၁၄၀ ရှိတယ်တဲ့

ရင်ခွဲအလောင်းစစ်ဆေးတော့ နှလုံးသွေးကြောပိတ်
တာတွေ့တယ်တဲ့

မဆုံးခင်က ဘာရောဂါလက္ခတွေပြလဲဆိုတော့
ရင်ဘတ်တခါတလေအောင့်တယ်
နဲနဲမောတယ်ပြောတာဘဲရှိတယ်တဲ့

ဘယ်ဆေးရုံဆေးခန်းမှာလဲပြရလောက်အောင်
ရောဂါမပြင်းထန်ဖူးဘူးတဲ့

အိမ်မှာဘာတွေ နေ့တိုင်းစားဖြစ်လဲမေးတော့
ငပိ ငံပြာရည် တို့စရာနေ့တိုင်းသူစားတယ်
ဝက်သားအဆီမှ စားတယ်
မနက်မုန့်ဟင်းခါး အသုပ်စုံနေ့တိုင်းဆိုင်ကစားတယ်
ညတိုင်း ခေါက်ဆွဲခြောက်ထုပ်တွေ ဗိုက်ဆာတယ်
ဆိုပြီးစားတယ်

အသီးအရွက်တွေကတော့ မကြိုက်လို့ဆိုပြီး
မစားဘူးတဲ့။

Myocardial infarction ဆိုတဲ့ MI နှလုံးသွေးကြော
ပိတ်တာတွေဟာ အခုတလော ခပ်စိတ်စိတ်တွေ့လာနေပြီ။

ဆီသန့်နဲ့ အိမ်ချက်ဟင်းတွေကို အဓိကစားပါ။
အပြင်စာတွေ တတ်နိုင်သလောက်ရှောင်ပါ။
အခုသိပ်ခေတ်စားနေတဲ့ မာလာကင်
ဟော့ပေါ့ ( ဟင်းခပ်မှုန့်တွေ ဘယ်လောက်ခပ်ထားမှန်းမသိ) တခါတရံစားပါ။
အသင့်စား ဆီသွပ်ဘူးတွေ ဟင်းအစပ်အနှစ်တွေ
တတ်နိုင်သလောက်ရှောင်ပါ။

တနေ့ကုန်အရက်သောက်နေတဲ့ အရက်သမား
ပဲကြီးလှော်နဲ့မြည်းပြီး MI နဲ့ သေတာမတွေ့ရသလောက်ဘဲ
သူဘာသူ အသဲခြောက်သေတာဘဲရှိတာ
ဒါတောင်အလွန်အကျွန်သောက်လို့

အချိုပြင်းပြင်း အဆီများများ အစားအစာ
တွေကို တတ်နိုင်သလောက်ရှောင်ကြပါ။
အချိုရည်တွေ သောက်တာလျော့ပါ။


CRD. ဒေါက်တာဖြိုး
အညတရGP

2 weeks ago | [YT] | 2,026

ZAW HTIKE

ဒါလေး ၅ ခု ၁၀ ရက်လောက်လုပ်ကြည့်

1. Social Media မသုံး (အလုပ်ကလွဲလို့)

2. အချိန်မဆွဲပဲ လုပ်စရာရှိတာလုပ်

3. သင့်တင့်လျောက်ပတ်စွာ အနားယူ

4. Negative တွေ မတွေး

5. ချစ်ခင်ရတဲ့သူတွေနဲ့ အဆက်အသွယ်လုပ်

——

#နေ့စဉ်တိုးတက်အောင်လုပ်ပါ

#CRD. ORG

2 weeks ago | [YT] | 342