ZAW HTIKE

စေတနာသည် လူတိုင်းနှင့်မတန်ပါ

ကျွန်မတို့လမ်းထိပ်မှာ မုန့်ဟင်းခါးကောင်းကောင်း အသုပ်ကောင်းကောင်းရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတယ်၊

အဲ့ဒီဆိုင်က ငှက်ပျောအူများများ အရည်ကျဲကျဲ အနံ့မွှေးမွှေးငါးဖတ်လေးတွေနဲ့ မုန့်ဟင်းခါးကိုသိပ်ကြိုက်တာမို့ တစ်ပတ်မှာ ၄-၅ ကြိမ်လောက်အထိ စားဖြစ်တဲ့ဆိုင်ပေါ့

ကိုပစ် တွေဖြစ်တော့ ​လော့​ဒေါင်း တွေချ လူတွေရောဂါကြောင့် အပြင်မထွက်ကြတော့ဘူး၊ အလုပ်တွေနားပစ်လိုက်ကြရတယ် စီးပွားရေးတွေစယိုင်နဲ့လာကြတဲ့အချိန် အဲ့ဒီဆိုင်လေးက ဆိုင်ထိုင်စားမရတော့ပေမယ့် ပါဆယ်တော့ ရောင်းပေးနေသေးတယ်

တစ်ရက်ကျွန်မ မုန့်ဟင်းခါးစားချင်လာလို့သွားဝယ်ရင်း ကျွန်မထက်အသက်ထက်ဝက်လောက်ကြီးမယ်ထင်ရတဲ့ အန်တီကြီးတစ်ယောက်က ချိုင့်လေးတစ်လုံးနဲ့ "ဟင်းရည်လေး 500 ဖိုးလောက်ရောင်းပေးပါ" လို့တောင်းဝယ်နေတယ်၊

ရောင်းတဲ့ဆိုင်ရှင်ကလည်း "မုန့်ဟင်းခါးတစ်ပွဲ အလွတ် 1500 ကို အလကားကျွေးတာက တစ်ခါတစ်လေပဲရမှာပေါ့ ဟင်းရည် 500 ဖိုးလည်းမရောင်းတတ်ဘူး" လို့ခပ်ပြတ်ပြတ်ပြန်ပြောတယ်

ကျွန်မကမေးတယ် ဘာလုပ်ဖို့ဟင်းရည်ချည်းပဲဝယ်တာလည်းဆိုတော့
"အိမ်မှာ ဖျားနေတဲ့ သူ့ယောက်ျားနဲ့ကလေးက မုန့်ဟင်းခါးစားချင်တယ်ဆိုလို့ ထမင်းကြမ်းလေးနဲ့နယ်ကျွေးမလို့" တဲ့

တစ်ပွဲလုံးစာဝယ်ဖို့ တတ်နိုင်တဲ့ငွေကြေးရှိပုံမပေါ်ပါ

အကယ်၍ ဆိုင်ရှင်ကသာ ဟင်းရည်ချည်းရောင်းပေးလိုက်ရင် သေချာတယ် အဲ့ဒီဟင်းရည်လေးက သူတို့မိသားစုသုံးယောက် ထမင်းကြမ်းနဲ့မျှစားရမှာ လို့​တွေးမိတယ်

ကျွန်မအတော်လေး စိတ်မကောင်းဖြစ်သွားတာမို့ နောက်နေ့တွေမှာ မနက်စာ ကြိုက်နှစ်သက်ရာ ၃ ပွဲကို ဒီဆိုင်မှာလာယူပါ ကျွန်မရှင်းပေးပါမယ်လို့မှာခဲ့တယ်

အဲ့ဒါက အချိန်တော်တော်လေးကြာသွားတယ် ၆ လကျော် ၇ လနီးပါးလောက်ရှိမယ်ထင်တယ် အပတ်တိုင်းကျသလောက်ကို အမေးအမြန်းမရှိ ကျွန်မရှင်းပေးခဲ့တယ်
မိသားစုတစ်စုကို မနက်စာဝဝလင်လင် ကျွေးချင်တဲ့ကျွန်မစေတနာပါ

တစ်ရက်လည်းကျရော ကျွန်မ ကိုပစ်ဖြစ်ပါလေရော
center မှာ oxygen တွေရှူရ
ကိုယ့်ကိုကိုယ်တောင် မ​Tayအောင်မနည်းသတိကပ်နေရတာဆိုတော့
အဲ့ဒီမိသားစုရဲ့ မနက်စာကိစ္စကို မေ့သွားတယ်

ကျွန်မ ငွေကြိုရှင်းပေးထားတဲ့ တစ်ပတ်လည်းပြည့်ရော ဆိုင်ရှင်က သူတို့ကိုပြောတယ် "နင်တို့ကို မနက်စာဖိုးရှင်းပေးတဲ့ ညီမလေးက C-Vဖြစ်လို့ ဆေးရုံပေါ်မှာလို့ကြားတယ်

မနက်ဖြန်လာမယူနဲ့ဦး ဖုန်း no. ပေးခဲ့ ငါတို့အဲ့ညီမလေးကိုဆက်သွယ်ပြီး
သူဆက်ကျွေးမယ်ဆိုရင် ဖုန်းဆက်ပေးမယ်" လို့

အဲ့ဒီအချိန်မှာ အဲ့ဒီမိသားစုက ဘယ်လိုတုံ့ပြန်လည်းဆိုတော့ " အဲ့ဒီကောင်မလေးကို အခုဖုန်းဆက်ပေးကျွန်မပြောမယ်" ဆိုပြီး
ဆိုင်ရှင်ကိုပြသနာရှာပါလေရော

ဆိုင်ရှင်က နောက်ဆုံးဘယ်လိုမှပြောမရလို့ ကျွန်မဆီဖုန်းခေါ်ပေးတော့
အဲ့ဒီမိသားစုကအမျိုးသမီးက ကျွန်မကို "နင်ပိုက်ဆံမရှင်းရသေးဘူးဆို ရှင်းလိုက်ဦးလေ ငါတို့က မနက်စာလာယူလို့မရတော့ဘူး၊ နင်ကျွေးမယ်ဆိုလို့ ငါတို့က လာလာယူနေရတာ ဆေးရုံကနေဆိုလည်း ​ဝေ့မန်းနီး လားဘာလား အဲ့ဒါနဲ့အခုလှမ်းလွှဲလိုက်" တဲ့..

ကျွန်မလေ တကယ်ကို စေတနာပျက်သွားခဲ့တာ

၇ လ လုံးလုံး ကျွေးခဲ့တဲ့စေတနာ အာဟာရဒါနက တစ်မနက်ထဲနဲ့ အကုသိုလ်ဖြစ်သွားတာကွယ်

ကျွန်မ ဘာမှဆက်မပြောတော့ပဲ ဖုန်းချလိုက်ပြီး ဆိုင်ရှင်ကို " အန်တီ သူတို့ကိုကျွေးတာ ဒီနေ့နောက်ဆုံးပါလို့ ပြောလိုက်ပါ" လို့ sms ပို့လိုက်တယ်

အဲ့ဒီကိစ္စက လွန်ခဲ့တဲ့ 4 နှစ်ကျော်ကပါ ဒီနေ့ အဲ့ဒီဖြစ်ရပ်နဲ့ဆင်တူတဲ့ အဖြစ်အပျက်လေးထပ်ကြုံရလို့
ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုသိုလ်ထပ်မဝယ်မိအောင် ဒီစာလေးကို ရေးဖြစ်ပါတယ်

အော် လူတွေ လူတွေ

Crd Hsu Pwint Phyu

#credit

3 weeks ago | [YT] | 1,101