Welcome to Pyaethu Yebaw Channel...
တိုင်းပြည်နဲ့လူမျိုးအတွက် ပင်ပန်းခက်ခဲစွာ တောတောင်ထဲမှာ အနေဆင်းရဲအစာဆင်းရဲဘဝနဲ့ ရုန်းကန်လှုပ်ရှားနေတဲ့ ပြည်သူ့အချစ်တော်ရဲဘော်များ၏ နေ့စဥ်ဘဝကိုမြင်တွေ့ရမှာပါ။
Subcribe, Like & Share ဖြင့်ကူညီပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ်။
အားပေးမှုအတွက် အထူးပင်ကျေးဇူးတင်ပါတယ်။ အားလုံးဘေးရန်ကင်းဝေးကြပါစေ။
Pyaethu Yebaw
PDF ဆိုတာစိန်ခေါ်လို့မရဘူးနော် မသာပေါ်မှာ အာလံဖြူထောင်ဖို့သာပြင်
"PDF ဆိုတာ ခွေးလောက်တောင် ဂရုစိုက်စရာမလိုဘူး" ဟု စိန်ခေါ်ခဲ့သော လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးနိုင် ပစ် ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၂
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် "PDF ဆိုတာ ခွေးလောက် တောင် ဂရုစိုက်စရာမလိုဘူး" ဟု စိန်ခေါ်ခဲ့သော ပျဉ်းကတိုးကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးနိုင် ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင်သေဆုံးသွားကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၁ ရက် ည ၁၁ နာရီခန့်က လက်ပံတန်းမြို့နယ်၊ အ နောက် ဘက်ခြမ်း ဧရာ ဝတီမြစ် ကမ်းဘေးရှိ ပျဥ်းကတိုးကုန်းကျေးရွာတွင် နေထိုင် သည့် ပျူစောထီးခေါင်းဆောင် အုပ်ချုပ် ရေးမှူး ဌေးနိုင်ကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သေနတ်နဲ့ ၁ ချက် ပစ်ခတ်ရှင်းလင်း ခဲ့ရာ သေ ဆုံးသွားကြောင်း၊ ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီခန့်တွင် အကြမ်း ဖက်စစ်တပ် လက်အောက်ခံရဲများ ရောက်ရှိလာပြီး အလောင်းကို သယ်ဆောင်သွားကြောင်း သိရသည်။
“ဒီနေ့မနက် ၆ နာရီခွဲလောက်မှာ ရခတွေ အဲဒီရွာကိုရောက်လာပြီး မနက် ၈ နာရီခွဲလောက်ကြတော့ မြို့ကို အလောင်းသယ်သွားတယ်လို့ သိရပါတယ်။ သူ့ကို ကျနော်တို့က ၂၀၂၂ခုနှစ်ကတည်းက သတိပေးစာထုတ်ဖူးပါတယ်။ သူက ပျူခေါင်းဆောင်လည်းဖြစ်သလို စကစရဲ့အဓိကထောက်တိုင်ပါ။ လောင်းကစားဝိုင်းတွေလုပ်ပြီး ငွေရှာပေးတယ်။ ဆေးခြောက်စိုက်ခင်းတွေ စိုက်ပြီး ငွေရှာပေးတယ်။ စစ်မှုထမ်းအကြောင်းပြပြီး ပြည်သူလူထုအပေါ် ငွေတောင်းခံတာတွေလုပ်တယ်။ သူ့ကြောင့်အပြစ်မဲ့ ပြည်သူ ၁၀ ဦးထက်မနည်းဖမ်းဆီးခံရဖူးပါတယ်” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အုပ်ချုပ်ရေးမှူး ဌေးနိုင်ဟာ စစ်ကောင်စီထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး ၎င်းင်း ၏ သတင်းပေးတိုင် ကြား မှုကြောင့် ဒေသခံ ပြည်သူ ၁၀ဦးထက် မနည်း ဖမ်း ဆီးခံရကာ ပြည်သူတချို့ တိမ်းရှောင် နေ ရခြင်း၊ စစ်ကောင်စီအလိုကျ ပြည် သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေး ခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ လောင်းကစားဝိုင်းများကို ဦးဆောင်လုပ်ကိုင်၍ ဆက် ကြေးကောက် ခံခြင်း၊ ဆေးခြောက်ပင်များကို ကိုယ်တိုင်စိုက်ပျိုးသည့်အပြင် အခြားသူများကိုလည်း ငွေကြေးယူ၍ စိုက်ခိုင်းခြင်း၊ ပြည်သူပိုင် မြေနုကျွန်းများကို ဒေသခံများအား တရားမျှတစွာ ခွဲဝေပေးခြင်းမရှိဘဲ ပျူစောထီးခေါင်း ဆောင် ဌေးအောင်၊ ရဇိန်ဆိုသူတို့နှင့်ပေါင်းကာ မတရားသိမ်းယူ၍ ရောင်း စားနေ ခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
"၂၀၂၂ က စာထုတ်သတိပေးတာကို စစ်တပ်က သူ့ကိုကာကွယ်ပေးထားလို့ PDF ဆိုတာ ခွေးလောက်တောင်ဂရုစိုက်စရာမလိုဘူးပြောတယ်။ PDFတွေကိုလည်း လူသိထင်ရှား စိန်ခေါ်ထားတာ။ သူ့အိမ်မှာ ညက သေနတ်နဲ့၁ချက်ဝင်ပစ်တာပွဲချင်းပြီးသေဆုံးတယ်။ သူက ပျူစောထီး ဌေးအောင်ရှိန်နဲ့ ပေါင်းပြီး မြေနုကျွန်းတွေကို မတရားသိမ်းယူပြီး ရောင်းစားနေတာ" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးနိုင်ကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နွေဦးရောင်ခြည်စစ်ဆင် ရေးအဖြစ် ရှင်းလင်းခဲ့ ခြင်းဖြစ်ပြီးကြောင်း သိရသည်။
1 year ago | [YT] | 407
View 47 replies
Pyaethu Yebaw
"အခြေအနေက ဒီလောက်ဆိုးနေပြီလား မအလရယ် ရှက်စရာကြီး..."
ကြံ့ဖွံ့ဥက္ကဋ္ဌ၏ ရုရှားထံစစ်ကူတောင်းမှု ပြည်ပတပ်အားကျူးကျော်ရန်ဖိတ်ခေါ်သည့် အခြေခံဥပဒေ ချိုး ဖောက်မှုဖြစ်
မဇ္ဈိမ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၏ ရုရှားနိုင်ငံမှ စစ်ကူပေးပို့ရန်တောင်း ဆိုမှုသည် ပြည်ပလက်နက်ကိုင်တပ်အား ပြည်တွင်းသို့ ကျူးကျော်ဝင်ရောက်ရန် တောင်းဆိုမှုဖြစ်ပြီး စစ်ကောင်စီ ကိုင်စွဲကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို ချိုးဖောက်ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁)နိုင်ငံတော်အခြေခံမူများ အပိုဒ် ၄၂(ခ)တွင် ‘နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု’ ဟု အတိအလင်းပြဋ္ဌာန်းထားခြင်းဖြစ်သည်။
“အခြေခံဥပဒေကို သူတို့လေးစားတာမဟုတ်ဘူးလေ။ အဲဒါတာတွေရှိမှန်းလည်း သူတို့မသိပါဘူး။ သိ လည်း မသိချင်ယောင်ဆောင်ပြီးပြောမယ်။ အောင်မြင်မှာ မဟုတ်ပါဘူး။ ဟိုကလည်း ပေးမှာမဟုတ်ပါ ဘူး။ ဖြစ်လာရင်လည်း အမေရိကန်နဲ့မဟာမိတ် ဒီမိုကရေစီလိုလားတဲ့သူတွေက ဘယ်ခံမလဲ။ တရုတ်က လည်းဘယ်ခံမလဲ” ဟု တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်ကပြောသည်။
ရုရှားနိုင်ငံပိုင် Sputnik သတင်းဌာနမှ ယမန်နေ့ (ဩဂုတ်လ ၄ ရက်) က ‘မြန်မာနိုင်ငံ၏ အကြီးဆုံးပါတီမှ အကြီးအကဲက အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ရုရှားအားပံ့ပိုးပေးရန်တောင်းဆို’ ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြခဲ့သည့်သတင်းတွင် ဦးခင်ရီမှ ရုရှားလုံခြုံရေးတပ်ဖွဲ့များ မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတိုက်ဖျက် ရေးတွင် ပါဝင်ပေးရန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့လိုချင်တဲ့ အဓိကပံ့ပိုးမှုကတော့ ရုရှားနိုင်ငံအနေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ကျွန် တော်တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ပြည်တွင်း နိုင်ငံရေးငြင်းခုံမှုတွေမဟုတ်ဘဲ အကြမ်းဖက်ဝါဒလို့ ရှုမြင်ရမှာဖြစ်ပါတယ်” ဟု ဦးခင်ရီက ရုရှားသတင်းဌာနသို့ ပြောဆိုထားခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ ၎င်းတို့၏ တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ထားရချိန်တွင် ဦးခင်ရီက ရုရှားနိုင်ငံထံ စစ်ကူပေးရန်တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။ စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်တခုကို လပိုင်းအတွင်းလက်လွှတ်လိုက်ရမှုသည် စစ်တပ်၏ပြိုလဲနေမှုကို ပြလိုက်သည့် ထင်သာမြင်သာ ပြယုဂ်တခုဖြစ်ပြီး တော်လှန်ရေးအင်အားစုများ မည်မျှစွမ်းဆောင်နိုင်သည် ပေါ်လွင်စေသည့် ကိစ္စရပ်တခုဖြစ်ကြောင်းလည်း စစ်ရေးလေ့လာသူတို့က သုံးသပ်ပြောဆိုနေကြသည်။
စစ်ကောင်စီအနေဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံတွင်းဖြစ်ပေါ်လျက်ရှိသည့် တိုက်ပွဲများ အတွင်း အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကသည်းသူပုန်တပ်ဖွဲ့များအားအသုံးပြုနေမှုကို မဇ္ဈိမက အချက်အလက် အထောက်အထားများ ရရှိထားပြီးဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မဇ္ဈိမမှ ဖော်ပြခဲ့သည့် “ကသည်းသူပုန်နဲ့ နိုင်ငံတော်ပြဿနာ”ဆိုသည့် စုံစမ်းဖော်ထုတ်ထားသည့် ဆောင်းပါးတွင် စစ်ကောင်စီ၏ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွင်း ကသည်းသူပုန်တပ်ဖွဲ့များဖြစ်သည့် ပြည်ပလက် နက်ကိုင်တပ်ဖွဲ့ကို ပြည်တွင်းစစ်အတွင်း ခေါ်ယူအသုံးပြုနေမှုကို အသေးစိတ်ရေးသားဖော်ပြခဲ့သည်။
ရုရှားနိုင်ငံနှင့် စစ်ကောင်စီတို့ကြား ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နီးစပ်သည့် ဆက်ဆံရေး ဆက်ရှိနေခဲ့သည်။ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သွားရောက်သည့် ပြည်ပခရီး စဉ်မှာ ရုရှားနိုင်ငံတခုသာရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လနှင့် စက်တင်ဘာလတို့တွင် နှစ်ကြိမ်သွားရောက်ခဲ့ ခြင်းဖြစ်သည်။
- Mizzima
1 year ago | [YT] | 326
View 56 replies
Pyaethu Yebaw
လားရှိုးတိုင်းစစ်ဌာနချုပ် ကျ
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်( ရမခ )ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း CDM အရာရှိများနှင့်ဒေသခံတချို့ထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို MNDAA က ပြီးခဲ့သော ဇူလိုင်လ ၃ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး တလတိတိဖြစ်သော ယနေ့ နံနက်ပိုင်း၌ တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
အင်အား ၃၀၀ ခန့်ရှိသော ရမခ တပ်များသည် လက်နက်ချခြင်းမပြုဘဲ နေရာပြောင်းရွှေ့ခုခံရန် ပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းစစ်ဌာနချုပ် ကျသွားသည်ကို CDM ဗိုလ်ကြီး ဇင်ယော်ကအတည်ပြုထားပြီး ဒေသ မီဒီယာတချို့ကလည်း ဖော်ပြထားကြသည်။
MNDAA ၏ ထိုးစစ်များကြောင့် လားရှိုးတမြို့လုံးနီးပါးလက်လွှတ်ခဲ့ရပြီး တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေခံတပ်အနည်းငယ်သာ ကျန်ရှိသည့်အခြေအနေတွင် ရမခတိုင်းနယ်မြေအတွင်းရှိ စစ်ဆေးရုံနှင့် ဗဟိုကင်းမှ လူနာများအပါအဝင် တပ်မိသားစုဝင် ၂၀၀ ကျော်မှာ MNDAA ထံ အလံဖြူထောင် အညံ့ခံခဲ့သည်။
လားရှိုးမြို့ရှိ ရမခ အပါအဝင် အနည်းငယ်ကျန်ရှိသော တပ်စခန်းများမှာ MNDAA ၏ထိုးစစ်အတွင်း လက်နက်ချ အညံခံမှုများရှိနေကြပြီး စစ်ကူများလည်း ရောက်မလာနိုင်သောအခြေအနေများကြောင့် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ကျသွားခြင်း ဖြစ်သည်ဟု CDM အရာရှိများနှင့်ဒေသခံများက သုံးသပ်နေကြသည်။
source: ဧရာဝတီ
1 year ago | [YT] | 537
View 28 replies
Pyaethu Yebaw
နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်အဆင့် စစ်ဘက်အရာရှိကြီး ကိုယ်တိုင် ပန်ဆန်းလာ၍ UWSA ခေါင်းဆောင်များကို လာရောက် တောင်းဆိုသည့်အချက်မှာ UWSA တပ်များ၊ SSPP တပ်များ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလားတပ်များ စုစည်း၍ ရှမ်းပြည်ကြီး မပြိုကွဲစေရန်အတွက် MNDAA, TNLA နှင့် မြောက်ပိုင်းသုံးဖွဲ့၏ ရှေ့ဆက်တိုးမည့် ခြေလှမ်းများကို ဟန့်တားပေးပါရန်၊ အဓိက လားရှိုး မကျရေး တားဆီးပေးပါရန် ဖြစ်သည်။
နည်းနည်းတော့ရှက်လာပြီ၊ အကြမ်းဖက်စစ်တပ် အကြောက်ဆုံးက MNDAA နဲ့ TNLA ပါပဲ။
1 year ago | [YT] | 1,082
View 41 replies
Pyaethu Yebaw
မြန်မာနိုင်ငံကို မထိန်းချုပ်နိုင်တော့သဖြင့် စစ်ကောင်စီက ဖျက်ဆီးရန် ကြိုးပမ်းနေဟု ကုလသမဂ္ဂအထူးကိုယ် စားလှယ် သတိပေး
ရန်ကုန်၊ ဇူလိုင် ၁၂
အကြမ်းဖက် စစ်ကောင်စီက နိုင်ငံကို မထိန်းချုပ်နိုင်တော့သဖြင့် ဖျက်ဆီးရန် ကြိုးပမ်းနေပုံရကြောင်း ကုလသ မဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ယမန်နေ့တွင် သတိပေး ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံ၏ စေ့စပ်မှုဖြင့် ဇန်နဝါရီလအတွင်း မြောက်ပိုင်းမဟာမိတ်တပ်များနှင့်ရပ်စဲထားခဲ့သော အပစ်အခတ်ရပ်စဲရေးကို စစ်ကောင်စီက ဖျက်ဆီးလိုက်ကြောင်း ၎င်းက ပြောဆိုသည်။
"စစ်ကောင်စီက ဆက်တိုက်ဆုံးရှုံးနေတယ်။ တပ်တွေ ဆုံးရှုံးနေတယ်၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ဆုံးရှုံးနေတယ်၊ ထိန်းချုပ်နယ်မြေတွေလည်း ဆုံးရှုံးနေတယ်။ စစ်ကောင်စီက သူထိန်းချုပ်လို့မရတော့တဲ့နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးစားနေပုံရတယ်။ အခြေအနေက အရမ်းကို အန္တရာယ်များတဲ့အခြေအနေပါ" ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ထိုင်းနိုင်ငံအမျိုး သားလုံခြုံရေးအဖွဲ့နှင့်တွေ့ဆုံ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။
လွန်ခဲ့သော ၆ လအတွင်း စစ်ကောင်စီက ၎င်း၏ စစ်ရှုံးနေမှုများအတွက် အရပ်သားများကို ပိုမိုတိုက်ခိုက်လာပြီး ကျောင်းများ၊ ဆေးရုံများနှင့် ဘုန်းတော်ကြီးကျောင်းများကို တိုက်ခိုက်မှု အရေအတွက် သိသိသာသာ တိုးလာခဲ့ကြောင်း ၎င်းက ပြောကြားသည်။
Khit Thit Media
1 year ago | [YT] | 731
View 35 replies
Pyaethu Yebaw
မြန်မာစစ်တပ် (စကစ)၊ တဖက်ကနေပြောရရန် အကြမ်းဖက်ဂိုဏ်း လူသတ်အကျင့်ပျက်သူခိုး၊ လူနေအိမ်မီးရှို့လုယက်သမားတွေကို "မြန်မာ့တပ်မတော်" ဟု ခေါ်ထိုက်လားပေါ့။ "တပ်မတော်" ဆိုတဲ့အဓိပ္ပါယ်ဟာ မြင့်မြတ်တယ်၊ ဘာသာပြန်ကြည့်ရင် "တော်ဝင်လက်နက်ကိုင်တပ်ဖွဲ့" ဟုအဓိပ္ပါယ်ရတယ်။ ပြည်သူတွေအနေနဲ့ သူတို့ကိုသူတို့ ဒီအခေါ်အဝေါ်သုံးနှုန်းနေကြတာကို ဘယ်လိုမြင်ကြပါသလဲ၊ လက်ရှိသူတို့လုပ်ရပ်နဲ့ ညီညွတ်သလားပေါ့ သူတို့ကိုဘယ်လိုခေါ်သင့်သလဲ၊ ပြောရရင်ကမ္ဘာမှာ အဆိုးဝါးဆုံးလူတွေလို့ပဲ ကျနော်မြင်ပါတယ်။
1 year ago | [YT] | 274
View 34 replies
Pyaethu Yebaw
သံဃာတောင်မချန် ပစ်သတ်တဲ့လူက ဘယ်လိုလူစားမျိုးလဲ တမင်ပစ်သတ်ပြီး PDF ကိုလွှဲချဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ရှာဘူး။ အဲဒါဘယ်လိုလူစားမျိုးလဲ ဗုဒ္ဓဘာသာမှန်ရင် သူတို့လုပ်ရပ်ကစိတ်မနာပဲနေလို့ရလား ဘောမတွေဝင်ဟောင်ရဲသေးရဲ့လား မန့်ကြည်ံ့ပါအုံး တရားသလား...
1 year ago (edited) | [YT] | 309
View 39 replies
Pyaethu Yebaw
ဘောမနှင့် စစ်တပ်တွေ ဒီချန်နယ်မှာ ဝင်ဟောင်ဟောင်နေတယ်... ဒါပေမဲ့ တို့တွေက အေးဆဲပါ၊ သူတို့ဘာလို့ဝင်ဟောင်လဲဆိုတာ သူတို့က အကြောက်တရားနဲ့ ဒေါသက သူတို့နှလုံးသားထဲမှာ ပြည့်နှက်ေနလို့ပါပဲ။ ကွန်မန့်ရေးတဲ့ပုံစံတွေကလည်း အကုန်တူရော ၅၀၀၀ စားများလားမသိဘူးနော်...
1 year ago | [YT] | 286
View 74 replies