Pyaethu Yebaw
လားရှိုးတိုင်းစစ်ဌာနချုပ် ကျလားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်( ရမခ )ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း CDM အရာရှိများနှင့်ဒေသခံတချို့ထံမှ သိရသည်။ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို MNDAA က ပြီးခဲ့သော ဇူလိုင်လ ၃ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး တလတိတိဖြစ်သော ယနေ့ နံနက်ပိုင်း၌ တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။အင်အား ၃၀၀ ခန့်ရှိသော ရမခ တပ်များသည် လက်နက်ချခြင်းမပြုဘဲ နေရာပြောင်းရွှေ့ခုခံရန် ပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။တိုင်းစစ်ဌာနချုပ် ကျသွားသည်ကို CDM ဗိုလ်ကြီး ဇင်ယော်ကအတည်ပြုထားပြီး ဒေသ မီဒီယာတချို့ကလည်း ဖော်ပြထားကြသည်။MNDAA ၏ ထိုးစစ်များကြောင့် လားရှိုးတမြို့လုံးနီးပါးလက်လွှတ်ခဲ့ရပြီး တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေခံတပ်အနည်းငယ်သာ ကျန်ရှိသည့်အခြေအနေတွင် ရမခတိုင်းနယ်မြေအတွင်းရှိ စစ်ဆေးရုံနှင့် ဗဟိုကင်းမှ လူနာများအပါအဝင် တပ်မိသားစုဝင် ၂၀၀ ကျော်မှာ MNDAA ထံ အလံဖြူထောင် အညံ့ခံခဲ့သည်။လားရှိုးမြို့ရှိ ရမခ အပါအဝင် အနည်းငယ်ကျန်ရှိသော တပ်စခန်းများမှာ MNDAA ၏ထိုးစစ်အတွင်း လက်နက်ချ အညံခံမှုများရှိနေကြပြီး စစ်ကူများလည်း ရောက်မလာနိုင်သောအခြေအနေများကြောင့် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ကျသွားခြင်း ဖြစ်သည်ဟု CDM အရာရှိများနှင့်ဒေသခံများက သုံးသပ်နေကြသည်။source: ဧရာဝတီ
1 year ago | [YT] | 537
Pyaethu Yebaw
လားရှိုးတိုင်းစစ်ဌာနချုပ် ကျ
လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်( ရမခ )ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း CDM အရာရှိများနှင့်ဒေသခံတချို့ထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို MNDAA က ပြီးခဲ့သော ဇူလိုင်လ ၃ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး တလတိတိဖြစ်သော ယနေ့ နံနက်ပိုင်း၌ တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
အင်အား ၃၀၀ ခန့်ရှိသော ရမခ တပ်များသည် လက်နက်ချခြင်းမပြုဘဲ နေရာပြောင်းရွှေ့ခုခံရန် ပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းစစ်ဌာနချုပ် ကျသွားသည်ကို CDM ဗိုလ်ကြီး ဇင်ယော်ကအတည်ပြုထားပြီး ဒေသ မီဒီယာတချို့ကလည်း ဖော်ပြထားကြသည်။
MNDAA ၏ ထိုးစစ်များကြောင့် လားရှိုးတမြို့လုံးနီးပါးလက်လွှတ်ခဲ့ရပြီး တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေခံတပ်အနည်းငယ်သာ ကျန်ရှိသည့်အခြေအနေတွင် ရမခတိုင်းနယ်မြေအတွင်းရှိ စစ်ဆေးရုံနှင့် ဗဟိုကင်းမှ လူနာများအပါအဝင် တပ်မိသားစုဝင် ၂၀၀ ကျော်မှာ MNDAA ထံ အလံဖြူထောင် အညံ့ခံခဲ့သည်။
လားရှိုးမြို့ရှိ ရမခ အပါအဝင် အနည်းငယ်ကျန်ရှိသော တပ်စခန်းများမှာ MNDAA ၏ထိုးစစ်အတွင်း လက်နက်ချ အညံခံမှုများရှိနေကြပြီး စစ်ကူများလည်း ရောက်မလာနိုင်သောအခြေအနေများကြောင့် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ကျသွားခြင်း ဖြစ်သည်ဟု CDM အရာရှိများနှင့်ဒေသခံများက သုံးသပ်နေကြသည်။
source: ဧရာဝတီ
1 year ago | [YT] | 537