Football Entertainment


Welcome to Football Entertainment – Where Legends Breathe and History Speaks ⚽

Here, football is not just a sport — it’s a living epic. A symphony of passion, triumph, heartbreak, and glory. On this channel, we dive beyond the final whistle, peeling back the layers of time to rediscover the stories that shaped the game we love.

If football runs in your veins, and you believe the pitch is poetry in motion — subscribe, and step into the eternal theatre of the game.


———————————————————————————

We are now open for paid promotions, sponsorships, and collaborations. If your brand shares the passion, vision, or values of the footballing world — let’s create something unforgettable together.

📩 For business inquiries: {ramgtm727@gmail.com }


This is not just a channel.
It’s a tribute.
It’s Football Entertainment.




Football Entertainment

ခြောက်လအတွင်း ရခဲ့တဲ့ ဘောလုံးချစ် ပရိတ်သတ်တွေပါ ။ အားပေးကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ် ။

ဘောလုံးပွဲဝါသနာ အရဆော့ကစားချင်တယ်ဆိုရင်လည်း Telegram ကနေ ဆက်သွယ်လို့ရပါတယ် ခင်ဗျ ။

Telegram -t.me/FOOTBALL_ENTERTAINMENT

4 months ago | [YT] | 15

Football Entertainment

ဒီနေ့ညမှာတော့ ချန်ပီယံလိဒ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖစ် ဘာစီလိုနာအိမ်ကွင်းမှာ အင်တာမီလန်အသင်းနဲ့အတူ ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ် ။

တစ်ဖက်တည်းမှာ မနေ့ည အဝေးကွင်း PSG က အာဆင်နယ်ကို အနိုင်ယူထားနိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်တတ်ဖို့ ပိုမိုအလေးသာသွားခဲ့ပါတယ် ။

ဒီည ပွဲစဉ်ဟာလည်း ကြည့်လို့ကောင်းမဲ့ပွဲကောင်းတစ်ကောင်းဖစ်လာမှာတော့ အမှန်ပါပဲ ။ နှစ်ဖက်စလုံး ဒဏ်ရာရ ကစားသမား အနည်းငယ်ရှိပေမဲ့လည်း လူစုံနီးပါးနဲ့ ယှဉ်ပြိုင်သွားမှာ ဖစ်တာကြောင့် တကယ့်ကို ကြည့်ကောင်းတဲ့ ပွဲစဉ်တစ်ပွဲဖစ်လာမှာပါ ။

ဒီနှစ်သင်းရဲ့ ခုနောက်ပိုင်းတွေ့ဆုံမှုတွေမှာတော့ ဘာစီလိုနာက အသာစီးရယူထားနိုင်ပေမဲ့လည်း ယခုအင်ဇာဂီရဲ့ အင်တာမီလန်က အရင်တုန်းကထက်ပိုမို ကောင်းမွန်လာတာတော့ အမှန်ပါပဲ ။

ဒီရာသီ ဘာစီလိုနာတို့ ကောင်းနေတာမှန်ပေမဲ့လည်း အားနည်းချက်လေးတွေလည်း ရှိပါတယ် ။ အထူးသဖြင့် နောက်တန်းက တစ်ဦးချင်းအမှားတွေက ပွဲအဖြေက်ု အပြောင်းအလဲဖစ်နိုင်ပါတယ် ။

အင်တာမီလန်အသင်းဟာလည်း ခံစစ် ကောင်းမွန်ကျစ်လှစ်ပြီး ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေပို ပိုင်ဆိုင်ထားတာထစ်ပါတယ် ။ အင်တာရဲ့ နောက်ဆုံးပွဲစဉ်တွေမှာ ရလဒ်ပိုင်းအရ အကျဘက်ရှိနေပေမဲ့လည်း ချန်ပီယံလဂ်ကို တော့ အားခဲထားမှာ အသေအချာပါပဲ ။

ဘယ်အသင်းအနိုင်ရမလဲဆိုတာ ပြောရခက်သလို ဂိုးပြတ် နိုင်ပွဲမြင်တွေ့နိုင်ဖို့လည်း ခက်ခဲနိုင်ပါတယ် ။ ခုလို နည်းစနစ်ပိုင်း Master Class နည်းပြ နှစ်ယောက်အသင်းဖစ်တာကြောင့် အမှားနည်းတဲ့ အသင်းကပဲ အနိုင်ရရှိဖို့ များပါတယ် ။

ဒီပွဲစဉ်ကတော့ ဘာစီလိုနာ အင်တာမီလန် ပရိတ်သတ်မဟုတ်လည်း ဘောလုံးပရိတ်သတ် တိုင်း လက်မလွတ်တမ်းကြည့်ရှူ့သင့်တဲ့ ပွဲစဉ်မျိုးဖစ်ပါတယ်။ ဘယ်အသင်းအနိုင်ရသွားမလဲဆိုတာ comment မှာ ဝင်ရောက်ဆွေးနွေး ရေးပေးသွားပါဦး။

4 months ago | [YT] | 40

Football Entertainment

ဒီရာသီမှာမှ ဘာစီလိုနာ နည်းပြရာထူးကို ရယူခဲ့တဲ့ နည်းပြ ဟန်စီဖလစ်အနေနဲ့ ဘာစီလိုနာကို အကောင်းမွန်ဆုံး ကိုင်တွယ်နေပြီးတော့ ၂၀၂၅ ခုနှစ်ထဲမှာ ယခုထိ ရှူံးပွဲမရှိသေးပါဘူး ။ ဒါ့အပြင် သူတို့ဟာ ရီးရဲမက်ဒရစ်ကို အနိုင်ရယူပြီး ဖလားတစ်လုံးရရှိပြီးပြီ ဖစ်သလို ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာလည်း ဗိုလ်စွဲနိုင်ခြေ အကောင်းဆုံးဖစ်နေပါတယ် ။ ရာသီစက ဘာစီလိုနာတို့ကို ဘယ်သူ အထင်မကြီးခဲ့ကြပါဘူး ။ အထူးသဖြင့် ငွေကြေးပိုင်း အခက်တွေ့နေတာကြောင့် ကစားသမားတွေ လိုသလို မခေါ်နိုင်တဲ့အပြင် အသင်းဟာလည်း ရုန်းကန်နေခဲ့ရတာကြောင့် ဒီရာသီ ဒီလောက်ထိ လုပ်ပြနိုင်လိမ့်မယ်လို့တော့ ဘယ်သူမှ ထင်မှတ်မထားတာ အမှန်ပါပဲ ။

နည်းပြကောင်းဆိုတာ အကြောင်းပြချက်တွေ မလိုအပ်ပါဘူး ။ သူ့မှာ ၃၆ နှစ်အရွယ် ခြေကျနေတဲ့ တိုက်စစ်မှူးကို ပြန်အသက်သွင်းပေးခဲ့တယ် ။ ခြေကျနေတဲ့ ရာဖင်ဟာကို ခြေထက်လာအောင် လုပ်ပေးခဲ့တယ် ။ အစွယ်ထက်နေတဲ့ လာမင်းကို ပိုမိုတောင်ပြောင်အောင် အရောင်သွင်းပေးတယ် ။ ပီဒရီကို ကွင်းလယ်မှော်ဆရာအဖစ် အသက်သွင်းပေးတယ် ။ ၁၇ နှစ်သားလေး ကူဘာစီကို နောက်တန်းတစ်ခုလုံးထိန်းနိုင်အောင် လုပ်ထားနိုင်တယ် ။
ပြောရင် ကုန်မယ်အောင်မထင်ပါဘူး ။
ဒါတွေအားလုံးက တိုက်ဆိုင်မှူတွေ မဟုတ်ပါဘူး။
နည်းပြ တစ်ယောက်ရဲ့ အရည်အချင်းတွေပါ ။
ဘောလုံးအသင်းတစ်သင်းမှာ နည်းပြက ဘယ်လောက်အရေးပါလဲဆိုတာ ဘာစီလိုနာရဲ့ ပြောင်းလဲလာမှူကြီး
က သက်သေပါပဲ။ လာမာစီယာကို ဘယ်လို အကောင်းဆုံး ထုတ်ကုန်တွေပဲထွက်ထွက် ဒီထုတ်ကုန်တွေကို မစီမံ မခန့်ခွဲတတ်ရင်လည်း အလကားပါပဲ။ ဟန်စီဖလစ်က ဒီအရည်အချင်းတွေ အားလုံးနဲ့ ပြည့်စုံလို့ ယခုလို လုပ်ပြနေနိုင်တာဖစ်ပါတယ် ။

တကယ်ကောင်းတဲ့ နည်းပြတစ်ယောက်ပါပဲ ။

ဟန်စီဖလစ် လက်အောက်က Barcelonaရဲ့ ၂၀၂၅ ခုနှစ် စွမ်းဆောင်ရည်

✅ Barbastro
✅ Athletic Club
✅ Real Madrid
✅ Real Betis
🤝 Getafe
✅ Benfica
✅ Valencia
🤝 Atalanta
✅ Alavés
✅ Valencia
✅ Sevilla
✅ Rayo Vallecano
✅ Las Palmas
🤝 Atlético Madrid
✅ Real Sociedad
✅ Benfica
✅ Benfica
✅ Atlético Madrid
✅ Osasuna
✅ Girona
✅ Atlético Madrid
🤝 Betis
✅ Borussia Dortmund
✅ Leganés

တကယ့်ကို လက်ဖျားခါချင်စရာပါပဲ ။

4 months ago | [YT] | 45

Football Entertainment

🗣️Luis Suarez: 🗣️
Leo Messi က ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝငိကစားနိုင်ဖို့ ခုထိဆန္ဒရှိနေတုန်းပါပဲ ။

ဆွာရက်ကတော့ GOAT ကြီးမက်ဆီအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိူင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာ အရိပ်အမြွက် ပြောကြားလိုက်ပြီပဲဖစ်ပါတယ် ။

Goat ကြီးအနေနဲ့ နောက်ထပ် ကမ္ဘာ့ဖလားတစ်လုံး ထပ်မံ သိမ်းပိုက်သွားနိုင်မလားဆိုတာတော့ စိတ်ဝင်စားစရာကောင်းနေပါပြီ

အာဂျင်တီးနားအသင်းဟာလည်း အကောင်းဆုံး အနေအထားမှာ ရှိနေတာကြောင့် ဖစ်မလာနိုင်ဘူးလို့လည်း ပြောလို့မရပါဘူး ။

သေချာတာကတော့ အာဂျင်တီးနားဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်းပဲ ဗိုလ်စွဲနိုင်ခြေ အများဆုံး ရှိတဲ့ အသင်းတစ်သင်စ အဖစ် ဝင်ရောက်ယှဉ်ပြိုင်ရမှာကတော့ အသေအချာပါပဲ ။

အာဂျင်တီးနားတို့ဟာ မက်ဆီမပါပဲ ဆက်တိုက် ဥရုဂွေး ၊ ဘုရာဇီးတို့လို ထိပ်တန်း အသင်းတွေကို အနိုင်ယူနိုင်ခဲ့တာကြောင့် သူတို့ဟာ အကောင်းဆုံး အနေအထားမှာ ရှိနေတယ်ဆိုတာ သိသာ ထင်ရှားပါတယ် ။

အာဂျင်တီးနားတို့ မက်ဆီနဲ့ အတူ ၂၀၂၆ ကမ္ဘာ့ဖလား ကို ၂ ကြိမ်ဆက် ရယူသွားနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ။

4 months ago | [YT] | 26

Football Entertainment

အရင်တစ်လက ဘောလုံးသမိုင်းတစ်ယောက် အကောင်းဆုံး အသင်းဆိုပြီး voting ကောက်ခဲ့ရာမှာ ဖာဂူဆန်ရဲ့ ဖလားသုံးလုံး ရရှိတဲ့ အသင်းက မဲအများဆုံး ရရှိခဲ့တာကြောင့် ကတိအတိုင်း video အရှည်တစ်ပုဒ်တင်ဆက်ပေးထားပါတယ် ခင်ဗျာ ။

ဒီနေ့ post မှာလည်း နောက်ထပ် မဲခွဲမှူလေး လုပ်ချင်ပါတယ် ။ အဲ့တာကတော့ ဒီ 2000 ခုနှစ်နောကိပိုင်းမှာ နည်းပြခဲ့ကြတဲ့ ဒီအသင်းတွေထဲ ဘယ်နည်းပြရဲ့ အသင်းက အကောင်းဆုံး ဖစ်ခဲ့တယ် ထင်ပါသလဲ ?

ဒီထဲကမှ vote အများဆုံး အပုဒ်ကို Video အရှည်အဖစ် တင်ဆက်ပေးသွားမှာဖစ်ပါတယ် ။

5 months ago | [YT] | 31

Football Entertainment

ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းက ဘယ်အသင်းဖစ်မလဲ ?

Vote အများဆုံး ရတဲ့အသင်းအကြောင်းကို Video အရှည်တစ်ခုတင်ဆက်ပေးပါမယ်ခင်ဗျာ ။

7 months ago | [YT] | 41

Football Entertainment

Pep Guardiola “ ကျွန်တော်တို့အသင်းဟာ ခုဆိုရင် Champions League ဝင်ခွင့်နဲ့ လွဲချော်ရမဲ့ အရေးနဲ့ရင်ဆိုင်နေရပါတယ် ။ ဒါဟာ အမှန်ပဲဖစ်ပြီး ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေပါပဲ”
“ကျွန်တော်တို့အနေနဲ့ ရှေ့လာမဲ့ ပွဲစဉ်တွေမှာ အနိုင်ကစားပြီး ရမှတ်တွေ ရအောင်စုဆောင်းရပါလိမ့်မယ် ။ မဟုတ်ဘူးဆိုရင်တော့ ရာသီကုန်မှာ ကျွန်တော်တို့အနေနဲ့ Champions League ဝင်ခွင့်နဲ့ လွဲချော်သွားမှာပဲဖစ်ပါတယ် “

နည်းစနစ်ဆရာကြီးဖစ်တဲ့ ဂွါဒီယိုလာ ကိုယ်တိုင် ဒီလိုစကားမျိုးတွေ ထုတ်ပြောနေရပြီဆိုတော့ စီးတီးတို့ဟာ တကယ်ကို အခြေအနေဆိုးနေတယ်ဆိုတာ သုံးသပ်လို့ ရနိုင်ပါတယ် ။

ခါတိုင်းနှစ်တွေဆိုရင် Champions လောင်းအတွက် ယှဉ်ပြိုင်နေခဲ့ရတဲ့ အသင်းဟာ ဒီနှစ်ရာသီမှာတော့ Champions League ဝင်ခွင့်အတွက် တောင် မသေချာ မရေရာဆိုတဲ့ ပုံစံမျိုးမြင်တွေ့နေရပါတယ် ။

ဒါက ဘာကိုပြလဲဆိုရင် ဘောလုံးလောကမှာလည်းပဲ အစဉ် ထာဝရ တည်မြဲခြင်းဆိုတာ မရှိဘူးဆိုတာကို ပြသနေတာပါပဲ။ အောင်မြင်မှူပြီးရင် အကျဘက်ကို ရောက်လာတာဟာ သဘာဝတရားကြီးက ဖန်တီးထားတဲ့ အရာလို့တောင်ပြောရမလိုပါပဲ ။

ဒါကြောင့် ကျွန်တော်တို့တွေဟာ အမြင့်ကို ရောက်နေချိန်မှာ စိတ်ပျော်ရွှင် မြူးတူးခဲ့ကြသလိုပဲ အကျဒဏ်ကို ခံနိုင်ရည်ရှိဖို့လဲ လေ့ကျင့်ဖို့ လိုအပ်ပါတယ် ။ ကျွန်တော်တို့ဘဝတွေမှာ လည်း မန်စီးတီးလို အကျဒဏ်ကို ကြိုတင်တွက်ဆ မထားတဲ့အခါမှာတော့ လိုတာထက်ပို နာကျင်ခံစားနေကြရတာပါပဲ ။

အကောင်းဆုံးတွေလာပြီးသွားရင် အဆိုးဆုံးတွေ အတွက်လည်း ပြင်ဆင်ထားနိုင်မှ လောကကြီးမှာ ကြာကြာနေနိုင်လိမ့်မယ် ။

(မြက်ခင်းစိမ်းပေါ်မှ ဘဝသင်ခန်းစာများ )

#pyaephyoaung

8 months ago | [YT] | 134

Football Entertainment

Liverpool ဟာ ဒီရာသီမှာတော့ ဘယ်သူမှ မထင်မှတ်ထားတဲ့ အနေအထားကနေ ခုလို လုပ်ပြနိုင်ခဲ့တာဖစ်ပါတယ် ။

Premier League မှာဆိုရင်လည်းပဲ အမှတ်ပေးဇယားကို သက်တောင့်သက်သာပဲ ဦးဆောင်ထားပါတယ် ။ အမှတ်ပေးဇယား အဆင့် (၂)က Chelsea အသင်းထက် ၁ ပွဲလျော့ကစားထားပြီး ၄ မှတ်ထိ ဖြတ်တောက်ထားနိုင်တာဖစ်ပါတယ် ။

CHRISTMAS ကာလတွေမှာ Liverpool ဟာ အမှတ်ပေးဇယားကို ဦးဆောင်ပြီး ရာသီကုန်မှာ ဖလားလက်လွတ်ခဲ့ရတဲ့ ကာလမျိုးတွေ ရှိခဲ့ဖူးတာကြောင့် ဆုဖလားရယူသွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ (အာဆင်နယ်က CHRISTMAS ကာလမှာ ဦးဆောင်ပြီး ရာသီကုန်မှာ မန်စီးတီးက ဖလားရယူသွားခဲ့တာ ပြီးခဲ့တဲ့ ၂ ရာသီ ဆက်တိုက်မှာ ဖစ်ခဲ့ဖူးပါတယ်)

Champion League ဇယားကြည့်ရင်လည်း ကြိုးကြာနီတို့က ဦးဆောင်သူပါပဲ ။ သူတို့ဟာ ဒီရာသီ ဥရောပ ပြိုင်ပွဲဖစ်တဲ့ Champion League မှာ ရှူံးပွဲလုံးဝမရှိ ၊ သရေပွဲမရှိ ၊ ၁၀၀ရာခိုင်နှုန်း အနိုင်ရလဒ်ဖော်ဆောင်ထားနိုင်ပါတယ် ။
သူရင်ဆိုင်ကစားခဲ့ရတဲ့ အသင်းတွေထဲမှာ Real Madrid, Leverkusen , RB Leipzig, AC Milan စတဲ့ အသင်းတွေလည်း ပါဝင်ပါတယ် ။ ဒီရာသီ Liverpool ကို ကြည့်ရတာ Kloop လက်ထက်က အရမ်းကောင်းခဲ့တဲ့ ကစားကွက်ကို ခု Slot လက်ထက်မှာ Version မြင့်လိုက်တဲ့ ပုံစံနဲ့ တကယ်ကို ကြည့်လို့ကောင်းပါတယ် ။

SALAH ဆိုရင်လည်းပဲ တကယ်ကို ငယ်မူပြန်သွေးနေတာပါ။ သူ့ရဲ့ ၃၂ နှစ်အရွယ်မှာ Premier League လို ကမ္ဘာ့ထိပ်တန်းလိဒ်မှာ စွမ်းဆောင်ထားနိုင်နေတဲ့ အချက်အလက်တွေက်ို ကြည့်ကြည့်ပါ ။ တကယ့်ကို မယုံကြည်နိုင်စရာပါပဲ။ အချက်အလက်တွေက ဘယ်တော့မှ မလိမ်ညာတတ်ပါဘူး ။

နောက်တစ်ခုက ဒီရာသီ Liverpool တို့ အသင်းမှာ ခြေစွမ်းပြနေတဲ့ အာနိုး၊ ဆာလာနဲ့ ဗန်ဒိုက်တို့က နောက်ရာသီ သုံးယောက် စလုံး ဆက်နေနိုင်ဖို့က မသေချာပါဘူး ။ ဒါသူတို့ရဲ့ နောက်ဆူံးရာသီဆိုတဲ့ ပုံစံမျိုးနဲ့ ရနိုင်သမျှ ဖလားဒီအသင်းအတွက် ယူပေးသွားမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ဆော့ကစားနေကြတာပါ ။

ရာသီကုန်မှာ Liverpool တို့ ဘယ်လိုအောင်မြင်မှူတွေ ရယူသွားနိုင်မလဲ ?

8 months ago | [YT] | 102

Football Entertainment

GOAT ကြီး Ronaldo ကတော့ Christmas ရဲ့ အရေးကြီးဆုံး အပိုင်းဟာ မိသားစုနဲ့တူတူဖြတ်သန်းရတာပါပဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ Social Media မှာ မိသားစုနဲ့ CHRISTMAS ကာလဖြတ်သန်းနေပုံကို မျှဝေထားတာပဲဖစ်ပါတယ် ။

ဒီတစ်ခုကတော့ GOAT ကြီးဆီကနေ ကျွန်တော်တို့တွေ အခမဲ့ သင်ယူနိုင်တဲ့ ဘဝသင်ခန်းစာတွေပဲဖစ်ပါတယ် ။

တကယ်လည်း မိသားစုဆိုတာ ဘဝရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းပဲ မဟုတ်လား ။

ကျွန်တော်တို့တွေဟာ အလုပ်ပြီး အလုပ်နောက်ကို လိုက်ရင်း မိသားစုကို အချိန်ပေးနိုင်ဖို့ မေ့လျော့နေတတ်ကြပါတယ် ။

ဒါကြောင့် ဒီလိုကာလတွေမှာ GOAT ကြီးလိုပဲ အလုပ်ကိစ္စတွေကို ခနတာ ပစ်ထားပြီး မိသားစုနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြတ်သန်းနိုင်ဖို့လိုအပ်ပါတယ် ။

မိသားစုဆိုတာ သဘာဝတရားကြီးကပေးတဲ့ အကြီးမားဆုံး ဆုလာဒ်ကြီးပဲ မဟုတ်လား ။

မိတ်ဆွေတွေအားလုံး CHRISTMAS ကာလမှာ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြဖို့ ဆုတောင်းပေးပါတယ် ။

မိသားစုနဲ့ ဝေးကွာနေရတဲ့ ပြည်ပရောက် ညီကို မောင်နှမတွေ အနေနဲ့လည်း Video Call နဲ့ ဖစ်ဖစ် ဒီလိုချိန်မှာ မိသားစုဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း ၊ ဘယ်လောက်ထိ ချစ်ကြောင်း ၊ လွမ်းကြောင်း ပြောပြနိုင်ပြီး မေတ္တာတရားတွေ မျှဝေကြဖို့ တိုက်တွန်းပါတယ် ။

#pyaephyoaung

8 months ago | [YT] | 103

Football Entertainment

ဒီနေ့ညအနိုင်ရမှာ Gtae ဟောင်းလား Gate သစ်လား ?

ပရိတ်သတ် အယောက်တစ်ရာရဲ့ အဖြေက?

8 months ago | [YT] | 65