Football Entertainment

GOAT ကြီး Ronaldo ကတော့ Christmas ရဲ့ အရေးကြီးဆုံး အပိုင်းဟာ မိသားစုနဲ့တူတူဖြတ်သန်းရတာပါပဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ Social Media မှာ မိသားစုနဲ့ CHRISTMAS ကာလဖြတ်သန်းနေပုံကို မျှဝေထားတာပဲဖစ်ပါတယ် ။

ဒီတစ်ခုကတော့ GOAT ကြီးဆီကနေ ကျွန်တော်တို့တွေ အခမဲ့ သင်ယူနိုင်တဲ့ ဘဝသင်ခန်းစာတွေပဲဖစ်ပါတယ် ။

တကယ်လည်း မိသားစုဆိုတာ ဘဝရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းပဲ မဟုတ်လား ။

ကျွန်တော်တို့တွေဟာ အလုပ်ပြီး အလုပ်နောက်ကို လိုက်ရင်း မိသားစုကို အချိန်ပေးနိုင်ဖို့ မေ့လျော့နေတတ်ကြပါတယ် ။

ဒါကြောင့် ဒီလိုကာလတွေမှာ GOAT ကြီးလိုပဲ အလုပ်ကိစ္စတွေကို ခနတာ ပစ်ထားပြီး မိသားစုနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြတ်သန်းနိုင်ဖို့လိုအပ်ပါတယ် ။

မိသားစုဆိုတာ သဘာဝတရားကြီးကပေးတဲ့ အကြီးမားဆုံး ဆုလာဒ်ကြီးပဲ မဟုတ်လား ။

မိတ်ဆွေတွေအားလုံး CHRISTMAS ကာလမှာ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြဖို့ ဆုတောင်းပေးပါတယ် ။

မိသားစုနဲ့ ဝေးကွာနေရတဲ့ ပြည်ပရောက် ညီကို မောင်နှမတွေ အနေနဲ့လည်း Video Call နဲ့ ဖစ်ဖစ် ဒီလိုချိန်မှာ မိသားစုဟာ ကိုယ့်အတွက် ဘယ်လောက်အရေးပါကြောင်း ၊ ဘယ်လောက်ထိ ချစ်ကြောင်း ၊ လွမ်းကြောင်း ပြောပြနိုင်ပြီး မေတ္တာတရားတွေ မျှဝေကြဖို့ တိုက်တွန်းပါတယ် ။

#pyaephyoaung

8 months ago | [YT] | 103