အတုမရှိဗုဒ္ဓမြတ်စွာ
❝ ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်စေဖို့ မင်းကွန်းဆရာတော်ကြီး၏ မိန့်မှာချက်များ ❞၁။ သူတကာတွေ လောဘကြီးသော်လည်း မိမိက လောဘမကြီးအောင်နေပါ။ထိုသို့နေလျှင် သူတကာ ငတ်မွတ်ခေါင်းပါးခြင်း(ဒုဗ္ဘိက္ခန္တရာယ်)ဘေးသင့်ရောက်သော်လည်း မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။၂။ သူတကာတွေ ဒေါသကြီးသော်လည်းမိမိက ဒေါသမကြီးအောင်နေပါ။ထိုသို့နေလျှင်သူတကာ လက်နက်ဘေးဆိုး အန္တရာယ်(သတ္တန္တရကပ်)ဆိုက်ရောက်သော်လည်းမိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။၃။ သူတကာတွေ မောဟကြီးသော်လည်းမိမိက မောဟမကြီးအောင်နေပါ။ထိုသို့နေလျှင် သူတကာ အနာရောဂါဘေးဆိုး(ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်းမိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။ဤကား...ကျေးဇူးတော်ရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသောသြဝါဒ ဖြစ်သည်။ယနေ့ ယခု မျက်မှောက် အချိန်အခါသည်ကား ထိုသြဝါဒအတိုင်း လိုက်နာကျင့်သုံးရန် အချိန်တန်နေပြီဖြစ်၍ -(၁) လောဘမကြီးရန် မိမိတတ်နိုင်သမျှ စွန့်ကြဲပေးကမ်း လှူဒါန်းပါ။(ဒါန၊ စာဂ)(၂) ဒေါသမကြီးရန် သတ္တဝါအားလုံးတို့အား မေတ္တာတရား ပွားများပို့သပါ။(မေတ္တာဘာဝနာ)(၃) မောဟမကြီးရန် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကိုအချိန်ရသမျှ ဆင်ခြင်ပါ။(ဝိပဿနာဘာဝနာ)တိပိဋကဓရ၊ တိပိဋကကောဝိဒဓမ္မဘဏ္ဍာဂါရိက ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီး#ကပ်ဘေးကင်းဖို့နေ့စဥ်မနက်ညဖွင့်ကြပါစို့https://youtu.be/bqVkNpmNNsI
4 years ago | [YT] | 9
အတုမရှိဗုဒ္ဓမြတ်စွာ
❝ ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်စေဖို့
မင်းကွန်းဆရာတော်ကြီး၏ မိန့်မှာချက်များ ❞
၁။ သူတကာတွေ လောဘကြီးသော်လည်း
မိမိက လောဘမကြီးအောင်နေပါ။
ထိုသို့နေလျှင်
သူတကာ ငတ်မွတ်ခေါင်းပါးခြင်း
(ဒုဗ္ဘိက္ခန္တရာယ်)ဘေးသင့်ရောက်သော်လည်း
မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။
၂။ သူတကာတွေ ဒေါသကြီးသော်လည်း
မိမိက ဒေါသမကြီးအောင်နေပါ။
ထိုသို့နေလျှင်
သူတကာ လက်နက်ဘေးဆိုး အန္တရာယ်
(သတ္တန္တရကပ်)ဆိုက်ရောက်သော်လည်း
မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။
၃။ သူတကာတွေ မောဟကြီးသော်လည်း
မိမိက မောဟမကြီးအောင်နေပါ။
ထိုသို့နေလျှင်
သူတကာ အနာရောဂါဘေးဆိုး
(ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်း
မိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။
ဤကား...
ကျေးဇူးတော်ရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး
အမြဲမပြတ် ဆိုဆုံးမလေ့ရှိသော
သြဝါဒ ဖြစ်သည်။
ယနေ့ ယခု မျက်မှောက် အချိန်အခါသည်ကား
ထိုသြဝါဒအတိုင်း လိုက်နာကျင့်သုံးရန်
အချိန်တန်နေပြီဖြစ်၍ -
(၁) လောဘမကြီးရန် မိမိတတ်နိုင်သမျှ
စွန့်ကြဲပေးကမ်း လှူဒါန်းပါ။(ဒါန၊ စာဂ)
(၂) ဒေါသမကြီးရန် သတ္တဝါအားလုံးတို့အား
မေတ္တာတရား ပွားများပို့သပါ။(မေတ္တာဘာဝနာ)
(၃) မောဟမကြီးရန် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏
အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို
အချိန်ရသမျှ ဆင်ခြင်ပါ။(ဝိပဿနာဘာဝနာ)
တိပိဋကဓရ၊ တိပိဋကကောဝိဒ
ဓမ္မဘဏ္ဍာဂါရိက
ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီး
#ကပ်ဘေးကင်းဖို့နေ့စဥ်မနက်ညဖွင့်ကြပါစို့
https://youtu.be/bqVkNpmNNsI
4 years ago | [YT] | 9