CDM FM
𝘽.𝙀.𝙃.𝙎 𝘾𝘿𝙈 𝙎𝙩𝙪𝙙𝙚𝙣𝙩𝙨 မောင်လေး ညီမလေးတို့အတွက် ခွန်းအားဖြည့်စကားလေး အနည်းငယ်ပြောခွင့်ပြုပါ။𝘽.𝙀.𝙃.𝙎 𝘾𝘿𝙈 𝙎𝙩𝙪𝙙𝙚𝙣𝙩𝙨ကျောင်းသား မောင်လေး..ညီမလေးတို့ရေ "နိုင်ငံရေးက မင်းတို့နဲ့ ဘာဆိုင်လဲ၊ မင်းတို့ နိုင်ငံရေးသမားတွေကြားထဲ မညှပ်ချင်စမ်းပါနဲ့" ဆိုတဲ့စကားတွေကို မင်းတို့ အံတုပြီး နီးစပ်ရာ ဖက်ဒရယ်အွန်လိုင်းကျောင်းတွေမှာ ဆက်ပြီး စာလေ့လာသင်ယူခဲ့ကြတယ်။ စကစကျောင်းတွေမှာ ကျောင်းသားစည်းကမ်း၊ လူ့ကျင့်ဝတ်တွေနဲ့သွေဖယ်နေတဲ့စိတ်ဓါတ်နဲ့ အပြုအမှုတွေနဲ့ကြီးပြင်းနေကြချိန် မောင်လေးညီမလေးတို့ကတော့ အွန်လိုင်းကနေသင်ရတယ်ဆိုပေမဲ့ စိတ်ဓါတ်မဖောက်ပြား မလော်လီတဲ့ 𝘾𝘿𝙈 ဆရာ၊ ဆရာမတွေဆီကနေ ပညာဆက်လက်လေ့လာခဲ့ကြတယ်။ 𝘾𝘿𝙈 ကျောင်းသူ၊ ကျောင်းသားအချို့ဆို ဒီ ၅ နှစ်အတွင်း ပညာရေးမှာ ခရီးအတော်ပေါက်ခဲ့ကြလို့ ဘွဲ့ရသူအချို့လည်း ရှိနေပြီ ဖြစ်ပါတယ်။ (စကစကျောင်းမှမဟုတ်ဘဲ) အချို့ဆို ပညာတော်သင်ခရီးကိုဆက်၊ အချို့ကလည်း သင်ကြားရေးမှာပြန်ကူ၊ အချို့ကတော့ တလရအောက်က ဘယ်နေရာမှာမဆို 𝙑𝙤𝙡𝙪𝙣𝙩𝙚𝙚𝙧 တွေအဖြစ် ဆက်လက်ရှေ့ဆက်နေကြတာကို တွေ့ရပါတယ်။ကျနော်တို့ 𝘾𝘿𝙈 နိုင်ငံ့ဝန်ထမ်းတွေက ပညာရပ်တစ်ခုခုတက်မြောက်ထားကြပြီးသူတွေ အများစုဖြစ်ကြလို့ ဘဝအတွက် မောင်လေးညီမလေးတို့ထက် ပိုပြီးရင်ဆိုင်နိုင်စွမ်း လှော်တက်တွေရှိကြတယ်။ ဒါပေမဲ့ မင်းတို့က ပညာရေးလမ်းခရီးမှာ ရှိနေကြတုန်း။ မင်းတို့က စိတ်ဓါတ်ပိုပြင်းပြတယ်။ စကစကိုတွန်းလှန်ရာမှာ မင်းတို့တွေကိုကြည့်ပြီးတော့ အားပြန်ယူခဲ့ရတဲ့အခိုက်အတန့်တွေ ကျနော်မှာ ရှိခဲ့ဖူးတယ်။ ဒီနေ့ စကစရဲ့ စာမေးပွဲရလဒ်တွေနဲ့ပတ်သက်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ စကစကျောင်းထွက်တွေ အခုချိန် အချင်းချင်း Con Con တွေ လုပ်နေကြတာတွေကို ကြည့်ပြီး စိတ်ဓါတ်မကျဖို့ ပြောချင်ပါတယ် မောင်လေး၊ ညီမလေးတို့ရေ𝓐𝓭𝓶𝓲𝓷CDM FM #followersreelsfypシ゚viralシfypシ゚viralシalシ #fyrppppppppppp
1 month ago | [YT] | 31
@hlahlasukyi3277
လေးစားပါတယ်၊အစစအဆင်ပြေကြပါစေ
1 month ago | 1
CDM FM
𝘽.𝙀.𝙃.𝙎 𝘾𝘿𝙈 𝙎𝙩𝙪𝙙𝙚𝙣𝙩𝙨 မောင်လေး ညီမလေးတို့အတွက် ခွန်းအားဖြည့်စကားလေး အနည်းငယ်ပြောခွင့်ပြုပါ။
𝘽.𝙀.𝙃.𝙎 𝘾𝘿𝙈 𝙎𝙩𝙪𝙙𝙚𝙣𝙩𝙨ကျောင်းသား မောင်လေး..ညီမလေးတို့ရေ
"နိုင်ငံရေးက မင်းတို့နဲ့ ဘာဆိုင်လဲ၊
မင်းတို့ နိုင်ငံရေးသမားတွေကြားထဲ မညှပ်ချင်စမ်းပါနဲ့" ဆိုတဲ့စကားတွေကို မင်းတို့ အံတုပြီး နီးစပ်ရာ ဖက်ဒရယ်အွန်လိုင်းကျောင်းတွေမှာ ဆက်ပြီး စာလေ့လာသင်ယူခဲ့ကြတယ်။
စကစကျောင်းတွေမှာ ကျောင်းသားစည်းကမ်း၊ လူ့ကျင့်ဝတ်တွေနဲ့သွေဖယ်နေတဲ့စိတ်ဓါတ်နဲ့ အပြုအမှုတွေနဲ့ကြီးပြင်းနေကြချိန် မောင်လေးညီမလေးတို့ကတော့ အွန်လိုင်းကနေသင်ရတယ်ဆိုပေမဲ့ စိတ်ဓါတ်မဖောက်ပြား မလော်လီတဲ့ 𝘾𝘿𝙈 ဆရာ၊ ဆရာမတွေဆီကနေ ပညာဆက်လက်လေ့လာခဲ့ကြတယ်။
𝘾𝘿𝙈 ကျောင်းသူ၊ ကျောင်းသားအချို့ဆို ဒီ ၅ နှစ်အတွင်း ပညာရေးမှာ ခရီးအတော်ပေါက်ခဲ့ကြလို့ ဘွဲ့ရသူအချို့လည်း ရှိနေပြီ ဖြစ်ပါတယ်။ (စကစကျောင်းမှမဟုတ်ဘဲ) အချို့ဆို ပညာတော်သင်ခရီးကိုဆက်၊ အချို့ကလည်း သင်ကြားရေးမှာပြန်ကူ၊ အချို့ကတော့ တလရအောက်က ဘယ်နေရာမှာမဆို 𝙑𝙤𝙡𝙪𝙣𝙩𝙚𝙚𝙧 တွေအဖြစ် ဆက်လက်ရှေ့ဆက်နေကြတာကို တွေ့ရပါတယ်။
ကျနော်တို့ 𝘾𝘿𝙈 နိုင်ငံ့ဝန်ထမ်းတွေက ပညာရပ်တစ်ခုခုတက်မြောက်ထားကြပြီးသူတွေ အများစုဖြစ်ကြလို့ ဘဝအတွက် မောင်လေးညီမလေးတို့ထက် ပိုပြီးရင်ဆိုင်နိုင်စွမ်း လှော်တက်တွေရှိကြတယ်။
ဒါပေမဲ့ မင်းတို့က ပညာရေးလမ်းခရီးမှာ ရှိနေကြတုန်း။ မင်းတို့က စိတ်ဓါတ်ပိုပြင်းပြတယ်။ စကစကိုတွန်းလှန်ရာမှာ မင်းတို့တွေကိုကြည့်ပြီးတော့ အားပြန်ယူခဲ့ရတဲ့အခိုက်အတန့်တွေ ကျနော်မှာ ရှိခဲ့ဖူးတယ်။
ဒီနေ့ စကစရဲ့ စာမေးပွဲရလဒ်တွေနဲ့ပတ်သက်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ စကစကျောင်းထွက်တွေ အခုချိန် အချင်းချင်း Con Con တွေ လုပ်နေကြတာတွေကို ကြည့်ပြီး စိတ်ဓါတ်မကျဖို့ ပြောချင်ပါတယ် မောင်လေး၊ ညီမလေးတို့ရေ
𝓐𝓭𝓶𝓲𝓷
CDM FM
#followersreelsfypシ゚viralシfypシ゚viralシalシ
#fyrppppppppppp
1 month ago | [YT] | 31