Min Mahar Tun

ရန်ကုန်ကို လာမယ်ဆိုရင်

အပေါ် လမ်း ကပဲ လာလာ
အောက်လမ်း ကပဲ လာလာ
သခင်မြပန်းခြံ ကို ရောက်မှာ ဖြစ်ပါတယ် ။

အဝေးပြေးကားနဲ့ လာလာ
လေယဉ်နဲ့ လာလာ
ရောက်တာနဲ့ လှိုက်လှဲ ပျူငှာစွာ ကြိုဆိုပြီး
အထုပ်တွေ အတင်းဆွဲ ကားနဲ့ အိမ်အထိလိုက်ပို့မယ့်
သူတွေ ရွိ ပါတယ်
တောင်းသလောက် တော့ ပေးရပါမယ် ။ Taxi

တည်းခိုမယ် ဆိုရင်လဲ တည်းခိုခန်း အမ်ားစုက

တနာရီ section လား
၃နာရီ section လား
တနေ့လုံးတည်းမှာ လား
သေချာပြောတည်းလို့ ရပါတယ် ။

ဘုန်းကြီးကျောင်း လား
အသိအိမ် တည်းမှာလား

ဘယ်မှာတည်းတည်းဧည့်စာရင်းတိုင်ရပါတယ် ။

ရွာမှာလို လော်စပီ ကာသံတွေ
ငှက်အော်သံ တွေ ကြားရမှာမဟုတ်သလို

စျေးသယ် တွေ ရဲ့ ဘာရောင်းမှန်း မသိအောင်
အော်ရောင်း နေတဲ့ လည်ရောင်း နေတဲ့ အသံတွေ ကို
ဆယ္မိနစ္တခါ ကြားရပါလိမ့်မယ်

ရန်ဖြစ်နေတယ် ထင်ရင် ထွက်မကြည့်ပါနဲ့
စျေးသယ် နှစ်သယ်
ဆုံအော်နေတာ ဖြစ်ပါလိမ့်မယ် ။

အပြင်ထွက်လို့ ကိုယ့်ကို အုပ်လိုက်ကြီး
ဝိုင်းကြည့်နေရင် သွေးမပျက်ပါနဲ့
ဆိုက္ကား ဆရာနဲ့ Taxi ကားသမားတွေ ပါ ။

တိုက်ခန်းတွေ က ညဖက် မအိပ်ကြဘူး
မီးတွေ ထွန်းထားပြီး
ဟိုချောင်း ဒီချောင်း လုပ်နေရင်လဲ
မစိုးရိမ်ပါနဲ့
ရေတင် မလို့ စောင့်နေကြတာပါ ။

စေန။ တနင်္ဂနွေ ဆို
လဖက်ရည်ဆိုင်က ဟေးကနဲ ဝါး ကနဲ အော်ရင်လဲ
မထိတ် လန့်ပါနဲ့
ဘောပွဲ ကြည့်နေကြတာပါ ။

အသံ အရမ်းကျယ်ကျယ်အော်ရင်
မန်ယူ နိုင်တယ် လို့မှတ်ပြီး
တိတ်ဆိတ်နေရင်တော့
ဆိုက်ကားဂိတ် မီးလောင်နေပြီ လို့ မှတ်ပါ ။

ရန်ကုန် မွာ ဘုရား ဖူးသွားရင်း
လက်ခုပ် တီးခေါ်ရင် မသွားပါနဲ့
အဆောင်တခု ရပြီး မြွေစာ ကျွေးခဲ့ ရမွာပါ ။

သပ်သပ်ရပ်ရပ် ဝတ္ထားတဲ့ သူဆို ရှောင်ပါ
ပေတိပေစုပ်နဲ့ တေလာကလုံး သူ့လုပ်စာစားတဲ့
မျက်နှာ နဲ့ လူက လူကောင်းပါ ။

အရေးအကြီးဆုံး တခုမှာချင်တာက
တိုက်တွေ ကိုမော့ကြည့်ပြီး လမ်းမလျောက်ပါနဲ့

ပလက်ဖောင်းပေါ်မှာ ပလစတစ်ခင်း ရောင်းနေတဲ့
မျက်မှန်တွေ နာရီ တွေ တက်နင်းမိရင်
တသက္လုံး လျော်လို့ ဆုံးမှာမဟုတ်ပါ ။

ကားမှတ်တိုင်မှာ အလုပ္လုပ္မလား မေးတဲ့ ကောင်မလေး တွေ ရွိ ပါတယ် ။
အလုပ်ရပြီ ဆိုပြီး လိုက်မသွားပါနဲ့
ကိုယ္ကပိုက်ဆံ ပြန်ပေးခဲ့ ရမွာပါ (ကိုယ်တွေ့)
#crd

1 year ago | [YT] | 8