Myanmar Diary

ငလျင်နောက်ဆက်တွဲ သတိပေးချက်များ

စစ်ကိုင်းမြို့အနီး ဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ (မြေအောက်က ရေထွက်တာ၊ လမ်းပြိုကွဲတာ၊ တောင်ပြိုတာ၊ ရေလွှမ်းတာ) တွေကို ကြည့်ပြီး ပြည်သူတွေကို အကြံပေးချင်တာလေးတွေ ဖော်ပြလိုက်ပါရစေ။

ဒီအကြံပြုချက်တွေဟာ လက်ရှိအခြေအနေမှာ ဘေးကင်းလုံခြုံမှုရှိအောင် ဆောင်ရွက်ဖို့နဲ့ နောက်ထပ်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို လျှော့ချဖို့ ရည်ရွယ်ပါတယ်။

အိမ်တွေ၊ အဆောက်အဦတွေ အနီးမှာ လမ်းကွဲအက်တာ၊ မြေပြိုတာတွေ ဖြစ်နေရင် အဲဒီဧရိယာကနေ ချက်ချင်းထွက်ပြီး ဘေးလွတ်ရာမှာ ယာယီခိုလှုံပါ။ ငလျင်နောက်ဆက်တွဲ လှုပ်ခတ်မှုတွေ (aftershocks) က ပျက်စီးနေတဲ့ နေရာတွေကို ထပ်ပြီး ပိုဆိုးသွားစေနိုင်တာမို့ အန္တရာယ်ရှိတဲ့ နေရာတွေကို ရှောင်ပါ။

မြေအောက်က ရေတွေ သူ့အလိုလို ထွက်လာတာ ဒါမှမဟုတ် ရေလွှမ်းတာတွေ ဖြစ်နေရင် ရေစီးဆင်းမှု ပုံမှန်မဟုတ်တာကို သတိထားပြီး ရေထဲကိုမဆင်းပါနဲ ၊ ရေအောက်မှာ အက်ကွဲနေတဲ့ မြေတွေ ရှိနိုင်ပါတယ်။
အရေးပေါ် ပစ္စည်းတွေ ပြင်ဆင်ထားပါ ရေ၊ အစားအသောက်၊ ဆေးဝါး၊ ဓာတ်မီး၊ ဘက်ထရီ၊ စောင်၊ အဝတ်အထည်တွေကို အသင့်ထုတ်ထားပါ။
ဖုန်းလိုင်းပြတ်တောက်၊ လျှပ်စစ်မီးပျက်တာတွေ ဖြစ်နေတာမို့ အရေးပေါ်အခြေအနေမှာ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ဖို့ လိုအပ်ပါတယ်။

တောင်စောင်းတွေ၊ မြေမျက်နှာသွင်ပြင် မတည်မငြိမ်ဖြစ်တဲ့ နေရာတွေအနီးမှာ မနေပါနဲ့။ ငလျင်ကြောင့် မြေသားတွေ အားနည်းနေပြီး နောက်ဆက်တွဲ လှုပ်ခတ်မှုတွေ ဖြစ်ရင် ထပ်ပြိုကျနိုင်တာမို့ ဒီလိုနေရာတွေကို ရှောင်ပါ။

လူမှုကွန်ရက်ကနေ ထုတ်ပြန်တဲ့ သတိပေးချက်တွေကို အမြဲနားထောင်ပြီး အဲဒီအတိုင်း လိုက်နာပါ။ ဒီအချက်အလက်တွေက ဘယ်နေရာတွေ အန္တရာယ်များနေလဲ၊ ဘာတွေ ဆက်ဖြစ်နိုင်လဲဆိုတာ သိရှိဖို့ အထောက်အကူဖြစ်ပါတယ်။
အိမ်ထဲမှာ နေရမယ်ဆိုရင် စင်၊ ဗီရို၊ မှန်တွေလို ပြုတ်ကျနိုင်တဲ့ ပစ္စည်းတွေအောက်မှာ မရှိပါနဲ့။ စားပွဲအောက်၊ ခုံအောက်၊ ဒါမှမဟုတ် နံရံနားမှာ ခိုလှုံပြီး နောက်ဆက်တွဲ လှုပ်ခတ်မှုတွေ ရပ်တဲ့အထိ စောင့်ပါ။

ဒီလိုအခြေအနေမှာ စိတ်လှုပ်ရှားတာ၊ ကြောက်ရွံ့တာတွေ ဖြစ်နိုင်ပေမယ့် စိတ်ကို တည်ငြိမ်အောင်ထားပြီး မိသားစု၊ အိမ်နီးချင်းတွေနဲ့ အပြန်အလှန် အားပေးပါ။

ဒီအကြံပြုချက်တွေကို လိုက်နာရင်း အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ ကြိုးစားပါ။ အခုလို သဘာဝဘေးအန္တရာယ်တွေဟာ ဘယ်သူ့ထိန်းချုပ်မှုမှာ မရှိပေမယ့် ကြိုတင်ပြင်ဆင်မှုနဲ့ သတိရှိမှုက အသက်တွေကို ကယ်တင်နိုင်ပါတယ်။

5 months ago | [YT] | 4