Zenith Myanmar

‎ကိုယ့်အကျင့်က ‎လူတစ်ယောက်ကို
‎အလွယ်တကူ မခင်တတ်သလို
‎အလွယ်တကူ မမုန်းတတ်တဲ့အကျင့်
တစ်ခုကျွန်တော်မှာရှိတယ်။

‎အားနာတတ်ပေမယ့်
‎ဘောင်ကျော်လာတဲ့ ဆက်ဆံရေး
တွေဆို ‎ချက်ကျလက်ကျပြန်ပြော
တတ်တဲ့ အကျင့်ကျွန်တော်မှာရှိတယ်။

‎နားလည်ပေးလျက်နဲ့
‎စည်းမစောင့်ကြတဲ့ သူတွေကိုတော့
‎ပြန်လှည့်မကြည့်တတ်တာက
‎ကျွန်တော်အကျင့်ပဲလေ

‎သူတစ်ပါးအကူအညီ
‎မျှော်ကိုးနေတတ်တဲ အကျင့်ထက်
‎ကိုယ်ကူညီလိုက်ရလို့စိတ်ချမ်းသာ
တာကိုပဲမြတ်နိုးတယ်။

‎အမြဲတမ်းတော့
‎ပြုံးပြီးမနေတတ်ပါဘူး
‎စိတ်တိုတဲ့အခါ ဝုန်းဒိုင်းကျဲလိုက်မှ
‎နေရထိုင်ရသက်သာတယ်။

‎စကားကို
‎တုတ်ထိုးအိုးပေါက် ပြောတတ်ပြန်တော့
‎အာလုံးအမြင်မှာ ကိုယ့်စိတ်က
‎ခက်ထန်တယ်ပေါ့လေ။

‎စိတ်မပုတ်
‎အတွင်းမကောက်တတ်သူမို့
‎ပွင့်ပွင့်လင်းလင်း ပြောတတ်ခြင်းဖြင့်
‎ကျင့်သားရနေပါပြီ

‎ရင်ထဲကမပါပဲ
‎အပေါ်ယံဟန်ဆောင်တဲ့ သူတွေကို
‎အကြောင်းသိလာတော့
‎စိတ်ဓာတ်တွေကို
‎ဒဲ့ရွံတယ်

‎ဘဝမှာ
‎မုန်းတဲ့သူရယ်လို့ မရှိပေမယ့်
‎မပတ်သက်တော့ဘူးလို့
‎သတ်မှတ်ထားတဲ့သူတွေတော့ရှိတယ်။

#ဘဝစာပေ #လူငယ် #sansithulin #crd_to_owner_with_respect

1 week ago | [YT] | 2,704