Mr.Healthy Channel

ကျန်းမာဖို့အတွက်အုန်းစိမ်းရည်(၇)ရက်
~~~~~~~~~~~~~~~~~~~~~~

ကမ္ဘာပေါ်မှာအကောင်းဆုံးရေဟာဘာလဲ။အုန်းစိမ်းရည်ပြဲဖစ်ပါတယ်။အလွန်မြင့်တဲ့ပင်ဖျားအထက်ကအုန်းသီးထဲကိုဘယ်သူရေလာထည့်သလဲဆိုတာပဟေဠိတစ်ခုပါပဲ။အုန်းရည်ဟာအံ့သြစရာကောင်းလောက်အောင်ကိုကောင်းပါတယ်။အုန်းရည်လိုပြောတာဟာအုန်းစိမ်းရည်ကိုပြောခြင်းဖြစ်ပါတယ်။

အုန်းရည်က၂မျိုးရှိတယ်။အုန်းသီးစိမ်းသို့မဟုတ်အုန်းသီးနုကရတဲ့အုန်းစိမ်းရည်နဲ့အုန်းသီးရင့်သို့မဟုတ်အုန်းသီးခြောက်ကရတဲ့အုန်းရင့်ရည်တို့ပြဲဖစ်တယ်။အဲဒီ၂မျိုးကအတော်ကိုကွာခြားပါတယ်။အုန်းစိမ်းရည်ဟာလူ့ကျန်းမာရေးအတွက်အလွန်ကောင်းစေပြီးအုန်းရင့်ရည်ကတော့လုံးဝမသောက်သင့်ပါဘူး။

အုန်းရည်သောက်ရင်အပူကန်တယ်လို့ပြောကြတာကြားဖူးပါလိမ့်မယ်။အဲဒါဟာအုန်းရင့်ရည်သို့မဟုတ်အုန်းခြောက်ရည်ကိုပြောခြင်းဖြစ်ပါတယ်။အုန်းသီးရင့်သွားတဲ့အခါမှာအုန်းရည်ထဲကအကျိုးပြုဓာတ်ပစ္စည်းတွေကအုန်းသားထဲကိုဝင်သွားပြီဖြစ်လို့သူ့ထဲမှာဘာမှမကျန်တော့ပါဘူး။အဆီတစ်ချို့သာကျန်တော့တဲ့အတွက်သောက်တဲ့သူတွေကိုအပူကန်စေပါတယ်။ဘာမှအကျိုးမရှိတဲ့အတွက်မသောက်သင့်ပါဘူး။

အုန်းစိမ်းရည်ကတော့အကျိုးပြုပစ္စည်းတွေအများကြီးပါတဲ့အတွက်လုံးဝကိုသောက်သင့်ပါတယ်။ကယ်လိုရီအားဖြင့်55klသာပါတဲ့အတွက်လူကိုလည်းလုံးဝမဝစေနိုင်ပါဘူး။အုန်းစိမ်းရည်တစ်လုံးသောက်လိုက်တာနဲ့ဗိုက်ကိုကားသွားပြီးကျေနပ်သွားလေ့ရှိပါတယ်။တကယ်ကိုအားရှိတယ်လို့ကိုခံစားရပါလိမ့်မယ်။

အုန်းစိမ်းရည်တစ်လုံးမှာပါတဲ့ပိုတက်စီယမ်ဓာတ်ဟာဌက်ပျောသီး၄လုံးမှာပါတဲ့ပိုတက်စီယမ်ထက်ပိုများပါတယ်။ဒါကြောင့်သွေးတိုးရောဂါကိုကျစေပြီးလေဖြတ်ခြင်းကိုကာကွယ်ပေးထားနိုင်ပါတယ်။အဲဒီ့အပြင်အံ့သြစရာကောင်းလောက်တဲ့အောက်ပါအကျိုးကျေးဇူးများကိုလည်းပေးပါသေးတယ်။
-ကိုယ်တွင်းအဆီများကိုလောင်ကျွမ်းစေခြင်း
-ကျောက်ကပ်မှကျောက်များကိုဖယ်ရှားပေးခြင်း
ကိုယ်တွင်းအဆိပ်အတောက်များကိုဖယ်ရှားပေးခြင်း
-အစာခြေစနစ်ကိုအားကောင်းစေခြင်း
-သွေးလည်ပတ်မှုအားကောင်းစေခြင်း
-နှလုံးကျန်းမာရေးကိုတိုးတက်စေခြင်း
-အင်နာဂျီမြင့်လာခြင်း
-သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း
-ဦးနှောက်ကိုသန့်စင်စေခြင်း
-ကိုယ်တွင်းရေဓာတ်ခန်းခြောက်မှုမဖြစ်အောင်ကာကွယ်ခြင်း
-ကိုယ်အလေးချိန်ကျဆင်းစေခြင်း
-အရေပြားကိုလှပစေခြင်း
-ကိုယ်တွင်းလိုအပ်သောသတ္တုဓာတ်များကိုဖြည့်ပေးခြင်း
-ဆီးအိမ်ကိုသန့်ရှင်းစေခြင်း
-အပူကန်ခြင်းမှကာကွယ်ပေးခြင်း
-သွေးလွန်တုတ်ကွေးအဖျားအပူချိန်ကိုပင်ချပေးနိုင်ခြင်း
-ဓာတ်ဆားရည်ကဲ့သို့အာနိသင်ရှိခြင်း
-အရက်မူးလွန်ခြင်းကိုသက်သာစေခြင်း
-Antioxidant actionရှိခြင်း
-ကိုယ်ခံအားကိုကောင်းစေခြင်း
-ယောက်ကျားအားကိုကောင်းစေခြင်း
-ကြွက်တက်ခြင်းမဖြစ်အောင်ကာကွယ်ခြင်း
-ကြွက်သားလုပ်ဆောင်ချက်များကိုကောင်းစေခြင်း
-ကျောက်ကပ်ကျောက်မတည်အောင်ကာကွယ်ပေးခြင်း
-ဆီးရွှင်စေခြင်းအစရှိတဲ့ကောင်းကျိုးတွေကိုရရှိစေပါတယ်။

အဲဒီလိုကောင်းကျိုးတွေပေးတဲ့အုန်းစိမ်းရည်ကိုကျွန်တော်တို့ခန္ဓာကိုယ်ထဲကိုပြည့်ပြည့်ဝဝထည့်ပေးနိုင်မယ်ဆိုရင်ကိုယ်ခံစွမ်းအားတွေကောင်းလာပြီးကျန်းမာလာမှာဖြစ်ပါတယ်။ပြည့်ပြည့့်ဝဝထည့်ဖို့ဆိုတာဘယ်လိုလုပ်ရမှာလဲ။ရှေးကတည်းကအုန်းစိမ်းရည်တစ်ပတ်သောက်နည်းဆိုတာရှိခဲ့ပါတယ်။အားအင်ချို့တဲ့သူတွေ၊နာမကျန်းဖြစ်နေသူတွေကိုတစ်နေ့အုန်းစိမ်းရည်တစ်လုံး(၇)ရက်သောက်ခိုင်းလိုက်တာနဲ့ချက်ချင်းထူထောင်လာတော့တာပါပဲတဲ့။တစ်ခြားမကြည့်နဲ့ဗျာ၊ဝမ်းတွေလျောလို့လဲနေတဲ့သူကိုအုန်းစိမ်းရည်တစ်လုံးတိုက်လိုက်တာနဲ့ချက်ချင်းလန်းဆန်းလာတာပဲကြည့်။

ဂျပန်ခေတ်တုန်းကဆိုရင်ဘာဆေးမှရှိတာမဟုတ်ပါဘူး။နာမကျန်းဖြစ်ကြတဲ့ဗမာတွေရောဂျပန်တွေပါအများကြီးပါပဲ။အဲဒီမှာဂျပန်တွေကရွာတွေထဲဝင်ပြီးအုန်းစိမ်းရည်ရက်ဆက်သောက်တော့တာပါပဲ။ဘာအစာမှမစားဘဲအုန်းစိမ်းရည်တစ်မျိုးထဲနဲ့ကိုရက်ပေါင်းများစွာအသက်ရှင်နိုင်ကြပါတယ်။ပြီးတော့ဖြစ်နေတဲ့ရောဂါတွေလည်းပျောက်ကင်းသက်သာကြပါတယ်တဲ့။

ဒါကြောင့်မိတ်ဆွေတို့သည်လည်းတစ်နေ့ကိုအုန်းစိမ်းရည်တစ်လုံး(၇)ရက်ဆက်တိုက်သောက်ကြည့်လိုက်ပါ။အုန်းစိမ်းရည်ကိုဝယ်ရင်လည်းသေသေချာချာကြည့်ဝယ်ဖို့လိုပါတယ်။လုံးဝအသားမတက်သေးတဲ့အုန်းသီးဖြစ်ရမယ်၊လေးနေရမယ်၊လှုပ်ကြည့်ရင်အရည်ပြည့်နေရမယ်၊ဇွန်းခြစ်သာသာဖြစ်ရမယ်၊အုန်းရည်ရဲ့အရသာဟာချိုချဉ်ငန်တဲ့အရသာဖြစ်နေရမယ်။အဲဒီအုန်းစိမ်းရည်(၇)ရက်သောက်ပြီးရင်အားတွေပြည့်လာပြီးကိုယ်ခံစွမ်းအားတွေကောင်းလာမယ်၊ကျန်းမာလာမယ်။အဲဒီလိုမကြာခဏသောက်ပေးခြင်းဖြင့်ရောဂါကင်းပြီးကျန်းမာစွာနဲ့အသက်ရှည်ပါလိမ့်မယ်။ဒါဟာသဘာဝကပေးတဲ့လက်ဆောင်တစ်ခုပါပဲ။အဲဒီလိုကောင်းကျိုးတွေအများကြီးပေးတဲ့အတွက်လည်းအုန်းစိမ်းရည်က်ိုကမ္ဘာပေါ်မှာအကောင်းဆုံးရေလို့သတ်မှတ်ကြတာဟာမလွန်ပါဘူးလေ။

'ပထမတန်းစားကျန်းမာရေး'
ဆရာ မင်းကျော်ဝင်း
Crd

2 years ago | [YT] | 126