Seng 🌱 ဆိုင်း

ဗီယက်နမ်မှာ ခုရက်ပိုင်း မုန်တိုင်းအခြေနေကြောင့် တချို့နေရာတွေမှာ ထိခိုက်ဆုံးရှုံးမှုတွေအများကြီးကြုံနေရပါတယ်၊

သဘာဝဆိုတာ အရမ်းလှတဲ့အချိန်အခါရှိသလို မာယာများပြီး လျော့တွက်လို့မရတဲ့ဘေးတွေလည်းကျရောက်နိုင်လောက်တဲ့အခြေနေ၊

ဘယ်လောက်ဘဲ ကြိုတင်ပြင်ဆင်ပြီး ကာကွယ်ထားပါစေ ကျွန်မတို့လို သာမာန်လူသားတွေအတွက် သဘာဝဘေးဆိုတာ လူသားတိုင်း၊ နေရာတိုင်း နဲ့ နိုင်ငံတိုင်းမှာ မတူညီကွဲပြားသော ပုံစံတွေနဲ့ကြုံတွေ့နိုင်ကြပါတယ်။

ယခုလက်ရှိ ကျွန်မနေထိုင်သော ဗီယက်နမ်မှာ လေပြင်းမုန်တိုင်းကြောင့် ချစ်ခင်ရင်းနှီးရတဲ့ မိတ်ဆွေတွေ၊ မိဘဆုံးရှုံးခဲ့သူတွေနဲ့ သံယောဇဥ်ရှိခဲ့သော တိရိလေးတွေ၊ အိုးအိမ်စည်းစိမ်တွေ မမျှော်လင့်ဘဲ တရက်အတွင်း ကွယ်ပျောက်သွားကြတဲ့အတွက် ယူကြုံးမရ စိတ်မဖြေနိုင်ဖြစ်နေကြသော ဗီယက်နမ်တွေအတွက်လည်း အတော်လေး စိတ်မကောင်းဝမ်းနည်းမိပါတယ်။

ဆုံးရှုံးမှုဆိုတာ မည်သည့်ဆုံးရှုံးမှုမှ လက်ခံဖို့မလွယ်ကူတဲ့အရာဖြစ်သလို မထင်မှတ်ဘဲ တခြားသူတွေက လုံခြုံအေးချမ်းနေရပြီး ငါ့ဘဝ၊ ငါ့အိမ်၊ ငါ့စည်းစိမ်၊ ငါ့မိဘ၊ ငါ့အလှည့်မှာမှ ဒီလိုဖြစ်လာရတယ်ဆိုတဲ့ ခံစားချက်က ဘာနဲ့ဖြေသိမ့်လို့မရနိုင်သော ကြီးမားတဲ့ဆုံးရှုံးမှုပါ၊

လက်ရှိကျွန်မ ဒီစာရေးနေတဲ့အချိန်မှာလည်း ဗီယက်နမ်နိုင်ငံ Hanoi မြို့အပြင်ဘက်မှာ တိမ်တိုက်ကြီးတွေမည်းမှောင်နေဆဲ ဗီယက်နမ်တွေအားလုံးလည်း ဘေးကင်းလုံခြုံကြပါစေ 🙏 🇻🇳

3 weeks ago (edited) | [YT] | 10