ငါမပါဘူး ငါမပါဘူး ငါမပါဘူး ဆိုတာအကြောင်းမဲ့အော်နေတာမဟုတ်ရပါဘူး ငါမပိုင်တဲ့ဓါတိသဘောတွေသူ့သဘောသူဆောင် သူ့အလုပ်သူလုပ်နေတာကိုမြင်နေလို့ပါ။🙏🙏
2 years ago
| 5
ရရှိထားတဲ့တရားဖြင့် ဆရာတော်ဘုရားတို့အားပူဇော်ပါ၏ 🙏🙏🙏မြန်မာနိုင်ငံမှာလူဖြစ်ရကျိုးနပ်တဲ့သူတွေ ဒုနဲ့ဒေးရှိနေကြပြီမို့ ဝမ်းမြောက်ဂုဏ်ယူမဆုံးဖြစ်ရပါတယ် ကျေးဇူးတော်ရှင် သံဃာတော် အရှင်မြတ်တို့ရဲ့ သင်ကြားလေ့ကျင့်ပေးမှုကြောင့်ပါ ဆရာတော်ဘုရားမွေးနေ့မှသည်သက်ရှည်ကျန်းမာတော် မူပါစေဘု
2 years ago
| 1
Dhamma Lulin ဓမ္မလုလင်
စိတ်နောက်ကို လူမပါစေနဲ့
သံသရာ တစ်လျှောက်လုံး စိတ်နောက်ကို လူပါလို့ မောခဲ့တာတွေ များလှပြီ
ဒီတော့ လူနောက်ကို စိတ်ကလေးပါအောင်
ဆွဲနိုင်မှ ချမ်းသာရာ ရလိမ့်မယ်
ကိုယ့်နောက်ကို စိတ်ကလေးပါအောင် ဆွဲဖို့ဆိုတာကလည်း သူတော်ကောင်းတရားကို မကြာမကြာ နာပေးမှ ဖြစ်လိမ့်မယ်
တရားနာရရင် ကိုယ်မသိတာလေးတွေ သိလာလိမ့်မယ်
ကိုယ်သိပြီးသားတွေ ဆိုရင်လည်း တရားသတိပေါ်လာမယ်
အဲဒါမှ ကိုယ့်စိတ်ကို ကိုယ်နိုင်အောင် ဆုံးမနိုင်လိမ့်မယ်
တရားကို အသက်ကြီးမှ လုပ်မယ်လို့ စိတ်မကူးပါနဲ့
လေ့ကျင့်မထားတဲ့ စိတ်ဟာ အသက်ကြီးလေ ဆိုးလေ ဆိုးတတ်လို့ပါ
🍀🍀🌹🌹🌹🙏🙏🙏🌹🌹🌹🍀🍀
ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီး
2 years ago | [YT] | 1,562