Dr. Ye
-နေရောင်ခြည်ကောင်းကောင်းရရဲ့သားနဲ့ Vitamin D ဘာကြောင့် ချို့တဲ့နေရတာလဲ?- ဗီတာမင် D( vitamin D) ချို့တဲ့ခြင်းဆိုတာ မြန်မာနိုင်ငံလို နေရောင်ခြည်ကောင်းကောင်း ရရှိတဲ့နိုင်ငံမှာ ဖြစ်ခဲလှတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ - ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ဗီတာမင် D ချို့တဲ့တဲ့လူနာတွေ တွေ့လာရပါတယ်။ Facebook ပေါ်မှာလည်း ဗီတာမင်D ချို့တဲ့ခြင်းဝေဒနာ ခံစားနေရသူတွေ post တွေရေးတင်နေကြတာ တွေ့လာရပါတယ်။ - ဒါဆို နေ့စဉ်ပုံမှန် နေရောင်ခြည် ကောင်းကောင်းရနေတဲ့မြန်မာနိုင်ငံမှာတောင် Vitamin D ချို့တဲ့သူတွေ တဖြည်းဖြည်း များလာတာ ဘာကြောင့်လဲ???- ဘာကြောင့် ဒီလိုဖြစ်ရတာလဲ???- ဒီနေ့တော့ ဗီတာမင် D အကြောင်း၊ ဘာကြောင့်အရေးကြီးလဲ၊ ဘာကြောင့် ချို့တဲ့နေရလဲ၊ လက္ခဏာတွေက ဘာတွေလဲဆိုတာကို ရိုးရှင်းလွယ်ကူစွာ ရှင်းပြပေးပါမယ်။-Vitamin D ဆိုတာ ဘာလဲ၊ ဘာကြောင့် အရေးကြီးတာလဲ? - ဗီတာမင် D ဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တစ်မျိုးဖြစ်ပြီး၊ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ * အရိုးတွေ သန်မာဖို့အတွက် Calcium နဲ့ Phosphorus စုပ်ယူရာမှာ မရှိမဖြစ်လိုအပ်တယ်။* ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် ထိန်းညှိပေးတယ်။* စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။* Vitamin D ကို "နေရောင်ခြည် ဗီတာမင်" လို့လည်း ခေါ်ပါတယ်။ အဓိကအားဖြင့် နေရောင်ခြည်နဲ့ ထိတွေ့ခြင်းကနေ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် D ကိုရရှိပါတယ်( ပုံမှန်ဆိုရင် လူအများစုက အသားမဲမှာ၊ညိုမှာကြောက်ပြီး နေရောင်ခြည်ထဲ သိပ်ပြီးထွက်လေ့မရှိကြပါဘူး)။ ကျွန်တော်တို့ နေ့စဉ်ပုံမှန်စားနေတဲ့ အစားအသောက်တွေကနေလည်း ဗီတာမင် D ကို ရရှိနိုင်ပါတယ်။ - ဒါဆိုရင်နေရောင်ခြည်က လုံလောက်ရဲ့သားနဲ့ Vitamin D ဘာကြောင့် ချို့တဲ့နေရတာလဲ? - အဓိကအချက် (၃)ချက်ရှိပါတယ်။1. လူနေမှုပုံစံပြောင်းလဲလာခြင်း: အရင်လို နေရောင်ခြည်ထဲမှာ သွားလာရှုပ်ရှားမှုတွေ နည်းပါးလာပြီး အဲယားကွန်းခန်းတွေ၊ ရုံးခန်းတွေထဲမှာ အလုပ်လုပ်ရတဲ့သူ များလာပါတယ်။ ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်း၊မနက်ကနေညနေအထိ ရုံးခန်းထဲမှာပဲ အလုပ်လုပ်ရတယ် စတဲ့အကြောင်းတွေကြောင့် နေရောင်ခြည်နဲ့ ထိတွေ့မှု အလွန်နည်းသွားတယ်။2. နေရောင်ခြည်ကို ရှောင်ခြင်း: အလှအပနဲ့ အရေပြားကျန်းမာရေးအတွက် နေလောင်ခံကာကွယ်ဆေး (sunscreen) တွေ လိမ်းတာ၊ နေပူထဲ မထွက်အောင် ရှောင်တာ၊ နေပူထဲထွက်တဲ့အခါ အဝတ်အစားကို ထူထူထဲထဲနဲ့ လုံခြုံနေအောင် ဝတ်ထားတာ ( hoodie နဲ့ ဘောင်းဘီရှည်၊ စကပ်ရှည်တွေ ရွေးဝတ်ကြတာ) စတာတွေဟာ ဗီတာမင် D ထုတ်လုပ်မှုကို သိသိသာသာ လျှော့ချစေပါတယ်။3. အာဟာရ မပြည့်ဝခြင်း: ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာ (ဥပမာ- ဆယ်လ်မွန်ငါး၊ တူနာငါး၊ ကြက်ဥ ဘဲဥအနှစ်၊ နို့အမျိုးမျိုး၊ ဖျော်ရည်များ) တွေကို ပုံမှန်စားသုံးမှု နည်းပါးခြင်း။ စတဲ့အချက်တွေကြောင့် ဗီတာမင် D ချို့တဲ့နေရခြင်း ဖြစ်ပါတယ်။ - Vitamin D ချို့တဲ့နေပြီဆိုရင် ဘယ်လို လက္ခဏာတွေ ပြတတ်လဲ?အောက်ပါ လက္ခဏာတွေထဲက တစ်ခုခု ခံစားနေရပြီဆိုရင် သင့်ရဲ့ Vitamin D ပမာဏကို ဆန်းစစ်ကြည့်ဖို့ လိုအပ်နိုင်ပါတယ်။* မကြာခဏ မောပန်းနွမ်းနယ်နေတာ* အရိုးနဲ့ ကြွက်သားတွေ နာကျင်နေတာ* ဆံပင်ကျွတ်တာ (အကြောင်းရင်းမရှိဘဲ)* စိတ်ခံစားမှု မတည်ငြိမ်တာ၊ စိတ်ဓာတ်ကျလွယ်တာ* ရောဂါပိုးဝင်လွယ်ပြီး ဖျားနာလွယ်တာ - ဘယ်လိုကာကွယ်ရမလဲ?1. နေရောင်ခြည်နှင့် ထိတွေ့ခြင်း: အရေပြားကျန်းမာရေးအတွက် Sunscreen တွေလိမ်းတာ၊ နေရောင်ကာကွယ်ပေးမယ့် အဝတ်အစားတွေပုံမှန်ဝတ်သင့်တာ မှန်ပေမယ့် နေရောင်ခြည်နဲ့လည်း ထိတွေ့ပေးဖို့လိုအပ်ပါတယ်။ မနက် (၈-၁၀) နာရီ သို့မဟုတ် ညနေ (၄-၅) နာရီကြားမှာ ၁၅-၃၀ မိနစ်ခန့် နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။2. Vitamin D ကြွယ်ဝသော အစားအစာများ စားသုံးခြင်း: ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်းကဲ့သို့သော အဆီများတဲ့ ငါးများ၊ ကြက်ဥ ဘဲဥအနှစ်၊ မှို၊ ဗီတာမင် D အားဖြည့်ထားတဲ့ နို့နှင့် ဖျော်ရည်များ စားသုံးပါ။3. ဆေးမှီဝဲခြင်း (ဖြည့်စွက်ဆေး): ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ပါက Vitamin D ဖြည့်စွက်ဆေးများ မှီဝဲပါ။ - ဗီတာမင် D ချို့တဲ့တယ်ဆိုတာ တချို့တွေအတွက် ရယ်စရာဟာသ ဖြစ်နေနိုင်ပေမယ့် တကယ်ခံစားရတဲ့သူတွေမှာတော့ မလွယ်ကူလှပါဘူး။ ဒါကြောင့်မို့လို့ ကျန်းမာရေးအတွက် ဗီတာမင် D ဟာ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ အထက်ပါ အချက်တွေကို လိုက်နာပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ - ဒီအကြောင်းအရာဟာ ကျန်းမာရေးဗဟုသုအတွက်သာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ လက္ခဏာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိပါက ဆရာဝန်နဲ့ တိုက်ရိုက်တိုင်ပင်ဆွေးနွေးပြီး စစ်ဆေးကုသမှု ခံယူဖို့ အကြံပြုလိုပါတယ်။ - ဒီပို့စ်လေးက အသုံးဝင်တယ်ဆိုရင် like & share လုပ်ပြီး သူငယ်ချင်းတွေကိုပါ မျှဝေပေးဖို့ မမေ့နဲ့နော်။ ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေအတွက် ကျွန်တော့်ရဲ့ Facebook Page ကို Follow လုပ်ထားဖို့ပြောချင်ပါတယ်။ အားလုံးပဲ ကျန်းမာကြပါစေ ဒေါက်တာရဲ။ #DrYe #ဒေါက်တာရဲ #ကျန်းမာရေးဗဟုသုတ #VitaminD #ဗီတာမင်D #ကျန်းမာရေး #နေရောင်ခြည်ဗီတာမင် #VitaminDချို့တဲ့ခြင်း #MyanmarHealth
1 month ago | [YT] | 86
Dr. Ye
-နေရောင်ခြည်ကောင်းကောင်းရရဲ့သားနဲ့ Vitamin D ဘာကြောင့် ချို့တဲ့နေရတာလဲ?
- ဗီတာမင် D( vitamin D) ချို့တဲ့ခြင်းဆိုတာ မြန်မာနိုင်ငံလို နေရောင်ခြည်ကောင်းကောင်း ရရှိတဲ့နိုင်ငံမှာ ဖြစ်ခဲလှတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
- ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ ဗီတာမင် D ချို့တဲ့တဲ့လူနာတွေ တွေ့လာရပါတယ်။ Facebook ပေါ်မှာလည်း ဗီတာမင်D ချို့တဲ့ခြင်းဝေဒနာ ခံစားနေရသူတွေ post တွေရေးတင်နေကြတာ တွေ့လာရပါတယ်။
- ဒါဆို နေ့စဉ်ပုံမှန် နေရောင်ခြည် ကောင်းကောင်းရနေတဲ့မြန်မာနိုင်ငံမှာတောင် Vitamin D ချို့တဲ့သူတွေ တဖြည်းဖြည်း များလာတာ ဘာကြောင့်လဲ???
- ဘာကြောင့် ဒီလိုဖြစ်ရတာလဲ???
- ဒီနေ့တော့ ဗီတာမင် D အကြောင်း၊ ဘာကြောင့်အရေးကြီးလဲ၊ ဘာကြောင့် ချို့တဲ့နေရလဲ၊ လက္ခဏာတွေက ဘာတွေလဲဆိုတာကို ရိုးရှင်းလွယ်ကူစွာ ရှင်းပြပေးပါမယ်။
-Vitamin D ဆိုတာ ဘာလဲ၊ ဘာကြောင့် အရေးကြီးတာလဲ?
- ဗီတာမင် D ဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တစ်မျိုးဖြစ်ပြီး၊ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့
* အရိုးတွေ သန်မာဖို့အတွက် Calcium နဲ့ Phosphorus စုပ်ယူရာမှာ မရှိမဖြစ်လိုအပ်တယ်။
* ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် ထိန်းညှိပေးတယ်။
* စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
* Vitamin D ကို "နေရောင်ခြည် ဗီတာမင်" လို့လည်း ခေါ်ပါတယ်။ အဓိကအားဖြင့် နေရောင်ခြည်နဲ့ ထိတွေ့ခြင်းကနေ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် D ကိုရရှိပါတယ်( ပုံမှန်ဆိုရင် လူအများစုက အသားမဲမှာ၊ညိုမှာကြောက်ပြီး နေရောင်ခြည်ထဲ သိပ်ပြီးထွက်လေ့မရှိကြပါဘူး)။ ကျွန်တော်တို့ နေ့စဉ်ပုံမှန်စားနေတဲ့ အစားအသောက်တွေကနေလည်း ဗီတာမင် D ကို ရရှိနိုင်ပါတယ်။
- ဒါဆိုရင်နေရောင်ခြည်က လုံလောက်ရဲ့သားနဲ့ Vitamin D ဘာကြောင့် ချို့တဲ့နေရတာလဲ?
- အဓိကအချက် (၃)ချက်ရှိပါတယ်။
1. လူနေမှုပုံစံပြောင်းလဲလာခြင်း: အရင်လို နေရောင်ခြည်ထဲမှာ သွားလာရှုပ်ရှားမှုတွေ နည်းပါးလာပြီး အဲယားကွန်းခန်းတွေ၊ ရုံးခန်းတွေထဲမှာ အလုပ်လုပ်ရတဲ့သူ များလာပါတယ်။ ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်း၊မနက်ကနေညနေအထိ ရုံးခန်းထဲမှာပဲ အလုပ်လုပ်ရတယ် စတဲ့အကြောင်းတွေကြောင့် နေရောင်ခြည်နဲ့ ထိတွေ့မှု အလွန်နည်းသွားတယ်။
2. နေရောင်ခြည်ကို ရှောင်ခြင်း: အလှအပနဲ့ အရေပြားကျန်းမာရေးအတွက် နေလောင်ခံကာကွယ်ဆေး (sunscreen) တွေ လိမ်းတာ၊ နေပူထဲ မထွက်အောင် ရှောင်တာ၊ နေပူထဲထွက်တဲ့အခါ အဝတ်အစားကို ထူထူထဲထဲနဲ့ လုံခြုံနေအောင် ဝတ်ထားတာ ( hoodie နဲ့ ဘောင်းဘီရှည်၊ စကပ်ရှည်တွေ ရွေးဝတ်ကြတာ) စတာတွေဟာ ဗီတာမင် D ထုတ်လုပ်မှုကို သိသိသာသာ လျှော့ချစေပါတယ်။
3. အာဟာရ မပြည့်ဝခြင်း: ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာ (ဥပမာ- ဆယ်လ်မွန်ငါး၊ တူနာငါး၊ ကြက်ဥ ဘဲဥအနှစ်၊ နို့အမျိုးမျိုး၊ ဖျော်ရည်များ) တွေကို ပုံမှန်စားသုံးမှု နည်းပါးခြင်း။ စတဲ့အချက်တွေကြောင့် ဗီတာမင် D ချို့တဲ့နေရခြင်း ဖြစ်ပါတယ်။
- Vitamin D ချို့တဲ့နေပြီဆိုရင် ဘယ်လို လက္ခဏာတွေ ပြတတ်လဲ?
အောက်ပါ လက္ခဏာတွေထဲက တစ်ခုခု ခံစားနေရပြီဆိုရင် သင့်ရဲ့ Vitamin D ပမာဏကို ဆန်းစစ်ကြည့်ဖို့ လိုအပ်နိုင်ပါတယ်။
* မကြာခဏ မောပန်းနွမ်းနယ်နေတာ
* အရိုးနဲ့ ကြွက်သားတွေ နာကျင်နေတာ
* ဆံပင်ကျွတ်တာ (အကြောင်းရင်းမရှိဘဲ)
* စိတ်ခံစားမှု မတည်ငြိမ်တာ၊ စိတ်ဓာတ်ကျလွယ်တာ
* ရောဂါပိုးဝင်လွယ်ပြီး ဖျားနာလွယ်တာ
- ဘယ်လိုကာကွယ်ရမလဲ?
1. နေရောင်ခြည်နှင့် ထိတွေ့ခြင်း: အရေပြားကျန်းမာရေးအတွက် Sunscreen တွေလိမ်းတာ၊ နေရောင်ကာကွယ်ပေးမယ့် အဝတ်အစားတွေပုံမှန်ဝတ်သင့်တာ မှန်ပေမယ့် နေရောင်ခြည်နဲ့လည်း ထိတွေ့ပေးဖို့လိုအပ်ပါတယ်။ မနက် (၈-၁၀) နာရီ သို့မဟုတ် ညနေ (၄-၅) နာရီကြားမှာ ၁၅-၃၀ မိနစ်ခန့် နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။
2. Vitamin D ကြွယ်ဝသော အစားအစာများ စားသုံးခြင်း: ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်းကဲ့သို့သော အဆီများတဲ့ ငါးများ၊ ကြက်ဥ ဘဲဥအနှစ်၊ မှို၊ ဗီတာမင် D အားဖြည့်ထားတဲ့ နို့နှင့် ဖျော်ရည်များ စားသုံးပါ။
3. ဆေးမှီဝဲခြင်း (ဖြည့်စွက်ဆေး): ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်ပါက Vitamin D ဖြည့်စွက်ဆေးများ မှီဝဲပါ။
- ဗီတာမင် D ချို့တဲ့တယ်ဆိုတာ တချို့တွေအတွက် ရယ်စရာဟာသ ဖြစ်နေနိုင်ပေမယ့် တကယ်ခံစားရတဲ့သူတွေမှာတော့ မလွယ်ကူလှပါဘူး။ ဒါကြောင့်မို့လို့ ကျန်းမာရေးအတွက် ဗီတာမင် D ဟာ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ အထက်ပါ အချက်တွေကို လိုက်နာပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
- ဒီအကြောင်းအရာဟာ ကျန်းမာရေးဗဟုသုအတွက်သာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ လက္ခဏာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိပါက ဆရာဝန်နဲ့ တိုက်ရိုက်တိုင်ပင်ဆွေးနွေးပြီး စစ်ဆေးကုသမှု ခံယူဖို့ အကြံပြုလိုပါတယ်။
- ဒီပို့စ်လေးက အသုံးဝင်တယ်ဆိုရင် like & share လုပ်ပြီး သူငယ်ချင်းတွေကိုပါ မျှဝေပေးဖို့ မမေ့နဲ့နော်။ ပိုမိုစိတ်ဝင်စားစရာကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေအတွက် ကျွန်တော့်ရဲ့ Facebook Page ကို Follow လုပ်ထားဖို့ပြောချင်ပါတယ်။
အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။
#DrYe #ဒေါက်တာရဲ #ကျန်းမာရေးဗဟုသုတ #VitaminD #ဗီတာမင်D #ကျန်းမာရေး #နေရောင်ခြည်ဗီတာမင် #VitaminDချို့တဲ့ခြင်း #MyanmarHealth
1 month ago | [YT] | 86