DHAMMA KARMA CHANNEL
စရှုမှတ်ကတည်းက ဘာမှမထူးခြားဘူး နာလိုက်ကျင်လိုက် တော်ကြာဖြုတ်လိုက်ရပြန်ပြီ နာလိုက်ကျင်လိုက် ဖြုတ်လိုက်ရပြန်ပြီ။ အဲ့ဒီ နာလိုက်ကျင်လိုက် ဖြုတ်လိုက်ရတာ ကိုယ်ကတော့ ဉာဏ်မတက်ဘူးလို့ ထင်တယ်။ များသောအားဖြင့် မထင်ကြဘူးလား။ ဉာဏ်တက်တယ်ဗျ။ဉာဏ်မတက်ပဲမရှိဘူး ဟုတ်လား။ ဉာဏ်တက်တာကို တက်မှန်းမသိတာ။သူတော်ကောင်းတို့ ဆေးပညာ ကိုယ်ကနားမလည်တဲ့အခါကျတော့ ကိုယ့်မှာ ရောဂါဖြစ်နေသော်လည်းပဲ ကိုယ်ကသွားနိုင်လာနိုင်နေတဲ့အခါကျတော့ အကောင်းကြီးလို့ ထင်နေတယ် မဟုတ်လား။ ဗြိုးဗျက်နဲ့ သေတဲ့သူတွေ မရှိဘူးလား။ ဆေးပညာနားလည်လို့ရှိရင် ဟာ ဒါ တစ်လအတွင်း ဒုက္ခဖြစ်နိုင်တယ်၊ တစ်နှစ်အတွင်း ဒုက္ခဖြစ်နိုင်တယ် ခန့်မှန်းလို့မရဘူးလား။ ဒါ ဆေးပညာနားလည်လို့ဟုတ်တယ်မဟုတ်လား။အဲဒီလိုပဲ သူတော်ကောင်းတို့ ဝိပဿ နာ ဉာဏ်ပညာနားလည်တဲ့ ဆရာတော်ဘုရားကြီးတွေကနေပြီးတော့ဒါ ကြိုးစားပါ အားထုတ်ပါ၊ ကြိုးစားပါ အားထုတ်ပါ၊ ဆိုတာ အားထုတ်တိုင်း အားထုတ်တိုင်း ဉာဏ်ကတက်နေတာပဲ။ နည်းတာနဲ့ များတာပဲ ကွာတယ် ဟုတ်လား။ အဲ့တော့ ဉာဏ်ကတက်တက်နေတဲ့ အခါကျတော့အားထုတ်ပါများတော့မှ အားထုတ်ချင်စိတ်ပေါ်လာတာ။တရားနာပါများမှ တရားနာချင်စိတ်ပေါ်တာ။ အားထုတ်ချင်စိတ်ကိုမရှိပဲ အားထုတ်ဖြစ်ဖို့လွယ်ပါ့မလား။ အားထုတ်ချင်တယ် ဆိုထဲက သူတော်ကောင်း စိတ်တွေပါမနေဘူးလား။ ဉာဏ် ပညာတွေမပါဘူးလား။လောဘတော့ မကြီးကြနဲ့။ တဖြည်းတဖြည်းဖြည်း ဉာဏ်က ကြိုးစားရင်း တဖြည်းဖြည်းတက်လာတာ။ ဘာမှမလုပ်ပဲနဲ့ တစတစ နိဗ္ဗာန်ရမှာပေါ့ ဒါကိုပြောတာမဟုတ်ဘူးနော်။အားထုတ်ရင်းနဲ့လဲ လောဘမကြီးရဘူး။ အားထုတ်ရင် ကိုယ့်တာဝန်က ယောဂီရဲ့တာဝန်က ထူးသည်ဖြစ်စေ၊ မထူးသည်ဖြစ်စေ အားထုတ်ဖြစ်အောင် အားထုတ်ပါ။အခုဟာက အားမထုတ်ရသေးဘူး တစ်ရက်နှစ်ရက် အားထုတ်ရသေးတယ်။ မထူးလဲမထူးဘူး၊ မထူးလဲမထူးဘူး။ တစ်သံသရာလုံး ကိလေသာ ထဲလျှောက်သွားနေပြီးတော့ အခုမှတစ်ရက်နှစ်ရက် မထူးဘူးဆိုတော့ ထူးပါ့မလား။ အဲ့လိုမဖြစ်ကြစေနဲ့။ သူ့ ထူးတဲ့အချိန်ကျ ထူးလာပါလိမ့်မယ်။မထူးပါနဲ့ဆိုပြီး တားထားလို့တောင် မရဘူး။အားထုတ်ဖြစ်အောင် သတိပေးနေတာနော့်။ တစ်နေ့ကို ၂ကြိမ်၊ ၃ကြိမ်၊ ၄ကြိမ်၊ ၅ကြိမ် ထိုင်ဖြစ်အောင်ထိုင်ပါ။ ထိုင်ပါများတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ သဘောတရားလေးတွေ သိလာတယ်။ နာတဲ့သဘောလေးတွေ၊ ကိုက်တဲ့သဘောလေးတွေ၊ ယားတဲ့သဘောလေးတွေ၊ထိုင်လိုက်၊ နာလိုက်၊ ကျင်လိုက်၊ ကိုက်လိုက် မတတ်နိုင်တဲ့အချိန်ကျ ဖြုတ်လိုက်။ နောက်ကျတော့ ဘယ်သူမှ ကိုယ့်ကို အထူးတလည် လာပြောနေစရာ မလိုဘူး။ခန္ဓာကိုယ်ကြီးမှာ နာတာ၊ကျင်တာ၊ကိုက်တာ တွေ ရှိတယ်ဟေ့။ ပိုင်ပိုင်နိုင်နိုင် သိမသွားဘူးလား။အဲ့ဒီအသိဟာ အမှားသိလား၊ အမှန်သိလား။ အမှန်သိတာ ၊ အမှန်က သမ္မာ၊ သိတာက ဒိဋ္ဌိ ။ ပေါင်းလိုက်တော့။ အဲ့ဒီက သမ္မာဒိဋ္ဌိက နိဗ္ဗာန်ကို ပို့မယ့် သမ္မာဒိဋ္ဌိဗျ။ #မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ 🙏🙏🙏
9 months ago | [YT] | 55
DHAMMA KARMA CHANNEL
စရှုမှတ်ကတည်းက ဘာမှမထူးခြားဘူး
နာလိုက်ကျင်လိုက် တော်ကြာဖြုတ်လိုက်ရပြန်ပြီ
နာလိုက်ကျင်လိုက် ဖြုတ်လိုက်ရပြန်ပြီ။
အဲ့ဒီ နာလိုက်ကျင်လိုက် ဖြုတ်လိုက်ရတာ
ကိုယ်ကတော့ ဉာဏ်မတက်ဘူးလို့ ထင်တယ်။
များသောအားဖြင့် မထင်ကြဘူးလား။
ဉာဏ်တက်တယ်ဗျ။
ဉာဏ်မတက်ပဲမရှိဘူး ဟုတ်လား။
ဉာဏ်တက်တာကို တက်မှန်းမသိတာ။
သူတော်ကောင်းတို့ ဆေးပညာ ကိုယ်က
နားမလည်တဲ့အခါကျတော့ ကိုယ့်မှာ
ရောဂါဖြစ်နေသော်လည်းပဲ ကိုယ်က
သွားနိုင်လာနိုင်နေတဲ့အခါကျတော့
အကောင်းကြီးလို့ ထင်နေတယ် မဟုတ်လား။
ဗြိုးဗျက်နဲ့ သေတဲ့သူတွေ မရှိဘူးလား။
ဆေးပညာနားလည်လို့ရှိရင် ဟာ
ဒါ တစ်လအတွင်း ဒုက္ခဖြစ်နိုင်တယ်၊
တစ်နှစ်အတွင်း ဒုက္ခဖြစ်နိုင်တယ် ခန့်မှန်းလို့
မရဘူးလား။ ဒါ ဆေးပညာနားလည်လို့
ဟုတ်တယ်မဟုတ်လား။
အဲဒီလိုပဲ သူတော်ကောင်းတို့
ဝိပဿ နာ ဉာဏ်ပညာနားလည်တဲ့
ဆရာတော်ဘုရားကြီးတွေကနေပြီးတော့
ဒါ ကြိုးစားပါ အားထုတ်ပါ၊
ကြိုးစားပါ အားထုတ်ပါ၊ ဆိုတာ
အားထုတ်တိုင်း အားထုတ်တိုင်း
ဉာဏ်ကတက်နေတာပဲ။
နည်းတာနဲ့ များတာပဲ ကွာတယ် ဟုတ်လား။
အဲ့တော့
ဉာဏ်ကတက်တက်နေတဲ့ အခါကျတော့
အားထုတ်ပါများတော့မှ
အားထုတ်ချင်စိတ်ပေါ်လာတာ။
တရားနာပါများမှ တရားနာချင်စိတ်ပေါ်တာ။
အားထုတ်ချင်စိတ်ကိုမရှိပဲ အားထုတ်ဖြစ်ဖို့
လွယ်ပါ့မလား။ အားထုတ်ချင်တယ် ဆိုထဲက
သူတော်ကောင်း စိတ်တွေပါမနေဘူးလား။
ဉာဏ် ပညာတွေမပါဘူးလား။
လောဘတော့ မကြီးကြနဲ့။
တဖြည်းတဖြည်းဖြည်း ဉာဏ်က ကြိုးစားရင်း
တဖြည်းဖြည်းတက်လာတာ။
ဘာမှမလုပ်ပဲနဲ့ တစတစ နိဗ္ဗာန်ရမှာပေါ့
ဒါကိုပြောတာမဟုတ်ဘူးနော်။
အားထုတ်ရင်းနဲ့လဲ လောဘမကြီးရဘူး။
အားထုတ်ရင် ကိုယ့်တာဝန်က
ယောဂီရဲ့တာဝန်က
ထူးသည်ဖြစ်စေ၊ မထူးသည်ဖြစ်စေ
အားထုတ်ဖြစ်အောင် အားထုတ်ပါ။
အခုဟာက အားမထုတ်ရသေးဘူး
တစ်ရက်နှစ်ရက် အားထုတ်ရသေးတယ်။
မထူးလဲမထူးဘူး၊ မထူးလဲမထူးဘူး။
တစ်သံသရာလုံး ကိလေသာ ထဲ
လျှောက်သွားနေပြီးတော့ အခုမှတစ်ရက်နှစ်ရက်
မထူးဘူးဆိုတော့ ထူးပါ့မလား။ အဲ့လိုမဖြစ်ကြစေနဲ့။
သူ့ ထူးတဲ့အချိန်ကျ ထူးလာပါလိမ့်မယ်။
မထူးပါနဲ့ဆိုပြီး တားထားလို့တောင် မရဘူး။
အားထုတ်ဖြစ်အောင် သတိပေးနေတာနော့်။
တစ်နေ့ကို ၂ကြိမ်၊ ၃ကြိမ်၊ ၄ကြိမ်၊ ၅ကြိမ်
ထိုင်ဖြစ်အောင်ထိုင်ပါ။ ထိုင်ပါများတဲ့အခါကျတော့
တဖြည်းဖြည်းနဲ့ သဘောတရားလေးတွေ
သိလာတယ်။
နာတဲ့သဘောလေးတွေ၊
ကိုက်တဲ့သဘောလေးတွေ၊
ယားတဲ့သဘောလေးတွေ၊
ထိုင်လိုက်၊ နာလိုက်၊ ကျင်လိုက်၊ ကိုက်လိုက်
မတတ်နိုင်တဲ့အချိန်ကျ ဖြုတ်လိုက်။
နောက်ကျတော့ ဘယ်သူမှ ကိုယ့်ကို
အထူးတလည် လာပြောနေစရာ မလိုဘူး။
ခန္ဓာကိုယ်ကြီးမှာ နာတာ၊ကျင်တာ၊
ကိုက်တာ တွေ ရှိတယ်ဟေ့။
ပိုင်ပိုင်နိုင်နိုင် သိမသွားဘူးလား။
အဲ့ဒီအသိဟာ အမှားသိလား၊ အမှန်သိလား။
အမှန်သိတာ ၊ အမှန်က သမ္မာ၊ သိတာက ဒိဋ္ဌိ ။
ပေါင်းလိုက်တော့။ အဲ့ဒီက သမ္မာဒိဋ္ဌိက
နိဗ္ဗာန်ကို ပို့မယ့် သမ္မာဒိဋ္ဌိဗျ။
#မြစိမ်းတောင်ဆရာတော်
အရှင်ဇာနေယျ 🙏🙏🙏
9 months ago | [YT] | 55