Mandalay Free Press - MFP
မုံရွာ ချောင်းဦးနယ် သီတင်းကျွတ် ဆီးမီးသပိတ် ဗုံးကြဲခံရကာ လူ ၄၀ ကျော် သေဆုံး၊ MN/MFP ၊ အောက်တိုဘာ - ၇ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ သီတင်းကျွတ်လပြည့်ညက ဆီမီးထွန်းပွဲနဲ့ စစ်အာဏာရှင် ဆန့်ရှင်ရေး သပိတ်ပြုလုပ်နေတဲ့ နေရာကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ လသားအရွယ် ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ ၄၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲ မုံရွာ - အမြင့်လမ်း သပိတ် ဦးဆောင်ကော်တီဝင် လူငယ်တွေ၊ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေလည်း ပါဝင်ပါတယ်။ ချောင်းဦးမြို့နယ် မြောက်ခြမ်း မုံရွာနယ်အစပ်ရှိ ဗုံတိုရွာမှာ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့် ည ၈နာရီ ဝန်းကျင် စစ်အာဏာရှင်ဆန့်ရှင်ရေး ဆီမီးထွန်းသပိတ် ပြုလုပ်နေချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ကနေ တက်လာတဲ့ စက်တပ်လေထီး - ပါရာမော်တာနဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ဆီမီးထွန်းနေတဲ့ လူအုပ်ထဲကို ဗုံးကြဲပြီးနောက် ကူညီကယ်ဆယ်ရေးနဲ့ ဒဏ်ရာရသူတွေကို ဆေးဝါးကုသရေး လုပ်ငန်းတွေ မလုပ်ဝံ့ဘဲ အခက်အခဲဖြစ်စေဖို့အတွက် ချောင်းဦးနယ်ထဲ လှည့်ပတ်ကာ ပါရာမိုတာ နှစ်စီးနဲ့ မရပ်မနား ဗုံးကြဲခဲ့သလို မုံရွာမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #စစ်ကိုင်း #ချောင်းဦး #သီတင်းကျွတ်ဆီမီးသပိတ်
1 day ago | [YT] | 350
Mandalay Free Press - MFP
မုံရွာ ချောင်းဦးနယ် သီတင်းကျွတ် ဆီးမီးသပိတ် ဗုံးကြဲခံရကာ လူ ၄၀ ကျော် သေဆုံး၊
MN/MFP ၊ အောက်တိုဘာ - ၇
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ သီတင်းကျွတ်လပြည့်ညက ဆီမီးထွန်းပွဲနဲ့ စစ်အာဏာရှင် ဆန့်ရှင်ရေး သပိတ်ပြုလုပ်နေတဲ့ နေရာကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ လသားအရွယ် ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ ၄၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။
သေဆုံးသူတွေထဲ မုံရွာ - အမြင့်လမ်း သပိတ် ဦးဆောင်ကော်တီဝင် လူငယ်တွေ၊ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေလည်း ပါဝင်ပါတယ်။
ချောင်းဦးမြို့နယ် မြောက်ခြမ်း မုံရွာနယ်အစပ်ရှိ ဗုံတိုရွာမှာ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့် ည ၈နာရီ ဝန်းကျင် စစ်အာဏာရှင်ဆန့်ရှင်ရေး ဆီမီးထွန်းသပိတ် ပြုလုပ်နေချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ကနေ တက်လာတဲ့ စက်တပ်လေထီး - ပါရာမော်တာနဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ဆီမီးထွန်းနေတဲ့ လူအုပ်ထဲကို ဗုံးကြဲပြီးနောက် ကူညီကယ်ဆယ်ရေးနဲ့ ဒဏ်ရာရသူတွေကို ဆေးဝါးကုသရေး လုပ်ငန်းတွေ မလုပ်ဝံ့ဘဲ အခက်အခဲဖြစ်စေဖို့အတွက် ချောင်းဦးနယ်ထဲ လှည့်ပတ်ကာ ပါရာမိုတာ နှစ်စီးနဲ့ မရပ်မနား ဗုံးကြဲခဲ့သလို မုံရွာမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #ချောင်းဦး #သီတင်းကျွတ်ဆီမီးသပိတ်
1 day ago | [YT] | 350