Mandalay Free Press - MFP

မုံရွာ ချောင်းဦးနယ် သီတင်းကျွတ် ဆီးမီးသပိတ် ဗုံးကြဲခံရကာ လူ ၄၀ ကျော် သေဆုံး၊


MN/MFP ၊ အောက်တိုဘာ - ၇


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ သီတင်းကျွတ်လပြည့်ညက ဆီမီးထွန်းပွဲနဲ့ စစ်အာဏာရှင် ဆန့်ရှင်ရေး သပိတ်ပြုလုပ်နေတဲ့ နေရာကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ လသားအရွယ် ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ ၄၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ပါတယ်။


သေဆုံးသူတွေထဲ မုံရွာ - အမြင့်လမ်း သပိတ် ဦးဆောင်ကော်တီဝင် လူငယ်တွေ၊ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေလည်း ပါဝင်ပါတယ်။


ချောင်းဦးမြို့နယ် မြောက်ခြမ်း မုံရွာနယ်အစပ်ရှိ ဗုံတိုရွာမှာ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့် ည ၈နာရီ ဝန်းကျင် စစ်အာဏာရှင်ဆန့်ရှင်ရေး ဆီမီးထွန်းသပိတ် ပြုလုပ်နေချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ကနေ တက်လာတဲ့ စက်တပ်လေထီး - ပါရာမော်တာနဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။


စစ်အုပ်စုဟာ ဆီမီးထွန်းနေတဲ့ လူအုပ်ထဲကို ဗုံးကြဲပြီးနောက် ကူညီကယ်ဆယ်ရေးနဲ့ ဒဏ်ရာရသူတွေကို ဆေးဝါးကုသရေး လုပ်ငန်းတွေ မလုပ်ဝံ့ဘဲ အခက်အခဲဖြစ်စေဖို့အတွက် ချောင်းဦးနယ်ထဲ လှည့်ပတ်ကာ ပါရာမိုတာ နှစ်စီးနဲ့ မရပ်မနား ဗုံးကြဲခဲ့သလို မုံရွာမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။


MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #ချောင်းဦး #သီတင်းကျွတ်ဆီမီးသပိတ်

3 days ago | [YT] | 434



@emperoroak7331

ဟိုဘက်မှာရေးတော့ ၂၀သေတာဆို ညှိကြဦးဟ မင်းတို့အချင်းချင်း သတင်းလေးတူအောင်

3 days ago | 7

@ChitHsu-lo7rb

အာဏာရူးခေါတ်မှာ ပြည်သူတွေအပျော်လျော့ပါ အာဏာရူးဘက်မှာ ကျွန်တွေပေါတယ် အပြစ်မြင်လိမ့်မယ်

2 days ago | 1

@ဆုကျည်

နဲတာကွာ များများသေ မြန်မြန်အေးချမ်း

3 days ago | 3

@shwehlayaung8229

စစ်ကိုစစ်နဲ့တူအောင်တိုက်ကြပါဗျာ

3 days ago | 2

@FhJu-ek6rf

သပိတ်မှောက်ရမဲ့ အချိန်မှ မဟုတ်တာ မြှောက်ပေးရင် ဂွေးတက်အောင်ကတဲ့လူတွေ ခံရမှာပေါ့။

3 days ago | 4

@BoBo-n6v5w

လုပ်ချင်အုံးသဘိတ် စီစဉ်သူပါသေရမှာတော်တော်မိုက်မဲဦးနှောက်မဲ့တွေ ဒီကာလမှာယခင်လိုတပ်ကသီးခံမယ်ထင်နေလား

2 days ago | 5

@waiyanpaing-n9m

မြန်မာ့တပ်မတော်ရေ.မြေ.ကျန်ရင်ရပီ👏👏👏👏👏👏👏👏👏👏👏👏

1 day ago | 0

@Winwinmu-pn4bl

ဟိုလိုလို ဒီလိုလို တွေ ဟိုလုပ်ဒီလုပ် တွေ လုပ်နေရမယ့် အချိန် မဟုတ်တော့ဘူး ဆိုတာကို မသိ နားမလည်တော့ ခံကြပေါ့ သူများတွေ တတိုင်းပြည်လုံး အေးဆေးဘဲ ကားတွေ လူတွေ ဘုရားဖူးတွေ ပြည့်ကျပ်နေတာဘဲ

3 days ago | 2

@HNo-lu8uh

သေလို့ မသေရင် မီးထွန်းသပိတ်လုပ်အုံးမှာ

1 day ago | 0

@Khaingzin9

လူအချင်းချင်းမြှောက်ပေးခြင်း ကင်းရှင်းကြပါစေ

3 days ago (edited) | 4

@mgmgsoe8351

နည်းတောင်နည်းသေးတယ် ဝမ်းသာတယ် များများသေ မြန်မြန်အေး

1 day ago | 1

@DawNanChoCho-o2g

လိုင်းတွေပေါ်မှာကြေညာကြတာဘာဖြစ်လို့မတူကြတာလဲ။ တယောက်က သုံးယောက်သေ ဒဏ်ရာရ နောက်တယောက်ကအယောက်နှစ်ဆယ်သေ ဒဏ်ရာအများအပြားရ နောက်တယောက်.......ဘယ်ဘက်ကိုယုံပြီးငိုရမှာလဲ ပြောပေးပါဦး

2 days ago | 0

@mgmyint3710

😭😭😭

3 days ago | 0

@ukyaw1329

သတိတော့ထားဟ ရွေးကောက်ပွဲကိုဆန်ကျင်တဲ့သပိတ်တွေအမြစ်ဖြတ်နေတာမသိတာလားနားမလည်းတာလား

9 hours ago | 0

@SitNyineHlaing

ဘာသာရေးကို ခုတုံးမလုပ်ပါနဲ့ ဘာသာရေးအရ မီးထွန်းတဲ့နေရာ မီးပုံးပျံလွှတ်တဲ့နေရာတွေ ဘာဖြစ်လဲ ကလေးငယ်တွေကို ရှေ့တန်းတင် မြှောက်ပင့်ပေး သေခါမှ ကလေးတွေသေတယ် မင်းမေစောက်ပတ်လား မင်းတို့ဖင်ယားနေတဲ့နေရာ ဖင်လာချတာ ဆန်းလား နောက်လဲ ထပ်ယားအုန်း တန်ဆောင်တိုင် သကြ်န်

2 days ago | 2

@mgmgsoe8351

တရွာလုံးအကြမ်းဖက်တွေ သေတာနည်းလို့စိတ်မကောင်းဘူး အပြောင်ရှင်းမှကောင်းမှာ

1 day ago | 0

@ThuSu-uz6sl

ဒီသပိတ်တွေကြောင့် တိုင်းပြည်ပျက်နေတာကို သောက်သပိတ်က ပြနေတုန်းလားဟ. ချဲသာချဲတော့ဗျာ။

1 day ago | 0

@HninkoThet

တခုနဲ့တခု လွဲနေတယ်နော် အကိုတို့ သတင်းတွေက ဟိုမှာက သီတင်းကျွတ်မီးပုံပျံ လွှတ်နေတဲ့ချိန်တဲ့ အခုက သပိတ်ပြန်တဲ့ မဟုတ်သေးဘူးနော် စိတ်ဆငိးရဲတယ်နော် အရင်ညှိဦး

3 days ago | 1

@saihtunmyint-l1p

မမိုက်ကြနဲ့တော့ မင်းတို့တော်လှန်ရေးက လမ်းမှားနေတယ် ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။သေကြရုံကလွှဲပြီး ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

2 days ago (edited) | 2

@yehtun9692

မင်းတို့က ြပည်သူတွေကို ကာဗာမယူ ြကပါနဲ့တော့။ဘာလုပ်လုပ် မင်းတို့ပဲ လုပ် ရွာသားတွေ မစုပါနဲ့တော့

2 days ago | 0