CNI TV Channel

ရွေးကောက်ပွဲနှင့် ပြည်ပရောက် မဲဆန္ဒရှင်တို့၏ အကျပ်အတည်း

CNI New

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသည့်တိုင် ဆန့်ကျင်ကန့်ကွက်မှုများ ပြင်းထန်နေခြင်းကြောင့် ပြည်ပရောက် မဲဆန္ဒရှင်များသည် မဲပေးရေး မပေးရေးဆိုသော အကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ပြည်ပနိုင်ငံများကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အနေနှင့် ကြိုတင်မဲပေးနိုင် ရေးအတွက် ကိုယ်ရေး အချက်အလက်များ ဖော်ပြပြီး သက်ဆိုင်ရာ သံရုံးများကို ပေးပို့တောင်းဆိုရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ သြဂုတ် ၂၁ ရက်မှာ ထုတ်ပြန်ထားသည်။

Websiteတွင်ဖတ်ရှုရန်.....cnimyanmar.com/index.php/political-2/politics-loca…

#လုံခြုံရေး #ဦးထက်အောင်ကျော် #ရွှေ့ပြောင်းလုပ်သား #မဲဆန္ဒရှင် #ရွေးကောက်ပွဲ #နိုင်ငံရေး #CNImyanmar

ပုံ - ၂၀၂၀ ရွေးကောက်ပွဲတုန်းက စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးမှာ မြန်မာနိုင်ငံသားများ မဲပေးဖို့ တန်းစီနေကြတဲ့ မြင်ကွင်း။

1 day ago | [YT] | 19



@eieithein8481

တိုင်းပြည်ပုံမှန်အခြေအနေတောင်တစ်ချို့လူတွေလမ်းစရိတ်ကုန်လို့မဲသွားမပေးကြဘူး အခုလိုအချိန်မှာပြည်ပရောက် တလရ ဘက်တော်သားတွေကတော့လုံးဝမဲမပေးပါဘူး တလရ ဘက်မပါတဲ့သူတွေကလည်း တလရ နဲ့ရောကြိတ်ပြီးမဲမပေးဘဲနေမှာသေချာတယ် 😂

22 hours ago | 1

@AaAa-s1r4q

ပြည်တွင်းမှာနေပေမဲ့ No ပါ ဘောမပါတီ/ချာပါတီတွေ မကြိုက်၍😂😂

9 hours ago | 0

@SaiWaiLin-t6u

ကိုယ်ကိုကိုယ်ပေါ်မှာပဲမူတည်တယ်👌

1 day ago | 0

@sandaw88

စစ်ခွေး သစ် မျိုးဖောက်ပွဲ။ လို့ ရေးကြပါ။

1 day ago | 1

@AyoeAyoe-k7x

ပြည်ပရောက်က တရားဝင်ရင် လာပေးလို့ရတယ်မပေးချင်လဲရတယ် ပြည်ပြေးကတော့ပေးချင်လည်းမရမပေးချင်လည်းပေးစရာမလိုပါဘူး

13 hours ago | 0

@kjiebbo990

ရွေးကောက်ပွဲဆိုတာပြည်သူ့ဆန္ဒခံယူတာမလားဆန္ဒရှိမှမဲပေးပေါ့မရှိရင်မပေးလဲရမှာပါ

21 hours ago | 1