Ancestor

🤍🤍🤍🎉...ငါတို့လုပ်သမျှ ထောက်ခံကြ ဆိုတဲ့အသိက အုပ်ချုပ်ခံပြည်သူရဲ့လူမှုဘ၀လိုအပ်ချက်များကို နားလည်သယောင်ယောင်နဲ့ စင်စစ်ကိုးစားရာ ဥပဒေ၏အခြေခံဖြစ်သော ယဥ်‌ေကျးမှုစံနှုန်း၊ အမှန်တရားနဲ့တရားမျှတမှုကျောရိုးကို ကျော်လွန်တည်ရှိချင်တဲ့ ငါသိငါတက် ငါတို့သာအကောင်းဆုံးဆိုတဲ့ စော်ကားမှုသန္ဓေရှိတဲ့အာဏာရှင်ခံယူချက်မျိုးနဲ့ ဘာထူးသွားလဲဗျာ...စကစဆိုတာ အဂတိမရှိရင်တောင် ကြီးနိုင်ငယ်ညှင်းစနစ်နဲ့အဆင်ပြေပါ့မလား စဉ်းစားကြစေချင်ပါတယ်..
မေးခွန်းမေးတက်တဲ့ အခွင့်အရေးကိုသိရှိတန်ဖိုးထားတက်တဲ့ ပြည်သူ့ဘ၀တွေ ဖန်တီးပုံဖော်ခြင်းကိုအခြေမခံနိုင်တာဟာ အမှန်တရားကိုမျက်ကွယ်ပြုရာရောက်စေပါတယ်..
လူသားဆန်တဲ့စနစ်သစ်အတွက် ပေးစပ်မှုအားနည်းစေပြီး လူမှန်တွေအရည်အချင်းရှိသူတွေကို စံနှုန်းမရှိလို့မှေးမိန်စေပါတယ်..
timeframe မရှိ mission, vision ချတာဟာ တာ၀န်ခံမှုအားနည်းစေပြီး စံနှုန်းမရှိတဲ့ အာဏာရှင်ရဲ့ formalism ကဲ့သို့ ရန်သူများ၍ခက်ခဲစေတယ် မြင်မိပါတယ်ဗျ..ယဉ်ကျေးမှုအကျိုးစီးပွားတွေ အာမခံနိုင်ဖို့ အခက်အခဲမှအနာဂတ်ကို နားလည်နိုင်ဖို့ အချင်းချင်းကိုယ်ချင်းစာ ၀င်စာနိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အချင်းချင်း ရိုးသားစွာတာ၀န်ခံမေးခွန်းထုတ်ကြဖို့ စံနှုန်းဖြင့်လက်ခံအဖြေရှာကြဖို့ အားပေးနေပါတယ် ယုံကြည်မျှော်လင့်နေပါတယ်ဗျာ..

8 months ago | [YT] | 0