Knowledge Hub
ဆရာတော် ဆေးရုံကဆင်းပြီး တစ်လကျော်လောက် ရှိတော့ ဆရာဝန်က ဆရာတော် သီတင်းသုံးရာနေရာကို ရောက်လာပါတယ်။ ဆရာတော်ကျန်းမာရေးကို ကြည့်ရင်း စကားပြောကြတော့ ဆရာတော်ကို ဒုတိယ Stent ထည့်တဲ့အချိန် ပူပန်မိတာလေး ပြောပြတယ်။ ပထမ Stent ထည့်ပြီးတော့ ဆရာတော်ရဲ့ Troponin က တစ်ရက်တက်လိုက်၊ နောက်တစ်ရက် ကျလိုက် ဖြစ်နေတယ်။ စဥ်းစားကြည့်တော့ ပထမ Stent ကြောင့်ဆိုရင် အဲသလို မဟုတ်ဘူး။ ဒါဆို 95% ပိတ်နေတဲ့သွေးကြော ၊ နောက် ၂လ ၃လ နားပြီးမှ ထည့်မယ် ဆိုပြီး ချန်ခဲ့တဲ့ သွေးကြောက ပြဿနာ ပေးနေတာလား စဥ်းစားရတယ် တဲ့။ ပထမstent ထည့်ပြီး တစ်ပတ်အကြာမှာ ချဲ့ထားတဲ့သွေးကြောကို ကြည့်ရင်း ဆရာတော်က ဒုတိယ Stent ထည့်ဖို့ ခွင့်ပြုတာနဲ့ တစ်ခါတည်း လုပ်ဖြစ်တာ မှန်သွားတယ် တဲ့။ ဒါနဲ့ အဲဒီတုန်းက အကြောင်းလေး ပြန်ပြောပြလို့ နားထောင်လိုက်ရတယ်။ ဆရာတော်ကို လုပ်ပေးရတာ တခြား case တွေ လုပ်ပေးရတုန်းကနဲ့မတူ စိတ်ထဲ ပူပန်စိတ် ပိုဖြစ်မိပါတယ်တဲ့။ အဲဒီတုန်းက ထူးခြားတာတစ်ခု ရှိတယ်ဘုရား တဲ့။ Stent ထည့်နေတုန်းမှာ ချိတ်ဆက်ထားတဲ့ ECG တို့ heart rate တို့ Pressure အခြေအနေ ကို မပြတ်ကြည့်ပြီး လုပ်ရပါတယ်။ pressure ထိုးကျသွားသလား။ နှလုံးခုန်ချက် မှန်သလား စသည်ဖြင့် သတိထားပြီး စောင့်ကြည့်ရင်း လုပ်ရတာ ဖြစ်ပါတယ်။ လုပ်နေတုန်းမှာ ထူးခြားတာက ဆရာတော်ရဲ့ ECG ကလည်း ငြိမ်နေတယ်။ heart rate ရော pressure ရောကလည်း တန်းနေတယ်။ အတက်အကျ အလှုပ်အရှား မရှိဘူး ဘုရား တဲ့။ တပည့်တော်တို့အတွက် ထူးခြားတဲ့ အတွေ့အကြုံပါ ဘုရား တဲ့။ တစ်ခါမှ ဒါမျိုး မကြုံဘူးပါ ဘုရား တဲ့။ ဝမ်းသာအားရ ပြောပြနေတယ်။ ဒါနဲ့ ဆရာတော်က စိတ်ကို ဥပက္ခာမှာ ထားတဲ့အကြောင်း ပြောပါတယ်။ တခြားလည်း ပြန်ပြောပြစရာလေးတွေတော့ ရှိသေးတယ်။ ခုတော့ ဆရာတော် ကျန်းမာလားလို့ သတင်းသိချင်တဲ့သူတွေကို ဆရာတော် တော်တော်ကျန်းမာပါပြီ ဖြစ်ကြောင်း သတင်းကောင်းပေးပါတယ်...။ .......... Original:ဆရာမ Htet Htet Htun.
1 day ago | [YT] | 327
Knowledge Hub
ဆရာတော် ဆေးရုံကဆင်းပြီး တစ်လကျော်လောက် ရှိတော့
ဆရာဝန်က
ဆရာတော် သီတင်းသုံးရာနေရာကို ရောက်လာပါတယ်။
ဆရာတော်ကျန်းမာရေးကို ကြည့်ရင်း
စကားပြောကြတော့
ဆရာတော်ကို ဒုတိယ Stent ထည့်တဲ့အချိန် ပူပန်မိတာလေး ပြောပြတယ်။
ပထမ Stent ထည့်ပြီးတော့ ဆရာတော်ရဲ့ Troponin က တစ်ရက်တက်လိုက်၊ နောက်တစ်ရက် ကျလိုက် ဖြစ်နေတယ်။ စဥ်းစားကြည့်တော့ ပထမ Stent ကြောင့်ဆိုရင် အဲသလို မဟုတ်ဘူး။ ဒါဆို 95% ပိတ်နေတဲ့သွေးကြော ၊ နောက် ၂လ ၃လ နားပြီးမှ ထည့်မယ် ဆိုပြီး ချန်ခဲ့တဲ့ သွေးကြောက ပြဿနာ ပေးနေတာလား စဥ်းစားရတယ် တဲ့။
ပထမstent ထည့်ပြီး တစ်ပတ်အကြာမှာ ချဲ့ထားတဲ့သွေးကြောကို ကြည့်ရင်း ဆရာတော်က ဒုတိယ Stent ထည့်ဖို့ ခွင့်ပြုတာနဲ့ တစ်ခါတည်း လုပ်ဖြစ်တာ မှန်သွားတယ် တဲ့။
ဒါနဲ့ အဲဒီတုန်းက အကြောင်းလေး ပြန်ပြောပြလို့ နားထောင်လိုက်ရတယ်။
ဆရာတော်ကို လုပ်ပေးရတာ တခြား case တွေ လုပ်ပေးရတုန်းကနဲ့မတူ စိတ်ထဲ ပူပန်စိတ် ပိုဖြစ်မိပါတယ်တဲ့။
အဲဒီတုန်းက ထူးခြားတာတစ်ခု ရှိတယ်ဘုရား တဲ့။
Stent ထည့်နေတုန်းမှာ ချိတ်ဆက်ထားတဲ့ ECG တို့ heart rate တို့ Pressure အခြေအနေ ကို မပြတ်ကြည့်ပြီး လုပ်ရပါတယ်။ pressure ထိုးကျသွားသလား။ နှလုံးခုန်ချက် မှန်သလား စသည်ဖြင့် သတိထားပြီး စောင့်ကြည့်ရင်း လုပ်ရတာ ဖြစ်ပါတယ်။
လုပ်နေတုန်းမှာ ထူးခြားတာက ဆရာတော်ရဲ့ ECG ကလည်း ငြိမ်နေတယ်။ heart rate ရော pressure ရောကလည်း တန်းနေတယ်။ အတက်အကျ အလှုပ်အရှား မရှိဘူး ဘုရား တဲ့။
တပည့်တော်တို့အတွက် ထူးခြားတဲ့ အတွေ့အကြုံပါ ဘုရား တဲ့။ တစ်ခါမှ ဒါမျိုး မကြုံဘူးပါ ဘုရား တဲ့။
ဝမ်းသာအားရ ပြောပြနေတယ်။
ဒါနဲ့ ဆရာတော်က
စိတ်ကို ဥပက္ခာမှာ ထားတဲ့အကြောင်း ပြောပါတယ်။
တခြားလည်း ပြန်ပြောပြစရာလေးတွေတော့ ရှိသေးတယ်။
ခုတော့
ဆရာတော် ကျန်းမာလားလို့
သတင်းသိချင်တဲ့သူတွေကို
ဆရာတော် တော်တော်ကျန်းမာပါပြီ ဖြစ်ကြောင်း သတင်းကောင်းပေးပါတယ်...။
..........
Original:ဆရာမ Htet Htet Htun.
1 day ago | [YT] | 327