​Knowledge Hub

ဆရာတော် ဆေးရုံကဆင်းပြီး တစ်လကျော်လောက် ရှိတော့
ဆရာဝန်က
ဆရာ​တော် သီတင်းသုံးရာနေရာကို ရောက်လာပါတယ်။
ဆရာတော်ကျန်းမာရေးကို ကြည့်ရင်း
စကားပြောကြတော့
ဆရာတော်ကို ဒုတိယ Stent ထည့်တဲ့အချိန် ပူပန်မိတာလေး ပြောပြတယ်။
ပထမ Stent ထည့်ပြီးတော့ ဆရာတော်ရဲ့ Troponin က တစ်ရက်တက်လိုက်၊ နောက်တစ်ရက် ကျလိုက် ဖြစ်နေတယ်။ စဥ်းစားကြည့်တော့ ပထမ Stent ကြောင့်ဆိုရင် အဲသလို မဟုတ်ဘူး။ ဒါဆို 95% ပိတ်နေတဲ့သွေးကြော ၊ နောက် ၂လ ၃လ နားပြီးမှ ထည့်မယ် ဆိုပြီး ချန်ခဲ့တဲ့ သွေးကြောက ပြဿနာ ပေးနေတာလား စဥ်းစားရတယ် တဲ့။
ပထမstent ထည့်ပြီး တစ်ပတ်အကြာမှာ ချဲ့ထားတဲ့သွေးကြောကို ကြည့်ရင်း ဆရာတော်က ဒုတိယ Stent ထည့်ဖို့ ခွင့်ပြုတာနဲ့ တစ်ခါတည်း လုပ်ဖြစ်တာ မှန်သွားတယ် တဲ့။
ဒါနဲ့ အဲဒီတုန်းက အကြောင်းလေး ပြန်ပြောပြလို့ နားထောင်လိုက်ရတယ်။
ဆရာတော်ကို လုပ်ပေးရတာ တခြား case တွေ လုပ်ပေးရတုန်းကနဲ့မတူ စိတ်ထဲ ပူပန်စိတ် ပိုဖြစ်မိပါတယ်တဲ့။
အဲဒီတုန်းက ထူးခြားတာတစ်ခု ရှိတယ်ဘုရား တဲ့။
Stent ထည့်နေတုန်းမှာ ချိတ်ဆက်ထားတဲ့ ECG တို့ heart rate တို့ Pressure အခြေအနေ ကို မပြတ်ကြည့်ပြီး လုပ်ရပါတယ်။ pressure ထိုးကျသွားသလား။ နှလုံးခုန်ချက် မှန်သလား စသည်ဖြင့် သတိထားပြီး စောင့်ကြည့်ရင်း လုပ်ရတာ ဖြစ်ပါတယ်။
လုပ်နေတုန်းမှာ ထူးခြားတာက ဆရာတော်ရဲ့ ECG ကလည်း ငြိမ်နေတယ်။ heart rate ရော pressure ရောကလည်း တန်းနေတယ်။ အတက်အကျ အလှုပ်အရှား မရှိဘူး ဘုရား တဲ့။
တပည့်တော်တို့အတွက် ထူးခြားတဲ့ အတွေ့အကြုံပါ ဘုရား တဲ့။ တစ်ခါမှ ဒါမျိုး မကြုံဘူးပါ ဘုရား တဲ့။
ဝမ်းသာအားရ ပြောပြနေတယ်။
ဒါနဲ့ ဆရာတော်က
စိတ်ကို ဥပက္ခာမှာ ထားတဲ့အကြောင်း ပြောပါတယ်။
တခြားလည်း ပြန်ပြောပြစရာလေးတွေတော့ ရှိသေးတယ်။
ခုတော့
ဆရာတော် ကျန်းမာလားလို့
သတင်းသိချင်တဲ့သူတွေကို
ဆရာတော် တော်တော်ကျန်းမာပါပြီ ဖြစ်ကြောင်း သတင်းကောင်းပေးပါတယ်...။
..........
Original:ဆရာမ Htet Htet Htun.

2 days ago | [YT] | 441



@leinlein5931

ဆရာတော်ဘုရားသက်ရှည်ကျန်းမာ ချမ်းသာပါစေဘုရား။ ရိုသေစွာကန်တော့ပါသည်ဘုရား။ 🙏🏻🙏

2 days ago | 4  

@misstheingi3271

🙏🙏🙏 ဆရာတော် ကျန်းမာ ချမ်းသာပါစေဘု

2 days ago | 2  

@ninu7371

ဝမ်းသာလိုက်တာ .......အရှင်ဘုရား ။ တပည့်တော်တို့အားကိုးရာမမဲ့တော့ပါဘူးဘုရား ။

15 hours ago | 0

@YadanarTheinHtikeAung

သာဓုသာဓုသာဓုပါဘုရား

2 days ago | 0  

@dawtheingitintshein8667

ရိုသေစွာရှိခိုးဦးတင်ပါသည် ဆရာတော်ခန္ဓာဝန်ကိုလွယ်ကူစွာထမ်းဆောင်နိုင်ပါစေ 🙏🙏

1 day ago | 0  

@yankyaw6728

ရှိခိုးပူ​ဇော်ကန်​တော့ပါ၏ဘုရား

2 days ago | 1  

@kaythi7353

🙏🙏

2 days ago | 0  

@unclepyone1867

🙏🏻🙏🏻🙏

1 day ago | 0  

@KyawSAung-i007G

💮🙏🙏

2 days ago | 0  

@Winkhaing-jj3pw

🙏🙏🙏

2 days ago | 0  

@minkaungchit9758

ဆရာတော်ဘုရား သက်ရှည်ကျန်းမာပါစေဘုရား🙏🙏

2 days ago | 0  

@waiphyokyaw91

🙏🙏🙏ဆရာတော်ဘုရားသက်တော်ရာကျော်ရှည်ပ

1 day ago | 0  

@ShweMi-j9d

ဆရာတော်ဘုရားသက်ရှည်ကျန်းမာစေဘုရားရိုသေစွာကန်တော့ပါသည်ဘုရား🙏🙏

1 day ago | 1  

@zawtissara4734

🙏🙏🙏

2 days ago | 0  

@htarmyo9547

🙏🙏🙏

1 day ago | 0  

@MayYinYin-y8b

ဆရာတော်သက်ရှည်ကျန်းမာပါစေဘုရား

1 day ago | 0  

@myomyint554

သက်ရှည်ကျန်းမာစိတ်ချမ်းသာပါစေဆရာတော်ဘုရား

1 day ago | 0  

@JueJuejuju-q3s

ဆရာတော်ဘုရားသက်တော်ရာကျော်ရှည်ပါစေဘုရား🙏🙏🙏

16 hours ago | 0