Ancestor

အဖြေရှာစူးစမ်းတယ်ဆိုတာ သံသယစိတ်ကြောင့် ပေါ်လာရတာကြီးပဲပေါ့။ သို့သော်လည်း နေရာတကာမှာ သံသယစိတ်လွန်ကဲနေပြန်ရင်လည်း အသိပညာတိုးပွားမှုမရှိနိုင်တော့ဘူး။ ဒါကြောင့်အသိပညာရှာတဲ့အခါမှာ သံသယစိတ်လွန်ကဲမှုနဲ့ မျက်စိမှိတ်ယုံကြည်မှုဆိုတဲ့ အစွန်းနှစ်ခုကို ရှောင်ပြီး အလယ်လမ်းကို လိုက်ဖို့လိုပါတယ်။
ခင်ဗျားတို့ကျွန်‌ေတာ်တို့ ဗုဒ္ဓဘာသာ၀င်တွေ စစ်ကြရဲ့လား...
(ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ)စာအုပ်မှ ထုတ်နှုတ်ရေးပြရခြင်းသည် (ဗုဒ္ဓဘာသာ၀င်)ဗုဒ္ဓဝါဒီတစ်ဦးဟာ
1. ဗုဒ္ဓအထူးပြုယောကြားခဲ့တဲ့တရားတွေ (ဥပမာအားဖြင့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး ဆိုတာမျိုးတွေကို) စူးစမ်းလေ့လာခြင်း
2.ကျေကျေညက်ညက်နားလည်ခြင်းနဲ့
3. လိုက်နာကျင့်သုံးခြင်းဆိုတဲ့ အင်ဂါသုံးပါးနဲ့ ပြည့်စုံရပါမယ်။ခင်ဗျားတို့ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ပြည့်စုံကြနိုင်လို့လား..
သံသယရှိကြပါ မလွန်ကဲပါနဲ့ ..
အသုံးချကြပါ ပစ်မယုံကြည်ပါနဲ့..
မိမိအသိညာဏ်ဖြင့် ပါ၀င်ဖော်ဆောင်အသုံးချခြင်းသည် အစွန်းလွတ်သော အပြုသဘောများဖြစ်ကြပါစေ..အကျိုးရှိပါစေ..ရန်သူမွေးတာမဖြစ်ကြပါစေနဲ့..အားလုံးကို လေးစားပါတန်ဖိုးထား အသုံးချနိုင်ကြပါစေ..အာဠာ၀ကကိုတောင် အောင်နိုင်တဲ့နည်းလမ်းတွေ ဗုဒ္ဓဘာသာ၀င်ဆိုသူများ သိမနေကြတာ ရှက်စရာပါ..

4 months ago | [YT] | 1